Wednesday, November 30, 2011

စိတ်ဆင်းရဲစေတဲ့ တွေးနည်းတွေ

စိတ်ကို ဆင်းရဲစေတဲ့ သဘာဝမကျတဲ့တွေးနည်းတွေရှိတယ် ။ ပထမ တခုက


All - or - Nothing Thinking လို့ခေါ်တယ်။ အဲ့ဒါက ကိုယ့်ကိုယ်ကို ဖြစ်စေ သူများကိုဖြစ်စေ အကောင်းချည်းသက်သက် (သို့) အဆိုးချည်းသက်သက် အမြင်မျိုး အတွေးမျိုးဖြစ်တယ် ။



ရာခိုင်နှုန်းပြည့်ကောင်းမှ အကောင်းလို့ လက်ခံတယ် ။ နဲနဲလေး ချို့ယွင်းချက် ရှိနေရင် လုံးလုံးမကောင်းဘူး ၊ လက်မခံဘူးဆိုတဲ့ သဘောထားမျိုး ဖြစ်တယ် ၊ အဖြူသက်သက်ဖြစ်ရမယ် ၊ နဲနဲလေး မီးခိုးရောင် သန်းရင် အမဲလို့ ယူဆလိုက်တယ် ။ Black or White သဘောထားဖြစ်တယ် ။



လူတွေဟာ ရာခိုင်နှုန်းပြည့် နေ၇ာတိုင်းမှာ တော်တဲ့သူ မရှိဘူး ။ တစ်နေရာမှာတော်မယ် ၊ နောက်တစ်နေရာမှာ သင့်ရုံပဲ ။ကိုယ်အားသန်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ဘ၀ကိုကိုယ် အဆင်ပြေအောင် စိတ်ချမ်းသာအောင် နေသွားနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ကျောင်းစာမှာ သင့်ရုံလောက်နဲ့ အောင်ပြီးတော့ ခရမ်းချဉ်သီး စိုက်ပျိုးရေးနဲ့ စီးပွားဖြစ်နေတဲ့လူရှိတယ် ။ ကျောင်းစားမှာ ဂုဏ်ထူးတွေမရပေမယ့် လူမှုဆက်ဆံရေးမှာ သဘောထားမှန်ပြီး ကျွမ်းကျင်တဲ့လူ တချို့ တော်တော်အဆင်ပြေနေတာလည်းတွေ့ရတယ်။



တစ်ခါအောင်မြင်ရုံနဲ့ ၊ တစ်နေရာမှာ မထူးချွန်ရုံနဲ့ ဘယ်နေရာမှာမှ သုံးမရတော့ဘူး၊ ဘယ်တော့မှ အဆင်မပြေနိုင်တော့ဘူး ။ ဘယ်တော့မှ လူရာမ၀င်တော့ဘူးလို့ မတွေးသင့်ဘူး ။


This way of evaluating things is unrealistic because life is rarely completely either one way or the other.


ဒီလိုကိစ္စတခုထဲကို ကြည့်ပြီး တန်ဖိုးဖြတ်တာ ၊ တိုင်းတာတာဟာ သဘာဝမကျပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဘ၀ဆိုတာ ဒီလို သက်သက် (သို့) ဟိုလိုသက်သက်ဆိုတာ ဖြစ်ခဲပါတယ် ။


နေရာတိုင်းမှာ တော်တဲ့သူမရှိဘူး ။ နေ၇ာတိုင်းမှာ ညံ့တဲ့သူလည်းမရှိဘူး ။ တစ်နေ၇ာမှာ ညံ့ရင် တစ်နေရာမှာတော်ပါတယ်။ဥပမာပေးရရင်.. ကျောင်းမှာ ခြောက်တန်းလောက်ပဲနေရတဲ့ Thomas Edison ဆိုတဲ့လူဟာ ကမ္ဘာကျော် တီထွင်သူ သိပ္ပံပညာရှင်ကြီး ဖြစ်လာတယ် ။ လျှပ်စစ်မီးဟာ သူစတင်တီထွင်ခဲ့တာပဲ။


အခုနက ပြောခဲ့တဲ့ All - or - Nothing Thinking ဆိုတာ ဘာကိုပြောချင်တာလဲဆိုတော့

This refers to your tendency to evaluate your personal qualities in extreme, black-or-white categories.

