“မောင့်ရဲ့ ရုပ်သေးရုပ်ကလေး”
ချစ်တဲ့မောင် ...
ဆုံဆည်းကာစ.. ကာလကတည်းက...
သိပ်ချစ်တတ်တဲ့… ကျမ ….
ရုပ်သေးရုပ်လေး… ဖြစ်ခဲ့ရတယ်ဆိုတာ…
မောင် အသိဆုံးပါမောင်…
ချစ်တဲ့မောင်ရဲ့… ရုပ်သေးရုပ် ကျမ…
မောင် ကြိုးဆွဲသလို.. ကခဲ့ပါတယ်...
မောင်ထားရာမှာ… နေခဲ့တယ်...
မောင်စေရာကို… သွားခဲ့တယ်...
မောင် ပျော်စေချင်… ပြုံးခဲ့တယ်...
မောင် မဲ့စေချင်… ငိုခဲ့ပါတယ်......။
ချစ်တဲ့မောင်…
သိပ်ချစ်နေတုန်းက.. ပြုံးစေချင်ခဲ့တာ…
ခုတော့… မေ့သွားပြီလား မောင်…
ဟိုစဉ်တုန်းက.. အရိပ်လို လိုက်ပါ…
ခုတော့.. ဘယ်ဆီမှာလဲ…. မောင်…
မောင့်ကို သိပ်ချစ်တတ်တဲ့ အပြစ်...
ရုပ်သေးရုပ်လေး.. ကျမမှာ.. ဖြစ်ခဲ့ပြီလားမောင်…..။
အတိတ်တုန်းက.. အရိပ်ကလေးလိုမောင်…
ခုတော့ ဘယ်မှာ ရှာရမှာလဲ….
သိပ်ချစ်လွန်းလို့.. ရင်ကွဲကျေပါစေ…
ကျမ နေတတ်ရမှာပါမောင်…
ကမ္ဘေကမ္ဘာအဝေး… မောင် ပြေးလို့လဲ…
လိုက်ရှာနိုင်တဲ့ အခြေ … ကျမမှာ… ရှိမနေခဲ့ပါလားမောင်ရယ်.....။
ကျမက.. ချစ်တဲ့ မောင်ရဲ့… ရုပ်သေးရုပ်ကလေးလေ…
မောင် ရွေ့စေချင်မှ.. ကျမ လှုပ်ရမှာ…
မောင် ပျော်စေချင်မှ .. ကျမ ပြုံးရမှာ...
မောင် မုန်းစေချင်မှတော့.. ကျမ မေ့ရတော့မှာလေ…..
မောင်ရေ…..
နောက်ဘ၀ဆိုတာ.. ရှိခဲ့မယ် ဆိုရင်တော့...
ကျမ တောင့်တချင်မိပါတယ်....
ရုပ်သေးရုပ်လေး ကျမ .. မဖြစ်ချင်တော့ပါ မောင်...
မောင် ထာဝရ.. တမ်းတ မြတ်နိုးမဲ့.. ယမင်းရုပ်လေး ဘ၀မျိုးသာ…
ကျမ… ရလိုပါတော့သည်မောင်…….။ ။
“ထာဝရ ဆောင်းသစ္စာ”
No comments:
Post a Comment