Sunday, November 13, 2011

နှလုံးသား ကြိမ်စာ

ဟူးးးးး

အချိန်ကို ကြည့်လိုက်တော့ ည1နာရီထိုးနေပြီ............ ။ ရေးပြီးသွားတဲ့ ဘလော့လေးကို နောက်တစ်ခေါက်သေချာဖတ်လိုက်မိသည်။

ကျေနပ်ပြီဆိုမှ ဘလော့လေးကို တင်လိုက်ပါတယ်။ အချိန်လဲ တော်တော်ကို နောက်ကျနေပါပြီ။ ကွန်ပြူတာလေးကို shutdown ချ

အိပ်ယာပေါ် ကျော်ဆန့်လိုက်မှဘဲ ညောင်းရမှန်းသိပါတော့တယ်ရှင်။ စာရေးနေတဲ့ အချိန်လေးမှာတော့ ညောင်းရမှန်းလေးမသိပါဘူး။

အတွေးတွေ မဆုံးခင်မှာ မျက်လုံလေး ဆန္ဒပြစွာ အိပ်ပျော်သွားပါသည်။

ပြတင်းတံခါးမှန်ကို ဖောက်ထွင်းကြလာတဲ့ မနက်ခင်းနေခြည်နုနုက ကျွန်မမျက်နှာပေါ်ဖျာကျလာတယ်ဆိုရင်ဘဲ ကျွန်မ မျက်လုံးတွေက

ချက်ချင်းပွင့်လာပါသည်။ ပထမဆုံး အာရုံထဲကို ၀င်လာတာက နာရီကို ကြည့်ဖို့ပါ။

*အာ.....9.30နေပါကောလား*

ချက်ချင်း လူးလဲထ မျက်နှာသစ်ရေချိုးလိုက်ပါသည်။ ရေချိုးခန်းထဲက ထွက်တာနဲ့ ကျွန်မလက်တွေက ကွန်ပြူကို ဖွင့်မိနေညပီးဖြစ်နေပါ

တယ်ရှင်။ ညက ကျွန်မရေးလိုက်တဲ့ ဘလောပလေး အခြေနေကို ကျွန်မသိချင်တယ်....ဒါဘလော့အသစ်တင်ပြီးတိုင်း ကျွန်မဖြစ်နေကျ

ကိစ္စလေးတစ်ခုပါဘဲ.ရောက်တာနဲ့ အရင်ဆုံး view ကို ကြည့်ပါတယ်။ ဘယ်နှစ်ယောက်ဝင်ကြည့်လဲဆိုတာကို ကျွန်မသိချင်တယ်လေ။

နောက် ပေးထားတဲ့ like ကိုကြည့်ပါတယ်။ ပြီးမှ ကော်မန့်တွေကို

ဖတ်ပါတယ်.......။

*အဲတော့ .....ပေးထားတဲ့ ကော်မန့်က စာမဟုတ်ဘဲ လူတစ်ယောက်က စာကို စူးစူးစိုက်စိုက်ဖတ်နေပုံလေးပါလား*

ဒါဆို ဒီလူက ကျွန်မဘလော့လေးကို သေသေချာချာ ဖတ်သွားတယ်ဆိုတဲ့ သဘောပေါ့လေ.......ဟီးဟိ....ပေးတဲ့ ပုံလေးကတော့

လှတယ်ကွာ

.............ကော်မန့်လေးကို သဘောကျမိသွားပါသည်။ ပေးတဲ့ နာမည်ကိုကြည့်လိုက်တော့ အပျံစားရှင့် *ကြယ်တွေရဲ့သခင်* တဲ

ကျွန်မ တစ်ရက်ခြား ဘလော့ ရေးပါသည်။ အရင်လုပ်နေကျ အလုပ်တွေထက် အလုပ်တစ်ခု ပိုလာခဲ့ပါတယ်။

နာမည်ဆန်းဆန်းနဲ့ လူရဲ့ ကော်မန့်ပုံလေးတွေကို ကျွန်မ အရင်ရှာကြည့်မိတတ်လာပါသည်။ ဘယ်တော့

ဖြစ်ဖြစ် စာတွေမရေးဘဲ ပုံလေးတွေ နဲ့ အဓိပ္ပာယ်ဖော် ပေးသွားတတ်တဲ့ သူကို ကျွန်မသိချင်လာမိပါတယ်။

