Monday, September 17, 2012

အပါယ်တံခါးပိတ် တရားတော် (အပိုင်း ၁) - (နဝမ) ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ



သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ

အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဘိဓဇ မဟာရဋ္ဌဂုရု

(နဝမ) ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ

နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ

၂၁-၀၃-၂၀၁၀ တနင်္ဂနွေနေ့ ညနေ ၂ နာရီ

စင်္ကာပူနိုင်ငံ Informatics ခန်းမကြီးတွင် ဟောကြားသော

အပါယ်တံခါးပိတ် တရားတော်

ဘုန်းဘုန်း ဒီနေ့အပါယ်တံခါးပိတ်တရား…အပ္ပါယ်….အပ္ပါယ် ဆိုတာ အပရ ဆိုတဲ့ပါဋ္ဌိဘာသာကလာတာ အပရ ….အပအရ ချမ်းသာကင်းတဲ့ဘုံ ( ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကယ်) အဲဒီ ဘုံတွေကို အပါရ အပ္ပါယ်ဘုံလို့ ခေါ်တယ်။

ချမ်းသာ နည်းတဲ့ ဘုံပေါ့။ငရဲဆိုရင် ချမ်းသာမရှိဘူးထားပါတော့။ တိရစ္ဆာန်ဆိုရင် နည်းနည်းတော့ရှိသေးတယ် ပေါ့။ ပြိတ္တာ လို့ခေါ်ကြ ဘုန်းဘုန်းတို့ အရပ်အခေါ်ကြတော့ တစ္ဆေ၊သရဲ လို့ ဒီလိုခေါ်ကြတယ်။ အဲဒီလို တစ္ဆေ၊သရဲအကြီးစားကို ပြိတ္တာလို့ခေါ်ပြီး အငယ်စားလေးကို အသူရကယ်လိုခေါ်ကြတယ်နော်။ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကယ် နော်။ ပြိတ္တာနဲ့ အသူရကယ်က အကြီးနဲ့ အငယ်ဘဲကွာပါတယ်။ အတူတူဘဲထားကြပါဆို့။ အချို့နေရာမယ် အပ္ပါယ်လေးဘုံလို့မဟောဘူး။ အပ္ပါယ် သုံးဘုံလို့ဘဲ ဟောတယ်။

ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကယ်။ ပြိတ္တာကို မှနှစ်မျိုးခွဲလိုက်တော့ အကြီးကြီးတွေက ပြိတ္တာ၊ အငယ်လေးတွေက အသူရကယ်။ဒီလိုဖြစ်တယ်ပေါ့ ထားကြပါစို့။ ဒိဘုံရောက်တယ်ဆိုတာ အကုသိုလ် အကျိုးပေးခံရတဲ့ ပုဂ္ဂိုလ်တွေ အပါယ်လေးဘုံကျတယ်။ အပါယ် ၄ ဘုံကျတယ် ဆိုရင် ဒုက္ခ အလွန်တရာရောက်တယ်။ ဒုက္ခရောက်ပြီးတော့ ကုသိုလ်တရား အားထုတ်ဖို့အချိန် အလွန်တရာ နည်းသွားပါပြီ။ အေး..အပါယ်လေးပါးကျရောက်စေတက်တဲ့ အကုသိုလ်တွေပိတ်ပေးမယ့် တရားမိုလို့ အပါယ်ပိတ်တရား…နော်။ အပါယ်လေးပါးကျလို့ မတော်ဘူး။ အပါယ်လေးပါးမကျဘဲနဲ့ လူဘုံ၊နတ်ဘုံ၊ဗြဟ္မဘုံ ဒီဘုံတွေ ဆိုရင်တော့ သဘောကြတယ်မဟုတ်လား။ ဘုန်းဘုန်းတရားနာပြီးရင် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကယ် ဆိုတဲ့ အပါယ်ကျမယ့် တရားတွေ ပိတ်ပြီးတော့ လူဘုံ၊နတ်ဘုံ၊ဗြဟ္မဘုံ တွေရောက်မယ်။အေး…အေး…..အပါယ်ပိတ်တရားကို အကြိမ်များစွာ ဟောပါတယ်နော်။ အခုဒီလည်းဘဲ စင်ကာပူလဲဘဲ ဒါ ပထမ အကြိမ် ပါဘဲနော်။ အဲ့ဒီတော့ ဘုန်းဘုန်းရဲ့တရားခွေလေးတွေ ဖွင့်ပြီး နားထောင်လည်းဖြစ်တာပေါ့။ ဒါပေမယ့်လို့ လူကိုယ်တိုင်ဟောတာ နာတော့ ပိုကောင်းပါတယ်နော်။ အပါယ်တံခါးပိတ်အောင် ရှင်သာရိပုတ္တရာ နည်းလေးပါဘဲနော်။

ရှင်သာရိပုတ္တရာမထေရ်မြတ်က သူ့ဆီဆည်းကပ်တဲ့ ဒါယကာ၊ဒါယကာမတွေ ကို သောတပန်ဖြစ်အောင် ကြိုးစားပြီးတော့ဟောပါတယ်။ သောတပန်ဖြစ်ရင်တော့ အပယ်တံခါးပိတ်ပြီ။ ဘုန်းဘုန်းဟောလိုက်လို့ဆိုရင်တော့ သောတပန်ဖြစ်မဖြစ်တော့ မပြောတက်ဘူး။သောတပန်မဖြစ်လဲ့ အပါယ်တံခါးတော့ပိတ်ပါတယ်နော်။

သောတပန်က စူဋ္ဌသောတပန်၊မဟာသောတပန်လို့ သောတပန် (၂) မျိုးရှိတယ်။အရိယသောတပန် ကိုတော့မဟာသောတပန်လို့ ခေါ်ပြီးတော့၊ ပုထုစဉ်ဘဝနဲ့ဘဲ အပယ်တံခါးပိတ်တဲ့ ပုဂ္ဂိုလ်ကို စူဋ္ဌသောတပန်၊သောတပန် အငယ်စားလို့ခေါ်တယ်နော်။

အခုတရားနာပရိတ်သတ်အပေါင်း ၁၀၀ မယ် ၉၀ ရာခိုင်းနှုန်းလောက်ဘုန်းဘုန်းက အပယ်တံခါးပိတ်သွားအောင်းဟောပါ့မယ်။ သဘောကြတယ်မို့လား။ အေး…အေး အဲ့ဒီတော့ တစ်နာရီသာသာလေးဟောမယ်။ ၁ နာရီ ၁၅ မိနစ်လောက်ပေါ့။ အခု ၂ နာရီနဲ့ မိနစ် ၂၀ လောက်ရှိသွားပြီ။ အဲ့ဒီတော့ နောက်ထပ် ၁ နာရီနီးနီးဟောမယ်။ အဲ့ဒီ ၁ နာရီလောက် အချိန်အတွင်း သမာဓိရရလေး ကြိုးစားပြီးတော့နာပါနော်။

အေး…သောတပန်၊စူဋ္ဌသောတပန်ဖြစ်အောင် ကျင့်စဉ် (၄)ခု ကျင့်ရမယ်။ ဘယ်နှစ်ခုကျင့်ရမတုန်း။ (၄ ခုပါဘုရား )

(၁) နံပါတ် သီလဝိသုဒ္ဓိ။ သီလစဉ်ကြည်အောင်ကျင့်ရမယ်။ဘာတဲ့တုန်း။(သီလစင်ကြည်အောင်ကျင့်ရမယ်)

