Wednesday, April 18, 2012

တွယ်တာစွဲလန်းမူ ၄-မျိုးဟူသည်

လိုချင်မူကိုစွဲလမ်းလူတွေဟာ တွယ်တာစွဲလမ်းမူ ၄-မျိုးကို အမြဲပြုလုပ်လေ့ရှိကြပါတယ်။ ပထမတွယ်တာ စွဲလမ်းမူကတော့ လိုချင်တောင့်တမူကိုပဲ စွဲလမ်းနေကြခြင်းဖြစ်ပါတယ်။ လိုချင်တောင့်တတာကို မရရင် ဆင်းရဲဒုက္ခကို ခံစားရပါတယ်။ လိုချင်တာကို ရပြန်ရင်လည်း ခဏပါပဲ။ စိတ်က ဘယ်တော့မှ မကျေနပ်နိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ လိုချင်မူကို၊ လိုချင်တယ်ဆိုတဲ့စိတ်ကို စွဲလမ်းငြိတွယ်နေတာကိုး၊ မလိုချင်ဘဲကို မနေနိုင်ဖြစ်နေပါတယ်။ ဒီတော့ အတိုင်းမရှိတဲ့ ဒုက္ခကြီးပါပဲ။ အစွဲကြီးလေလေ ဆင်းရဲကြီးလေလေပေါ့။ လူတွေဟာ မိမိတို့ရဲ့ အတွင်းအဇ္ဈတ္တမှာ ဖြစ်ပျက်နေတာကိုတော့ မသိကြဘဲ အပြင်လောကမှာ ဖြစ်ပျက်နေတာတွေကိုသာ အရေးပေးပြီးနေကြတော့ ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းရင်းဟာ အတွင်းမှာရှိတာ ဖြစ်ပွားနေတာကို သတိမပြုမိကြပါဘူး။ “သဗ္ဗေ ဓမ္မာ ဝေဒနာသမော သရဏာ” လူတွေဟာ လိုချင်တောင့်တမူ တစ်ခုခုရှိလာရင် စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် တစ်ခုခုပေါ်ပေါက်လာင် ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာတစ်ခုခုဟာ ပေါ်ပေါက်လာမြဲ ဖြစ်ပါတယ်။

စိတ်မှာဖြစ်သမျှဟာ ခန္ဓာကိုယ်ပေါ်မှာ ခံစားရပါတယ်။ လိုချင်တာရတဲ့အခါကျတော့ ဝေဒနာတွေကလည်း ပျောက်ကွယ်သွားပါတယ်။ စိတ်ရဲ့ အပေါ်ယံအပိုင်းကတော့ သာယာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် စိတ်ရဲ့နက်ရိုင်းတဲ့အပိုင်းမှာတော့ ဆင်းရဲအတိ နဲ့ပါပဲ။ သာယာတဲ့ ဝေဒနာကို ထပ်ခါထပ်ခါ လိုချင်နေပြီး လိုချင်တပ်မက်မူကလည်း ထပ်ကာထပ်ကာ ပေါ်ပေါ်လာနေပါတယ်။ မကောင်းမှန်းသိပေမယ့် မရပ်နိုင်သလိုပေါ့။ ယားနာကို ကုတ်နေတဲ့ လူလိုပါပဲ။ လိုချင်လောဘတွေဟာလည်း များလေလေ၊ ဒုက္ခတွေ များလေလေ ဖြစ်ပြီး စိတ်ရဲ့ အကျင့်ပုံစံဖြစ်လာပါတယ်။ တစ်ခါ ဒီအကျင့်ကိုပဲ တွယ်တာလာပြန်ပါတယ်။ ဒီတော့ လိုချင်မူဟာ အတောမသတ်နိုင်တော့ပါဘူး။ အိပ်ပေါက်ကြီးလိုပါပဲ။ ဘယ်တော့မှ မပြည့်နိုင်ပါဘူး။ လိုချင်တာဟာ အကျင့်ကြီးဖြစ်ပြီးတော့ အစွဲဖြစ်နေပါတယ်။ ငြိတွယ်နေတာပေါ့။