ကိုယ့်ကိုယ်နဲ့ ပတ်သက်တဲ့အရည်အချင်းတွေကို ဖြူရင် ဖြူ ၊ မဖြူရင်အမဲပဲလို့ အတန်းအစားခွဲတတ်တဲ့ တန်ဘိုးဖြတ်တတ်တဲ့ အကျင့်ကိုဆိုလိုတာ ။ ကိုယ့်ကိုယ်ကို အကျဉ်းအကျပ်ထဲေ၇ာက်အောင် မလုပ်သင့်ဘူး ။ ကိုယ်မှန်းသလောက် ရာခိုင်နှုန်းပြည့်ဖြစ်မှ ကိုယ်စိတ်ကူးယဉ်ထားသလိုဖြစ်မှ လို့ တွေးထားရင် ကိုယ်တကယ် ကြုံတွေ့ရတာတွေ ၊ အခြေနေတွေ {ဒီထဲမှာ ကိုယ်လည်းပါတယ်နော်}


ဟာ ကိုယ်မှန်းထားတာနဲ့ အံဝင်ခွင်ကျ ဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဆင်းရဲရမယ် ၊ စိတ်ဓါတ်ကျမယ် ။ ကိုယ့်ကိုယ်ကို အထင်သေးမယ်။


စိတ်ကို ဆင်းရဲစေတဲ့ ဒုတိယ တွေးနည်းတစ်ခုက over generalization လို့ခေါ်တယ်


One thing that happened to you once will occur over and over again.

ကိုယ့်မှာတစ်ခါကြုံခဲ့ရတဲ့ အဆိုးဟာ ထပ်ခါထပ်ခါဖြစ်လာအုံးမှာပဲလို့ တွေးတာမျိုးကို over generalization လို့ခေါ်တယ် ။ တခုခုလုပ်တာ တခါမအောင်မြင်တာနဲ့ ငါတော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်တော့ဘူးလို့ တွေးတာမျိုးကို ဆိုလိုတယ်။


အဆင်မပြေတာတခုခု ကြုံတိုင်း ငါကံဆိုးတယ် လို့ပြောတာဟာ ငါအမြဲတမ်း ကံဆိုးတယ်ဆိုတဲ့ အဓိပါယ်မျိုး ဖြစ်သွားရင် ကိုယ့်ကိုယ်ကို ၀ါးလုံးရှည်ရှည်နဲ့ သိမ်းပြီး ရမ်းတာနဲ့တူတယ် ။ ဒီလို သိမ်းကြုံးပြီး ကောက်ချက်ချတတ်တဲ့သူဟာ စိတ်ဓါတ်ကျမယ်။တစ်ခါအဆင်မပြေတာ ကြုံရင် ဒီအတွေ့ကြုံထဲက ပညာ ယူပြီးတော့ နောက်တစ်ခါ အဆင်မပြေမဖြစ်ရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးမွေးရမယ်။



ငါကံဆိုးတယ် ။ ငါဘယ်တော့မှ အဆင်မပြေဘူး ဘယ်သူမှငါ့အပေါ် မကောင်းဘူး လူတွေက စိတ်ကောင်းမရှိကြဘူး ။ လူတွေကြောင့်အမြဲတမ်း စိတ်ဆင်းရဲရတယ် ။ ဘယ်သူမှ ငါ့ကို မချစ်ဘူး ၊ ငါအမြဲတမ်း အနစ်နာခံရတယ် ။ ၀ဋ်ကြွေးတွေပါ ။လူတိုင်းပဲ ငါ့ကို အခွင့်ကောင်းယူတယ် ။ သိမ်းကျုံးပြီး ကောက်ချက်ချတဲ့စကားတွေဖြစ်တယ်။ always , never ,every ,all ဆိုတဲ့ သိမ်းကျုံးတဲ့စကားတွေဟာ အလွန်အကျွံတွေ ဖြစ်နေဖို့ များပါတယ် ။ ဒီလိုတွေးတဲ့သူဟာ စိတ်ဓါတ်ကျမှာပေါ့။