(၂) နံပါတ် စိတ္တာဝိသုဒ္ဓိ။ စိတ်ဖြူစင်ကြယ်အောင် ကျင့်ရမယ်။ (၂) နံပါတ်က ဘာတဲ့တုန်း။( စိတ်ဖြူစင်အောင်ကျင့်ရမယ်)

(၃) နံပါတ် ဒိဋ္ဌိဝိသုဒ္ဓိ။ အယူစင်ကြယ်အောင်ကျင့်ရမယ်။ အေး….အယူဝါဒလဲ မှန်မှန်ကန်ကန်စင်စင်ကြယ်ကြယ်ဖြစ်အောင် ကျင့်ရမယ်။အယူစင်ကြယ်ရမယ်။

(၄) နံပါတ် ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ။ ကင်္ခါဆိုတာ သံသယ၊ အင်္ဂလိပ်လို doubt နော်။ ဝိတရဏ ဆိုတာ လွန်မြောက်သွားအောင်၊ doubted။ ယုံမှား သံသယ မရှိစေရဘူးနော်။ ဘုရားက ဟုတ်မှ ဟုတ်ရဲ့လား။ တရားဆိုတာ၊ နိဗ္ဗာန်ဆိုတာ ရှိမှရှိရဲ့လား။ ဒီလိုစသည်ဖြင့် ယုံမှားသံသယတွေ မရှိစေရဘူးနော်။ ယုံမှားသံသယ လွန်မြောက်အောင် ကျင့်ရမယ်။ အဲ့ဒီတော့ (၄)ခု ပြန်ပြောဦးမယ်။

(၁) နံပါတ် သီလဝိသုဒ္ဓိ။ သီလစဉ်ကြည်အောင်ကျင့်ရမယ်။

(၂) နံပါတ် စိတ္တာဝိသုဒ္ဓိ။ စိတ်ဖြူစင်ကြယ်အောင် ကျင့်ရမယ်။

(၃) နံပါတ် ဒိဋ္ဌိဝိသုဒ္ဓိ။ အယူစင်ကြယ်အောင်ကျင့်ရမယ်။

(၄) နံပါတ် ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ။( ယုံမှား သံသယစင်ကြယ်အောင်ကျင့်ရမယ်)

ဘယ်နှစ်ခု ကျင့်ရမတုန်း။ (၄ ခုပါဘုရား)

အေး…(၄)ခု ကျင့်နည်း အကျယ်ဘုန်းဘုန်းကပြော ပါ့မယ်။

(၁)နံပါတ် သီလဝိသုဒ္ဓိ သီလစင်ကြယ်အောင် ကျင့်ရမယ် ဆိုတော့ ဘယ်လိုစင်ကြယ်အောင် ကျင့်ရမလဲ့ဆိုတော့ အခုတရားနာ ပရိတ်သတ်တွေ ၅ ပါးသီလ ယူလိုက်တယ်။ ၅ ပါးသီလ ယူပြီးပြီ။ ဟုတ်ကဲ့လား။ သီလစင်ကြယ်ပြီးပြီတဲ့ ။ အဲဒီလို ဆိုရင် ၅ ပါးသီလ သိုမဟုတ် ၉ ပါးသီလ သီလတစ်ခုခု ယူရမယ်ပေါ့။ တချို့က ကျန်းမားရေးအတွက်နဲ့ဘဲဖြစ်ဖြစ် တစ်စုံတခုသော အကြောင်းကြောင့် ၅ ပါးသီလမယူနိုင်ဘူး။ (၄)ပါးသီလ ဘဲယူမယ်ဘုရားဆိုလဲ ဖြစ်ပါတယ်။ သီလကတော့ စိတ်၊ကိုယ်၊နှုတ် တွေကို ထိန်းတဲ့ အလေ့အကျင့်ပေးတာပေါ့။ ကာယကံမှု၊ဝစီကံမှု၊အဲဒါကို ထိန်းသိန်းပေးတာ ကို သီလဝိသုဒ္ဓိလို့ခေါ်တယ်။ မနောကံမှု စိတ်ထဲက မစင်ကြယ်တဲ့ အကုသိုလ်တွေ ဖြစ်တာကို ထိန်းသိန်းပေးရင် စိတ္တာယိသုဒ္ဓိ။ အဲဒီတော့ အရင်သီလဝိသုဒ္ဓိ ၅ ပါးသီလ လုံခြုံပြီ။ ဒါဆိုရင် သီလဝိသုဒ္ဓိဖြစ်ပြီ။ ဟုတ်လား။ အဲဒီလို သီလဝိသုဒ္ဓိ ဖြစ်နေတဲ့ အချိန် ဥပမာ အားဖြင့် ခြင်လေးတစ်ကောင်လာ ကိုက်တယ်။ တချို့ကစိတ်တိုလို့ ဘုန်းကနဲ ရိုက်လိုက်တယ်။ ခြင်လေးကိုသွေးတွေရဲတက်သွားတာ။ ဟုတ်လား။ သေသွားရှာ။ အဲဒါဆို ပါဏာတိပါတာ သီလတစ်ခု ကျိုးသွားတယ်နော်။ သီလကျိုးတယ်လို့ခေါ်တယ်။ အစဆုံးသီလ၊ အဆုံးသီလ၊ ၂ ခုပျက်ရင် အစသီလက ပါဏာတိပါတာ၊ အဆုံးသီလက ဘာတုန်းသူရာမေရယ။ အေး…အဲဒီလို ပါဏာတိပါတာ ပျက်သွားရင်လဲ သီလကျိုးတယ် လို့ခေါ်တယ်နော်။ သူရာမေရယ သေရည်သေရက်တွေ၊အရက်တွေ၊ ဘိန်းတွေ၊ ကင်းတွေ၊ နံပါတ် ဖိုးတွေ ရှုလိုက်တယ် ဆိုရင်လဲ ဒါသီလကျိုးတယ် လို့ခေါ်တယ်နော်။ သီလကျိုးရင်ပြန်ပြီးတော ဆောက်တည်ရတယ်။ ကိုယ့်ဟာ ကိုယ်ဆောက်တည်လဲ ရပါတယ်။ ဘုန်းကြီး တစ်ပါးပါး ဆီ ဆောက်တည်လဲရပါတယ်။ ဒါမှ မဟုတ် ဘုရားရှေ့သွားပြီးတော့တပည့်တော် ပါဏာတိပါတာ သူများအသက် သတ်မိပါတယ်ဘုရား နောက်ထပ် ပါဏာတိပါတာ သူများအသတ် မသတ်ပါဘုရား ဆောက်တည်လိုက်ရင် ဒါသီလဝိသုဒ္ဓိဖြစ်ပြီ။ ဟုတ်လား။