ငါငါဆိုတဲ့အတ္တအစွဲနောက်အစွဲတစ်ခုကတော့ ငါငါဆိုတဲ့အတ္တအစွဲပေါ့။ တကယ်ဆိုတော့ ဒီငါဟာ ဘာလဲ ခန္ဓာ ၅-ပါး အစုအဝေးပဲ၊ အဋ္ဌကလာပတွေ အစုအဝေးမျှသာဖြစ်ပါတယ်။ “ငါသိတယ် ငါမှတ်မိတယ် ငါဝေဖန်လိုက်တယ် ငါသိရှိခံစားလိုက်ရတယ် ငါတုံ့ပြန်လိုက်တယ်” ဆိုတာတွေ အားလုံးဟာ အခုဖြစ်ပြီး အခုပျက်သွားတာကြီးပါပဲ။ ဓလေ့ထုံးစံအရသာ ငါငါ့ဟာလို့ ပြောနေကြလို့ လူတွေဟာ ငါငါ့ဟာကို အင်မတန်ပဲ ငြိတွယ် တွယ်တာနေကြပါတယ်။ ငါ့ကို လာမထိနဲ့၊ ငါ့ဟာလာမထိနဲ့ သိသွားမယ်။

တစ်ဦးတစ်ယောက် ငါငါ့ဟာကို တစ်ခုခုပြုလိုက်လို့ရှိရင် အင်မတန် မခံမရပ်နိုင်အောင် ဖြစ်သွားတတ်ပါတယ်။ ဆိုကြပါစို့ လူတစ်ဦးကို နိုင်ငံခြားမှာရှိတဲ့ မိတ်ဆွေတစ်ဦးက အဖိုးတန် လက်ပတ်နာရီတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ဒီတိုင်းပြည်မှာ ၀ယ်လို့ရတာမျိုး မဟုတ်ပါဘူး။ တစ်နေ့ကျတော့ သတိမထားမိလို့ အောက်ကျပြီး ကွဲသွားပါတယ်။ ဒီနာရီကို ဒီလူက သိပ်သဘောကျပြီး တွယ်တာနေတော့ ကျကွဲသွားတဲ့အခါမှာ အင်မတန် စိတ်မကောင်းဖြစ်ပြီး ငိုယိုမိပါတယ်။ ငါ့နာရီကွဲသွားတယ်။ ငါ့နာရီကွဲသွားတယ်။ ပြင်လို့လဲရတော့မှာ မဟုတ်ဘူးဆိုပြီး နှမြောတသပြီးနေပါတယ်။

ဒီနာရီမျိုးပဲ တစ်မျိုးတည်း တစ်ပုံစံတည်းပဲ သူ့မိတ်ဆွေ တစ်ဦးဆီမှာ ရှိပါတယ်။ အဲဒီမိတ်ဆွေတစ်ဦးကလည်း သူ့နာရီကျပြီး ကွဲသွားပါတယ်။ ဒါပေမယ့် သူ့မိတ်ဆွေနာရီ ကွဲသွားတော့ သူမငိုပါဘူး။ စိတ်မကောင်းလဲ မဖြစ်ပါဘူး။ အဖိုးတန်နာရီ ကျကွဲသွားပေမယ့်လို့ ဘယ်သူကမှ မငိုပါဘူး။ ငါ့နာရီကျကွဲသွားတော့ ငါငိုပါတယ်။ ငါ့ဟာကျတော့ ငါက အတွယ်အတာရှိတာကိုး။ အစွဲပေါ်မှာ အတွယ်အတာပေါ်မှာ တည်နေတာ ဖြစ်ပါတယ်။ တန်ဖိုးရှိရှိ မရှိရှိက အရေးမဟုတ်ပါဘူး။ ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်ပေမယ့် အတွယ်အတာမရှိရင် စိတ်ဆင်းရဲမူမဖြစ်ရပါဘူး။ ဘယ်လောက်မှ တန်ဖိုးမရှိပေမယ့် စွဲလမ်းတွယ်တာမူရှိနေရင်တော့ စိတ်ဆင်းရဲဖြစ်ရမှာ အမှန်ပါပဲ။


