Saturday, September 15, 2012

ကံဆန်းကြယ်ရင် အကျိုးပေးဆန်းကြယ်တယ်။

• နုပျို လန်းဆန်းမှုတွေကို အိုမင်း ရင့်ရော်မှုတွေက၀ါးမျိုနေတယ်။ အိုမင်း ရင့်ရော်မှုတွေကို သေဆုံးခြင်းက ၀ါးမျိုတော့မဲ့ အချိန်မှာ - ကုသိုလ်ရမဲ့ အချိန်တွေကို အကုသိုလ်ရမဲ့ အချိန်တွေနဲ့ ၀ါးမျိုခြင်း မ ခံလိုက်ပါနဲ့။ မြင့်မြတ်တဲ့ သူတော်ကောင်း စိတ်ထားတွေမွေးရမဲ့ အချိန်တွေကို ယုတ်ညံ့တဲ့ သူယုတ်မာ ဖြစ်စေတဲ့ စိတ်ထားတွေ ရဲ့ဝါးမျိုခြင်း မခံလိုက်ပါနဲ့။

• ပရဟိတဆိုတာ ကိုယ်ကျိုးမပါတဲ့ အလုပ်မှို့ လူတိုင်းမလုပ်နှိုင်ဘူး။ အဲဒီလူတိုင်းမလုပ်နှိုင်တဲ့အလုပ်ကိုမှရွေးပြီး လုပ်ပြနှိုင်ခြင်းသည်မြင့်မြတ်သူ တို့နှလုံးသားပါပဲ။

• ပေးကမ်းစွန့်ကြဲလှူဒါန်းတယ်ဆိုတာ ကိုယ်တိုင်ရှာထားတဲ့ ကိုယ့်ရဲ့စည်းစိမ်ဉစ္စာတွေက ကိုယ့်ဘ၀ရဲ့သံသရာမှာ အပါယ်ငရဲလက်မှတ် မြ-ဖစ်ဘို့အတွက် ပေးကမ်းစွန့်ကြဲ လှူဒါန်း ရတာဖြစ်တယ်။

• လူဆိုတာပတ်ဝန်းကျင်နဲ့ ကင်းနေလို့ မရဘူး။ပတ်ဝန်းကျင်ဆိုတာနှစ်မျိုးပဲရှိတယ်။ ကိုယ့်ကိုတန်ဘိုးဖြတ်တဲ့ပတ်ဝန်းကျင်ရယ်၊ ကိုယ့်ကို တန်ဘိုးထား တဲ့ပတ်ဝန်း ကျင်ရယ်လို့ နှစ်မျိုးရှိတယ်။ တန်ဘိုးဖြတ် သူက ဖြတ်ချင်သလောက်ဖြတ်၊ တန်ဘိုးထားသူက ထားချင်သလောက်ထား ၊အဲဒါကိုယ့်အလုပ်မဟုတ် ပတ်ဝန်းကျင်ရဲ့ အလုပ်ဖြစ်သည်။ ကိုယ်လုပ်နေတဲ့အလုပ်မှန်သမျှ စဉ်းစားတိုင်း စဉ်စားတိုင်း တန်ဘိုးရှိနေဘို့ပဲလိုသည်။ အဲဒါကိုယ့်အလုပ်။

• သေရာမပါနိုင်တဲ့ ရာထူးဂုဏ်သိမ်စည်းစိမ် ဉစ္စာအာဏာတစ်ခုခု အတွက်နဲ့ သေရာပါနိုင်တဲ့ အကုသိုလ်နဲ့ မလဲလိုက်ပါနဲ့။

• လူတွေဟာ ငွေလေးတစ်ရာတစ်ထောင်လောက်များ ကျပျောက်သွားရင် နှမျှော ရကောင်း မှန်းသိကြတယ်။ ကုသိုလ်ရမဲ့ အချိန်တွေကျပျောက်သွားတာ ကြတော့ နှမျှော ရကောင်း မှန်းမသိကြဘူး။

• စိတ်ဆန်းကြယ်ရင် ဉာဏ်ဆန်းကြယ်တယ်၊ ဉာဏ်ဆန်းကြယ်ရင် ကံဆန်းကြယ်တယ်၊ ကံဆန်းကြယ်ရင် အကျိုးပေးဆန်းကြယ်တယ်။

• ယုံကြည်မှုတိုင်းဟာ အမှန်တရားဖြစ်မလာနိုင်ဘူး။ အမှန် တရားတိုင်းကိုတော့ စိတ်ချလက်ချယုံကြည်လို့ ရတယ်။

ဆရာတော် အရှင်နန္ဒက (ဓမ္မလုလင်)
credit to ဆရာတော် အရှင်နန္ဒက
Shared from Ma Monica Pyone

No comments:

Post a Comment