အဲဒါ သီလကျိုးတယ်။ အစ နဲ့ အဆုံးပျက်သွားလို့ရှိရင် သီလဘယ်လိုခေါ်တုန်း ကျိုးတယ်လို့ခေါ်တယ်။ သီလကျိုးတယ်။ ဒုတ်ချောင်းကလေးများ ကျိုးသွား သလိုဘဲနော်။ အလယ်က သီလပျက်သွားရင်တော့ သီလပေါက်တယ်လို့ခေါ်တယ်။ ပေါက်တယ်ဆိုတာ အလယ်ကောင်က သီလ ၊ ၅ ပါးသီလထဲမယ် အလယ်ကောင်သီလဆို ဘယ်သီလ တုန်း။ ကာမေသုမိစ္ဆာ စာရာ ပေါက်သွား ပျက်သွားလို့ ရှိရင် ဒါသီလပေါက်တယ်လို့ခေါ်တယ်။အစ အဆုံးက ကျိုးတယ်။ အလယ်ကောင်က ပေါက်တယ်။ မီးလောင်ပေါက်သလိုပေါ့နော် ။ အဝတ်အထည် လေးများ မီးလောင်ပေါက်သလို။ မကျိုးစေရဘူး။မပေါက်စေရဘူး။ ဟုတ်ကဲ့လား။ ပြောက်တယ်ဆိုတာက တော့ တစ်ခုခြားလေးပျက်သွားတာ အဲဒါကို သီလပေါက်တယ်လို့ခေါ်တယ်နော်။ သီလပေါက်တယ်ဆိုတာ ဥပမာအားဖြင့် ပါဏာတိပါတာက တစ်ခု ။ သူများအသက် သတ်လိုက်မိတယ်။ ပြီးတော့ ကာမေသုမိစ္ဆာ စာရာကတစ်ခု ။ဒီလို တစ်ခုကြားလေး ပျက်သွားတယ်ဆိုရင် သီလဘယ်လိုခေါ်တုန်း။ ပြောက်တယ်လို့ခေါ်တယ်။ အင်္ကျီ လုံချည်တွေမယ် အပြောက်ပြောက်လေးတွေ ရှိတယ်မို့လား။အေး… အဲဒါပြောက်တယ်လို့ခေါ်တယ်။ ကြားတယ်ဆိုတာ ဒီလိုနှစ်ခု ၊သုံးခု ဒီလိုကြီးပျက်သွားတာ ။ ပါဏာတိပါတာ နဲ့ အဒိန္နာဒါနာ ပျက်တယ်။ ကာမေသုမိစ္ဆာ စာရာ နဲ့ မုသာဝါဒ ပျက်တယ်။ ကျားကြီးများကြားသွားသလို ဘဲနော်။ မကျိုးစေရဘူး။မပေါက်စေရဘူး။မပြောက်စေရဘူး။ မကြားစေရဘူးတဲ့ဟုတ်လား။ ကျိုးတယ်။ပေါက်တယ်။ပြောက်တယ်။ကြားတယ်။ မကျိုး၊မပေါက်၊မပြောက်၊မကြား ရအောင်စောင့်ရှောက် တဲ့။ တကယ်လို့ ကျိုးပေါက်ပြောက်ကြား သွားတယ်ဆိုရင်လဲ ဘဲ ထပ်ပြီးဆောက်တည်။ သဘောပေါက်တယ်နော်။ မပေါက်လို့ရှိရင်လဲ မေးပါ။ မေးချင်တာလေးလဲဘဲ စာရေးထားပြီး ဟောဒီက စီစဉ်တဲ့ ပုဂ္ဂိုလ်တွေဆီပေးထားပါ။ ဘုန်းဘုန်းက ဖြေပေးပါ့မယ်နော်။

ခုသီလကျိုးတာ။ပေါက်တာ၊ပြောက်တာ၊ကြားတာ ပြီးသွားပြီ။ မကျိုးစေနဲ့၊မပေါက်စေနဲ့၊မပြောက်စေနဲ့၊မကြားစေနဲ့ ဟုတ်လား။ကျိုးပေါက်ပြောက်ကြား သွားပြီဆိုရင်တော့ကောဗျာပြန်ပြီးတော့ဆောက်တည်ပါ။သဘောပေါက်ကြပြီနော် ။ပြန်ပြီးတော့ဆောက်တည်လိုက်လို့ ရှိရင် စင်ကြယ်သွားပြီ။ သီလဝိသုဒ္ဓိစင်ကြယ်သွားပြီ စင်ကြယ်ပြီလား။ အေး..စင်ကြယ်အောင်နေလိုက် ပေါ့။ဟုတ်ကလား။ စိတ္တာဝိသုဒ္ဓိက စကျင့်မယ် ဒီလိုတချို့ကလဲပြော သပေါ့ ။ သီလ တပည့်တော်စင်ကြယ်အောင်မနေနိုင်ဘူး ဘုရား။ ညဥပုသ်လဲ မစောင့်နိုင်ဘူး။ ညစာထမင်းက စာတယ် ဘုရား။ဟုတ်လား။ အဲဒီလို သီလဝိသုဒ္ဓိမရှိဘဲ စိတ္တာဝိသုတ္တိကစကျင့်မယ်ဘုရား ။မဖြစ်နိုင်ဘူးလား ဆိုရင် မဖြစ်ပါဘုးနော်။ ဘယ်နှယ်ကြောင့်တုန်းဆိုတော့ ဥပမာ အားဖြင့် ဒီလို အဆောက်အဦးတွေ ဆောက်မယ်။ အထပ်တိုက်ကြီးတွေ ၅၀၊၆၀၊၇၀၊ အထပ် ၁၀၀ ရှိတဲ့ တိုက်ကြီးတွေရှိတယ်မဟုတ်လား။ အေး.. ချို့တိုက်ကြီးတွေ အထပ် ၁၀၀ ကျော်တယ်။ အဲ့ဒီလို အထပ် ၁၀၀ ကျော်တဲ့ တိုက်ကြီးတွေဆောက်မယ်ဆိုရင် အောက်က Foundation မကောင်းဘဲ နဲ့ဆောက်ရင် လဲမှာ သူက ပြန်ပြိုသွားမယ် မဟုတ်လား။ အေး.. အဲဒီလိုဘဲ ဒီဟာ တကယ့်အလုပ်ကြီး အကိုင်ကြီးလုပ်မယ့်ဥစ္စာ ကို မဂ်ဖိုလ်နိဗ္ဗာန် ရအောင်လုပ်မယ့်ဟာကို သီလမစင်ကျယ်စေချင်နေပစေတော့ အောက်က Foundation မကောင်းတဲ့ အဆောက်အဦးကြီးလို….တော်ကြာတော့ ပြိုလဲသွားမှာနော်။ အဲ့ဒါကြောင့် သီလဝိသုဒ္ဓိ ရှိရမယ်။မရှိရင် မဖြစ်ပါဘူး။သဘောပေါက်လား။

အေး….အဲဒါသီဟိုကျွန်းမယ် မထေရ်ကြီးတစ်ပါး အကြောင်းလေး ပုံတိုလေးပြော ပြမယ်နော် ။ဆရာတော်က ပုံတိုလေးတွေချည်းဘဲ ပြောပြနေတာ ဘုရားလို့ မအောက်မေ့ပါနဲ့ ဟုတ်လား။ အေး..ပုံတိုဘဲဖြစ်ဖြစ် လိုတဲ့အကျိုးပြီးဖို့လိုတာကိုး။

