Sunday, September 9, 2012

မောဟပိုက်ကွန်

ရှေးဘ၀ကို မသိတဲ့ မောဟ၊ နောက်ဘ၀ကို မသိတဲ့ မောဟနဲ့၊ ရှေးဘ၀ နောက်ဘ၀ နှစ်ခုလုံးကို မသိတဲ့ မောဟတို့ ဖြစ်ပါတယ်။


တချို့က ရှေးအတိတ်မှာ ဘ၀တွေဖြစ်ခဲ့ဖူးတယ်ဆိုတာကိုမယုံကြည်ကြပါဘူး။ ဒီဘ၀ကျမှ( ပစ္စုပ္ပန်ဘ၀ကျမှ) ထာဝရဘုရား မဟာဗြဟ္မာ စတဲ့ တန်ခိုးရှင်တွေ ဖန်ဆင်းလိုက်လို့ ဘ၀ဆိုတာ ဖြစ်လာတယ်လို့ မှတ်ထင်နေကြပါတယ်။ ဒါပေမဲ့ နောက်နောက် အနာဂတ်မှာ ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာကိုတော့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ မောဟ ပိုက
်ကွန်ကို ရှေးဘ၀( အတိတ်ဘ၀)ကို မသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့) မောဟပိုက်ကွန်လို့ ခေါ်ပါတယ်။


တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ် ဆိုတာကိုတော့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ နောက်နောက် အနာဂတ်မှာ ရဟန္တာ မဖြစ်သေးသမျှ ဘ၀တွေဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာကိုတော့ မယုံကြည်ကြပါဘူး။ ဒီဘ၀က သေရင်ပြီးတာပဲ၊ ပြတ်တာပဲလို့ ယူဆကြပါတယ်။ သူတို့ရဲ့ မောဟ ပိုက်ကွန်ကို နောက်ဘ၀( အနာဂတ် ဘ၀) ကိုမသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့) မောဟပိုက်ကွန်လို့ ခေါ်ပါတယ်။


တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ် ဆိုတာကိုလည်း မယုံကြည်ကြပါဘူး။ နောက်နောက် အနာဂတ်ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာကိုလည်း မယုံကြည်ကြပါဘူး။ ဗုဒ္ဓတရားတော် တချို့ကို ဗုဒ္ဓရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို နားမလည်ဘဲ လိုရာဆွဲ ကိုးကားပြီး ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန်ဘူး လို့တောင် တလွဲဝါဒ ဖြန့်ကြပါတယ်။ သူတို့ရဲ့ မောဟ ပိုက်ကွန်ကို ရှေးဘ၀ နောက်ဘ၀ နှစ်ခုလုံးကို မသိတဲ့ ( မသိအောင် ဖုံးလွှမ်းထားတဲ့) မောဟ ပိုက်ကွန်လို့ ခေါ်ပါတယ်။


တကယ်တော့ ဒီပိုက်ကွန်သုံးထပ် ကလည်း အောက်ဆုံးထပ် ပိုက်ကွန်နဲ့ တိုက်ရိုက်ဆက်စပ် ယှက်နွှယ်နေပါတယ်.။ ကံနဲ့ ကံရဲ့ အကျိုးကို ပိုင်ပိုင်နိုင်နိုင် ကျေကျေနပ်နပ် သဘောမပေါက်တဲ့ သူဟာ ရှေးဘ၀ နောက်ဘ၀ ဆိုတဲ့ ပရဘ၀တွေကို ပစ်ပယ်ဖို့လည်း ၀န်လေးတော့မှာ မဟုတ်ပါဘူး။

အရှင်ဆန္ဒာဓိက (အနှိုင်းမဲ့ ပိုက်ကွန် ဆောင်းပါး)
Shared from Ma Htar Htar Moe

No comments:

Post a Comment