မေးခွန်းများကိုဖြေကြည့်ပါ။
ဖြေရဲရင် မေးကြည့်ဆိုတဲ့ စာအုပ်လေးထဲက မေးခွန်းအချို့ပါ . . .
စိတ်မှာ ခံစားရတဲ့အတိုင်း အမှန် အကန် ဖြေဖို့တော့လိုတယ် . . . မကြာမကြာ
ဖြေကြည့်ရင် အနည်းဆုံးတော့ ကိုယ်ဟာ ဘယ်လိုလူ ဆိုတာ သိလာနိုင်ပါတယ် . . .
(အဖြေ မေးခြင်း သည်းခံပါ) . . .
ဖြေရဲရင်မေးကြည့်
၁။ အူထဲ အသည်းထဲက ချစ်ကြိုက်မိသူ တစ်ဦးအတွက် မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ ပြန်ဆုံဖို့ အလားအလာ
နည်းနည်းဘဲရှိတယ်ဆိုရင်တောင် ရပ်ဝေးမြေခြားကို ထွက်သွားနိုင်မလား . . . ။
၂။ တစ်နှစ်လောက် အရမ်းပျော်ခွင့်ရမယ် . .
ဒါပေမယ့် ဘာမှ မှတ်သားလောက်စရာ အတွေ့အကြုံမျိုး မရှိဘူးဆိုရင်. . သင်. .
ယူမလား . . . မယူဘူးလား . . . ။ (မယူဘူးဆိုရင် ဘာကြောင့်လဲ)
၃။ သင့်အတွက် အဆင်အပြေဆုံး၊ အပြည့်စုံဆုံး ညနေခင်းဟာ ဘယ်လို ညနေခင်းမျိုးလဲ . . . ။
၎။ လုပ်ငန်းမှာ သိပ်အောင်မြင်တယ်. ကိုယ်ရေးကိုယ်တာဘ၀မှာ သိပ်မပျော်ရွှင် . . . ။ လုပ်ငန်းမှာ လုံးဝမအောင်မြင်
ကိုယ်ရေးကိုယ်တာဘ၀မှာ အလွန်ပျော်စရာ ကောင်းတယ် . . . ။ (ဘယ်ဘ၀ကို ပိုကြိုက်သလဲ)
၅။ စိတ်ကူးရသလို အချစ်မျိုးပေးမယ့်သူနဲ့ သင်နဲ့ တွေ့ခွင့်ရမယ်။
ဒါပေမယ့် သူ (၆) လ အတွင်း သေမယ်။ အဲသလိုဆိုရင် အဲဒီလူနဲ့ တွေ့ချင်သေးလား . . .
ချစ်ချင်သေးလား . . . ။ (သေတော့ မသေဘူး ဒါပေမယ့် ဖောက်ပြန်သွားမယ်ဆိုရင်ရော . . .)
၆။ တကယ်လို့ သင်နှင့် စေ့စပ်ထားသူက မတော်တဆ ထိခိုက်မှုဖြစ်ကာ
ကိုယ်တစ်ပိုင်းသေသွားသည် ဆိုပါစို့ . . . ။ (ရှေ့တိုးမလား . . . နောက်ဆုတ်မလား . . .)
၇။ ကံ ဆိုတာကို ယုံလား . . . ။ (မယုံရင် ဘာကြောင့်လဲ)
၈။ သင့်ကို ဆုငွေ (၁၀) ပေးမည် ။ သေနတ်(၁၀)လက် ချပေးထားမည်။
(၁) လက်မှာပဲ ကျည်ဆန်ထည့် ထားသည်။ အဲဒီထဲက (၁)လက်ကို ကောက်ကိုင်ကာ
နထင်တေ့ပြီး မောင်းဆွဲရမည်. . လုပ်မလား . . . ။
၉။ သင်နဲ့သိပ်ရင်းနှီးတဲ့ လူ(၁)ဦးဟာ ရောဂါအပြင်းအထန်နဲ့ လူးလဲခံစားနေရတယ်။ ကိုယ်တစ်ပိုင်းသေနေတယ်။
(၁)ပတ်လောက်ဆိုရင် ကွယ်လွန်တော့မယ်။ သူက မခံနိုင်တော့ဘူးဆိုပြီးအဆိပ် ကျွေးခိုင်းနေတယ်. . . ။
အဲဒီလိုဆိုရင် သင်ကျွေးမလား . . . ။ (အဲဒီလူဟာ သင့်အဖေ ဖြစ်နေရင်ကော. . .)
၁၀။ သင့်မှာ တိကျသေချာတဲ့ ရေရှည်ပန်းတိုင်တစ်ခုရှိလား . . . ။ အဲဒီ ပန်းတိုင်းဟာ ဘာလဲ. .
ပန်းတိုင်ရောက်အောင် ဘယ်လို အစီအစဉ်ချဆောင်ရွက်မလဲ . . . ။
၁၁။ သင်နဲ့ သင်အရမ်းချစ်တဲ့ ချစ်သူနဲ့ကို အခန်း(၁)ခန်းစီမှာ သီးခြားခွဲထားမယ်။
သင်တို့ ဘေးမှာ ခလုတ်(၁)ခုစီ တပ်ထားမယ်. . ။
(၁)နာရီအတွင်း(၁)ယောက်ယောက်က ခလုတ်မနှိပ်ရင် (၂)ဦးစလုံးသေသွားမယ်။
အရင်ဆုံး နှိပ်တဲ့သူဟာ အခြားတစ်ယောက်ကို ကယ်နိုင်ပေမယ့် သူကတော့
ချက်ချင်းသေမယ်။ (ဒါဆို သင် ဘာလုပ်မယ်ထင်လဲ . . )
၁၂။ သင့်ကိုယ်သင်သေချာ စနစ်ကျတဲ့သူလို့ ထင်ပါသလား…။
(သော့ပျောက်လို့ဆိုပြီး ဘယ်နှစ်ခါ လိုက်ရှာရဘူးလဲ . . .)
၁၃။ ကိုယ့်ရုပ်ကိုယ့်ရည်ကို ဘယ်လောက်သဘောကျသလဲ . . .
အရိပ်တကြည့်ကြည့် ဖြစ်နေတတ်လား . . . ။ (တစ်နေ့ မှန် ဘယ်နှစ်ခါလောက် ကြည့်ဖြစ်လဲ . . .)
၁၄။ အချစ်ရေး အချစ်ရာမှာ သည်းသည်းလှုပ်ချစ်တာနဲ့၊
ထာဝရချစ်တာ ဘယ်ဟာက သင့်အတွက် ပိုအရေးကြီးလဲ . . . ။
၁၅။ သင့် ဘ၀တစ်ခုလုံး အိပ်ငိုက်လိုက်၊ အိပ်မက် မက်လိုက်နဲ့ တစ်သက်လုံး နေရမယ်ဆိုရင် နေနိုင်သလား . . . ။
မေးခွန်းတိုင်းမှာအဖြေရှိတယ်ဆိုတာမှန်ပေမဲ့ ကျွန်တော့်အတွက်ကတော့
ဒီမေးခွန်းတွေကို အခုထိ အဖြေမပေးနိုင်တာလေးတွေ ကျန်နေသေးပါတယ်။
forward mail မှကူးယူဖော်ပြသည်။
Posted by မြူ
No comments:
Post a Comment