သူဘက်က ကော်မန့်ပုံလေးတွေကလွဲရင် ဘာမှ ပိုမပတ်သတ်လာပါဘူး။ ကျွန်ဘလော့ 105ပုဒ်မြောက်မှာ

သူရဲ့ကော်မန့်ပုံလေးကို စတင်ရခဲ့တာပါ။ ကျွန်မရဲ့ 205 ပုဒ်မြောက် ဘလော့လေးမှာတော့ သူ ပြုံးကြည့်နေတဲ့

ပုံလေးနဲ့အတူ ကျွန်မစာမျက်နှာက စာပို့ရန်နေရာမှာ သူအကောင့်လေးကို အပ်ချင်တဲ့ အကြောင်းနဲ့ ကျွန်မအကောင့်

ကို ပေးဖို့ စာရေးထားပါတယ် ။ ကျွန်မဘလော့ အပုဒ် 100မြောက် သူဖတ်ပြီးချိန် ၊ သူကို သိတာ ရက်200တိတိ ပြည့်တဲ့

နေ့မှာပေါ့။ ကျွန်မ ပျော်တယ်ဆိုတာထက် အဆပေါင်းမြောက်မြားစွာ ပိုပါသည်။ ကျွန်မရင်ထဲက ကြည်နူးမှုကို တင်စား

ဖော်ပြဖို့ လုံလောက်တဲ့ စကားလုံး မရှိနိုင် မမှီနိုင်ပါဘူးရှင်။ သူအကောင့်လေး ကျွန်မဆီမှာ စပြီး အွန်လိုင်းဖြစ်သွားတဲ့

အချိန်မှာ ကျွန်မလေ သူအကောင့်လေးကို ကြည့်နေ၇င်း ရင်တွေ ခုန်ပြီး မျက်ရည်တောင် ကျမိတယ်...စခေါ်ဖို့တော့

လက်တွေက မရဲပါဘူး။ ခဏလေးအကြာမှာတော့ သူဘက်က စတင်မိဆက်လာပါတယ်။

*မင်္ဂလာပါ ဆရာမ *

အယ် ကျွန်မ အံ့သြမိသွားတယ်.........ဘယ်သူမှ မခေါ်ဘူးဘူးလေ..........ဆရာမတဲ့ ။

*အဲ ........မင်္ဂလာပါရှင်..........ဘာလို့ ဆရာမလို့ ခေါ်တာလဲ မသိဘူးနော်*

*သြော် ....ဆရာမ စာတွေကို အရမ်းသဘောကျမိလို့ လေးစားတမှုနဲ့ပါ*

*ဟုတ်ကဲ့ပါ ....ကျွန်မစာတွေကို နှစ်သက်တယ်ဆိုလို့ ကျေးဇူးအရမ်းတင်ပါတယ်နော်........ဒါပေမယ့် ဆရာမလို့တော့

မခေါ်ပါနဲ့နော်.........တမျိုးဘဲ နားထောင်ရတာ*

*နားထောင်ရတာ မဟုတ်ဘူးလေ...........ဖတ်ရတာပါဗျ*

*အဲ ..ဟုတ်ပါပြီရှင် .........စကားတတ်တယ်နော်.............လှတောသားလေး ထင်တယ်*

*ပြောကြတယ် တော်တော် များက*

ဒီလိုနဲ့ ကျွန်မနဲ့သူ စကားတွေ နေ့တိုင်းလို ပြောဖြစ်ကြပါတယ်။ ထူးဆန်းတာကလေ..........သူအသက်ကို

ကျွန်မ မမေးမိသလို သူနာမည်ကိုလဲ ကျွန်မ မမေးမိဘူးရှင့်...............ကျွန်မလိုဘဲ သူကလဲ ကျွန်မကို တခါမှ

မမေးဘူးလေ...........vzo တွေဘာတွေ ချက်ဖို့လဲ သူက ဘယ်တော့မှ မတောင်းဆိုဘူး။ ဒီလိုနဲ့ သူနဲ့ ကျွန်မ

စကားတွေ ပြောရင်း ရင်းနှီးလာလိုက်ကြတာ နှစ်တနှစ်ကို ကျော်ဖြတ်လို့ လာခဲ့ပါသည်။ သူက ကျွန်မကို ဆရာမလို့

ခေါ်ပြီး သူကို ကျွန်မက လှတောသားလို့ ဘဲ ခေါ်ဖြစ်ခဲ့ပါသည်။ တနေ့မှာတော့ လှတောသားက ထူးထူးဆန်းဆန်း

မေးလာတယ်.................