ရာဂျစ်စတန်ပြည်နယ်က အဘွားကြီးအစွဲတစ်ခါက ဂုရုကြီး အိန္ဒယပြည် ရာဂျစ်စတန်ပြည်နယ်မှာရှိတဲ့ ရွာငယ်တစ်ခုမှာ ၁၀-ရက် တရားပတ်ဖွင့်နေစဉ်အခါမှာ အသက်အရွယ်တော်တော် အိုမင်းနေပြီဖြစ်တဲ့ ဆင်းရဲသူအမျိုးသမီးကြီး တစ်ဦးလည်း တရားပတ်လာထိုင်ပါတယယ်။ တရားပတ်မှာ ၅-ရက်၊ ၆-ရက် လောက်ရတော့ မနက်အာရုဏ်တက်မှာ ပရိတ်ရွတ်တာကို လာနားထောင်ပြီး သူပအခန်းပြန်သွားတော့ အကြီးအကျယ်ရိုက်ကြီး တငင်ငင် အော်ငိုပါတယ်။ ဘာဖြစ်လို့လဲ မေးကြည့်လိုက်တော့ “သူ့ပိုက်ဆံအိတ်ကလေး ပျောက်သွားလို့ ပိုက်ဆံအိတ်ထဲမှာ သူစုဆောင်းထားတဲ့ ငွေက (၂၀ိ/)၊ မုန့်အချိုကလေး ၁တုံးနဲ့ နှစ်ပေါင်း ၆၀-ကျော်တုန်းက သူအိမ်ထောင်ကျစဉ်အခါက သူ့မိဘတွေက လက်ဖွဲ့လိုက်တဲ့ ငွေဆွဲကြိုးလေးပါသွားပါတယ်တဲ့။ ဘယ်သူခိုးသွားသလဲ မသိပါဘူး” ဆိုပြီးတော့ ငိုကြွေးနေရှာပါတယ်။

ကျန်တဲ့ယောဂီတွေကလည်း သနားပြီးတော့ မငိုပါနဲ့ အမေကြီး တရားသာဆက်ထိုင်ပါ။ ပျောက်သွားတဲ့ ပိုက်ဆံက (၂၀ိ/)လောက်၊ ငွေလေး ငါးဆယ်ကို ကျွန်တော်တို့၊ ကျွန်မတို့ စုပေးပါ့မယ်ဆိုပြီးတော့ ပိုက်ဆံလိုက်ပြီး ကောက်ခံလိုက်တာ ငွေ(၁၀၀ိ/)ကျော် ရသွားပါတယ်။ ၀မ်းသာအားရနဲ့ အမေကြီးထံသွားပေးကြပါတယ်။ အမေကြီးကတော့ ၀မ်းမသာတဲ့အပြင် လာပေးတဲ့ပိုက်ဆံတွေကိုတောင် လွှင့်ပစ်လိုက်ပါတယ်။ ပြီးတော့ ငိုမြဲပဲဆက်ပြီးတော့ ငိုနေပါတယ်။ သူမင်္ဂဆောင်တုန်းက ငွေဆွဲကြိုးကလေးကို တမ်းတစွဲလမ်းနေပါတယ်။

ညနေကျတော့ လူတစ်ယောက်က သစ်ပင်တစ်ပင်ပေါ်မှာ ပိုက်ဆံအိတ်ထဲက အချိုမူန့်ကို နိုက်စားနေတဲ့ မျောက်တစ်ကောင်ကို မြင်တော့ ၀ိုင်းပြီးလိုက်ကြတော့ မျောက်က အိတ်ကိုချပြီး ထွက်ပြေးတော့ အိတ်ကိုကောက်ပြီး အထဲက ငွေဆွဲကြိုးကလေးကို ပြန်တွေ့ရပါတယ်။ ဒီတော့မှပဲ အမေကြီး အငိုတိတ်သွားပါတယ်။ ငွေ(၂၀ိ/)မျှသာ တန်ဖိုးရှိတဲ့ ဆွဲကြိုးကလေးပဲဖြစ်ဖြစ် ငွေအသပြာသန်း နှစ်ဆယ်တန်တဲ့ ပစ္စည်းပဲဖြစ်ဖြစ် ပစ္စည်းရဲ့တန်ဖိုးက အရေးမကြီးပါဘူး။ ဒီပစ္စည်းကို ဘယ်လောက်တွယ်တာ အစွဲအလမ်းရှိတယ်ဆိုတာဟာ ပိုမိုပြီး အရေးကြီးတယ်။ အတွယ်အတာကြီးရင် ဒုက္ခကြီးတာပါပဲ။ အတွယ်အတာနည်းရင် ဒုက္ခလည်း နည်းမှာဖြစ်ပါတယ်။ အတွယ်အတာအတာမရှိရင်တော့ ဒုက္ခလည်းမရှိပါဘူးပေါ့။ ဒါဟာ သဘာဝ ဓမ္မပါပဲ။