တတိယ တစ်ချက်က MENTAL FILTER လို့ခေါ်တယ် ။


ကိစ္စတစ်ခုကို အခြေအနေထဲက အဆိုးတွေကိုချည်း ရွေးပြီးတော့ ကြည့်တတ်တဲ့အကျင့်ကိုဆိုလိုတယ်။ စစ်ပြီးတော့ ကောင်းတာတွေကို ဖယ်ပြီး မကောင်းတာတွေကိုပဲ တွေးတတ်တဲ့ အကျင့်ဖြစ်တယ် ။

When you are depressed you wear a pair of eye-glasses with special lenes that filter our anything positive.

စိတ်ဓါတ်ကျနေတဲ့အခါမှာ ကောင်းတာတွေကို စစ်ထုတ်လိုက်ပြီးတော့ မကောင်းတာတွေကိုပဲ မြင်စေနိုင်တဲ့ အထူး မျက်မှန်တစ်မျိုးကို တပ်ထားတယ် ။ အဲ့ဒီတော့ ကောင်းတာတွေ မမြင်၇တော့ဘူး ။ မကောင်းတာတွေချည်းပဲ မြင်ရတယ်။ကိုယ့်သိစိတ်ထဲကို ၀င်လာခွင့်ပြုတာတွေဟာ အဆိုးတွေချည်း ဖြစ်နေတယ် ။ ကိုယ့်စိတ်က မကောင်းတာတွေကို စစ်ယူပြီး ။ ကောင်းတာတွေကို စစ်ထုတ်ပစ်နေတာကို မသိတော့ အရာရာတိုင်းဟာ မကောင်းဘူးလို့ ကောက်ချက်ချတယ်။


ဒီလိုတွေးတာဟာ မကောင်းတဲ့အကျင့်ဖြစ်တယ် ။ ဒီမကောင်းတဲ့ အကျင့်ကြောင့် မလိုအပ်ပဲနဲ့ စိတ်ဆင်းရဲမှုတွေ အများကြီးခံရမယ် ။


လူတိုင်းမှာ အကောင်းလည်းရှိတယ် အဆိုးလည်းရှိတယ် ။အခြေအနေတိုင်းမှာ အကောင်းအဆိုးဆိုတာ ရှိတာမို့ ငါအခုဘာတွေးနေလဲ ၊ ငါ့တွေးပုံတွေးနည်းက ဘယ်လိုတွေးပုံတွေးနည်းလဲဆိုတာကို သတိထားပြီး ကြည့်တဲ့အကျင့်ကို လုပ်ပါလို့ ....... ။မလိုအပ်ပဲ ကိုယ့်ရဲ့ စိတ်နှလုံးကို ပူလောင်စေ ညစ်နွမ်းစေတာမျိုးတွေ မလုပ်မိကြပါစေနဲ့ ။


ကိုယ့်ကို တကယ် နှိပ်စက်နိုင်တာကိုယ့်အတွေးတွေပဲ ။ တစ်ခြားလူတွေက ကိုယ့်စိတ်ထဲကို ၀င်လာပြီး နှိပ်စက်လို့မရဘူး


စာစုလေးအားဖတ်ပြီး သူငယ်ချင်းတို့စိတ်နှလုံးတွေ အနည်းငယ်ဖြစ်ဖြစ်အေးချမ်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်

MALAY !!!!!!

ဆရာဦးဇောတိကစာအုပ်မှ ကောက်နုတ်ပါသည်။

(copied)

No comments:

Post a Comment