Tuesday, September 25, 2012

ခန္ဓာရသူမှန်သမျှ ဆင်းရဲကိုယ်စီရှိတယ်

7Day News Journal
အတွဲ (၁၁)၊ အမှတ်(၂၆)

သံသရာထဲမှာ နေလို့ရှိရင် ဘယ်ပုံစံနဲ့ပဲနေနေ သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ဆင်းရဲကိုယ်စီ ရှိနေကြတယ်။ ချမ်းသာလည်း ဒီဒုက္ခ၊ ဆင်းရဲလည်း ဒီဒုက္ခ၊ ဘုန်းကြီးရဟန်းလည်း ဒီဒုက္ခ၊ သာမန်လူဆိုးလူမိုက်တွေလည်း ဒီဒုက္ခ၊ ခန္ဓာရထားတဲ့ သူမှန်သမျှ ဘယ်သူမှ အိုခြင်းလည်းမကင်း၊ နာခြင်းလည်းမကင်း၊ သေခြင်းလည်း မကင်းတဲ့အတွက် ဒုက္ခမကင်းကြပါဘူး။ အိုနာသေတေ

ွရဲ့အကြောင်း လက်သည်တရားခံကို အနီးစပ်ဆုံး ပြန်ကြည့်လိုက်ရင် အကျိုးပေးမယ့်
ကံကို တွေ့ရပါမယ်။ ကမ္မဘ၀ပစ္စယာဇာတိ၊ ကံကြောင့် ဇာတိဖြစ်လာတယ်။ ဇာတိပစ္စယာဇရာ၊ မရဏသောကပရိဒေ၀ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိဆိုတဲ့ ဇာတိကြောင့် အိုရတယ်၊ နာရတယ်၊ သေရတယ်။ ကိုယ်ဆင်းရဲရတယ်၊ စိတ်ဆင်းရဲရတယ်၊ ငိုကြွေးရတယ်၊ သောကဖြစ်ရတယ်၊ ပင်ပန်းညှိးနွမ်းရတယ် ဆိုတာတွေ ဆက်ကာဆက်ကာဖြစ်လို့ လာရပါတယ်။

အကျိုးပေးလာမယ့် ကံတွေကို ဖျက်တဲ့အလုပ်လုပ်တော့မှ အိုနာသေချုပ်မယ်လို့ ကောက်ချက်ချလို့ ရတယ်။ ကံမဖြတ်မချင်း ဆင်းရဲဒုက္ခ မချုပ်နိုင်ဘူး။ ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို မရပါဘူး။ အဲဒါကြောင့် ကံတွေချုပ်အောင် တရားအလုပ်ကို အားထုတ်ကြရတာ ဖြစ်တယ်။ ၀ိပဿနာတရား ကျင့်ကြံပွားများကြတာ ဖြစ်တယ်။ ၀ိပဿနာဉာဏ်ဟာ လတ်တလော ဖြစ်လာမယ့် ကံတွေကို ဖြတ်တောက်ပေးတယ်။ ၀ိပဿနာ ရှုမှတ်ပွားများနေချိန်မှာ ရုပ်နာမ်လို့ ရှုလိုက်တာ၊ ရုပ်ကိုရုပ် နာမ်ကိုနာမ်လို့ ရှုလိုက်တာဟာ ကံတွေကို ဖြတ်ပစ်လိုက်တဲ့ ဉာဏ်တွေပဲ ဖြစ်တယ်။ အသိနဲ့သတိ ပေါင်းစပ်ပြီး ရုပ်နာမ်လို့ ရှုမှတ်လိုက်တာဟာ ၀ိပဿနာဉာဏ်ဖြစ်တယ်။ ရုပ်နာမ်ကို မရှုရင် မျက်စိဖွင့်လို့ တစ်ချက်ကြည့်လိုက်တာနဲ့ ကံအထိရောက်အောင် ဖြစ်သွားနိုင်ပါတယ်။

ရည်ညွှန်း- ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ
(ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ အားခွင့်တောင်းပြီး ဆရာတော်၏ခွင့်ပြုချက်ဖြင့်ထပ်မံ ဝေမျှပါသည်..._()_.._()_.._()_..)

Shared from Ma Tthaw Thaw

No comments:

Post a Comment