ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာဖြစ်ပါတယ်။ ခေါင်းအုံးတစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ်တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ကပ်တဲ့အထိ လေကိုတဝကြီးရှူထုတ်လိုက်တဲ့အခါမှာ စာအုပ် နစ်ဝင်သွားတဲ့နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြရအောင်နော်။
လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင်ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)


(A) လူကို ဘေးဆောင်းအနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်းပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်းအနောက်တွင်ထားပါ။
(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင်အနေအထားသို့ ရောက်အောင် ဆွဲယူပါ။
တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)


(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။
(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့်ထိပါ။
ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)

(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့်ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့်ထိန်းထားပါ။
(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုးနေရာမှာရှိပါစေ။
ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။
လေ့ကျင့်ခန်း (၅)

(A) ပက်လက်အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်း အောက်တွင်ထားပါ။
(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။
တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
** အထက်မှာဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၆) ကို ဆယ်မိနစ်အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက်ပြုလုပ်ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေအတွက်လည်း အသုံးဝင်လိမ့်မယ် ထင်ပါတယ်။
ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့နေ့ရက်တွေ ကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်။
မြတ်ကြည် (သနပ်ခါးမေ)
@ Shwebeauty
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1086384&xgs=1&xg_source=msg_share_post#ixzz1qOwckDZx
Shared from Health Articles
No comments:
Post a Comment