အဲဒီမယ် သီဟိုကျွန်းရွာလေးတစ်ရွာ ဆရာတော်ကြီးတစ်ပါး ဆရားကျင့်တယ်။စာပေ တွေကလဲတက်တယ် ဆရာတော်ကြီးတရားကျင့်တော့ အဲဒီနား ရှိတဲ့လူတွေကရော ရဟန်းတွေကရောကြည်ညိုကြ၊ရဟန္တာ မထေရ်မြတ်ကြီးလို့ အောက်မေ့ကြတယ်။အဲဒီလိုနဲ့ ပူဇော်ကြ၊လှူကြ၊တန်းကြ၊ တချိန်တော့ ဆရာတော်ကြီး အသည်းအသန်း နေမကောင်း တော့ ဒီမယ်…ဆရာတော်ကြီး ပျံလွန်တော်မူတော့မယ်။ ပရိနိဗ္ဗာန်စံတော့မယ်။ ရဟန္တာ မထေရ်မြတ်ကြီး ပရိနိဗ္ဗာန်စံတော့ မတဲ့ဟေ့။ပရိနိဗ္ဗာန် မစံခင်သွားပြီးတို့ဖူးကြစို့ ပြီး လာလာပြီးတော့ ဖူးကြတယ်။အနီးအနားတဝိုက်ကရွာတွေ၊ ပြီးတော မြို့တွေ၊မြို့ကြီးတွေ ထောင်သောင်းမက ပရိတ်သတ်တွေလာ ပြီး ဆရာတော်ကြီးကို ဖူးကြတယ်။ အဲဒီဆရာတော်ကြီးကို ပြုစုတဲ့ ဥပါသကာ ဦးဇင်းလေး က မေးတယ်။ ဆရာတော်ကြီးဘုရား။ ဆရာတော်ကြီးဘယ်တုန်းက ဒီလိုတရားထူးတရားမြတ်တွေ ရဟန္တာဖြစ် ပါတုန်း။သက္ကရာဇ် အသက်ဘယ်အရွယ် လောက်မယ် တရားထူး တရားမြတ်ရပါသလဲ ဘုရား။ဆရာတော်ကြီးကို ဟောဒီ ပရိတ်သတ်ကြီးက ရဟန္တာလို့ ထင်ပြီးတော့ လာဖူးနေကြတယ်ဘုရား။ ဟေ့ကောင်တွေ ငါတစ်ခါမှ မပြောဘူးပါဘူးကွာ။ ငါရဟန္တာ မဟုတ်ဘူး။ အနာဂါမ်၊သကဒါဂါမ်၊သောတာပန်လဲ မဟုတ်ဘူး။ ပုထုစဉ်ဘဲ ။ ဆရာတော်ကြီးက အမှန်တိုင်းပြောတယ်နော်။ အဲဒီတော့ ဦးဇင်းလေးက ဒုက္ခပါဘဲ ဘုရား။ ဦးဇင်းလေး ဘာလုပ်ဒုက္ခ ဖြစ်ရမှာတုန်း။ မင်းကို ငါအမှန်တိုင်းပြောနေတာ။ ငါကပုထုစဉ်မိုလို ပုထုစဉ် ဘဲလို့ပြောတာ ။မင်းဘာလုပ်ဒုက္ခဖြစ်ရတုန်း။ ဆရာတော်ကြီးကိုလူတွေကအထင်ကြီးနေတာ ဘုရား။ ဒါယကာတွေ၊ဒါယကာမ တွေ အနီးအဝေးရှိတဲ့ ပုဂ္ဂိုလ်တွေက ဆရာတော်ကြီးက ရဟန္တာ ပရိနိဗ္ဗာန်စံတော့မှာ ။ ပရိနိဗ္ဗာန်မစံခင် တို့သွားပြီးတော့ ဖူးမယ်။ လှူမယ်။တန်းမယ် လို့အောင်းမေ့နေတာ။ ဆရာတော်ကြီးက ခုကျတော့ ရဟန္တာ မဟုတ်ဘူး။ အနာဂါမ်လဲ မဟုတ်၊သကဒါဂါမါလဲ မဟုတ်၊သောတပန်လဲ မဟုတ်။ ဘာမှမဟုတ်။ ပုထုစဉ် ဆိုတော့ သူတို့စိတ်ပျက်ကုန်မှာ ပေါ့ ဘုရား။ အဲ့တော့ ဒုက္ခပေါ့လို့ပြောသတဲ့။

အေဒ…အဲ့ဒီလိုဆိုရင် မင်းအပြင်ထွက်၊ အခန်းအပြင်ထွက်၊တံခါးလေးစေ့ထား ။ အထဲမဝင်စေနဲ့ပြောတယ်။ ကောင်းပါပြီဘုရား ဆိုပြီး ဦးဇင်းလေး အပြင်ဘက်ထွက်၊တံခါးလေး စေ့ထား။ဒါယကာမတွေ မလာကြနဲ့ အုံး ခဏဆရာတော်ကြီးနှစ်လုံးသွင်းနေတယ်။အဲဒီလိုနဲ့ ခဏနေတော့ ခဏလောက်ကြာတဲ့ အခါ ဆရာတော်ကြီးက လက်ဖျောက်တီးတယ် ဆရာတော်ကြီးက အဲဒီလိုလေး အခန်းထဲကနေ လက်ဖျောက်လေးတီးလိုက်တော့ ဦှးဇင်းလေးကလာ ဆရာတော်ကြီးဘာများခိုင်းမလို့လဲဘုရား။ ငါရဟန္တာဖြစ်ပြီကွာ။ မြန်လှချည့်လားဘုရား။ အရှင်ဘုရားက ၄ မိနစ် ၅ မိနစ် လောက်ရှိသေးတယ်။ အေး မင်းတို့က မြန်တာသာသိတာ လွယ်လားဆိုလွယ်တယ်အောက်မေ့နေတာ ။ခက်တာမင်းတို့ မသိဘူး။ခက်တာ ဘာတုန်းဘုရား လို့မေးတယ်။ခက်တာက သီလစင်ကြယ်အောင်နေနိုင်ဖို့ ခက်တယ်ကွာ။ ငါကရဟန်းခံ သိမ်ကထွက်ကတည်းက သီလစင်ကြယ်အောင်နေတယ်။ အဲဒီလို သီလဝိသုဒ္ဓိဖြစ်တော့ စိတ္တာဝိသုဒ္ဓိတို့၊ ဒိဋ္ဌိဝိသုဒ္ဓိတို့ အထက်ဝိသုဒ္ဓိ လွယ်လွယ်ကူကူလေးနဲ့ဖြစ်ပြီး ၄ မိနစ် ၅ မိနစ်အတွင်း ငါရဟန္တာဖြစ်တာ။ အဲဒီလို ပြောတယ်။သဘောကြလား။ တပည့်တော်တို့ စိတ္တာဝိသုတ္တိက စကျင့်မယ်။ဖြစ်ပါ့မလား။အေး…အဲဒါလေးသဘောပေါက်ပါနော်။ ကဲ့ သီလဝိသုဒ္ဓိ သီလစင်ကြယ်ပြီ။

စိတ္တာက စိတ်၊ ဝိသုဒ္ဓိဆိုတာ စင်ကြယ်တာနော်။ စိတ္တာ အင်္ဂလိပ်လိုဆို mind ၊ ဝိသုဒ္ဓိဆိုတာ purification စင်ကြယ်အောင်လုပ်တာနော်။ စိတ်ကို စင်ကြယ်အောင်လုပ်မယ် စိတ်စင်ကြယ်စေရမယ်။