*ဆရာမ လှတောသား တစ်ခုလောက် မေးချင်တယ်*

*မေးလေ..........လှတောသား*

*ဆရာမက တစ်ရက်ခြား စာတွေ ရေးနိုင်တယ်နော်.........ဆရာမ ဘာအလုပ်လုပ်လဲဟင်*

ကျွန်မ လှတောသားကို ပြန်ဖြေဖို့ စကားလုံးတွေ ချက်ချင်းထွက်မလာခဲ့ဘူး ရှင်။ ခဏငြိမ်သွားတဲ့ ကျွန်မကို

လှတောသားကဘဲ *ဆရာမ တော်ပြီ မသိချင်တော့ဘူး*

*အယ် စိတ်ဆိုးတာလား ...သိချင်ပြောပြမှာပါ*

*မဟုတ်ဘူးဗျ တကယ်ကို မသိချင်တော့တာ.......ထားပါတော့ တခြားအကြောင်းအရာတွေဘဲ ပြောကြမယ်*

ဆိုပြီးစကားကို သူကဘဲ ပြန်ဖျက်သွားတယ်.............ဒီလိုနဲ့ 3နှစ်တိတိ ပြည့်တဲ့ နေ့မှာ သူလိုင်းပေါ်ကနေ

ပျောက်ချင်းမလှကို ပျောက်သွားပါတယ် ........... ကျွန်မ နဲ့ သူ ညတွေတိုင်း စကားတွေ ပြောတတ်ကြတယ်။

သူမရှိတဲ့ ညတွေက ကျွန်မအတွက် လမ၇ှိလို့ မှောင်မိုက်နေမိသလိုပါဘဲ..............ညတွေ မှာ မျက်လုံးတွေ မှိတ်ထားပေမယ့်

အိပ်မပျော်ခဲ့ပါဘူး.........နေ့တွေ ညတွေ ပြောင်းလဲလာလိုက်တာ သူပျောက်သွားတာ 6လတိတိ ပြည့်ခဲ့ပါပြီ။ သူကို လွမ်းလို့

ကျခဲ့ရတဲ့ ကျွန်မ မျက်ရည်တွေကို ကျွန်မလက်နဲ့ စမ်းမိတိုင်း မေးမိတယ်...........သူနဲ့ ကျွန်မ ဘယ်လို ပတ်သတ်လို့ ငိုနေရတာလဲလို့လေ။

ဘယ်ကိုရောက်နေလဲ လှတောသားလေးရယ်.............လှတောသား လက်ဖျားလေးနဲ့ ဖန်တီးသီကုံး

ထားတဲ့ ဂျီတော့ထဲက စာသားလေးတွေကိုလဲ ဖတ်ချင်တယ်..........လှတောသားလေးပေးမယ့် ကော်မန့်ပုံလေးတွေကိုလဲ

ပြန်မြင်ခွင့်ပေးပါရှင်။ ဒီနေ့ဆို ဆရာမ ဘ၀လေးထဲက လှတောသားလေး ပျောက်သွားတာ 6လတိတိပြည့်ခဲ့ပါပြီ။

သူအကောင့်လေးထဲကို နေ့စဉ်မပျက် စာလေးတွေ ရိုက်နေကျအကျင့်ကလေးကိုလဲ တစ်ရက်မှ မပျက်ခဲ့ပါဘူး။

ဒီနေ့ ကျွန်မအကောင့်လေး ဖွင့်လိုက်တယ်ဆိုရင်ဘဲ ....................

