Wednesday, September 12, 2012

"အချိန်နှင့်လူသားမည်သူက ၀ါးစားမည်နည်း"

မေ့မေ့နေသူအား
အချိန်သည် စက္ကန့်နှင့်စက်
ဖျက်ဆီးလျက်က ၀ါးမျိုပစ်နေ၏။

သင်၏ကလေးအရွယ်မှစ
တတိတတိကုန်ခမ်း ပျက်ကျလာခြင်းသည်
အချိန်၏ ၀ါးမျိုခံရခြင်းကြောင့်တည်း။

မမေ့မလျော့သောသူသည်ကား
အမှတ်ချင်းဆက် စက္ကန့်ချင်းစက်လျက်က
ယင်းအချိန်ကို ပြန်လည်ဝါးမျိုနေချေရာ
အချိန်ကား သတိကြား ၀ါးဖတ်အဖြစ်
လည်စင်းကာ ခံနေချေတော့၏။

သင်၏ လူသေသော်မှ ဘ၀ပါရမီမသေခြင်းသည်လည်းကောင်း
အာရုံကိုသုံးလျက်က မစွဲတော့ခြင်းသည်လည်းကောင်း
အရှိကို ထုတ်နှုတ်၍ မရှိကို မြှုပ်သတ်မိခြင်းသည်လည်းကောင်း
သင်က အချိန်ကို ၀ါးမျိုနိုင်ခြင်းကြောင့်တည်း။

(ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး)
ဆရာတော်၏ တပည့်သာဝကတစ်ဦး ဓမ္မဒါနပြု ရိုက်နှိပ်ထုတ်ဝေသော ယောဂီလက်စွဲ စာအုပ်မှ,,,,
Shared from Ma Waing Chit (FB)

No comments:

Post a Comment