အိန္ဒိယပြည် ရဟန်း ၁-ပါးအစွဲနောက်အဖြစ်တစ်ခုကတော့ အိန္ဒိယပြည်မှာပါပဲ။ တရားပတ်တစ်ခုမှာ ရဟန်းတစ်ပါးကလည်း တရားလာထိုင်ပါတယ်။ ၅-ရက် မြောက်တဲ့နေ့ကျတော့ ဂုရုကြီးနဲ့ လာတွေ့ပြီးတော့ အကူအညီတောင်းပါတယ်။ သူနေတဲ့မြို့မှာ သူက ကျောင်းဆောက် ထားပါတယ်။ သူ့ကျောင်းမှာ ဆင်တစ်ကောင်လည်းရှိပါတယ်။ ကျောင်းက မြူနီစပါယ် အမိန့်ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာဖြစ်တော့ အခုသက်ဆိုင်ရာက ကျောင်းကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ ရွှေ့မပေးရင် ကျောင်းကိုဆွဲဖျက်မယ်လို့လဲ ပြောနေကြပါတယ်။ ဆင်ကိုလည်း မြို့ထဲမှာ မထားရပါဘူးတဲ့။ မြို့ပြင်ကို ထုတ်ရမယ်လို့ အမိန့်ချထားပါတယ်။

ဒီမြို့က မြို့တော်ဝန်က ဂုရုကြီးရဲ့မိတ်ဆွေဆိုတာကို သူကသိတော့ မြို့တော်ဝန်ထံသွားပြီး “ကျောင်းကို မဖျက်ဖို့၊ ဆက်လက်ပြီး လက်ရှိနေရာမှာပဲ ထားဖို့၊ ဆင်ကိုလည်း ကျောင်းဝင်းထဲမှာပဲထားဖို့ ခွင့်ပြုပါရန် ပြောပေးပါ”လို့ အကူအညီလာတောင်းခြင်း ဖြစ်ပါတယ်။ သူဟာ သူ့ကျောင်းနဲ့ ဆင်ပေါ်မှာ အတွယ်အတာတွေ သိပ်များနေပြီး တော်တော်ကြီးပဲ စိတ်သောကများနေပါတယ်။ ဒါတောင်မှ လူဝတ်ကြောင် မဟုတ်သေးပါဘူး။ လောကကြီးနဲ့ အိုးအိမ်ကို စွန့်လွှတ်ထားခဲ့တယ်ဆိုတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဒါကြောင့် လူဝတ်ကြောင်ပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ်၊ ဘာဂိုဏ်းဝင်ပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ် အတူတူပါပဲ။ တွယ်တာမူရှိ သလောက်ဆင်းရဲမူဒုက္ခတွေ ရှိနေကြမှာပါပဲ။


အယူဝါဒအစွဲနောက်တွယ်တာမူတစ်မျိုးကတော့ ဒိဋ္ဌိဥပါဒန်အယူဝါဒကို စွဲလမ်းခြင်းပေါ့၊ ငါ့အယူဝါဒ၊ ငါ့အမြင်၊ ငါ့မိရိုးဖလာထုံးစံ၊ ငါ့ယုံကြည်ချက် ငါ့ကိုးကွယ်တဲ့ဘာသာ အစရှိတာတွေကို အလွန်အမင်း တွယ်တာကြပါတယ်။ ငါ့ဝါဒ ငါ့အမြင် ငါ့ဘာသာကမှအမှန်။ ဘယ်ဟာကမှန်လဲ ဘယ်ဟာကဟုတ်လဲ သဘာဝကျမကျတော့ သူမတွေးတက်ပါဘူး။ တစ်ဦးတစ်ယောက်က ငါ့ဘာသာ ငါ့ဝါဒကို နည်းနည်းကလေးမှ အတိုက်အခံလာမပြောနဲ့ မခံမရပ်နိုင်ဖြစ်လာတာပါပဲ။ ဒီလိုပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ အယူဝါဒ၊ သူတို့ရဲ့ ယုံကြည်ချက်ကို တွယ်တာမူတွေများလွန်းတော့ အလွန်အမင်းတစ်ယူသန်ဖြစ် တွေဖြစ်လာကြတော့တာပဲ။



အား ♣♣တောသူမလေး♣♣ ရေးသားပါသည် နိုဝင်ဘာ 30, 1999 at 12:00pm

by သီရိ နန္ဒ on Wednesday, April 18, 2012 at 5:30am

No comments:

Post a Comment