*၀ိုး................ပျော်လိုက်တာ............သူ၇ှိနေတယ်........သူရှိနေတယ်*

နှုတ်က ဖွင့်ပြောမိသည်အထိ ကို အပျော်လွန်မိခဲ့ပါတယ်။

*ဆရာမ နေကောင်းတယ်နော်*

*လှတောသားလေးရယ်*

*ဘာတွေ မေးချင်နေလဲ ဆရာမ အကုန်တာမေး .........လှတောသား ဒီနေ့ ဆရာမ သိချင်တာတွေ

အကုန်ပြောမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတာပါ*

*ဘယ်တုန်းကမှ မမေးခဲ့ဘူးပါဘူး...........ပြောတာဘဲ နားထောင်ခဲ့တာ လှတောသားလေး သိမှာပါနော်*

*ဆရာမ မမေးပေမယ့် လှတောသားကတော့ မေးလဲမေးမယ် ပြောလဲပြောရမယ် ဆရာမ*

*ဟုတ်ကဲ့ မေးပါ လှတောသား*

*အရင်ဆုံး ပြောချင်တာကတော့ လှတောသားနဲ့ ဆရာမ vzo ချက်မယ် ...........ပကတိ အတိုင်း မလိမ်ကြေး

မညာကြေး ချက်မယ်.........အဆင်ပြေမလားဆရာမ *

*ဟုတ်ကဲ့ ရပါတယ် vzoဆိုတာ တခါမှ မသုံးဘူးလို့ အကောင့်မရှိဘူး လှတောသား*

*ရတယ် လှတောသားဖွင့်ထားပါတယ် ပေးမယ်နော်*

ကဲတွေးကြည့်ပါ ကျွန်မ ဘယ်လောက် ရင်တွေ ခုန်နေမလဲဆိုတာလေ..........၇င်ခုန်ခြင်းဆိုတာထက် နောက်ထပ် ခံစားချက်

တစ်ခု ကျွန်မမှာ၇ှိနေခဲ့ပါသေးသည်။ ကျွန်မတို့ နှစ်ယောက် vzo ဖွင့်လိုက်တဲ့အချိန်မှာ ကျွန်မ မျက်လုံးတွေကို မှိတ်ထားမိတယ်။

ကျွန်မ ကိုတကိုယ်လုံး မြင်နိုင်အောင် ကင်မရာကို ချိန်ပေးထားလိုက်ပါသည်။ သူကျွန်မကိုတွေ့တွေ့ချင်း ဖြစ်သွားမယ့်

အမူယာကို ကျွန်မ မခံစားနိုင်လို့ပါ............

*ဆရာမ ဘာလို့ မျက်လုံးမှိတ်ထားတာလဲ လှတောသားကို ကြည့်ပါအုံးဗျာ*

ဆိုတဲ့ သူရဲ့ သြရှရှ အသံလေးကို ကြားလိုက်မှ ကျွန်မမျက်လုံးတွေကို ကွန်ပြူတာဆီ ကြည့်လိုက်မိပါတယ်။

*တကယ် တမ်း အံ့သြမိသွားတာ သူမဟုတ်ဘဲ ကျွန်မဖြစ်နေတယ်ရှင်.........အိုး ရက်စက်လိုက်တာ ကံကြမ္မာရယ်

ဘယ်လိုအညိုးတွေက ဒီလောက်ရက်စက်တတ်တာလဲရှင်။

သိပ်ကို ချစ်ဖို့ကောင်းပြီး နုပျိုလှတဲ့ ကောင်လေး ချောချောလေးတစ်ယောက် ........လှတောသာလေးအသက်က

ရှိလှ အလွန်ဆုံး 19နှစ်ပေါ့ရှင်။ သူက ကျွန်မကို ပြုံးကြည့်နေနိုင်ပေမယ့် ကျွန်မမှာတော့ ရင်ကွဲနေရပြီရှင့်။

သူကို ထင်ထားမိတာ အနည်းဆုံး 30လောက်လို့လေ............19သာသာ ကောင်လေးတစ်ယောက်က

ဒီလောက် စကားပြောတာတွေ ရင့်ကျက်နေရတာလဲရှင်။ ကျွန်မကိုယ်ကို သေချာပြန်ကြည့်မိတယ်။

ကျွန်မရင်ထဲက ခံစားချက်တွေက ၀မ်းနည်းမှုတွေ မျက်လုံးဆီကို အ၇င်းတည်ကာ ထိန်းမရနိုင်အောင် မျက်ရည်တွေ

တာကျိုးခဲ့ရတယ်။ ကျွန်မအသက်က 35နှစ်ပါ ။။။။။ ၀ှီးချဲပေါ်မှာ ဘ၀ကို ကုန်ဆုံးနေရတဲ့ မိန်းမတစ်ယောက်လေ။