(၂) နံပါတ်က ဘာတဲ့တုန်း စိတ္တာဝိသုဒ္ဓိ စိတ်စင်ကြယ်စေရမယ်။ စိတ်စင်ကြယ်အောင်လုပ်နည်းဘုန်းဘုန်းပြောပါ့မယ်။ စိတ်စင်ကြယ်အောင် ဆပ်ပြာတွေ၊အမွှေးခဲတွေနဲ့ လျှော်လို့ရပါမလား။ အေး…ဆပ်ပြာတွေ၊အမွှေးခဲတွေ၊ဆပ်ပြာမှုန့်တွေက ဒီလို အဝတ်အထည်သာလျှော် လို့ရ မှာ စိတ်စင်ကြယ်အောင်လျှော်လို့မရဘူး နော်။အေး….စိတ်ဖြူစင်ကြယ်အောင်လုပ်နည်း။ အဲဒါလေးလုပ်မယ်ဆိုရင် စိတ်စင်ကြယ်ရင် အလွန်တရာ တန်ခိုးကြီးပါတယ်နော်။ လောကီ၊လောကုတ္တရာ အကျိုးတွေ အားလုံးပြီးစီးအောင်တတ်တယ်။အဲ့တော့ စိတ်စင်ကြယ်အောင်လုပ်နည်းမှတ်ထားကြပါနော်။နေ့စဉ် နေ့စဉ်လဲ လုပ်ရမယ်။

ဘုန်းဘုန်းဆဋ္ဌသံဃာရတနာ ကမ္ဘာအေး ရန်ကုန်မြို့၊ကမ္ဘာအေး ကုန်းမြေ၊ ဆဋ္ဌသံဃာ တင်တဲ့ဋ္ဌာနကြားဘူးကြလား( ကြားဘူးပါတယ်ဘုရား)။ ရောက်ဖူးလား(ရောက်ဖူးပါတယ်ဘုရား)။ အေး…ကမ္ဘာအေး ဘုရားလေ အဲဒီနားမယ် လှိုင်ဂူကြီးရှိတယ်။ သာသနာ ၂၅၀၀ မိုလို့ သံဃာအပါး ၂၅၀၀ ပင့်တယ်။မြန်မာ၊သီဟို၊ထိုင်း၊သမ္ဘောဒီယား။လာအို ထေရဝါဒ ၅ နိုင်ငံ က သံဃာပေါင်း ဘယ်လောက်ပင့်လိုက်တုန်း (၂၅၀၀ ပါဘုရား) အေး…သာသနာနှစ် ၂၅၀၀ နဲ့စလို့ သံဃာ ၂၅၀၀ ပင့်တယ်။ အဲဒီမယ် တရားတော်တွေကောင်းအောင်ဆိုပြီး စာပုံနှိပ်စက်တွေ၊ပေစာတွေ၊ စာပုံနိုပ်စက်ကစာစီပုဂ္ဂိုလ်တွေကလွဲ ပေစာတွေရေးတဲ့လူတွေက လွဲ၊ စာအုပ်ရေးတဲ့လူတွေက လွဲ။ အဲဒီအလွဲအမှားတွေစင်ကြယ်အောင် သံဃာရတနာ တင်တာနော်။ ဘုန်းဘုန်းက အဲဒီမယ် အစအဆုံး လုပ်ပါတယ်။၅ နှစ်ခွဲလောက်ကြာပါတယ်။ ပြီးတော့ ၁၃၂၃ မှာ သံဃာရတနာ တင်ပွဲကြီပြီး ပြီ။ ၅ နှစ်လောက်အစအဆုံလုပ်လို့ပြီးပြီ။ မန္တလေးပြန်တော့မယ်ဆိုတော့ ဘုန်းဘုန်းရထားစီးပြီး မန္တလေးပြန်လာတယ် ။မန္တလေးပြန်လာတော့ ဆရာတော် တော်တော်ကြီးပြီ သက်တော် ၈၀၊၉၀ လောက်ရှိ မထေရ်ကြီးတစ်ပါးနဲ့ အတူတူတွဲပြီးတော့ စီးလာတာ ။ မထေရ်ကြီးက ဦးဇင်းလေး ဘယ်သွားမလို့တုန်း။ တပည့်တော် မန္တလေးသွားမလို့ဘုရား။မန္တလေးဘယ်တိုက်တုန်း။ ဘုရားကြီးကျောင်းတိုက်ပါဘုရား။ ဘုန်းဘုန်းတို့က မဟယမြတ်မုနိကြီးနဲ့ နီးတယ်နော်။ မဟာမြတ်မုနိဘုရားကြီးကော ရောက်ဖူးကြလား။(ရောက်ဖူးပါတယ်ဘုရား)။ အေး..အဲဒီနားမယ် ဘုရားကြီးကျောင်းတိုက်ဆိုတာရှိတယ် ။ တပည့်တော် ဘုရားကြီးကျောင်းတိုက် နယားကျောင်းမှာနေပါတယ်ဘုရား။ဆရာတော်ဦးရန်ကုန်ဆိုတာ ကြားဖူးလား။ ကြားဖူးပါတယ်ဘုရား။ တပည့်တော်တို့ကျောင်းနဲ့ နီးနီးလေးဘုရား။အေး..အဲဒီ ဦးရန်ကုန်ကျောင်းက ဦးဇင်းကြီးတစ်ပါး အကြောင်းရော ကြားဖူးလား။မကြားဖူးဘူး ဘုရား။ အဲဒီဦးဇင်းကြီး အကြောင်းတပည့်တော် ပြောပြမယ်တဲ့။ သူကပြောပြတယ်နော်။ ဆရာတော် ဦးရန်ကုန်ဆိုတာ ကလည်းတကယ်တော့ ရန်ကုန်သားမဟုတ်ဖူး။ ရန်ကုန်နားလေးမယ် တိုးကြောင်ကလေး၊တိုးကြောင်ကြီး လို့ဘူတာရှိတယ်။ အဲဒီနားလေးက တိုးကြောင်ကြီးရွာသား။ဦးရန်ကုန်က အသက် ၅ နှစ် ၆နှစ်လောက်ကတဲက မန္တလေးရောက်နေတာ ကျောင်းသားလေး အမောင် ကျောင်းသားလေးမင်းဘယ်ကတုန်း။ ရန်ကုန်ကပါ လို့ ခပ်ကြွားကြွားလေးပြောလိုက်တယ်။တကယ်တော့ ရန်ကုန်သားမဟုတ်ဖူး။ တိုးကြောင်းကြီးရွာသား ရွာသားဆိုတော့ အထင်သေးမှာစိုးလို့။ ဘယ်လိုပြောလိုက်တုန်း။(ရန်ကုန်ကပါ)။မောင်ရန်ကုန်..မောင်ရန်ကုန်နဲ့ခေါ်ကြတယ်။နောက်ကိုရင်ဝတ် ကိုရင်လေး ဘယ်ကတုန်း။ရန်ကုန်ကပါ။ ကိုရင်လေးရန်ကုန်လို့ခေါ်တယ်။ နောက်ဦးဇင်းဝတ် ဦဇင်းဘယ်တုန်း ရန်ကုန်ကပါ။ ဦးဇင်းရန်ကုန်။ နောက်ကျောင်းထိုင်ဘုန်းကြီးဖြစ် ဘုန်းကြီးဘယ်ကတုန်း ။ ရန်ကုန်ကပါ။ ဦးဇင်းရန်ကုန်။ နောက်ကျောင်းထိုင်ဘုန်းကြီးဖြစ် ဘုန်းကြီးဘယ်ကတုန်း ရန်ကုန်ကပါ။ဘုန်းကြီး ဦးရန်ကုန်။နောက်ပိုင်းမယ် အဲဒီ ဘုရားကြီးတိုက်မယ် အကြီးဆုံး ဆရာတော်ကြီးဖြစ်တယ်။ ဘုရားကြီးတိုက်က မြန်မာနိုင်ငံမယ် အကြီးဆုံးပေါ့။အဲဒီတုန်းက သံဃာပေါင်း ၁၀၀၀ ကျော်ရှိတယ်။ အဲဒီ ဦးရန်ကုန် သူ့ရွာသား ဦးဇင်းကြီးတစ်ပါးကလဲ သူ့ဆီလာ စာသင်တယ်။စာသင်တော့ ဦးရန်ကုန်က တံမြက်စည်းလှဲပြီးတော့ သူ့ကျောင်းက အဲ့ဒီဦးဇင်း ကြီးဆွမ်းခံပြန်လာတဲ့လမ်းက စောင့်ပြီးတော့တံမျက်စည်းလှဲတယ်။ဦးဇင်းကြီး ဆွမ်းခံပြန်လာတော့ ဟေ့ဦးဇင်းကြီး လာစမ်းလို့သူသခေါ်သတဲ့။ ပြစမ်း မင်းသပိတ်လှပ်ပြစမ်း။ သပိတ်လေးလှပ်ပြတယ်။ဟင် မင်းသပိတ်ထဲလဲဆွမ်းတွေ ဆွမ်းရံတွေက နည်းနည်းလေးပါလား။ ဆွမ်းရံကျုတ်ကလေးတွေ လည်းလှပ်ကြည့်တယ်။ ဆရာတော်ကြီးက ဟင်းလေးကလဲကွာ ပဲပြုတ်ကလေး ဆီမပါဘူး။ချဉ်ပေါင်ရွက်ကလဲ ရေကျဲနဲ။ မင်းမဝပါဘူး လို့ပြောသတဲ့။ တင်ပါ့ဘုရား တပည့်တော် မန္တလေးရောက်တာ ၃ နှစ် ရှိပါပြီ။ဘုရား။တစ်ခါမှ ဆွမ်းများဝအောင် မရဘူးပါဘူး ဘုရား။ မင်းတော်တော် ဘုန်းကံနည်းတဲ့ ကိုယ်တော်ကြီးဘဲ။ ရုပ်ကလဲဆိုး အသားကလဲမဲ ဒီကြားထဲ ကျောက်ပေါက်မာကပါသေး။မြင်တဲ့ အတိုင်းပါဘဲဘုရား။ မင်းအဲတော့ ဘယ်သူ မှ ကြည်ညိုမှာ မဟုတ်ဘူး။ မင်းရုပ်ကလဲ မရှိ၊မင်းအကြောင်းလဲ မသိ။အဲတော့ ငါဘုန်းကြီးတဲ့ နည်းသင်ပေးမယ်။ ယူမလားကွာ။ဆိုင်းမနေ ပါနဲ့ ဘုရား။အခုပေးပါ။ သူက ဘုန်းကြီးချင်သကိုး။ အေး..ပေးမယ်တပည့်ကြီး လာဆိုပြီး ခေါ်သွားတယ်။နှစ်ထပ်ကျောင်းဆိုတော့ အပေါ်ထပ်ခေါ်သွား။ စိတ်ပုတီးလေးပေး။ ပေးပြီးတော့ ရော့စိတ်ပုတီး မင့်ငါအပိုင် ပေးပြီ။ ဒီစိတ်ပုတီး နဲ့မင်းမနက် အိပ်ယာထ ပုတီး (၁၀)ပတ်စိတ်၊နေလည် (၁၂) နာရီလောက်ထိုးရင်း (၁၀)ပတ်စိတ်။ညအိပ်ရာယင်(၁၀)ပတ် တစ်နေ့ကို ပုတီးပတ် (၃၀)စိတ်။ စိတ်မယ် ဘုရား တပည့်တော် အဲလောက်မက စိတ်နိုင်တယ်ဘုရား။

ဘာစိတ်ရမတုန်းဘုရား။ဘယ်လိုစိတ်ရမတုန်း။အေး…ပြောမှာပေါ့ကွာ။ မှတ်ထား။ပုတီးလေးကို ကိုင်တဲ့အခါ လက်ခလယ် လက်မနဲ့ ကိုင်ရတယ်နော်။ လက်ခလယ်နဲ့ ပုတီးလေးဒီလိုလေးကိုင် လက်မလေးနဲ့ ဟောလိုစိတ်ရတယ်။ အရဟံ လို့ ပုတီးတစ်လုံးချ အရဟံ အရဟံ အရဟံ နဲ့ ပုတီးတစ်ပါတ်စိတ် ။ဘုရားဂုဏ်တော် တစ်ပါတ်စိတ်။ စိတ်တက်ပြီလား။ နောက် သမ္မာသမ္ဗုဒ္ဓေါ ဆိုပြီး ပုတီး တစ်လုံးချ သမ္မာသမ္ဗုဒေါ သမ္မာသမ္ဗုဒေါ သမ္မာသမ္ဗုဒေါ နဲ့ တစ်ပါတ်စိတ်။ဘယ်နှစ်ပါတ်ရှိသွား ပြီတုန်း။၂ ပါတ်ရှိသွားပြီ။ နောက် ဝိဇ္ဇာစရဏသမ္ပန္နော ဝိဇ္ဇာစရဏသမ္ပန္နော ပုတီးတစ်လုံးတစ်လုံးချသွား ဘယ်နှစ်ပါတ်ရှိပြီတုန်း။ ၃ ပါတ်ရှိသွားပြီး။ သုဂတော သုဂတော သုဂတောနဲ့ စိတ် ၄ ပါတ်။နောက်တစ်ခါ ဘာလာမတုန်း လောကဝိဒူ လောကဝိဒူ လောကဝိဒူ အဲဒီလိုနဲ့ ပုတီးတစ်လုံးချ၊ ၅ ပါတ်ရှိသွားပြီနော်။ နောက်တစ်ခါ အနုတ္တရော အနုတ္တရော အနုတ္တရော ပုတီးတစ်လုံးချ။ အနုတ္တရော အနုတ္တရော အနုတ္တရော နဲ့စိတ် အဲတော့ ပုတီး ၆ပေါက်ရှိသွား ပြီ ဟုတ်လား။ ပြီးတော့မှ ပုရိသ ဓမ္မသာရတိ ပုတီး တစ်လုံးချ။ ပုရိသ ဓမ္မသာရတိ ပုရိသ ဓမ္မသာရတိ နဲ့ တစ်ပါတ်စိတ်။ ၈ ပါတ်ဟုတ်လား။ ဗုဒ္ဓေါ ပုတီးတစ်လုံးချ ဗုဒ္ဓေါ ဗုဒ္ဓေါ ဗုဒ္ဓေါ နဲ့ တစ်ပါတ် စိတ်။ ဘယ်နှစ်ပတ်ရှိသွားပြီတုန်း။ (၉) ပတ် ။နောက် ဘဂဝါ ဘဂဝါ ဘဂဝါ ဆိုတစ်ပါတ် စိတ်။ ဘယ်နှစ်ပါတ်တုန်း (၁၀) ပါတ်ပါဘုရား။ အေး..ဘုရား ဂုဏ်တော် (၁၀) ပါး ။တစ်ပါးတစ်ပါတ်နဲ့ မင်းမနက်ခင်း (၁၀)ပါတ် စိတ်၊ နေ့လည် (၁၀)ပါတ် စိတ်၊ ညအိပ်ယာဝင် (၁၀)ပါတ်စိတ် တစ်နေ့ ပုတီးပါတ် (၃၀) စိတ်။ မင့် ဘုန်းကြီးပြီ ပေါ့ကွာ လို့ပြောသတဲ့။ စိတ်မယ် ဘုရား ဒီနေ့ ကိုစ စိတ်မယ်။ ဘုရားဂုဏ်တော် (၉)ပါးမဟုတ်လား ဘုရား။ အရှင်ဘုရား က (၁၀)ပါး လို့ သူကမေးတယ်။ ဦးဇင်းကြီး က အေး ကွ မင်းမှတ်ထား ။ ဘုရားဂုဏ်တော် (၁၀) ပါးနော် ။ကဲ ဆိုစမ်းပါ အုံး။ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ဝိဇ္ဇာစရဏ သမ္ပန္နော၊သုဂတော ၊လောကဝိဒူ၊အနုတ္တရော၊ပုရိသ ဓမ္မသာရထိ၊သတ္တာဒေဝမနုဿနံ၊ဗုဒ္ဓေါ၊ဘဂဝါ။(၁၀)ပါးစေ့ရဲ့လား။ (စေ့ပါတယ် ဘုရား) ဘုရားဂုဏ်တော် (၉)ပါးပါဘုရား ။ဆရာတော်က (၁၀) ပါးလားလို့။ ဟုတ်တယ်ကွ ဝိသုဒ္ဓိမဂ် အဋ္ဌာကထာ ကြီးလဲ (၁၀)ပါးဘဲ ဖွင့်တယ်။ (၉)ပါးဆိုတာ တချို့ (၉) ဂဏာန်းကြိုက်တဲ့ သူတွေရှိ တယ်။အေး (၉) ဂဏာန်းကြိုက်တဲ့သူတွေကြတော့ “ အနုတ္တရော” နဲ့ “ပုရိသဓမ္မ သာရထိ” ပေါင်းလိုက်တော့ ။ အဲ့တော့ အဲလို ပုဂ္ဂိုလ်တွေ အတွက် ကြတော့ အနုတ္တရော ပုရိသဓမ္မ သာရထိ ပုတီးတစ်လုံးချနော် အနုတ္တရော ပုရိသဓမ္မ သာရထိ တစ်လုံး။ အဲံလိုနဲ့ ဘုရားဂုဏ်တော် (၉)ပါး ကြိုက်လည်း (၉) ပါတ်စိတ်ပေါ့ကွာ။ မနက် (၉)ပါတ်၊ နေ့လည် ( ၉) ပါတ်၊ ည(၉) ပါတ် အဲဒီလို စိတ်လို့ပြောတယ်။ ဒါပေမယ်လို့ အဋ္ဌကထာကြီး နှစ်စောင်လုံး (၁၀)ပါး ဘဲ ။ မင်း(၁၀)ပါတ်သာ စိတ်ကွာ။ စိတ်ပါ့မယ် ဘုရား။ တပည့်တော် ဒီနေ့က စမယ် ဘုရား။ နေ့လယ်စမယ်။ သူကလဲ အချိန်မစိုင်းနိုင်ဘူး။ ဘုန်းကကြီးချင်တာကိုး ဟုတ်ကလား။ အဲ့ဒါနဲ့ အဲဒီနေ့စိတ် ၊ ညအိပ်ရာဝင်စိတ် နောက်တစ်နေ့ မနက်ခင်းတော့ ၁၀ ပါတ်စိတ်။စိတ်ပြီးတော့ မန္တလေး ကြတော့ မနက်(၆) နာရီလောက် ဆွမ်းခံထွက်ရတာ။ သူကစောစောလေး ဆွမ်းခံထွက် သပိတ်လေးပိုက်ပြီးထွက်လာတာ ကို ဆရာတော်ကြီးက ဟေ့ ဦးဇင်းကြီးလာဦး မင်းပုတီးစိတ်ရဲ့လား။စိတ်ပါတယ် ဘုရား။ တပည့်တော် မနေ့နေ့လည်က (၁၀)ပါတ်၊ ည(၁၀) ပါတ်ပါဘုရား။ ဒီနေ့မနက်(၁၀)ပါတ် စိတ်ပြီးလို့ တပည့်တော် ဆွမ်းခံသွားမလို့ပါ လို့ပြောတယ်။ လိုသေးတယ်ကွ။ ငါမနေ့ကမေ့သွားတယ်။ တင်ပါ့ ဘာလိုလို့တုန်းဘုရား။ မင်း ဆွမ်းခံသွားပြီဆိုရင် မေတ္တာသုတ် ရွတ်သွား ရရဲ့လား။ ရတယ်ဘုရား။ သူကရွတ်ပြတယ် ။အေး.. မေတ္တာသုတ်ရွတ်သွား ။ မေတ္တာသုတ် မရွတ်လဲဘဲ ဗမာလို လူတွေ့တွေ့ ၊ခွေး တွေ့တွေ့၊ ငှက်တွေ့တွေ့ တွေ့တဲ့ သတ္တဝါ ကျန်းမာပါစေ ချမ်းသာပါစေ ကျန်းမာပါစေ ချမ်းသာပါစေ အဲဒီလို မေတ္တာ ပွားရတယ်။ ဆွမ်းလောင်းတဲ့ ဒါယကာတွေ ဒါယကာမ တွေ ကျတော့ ပိုပြီးပွား လိုက်ကွာလို့ပြောတယ်။ တင်ပါ့ဘုရားဆိုပြီးတော့ သူက မေတ္တာသုတ်ကလေးရွတ်ပြီးသွားတယ်။

အဲဒီလိုနဲ့ ၃၊၄ လလောက်ရှိတော့ ဆရာတော်ကြီးက တစ်ခါ အဲဒီဦးဇင်းကြီး ဆွမ်ခံ ပြန်လေးဆောင့်ပြီး တံမျက်စည်းလှဲရင်း မတ်တပ်စောင့်နေတယ်။ ပြန်လာတော့ ဟေ့ဦးဇင်းကြီးလာ အုံး သပိတ်လှပ်စမ်း။ သပိတ်လှပ်ပြတယ်။ ဟာ..မင်းတယ်ဟုတ်နေပါလား သပိတ်တစ်ဝက်ကျော်နေပြီ။ တင့်ပါ ဘုရားဂုဏ်တော် တန်ခိုးပြနေပါပြီ ဘုရား။ ဘယ်ဒါ နည်းသေးတာပေါ့။ စိတ်အုံး ဒီလောက်မကဘူး။ ဘုရားဂုဏ်တော်က ဘယ်သပိတ်ပြည့်ရမှာ။ တင်ပါ့ဘုရား ခုတပည့်တော် တိုးတက်လာပါပြီဘုရား။ အရင်ကဆိုရင် ကလေးလေတွေက သူ့မြင်ရင် သူကအရုပ်ဆိုးတာကိုး ကြောက်လွန်းလို့ထွက်ပြေးတာ ။ ဦးဇင်းကြီးလာ ရင်ပြေးပြီ။ မပြေးနိုင်တဲ့ကလေး ငိုနေကြတာ။အခုကျတော့ မပြေးတော့ဘူး။ အဲဒီ ဦဇင်းကြီးဆွမ်းခံလာပြီဆို ဘုန်းဘုန်း ဘုန်းဘုန်း အမေ ဘုန်းဘုန်းလာပြီ ဆွမ်းလောင်း အဲ…အဲ့ဒီလိုနဲ့ သူကဆွမ်းတွေရ။

နောက်လေးငါးလလောက် ရှိတော့ ဆရာတော်ကြီးက တစ်ခါသူဆွမ်းခံပြန်လာမယ့်လမ်းက တံမျက်စည်းလှဲ ရင်းစောင့်နေတယ်။ ဟေ့ ဦးဇင်းကြီးလာစမ်းပါအုံး။ သပိတ်ပြစမ်း။ ဟာ….မင်းသပိတ်ပြည့်မောက်လျှံလို့ ပါလား။ တင်ပါ့ဘုရား ဘုရားဂုဏ်တော် ဆရာတော်ပြောတဲ့ အတိုင်းပုတီးစိတ် လို့ပါဘုရား။ အေး..ဟုတ်ပြီ။ဆွမ်းရံကျုတ်ကလေးတွေ လှပ်ကြည့် ဆွမ်းရံကျုတ်ကလေးတွေကလည်းအပြည့် ။အောက်ထဲ ပြည့်လို့မို့ အဖုံးတွေပါလှန်ပြီးထည့်။ အဲသပိတ်ထဲ ပြည့်လို့မို့သပိတ်ဖုံးပေါ်မှာ မုန့်တွေတင် အဲဒါတွေတင်မကဘူး လက်ဆွဲချိုင့်လေးနဲ့ စတီးချိုင့်လေးနဲ့ဆွဲလို့။ မင်းတော်တော်ဟုတ်နေတာကိုး။တင်ပ့ါဘုရား။တပည့်တော် ဘုရားဂုဏ်တော်တန်ခိုးတွေပါဘုရား။ အေး..မင်းတစ်ယောက်တည်း မစားနဲ့နော် ။ဘုရားသာသနာတော်မယ် တို့ညီတွေ အကိုတွေ အဲ့လိုအောင်းမေ့ရတယ်။ ဝေငှစားရတယ်။စားပါတယ်ဘုရား။ တကည့်တော် မရတုန်းက သူများဆီက တောင်းတောင်းစားနေရတာ အခုကျတော့ အခုကျတော့ တပည့်တော်ပေးတယ် ဘုရား။ ကိုရင်လေးတွေ ၊ဦးဇင်းလေးတွေ၊ မရတဲ့ ဦးဇင်းလေးတွေကို ဆွမ်းတွေ ဆွမ်းရံတွေ ထည့်ပေးပြီးမှ စားပါတယ်ဘုရား။ အေး..ဟုတ်ပြီ ဟုတ်ပြီ ကောင်းတယ် အဲဒီလိုစိတ် အဲဒီလိုစား။ ဆရာတော်ပြောလိုရင်းက အဲ့ဦးဇင်းကြီး ဘုန်းကြီးလာတာ ဘာကြောင့်ကြီးကလဲဆိုရင် ဘုရားဂုဏ်တော် ပုတီးစိတ်မေတ္တာ ပွားလို့။ဘာလို့ကြီးလာတုန်း။ (ဘုရားဂုဏ်တော် ပုတီးစိတ်မေတ္တာ ပွားလို့)။အေး..ဟောဒီပရိတ်သတ်တွေလဲဘဲ (ဘုရားဂုဏ်တော် ပုတီးစိတ်မေတ္တာ ပွား) အားလုံး သိဒ္ဓိပေါက်လိုတာတွေ အကုန်ပြီးမြောက်။သဘောကြပြီလား။ အေး..အဲ့ဒီဦးဇင်းကြီးဌေးလာပြီ။ ၃၊၄ နှစ်ရှိ စာတွေကလဲတော်တော်တတ်လာပြီ။တက်လာတော့ ခုနကသူနေတဲ့ရွာ ကဘာရွာတဲ့( တိုးကြောင်ကြီးပါဘုရား)။

အေး..တိုးကြောင်ကြီးရွာက စာတစ်စောင်လာတယ်။ဒါယကာ၊ဒါယကာမတွေ လက်မှတ်ထိုးပြီးတော့ ဦးဇင်းကြီး တပည့်တော်တို့ရွာ ဘုန်းကြီးပျံလွန်တော် မူပြီ။အရှင်ဘုရားကိုကျောင်းထိုင် ဘုန်းကြီးမြှောက်မှာ ပြန်လာခဲ့တော့လို့ ဒါယကာ။ဒါာကာမတွေ တရွာလုံး လက်မှတ်ထိုးပြီးတော့စာရောက်လာတယ်။ ဒါနဲ့ အဲ့ဒီစာလေးယူပြီးတော့ ဆရာတော်ကြီး ဦးရန်ကုန်ဆီ သွားပြတယ်။ ဆရာတော်ဘုရား တပည့်တော် ရွာပြန်တော့မယ်။ အရှင်ဘုရားရွာ၊ တပည့်တော်ရွာကျောင်းထိုင် ဘုန်းကြီးပြန်လွန်တော် မူသွားသတဲ့။တပည့်တော်ကို ကျောင်းထိုင်မြှောက်မလို့တဲ့ ဘုရား။အေး..မင်းပြန်ပေါ့ကွာ။ ဒါပေမယ့် လို့ မင်းမှတ်ထား ဖို့ရာက ကျောင်းထိုင်ဘုန်းကြီးဖြစ်တော့ ပုတီးပိုစိတ်ရတယ်။ လိုမစိတ်ရဘူးဟုတ်လား။ ကျောင်းထိုင်ဘုန်းကြီးဖြစ်တော့ ဟိုကလှူ၊ဒီကလှူ ဒါယကယ၊ဒါယကာမတွေလှူတာ မင်းပုတီးမစိတ်ဘဲ စား။မင်းနောက်ဘဝ နွားဖြစ်မှာဗျ။ အဲဒီလိုပြော သတဲ့။စိတ်မှာ ပါဘုရား။ တပည့်တော်စိတ်မှာ ပါဘုရား။ဦးဇင်းကြီးကပြော သတဲ့။အေး..မင်းတစ်သက်လုံးစိတ်ရင် တသက်လုံး ချမ်းသာပြီပေါ့။

ဆရာတော်ပြောလိုရင်းကတော့ စိတ္တာ ဝိသုဒ္ဓိ စိတ်စင်ကြယ်အောင် ဘုရားဂုဏ်တော်ပုတီးစိတ် မေတ္တာပွား။သဘောပေါက်ပြီလား။ စိတ်စင်ကြယ်အောင် ဘာလုပ်ရမတုန်း။(ဘုရားဂုဏ်တော် ပုတီးစိတ်မေတ္တာ ပွား)။ အေး….ဘုရားဂုဏ်တော် ပုတီးစိတ်မေတ္တာ ပွားပြီဆိုရင် စိတ်စင်ကြယ်သွားပြီ။ အဲဒီလို စိတ်စင်ကြယ်မှ သူကအပယ်တံခါးပိတ်တာနော်။အေး..စိတ်စင်ကြယ်စေရမယ်တဲ့။

အပါယ်တံခါးပိတ် တရားတော် (အပိုင်း ၂ ) သို့ .......
Shared from Ko Aung Pyi Sone Aye

No comments:

Post a Comment