ကျွန်မမှာ ဘုရားပေးတဲ့ ချောမောလွန်းတဲ့ ရုပ်ရည်နဲ့ ၀ါသနာနဲ့ကြိုးစားမှုကြောင့် စာရေးကောင်းသူ တစ်ယောက်ဆိုတဲ့

ဂုဏ်ပုဒ်2ခုဘဲရှိနေပါတယ်။ ကျွန်မတာ မနေနိုင်လို့ အိမ်ထောင်ကျရင် ကျွန်မသားလေးလောက် ရှိတဲ့ လူတစ်ယောက်ကို

ရူးရူးမိုက်မိုက် ရင်ခုန်နေတာ ဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲရှင်။ ရှက်တာကော ၀မ်းနည်းတာကော ခံစားချက်ပေါင်းများစွာ

ရင်ထဲမှာ ရောယှက်နေပါတော့တယ်။

*ဆရာမ ဘာလို့ ဒီလောက်ဝမ်းနည်းနေတာလဲ။ ခုလိုတွေ ဖြစ်မှာကို ကြိုတင် သိနေခဲ့လို့

လှတောသား 6လတိတိ ကိုယ်ကို သေချာအောင်အထပ်ထပ်မေးနေခဲ့တာပါ။ ဆရာမ မှာ

အကြောင်းတစ်ခုခု ရှိနေမယ်ဆိုတာကိုလဲ လှတောသား ကြိုတင် တွေးမိနေပါတယ်။ နောက်ပြီး

ဆရာမအသက်ကိုလဲ 30တော့ အနည်းဆုံး ရှိနေမယ်လို့ မှန်းထားပါတယ်........ဒါပေမယ့်

ဘာတွေ ဘယ်လို ဖြစ်နေဖြစ်နေ လှတောသား ဆရာမကို *

သူစကားမဆက်ခင် ကျွန်မ အသံကုန်ဟစ် အော်လိုက်မိပါတယ်.............

*မပြောနဲ့.............မပြောပါနဲ့ ကလေးရယ်*လို့လဲ အလိုလို ခေါ်မိသွားတယ်။

*ကလေးက မမ မွေးရင် မမသားလောက်လေးပါ.........ကလေးမိဘတွေ ရင်နာစေမယ့် ကိစ္စတွေကို

စိတ်ကူးမယဉ်ပါနဲ့နော်...........နောက်ဆုတ်လိုက်ပါကွယ်နော်.............ဘယ်လိုမှ မဖြစ်သင့်သလို မဖြစ်နိုင်တဲ့

ကိစ္စမျိုးပါနော်...........ကလေးတို့ အရွယ်ဆိုတာ လေတိုက်ရင်တောင် လိုက်ရယ်ချင်နေကြတဲ့ အရွယ်တွေပါ

မဖြစ်နိုင်တာကို ......မေ့လိုက်ပါ ......မေ့ပြစ်လိုက်ပါကွယ်*

ပြောပြီးတာနဲ့ အကောင့်လေးကို တစ်ခါတည်းပိတ်လိုက်ပါတော့တယ်။

****************************************************

နှစ် (30) ကြာသောအခါ ..............

ကွန်ပြူ ရှေ့မှာ အသက် 65နှစ်အရွယ် အဘွားတစ်ယောက်လေ တစ်ယောက်ထဲ စကားတွေ

ပြောနေတယ်ရှင့် ...........သူပြောနေတာတွေက

*လှတောသာလေးရေ ဆရာမ လှတောသားလေးကို သိပ်ချစ်တယ်။

လှတောသားလေးကို ဆရာမက အဲဒီအချိန်မှာ လက်ခံလိုက်ရင် လှတောသားလေး ဘ၀မှာ

နောင်တတွေနဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ရပြီး..........အိမ်ထောင်ကွဲ ဘ၀ကိုပါ ပိုင်ဆိုင်ရမှာပါကွယ်။

ငယ်လွန်းတဲ့ အသက်ရွယ်တစ်ခုမှာ စိတ်ကစားမှုတစ်ခုကို အချစ်လို့ လှတောသားလေးက

မှားယွင်းစွာ သတ်မှတ်လိုက်တာပါ.........အချစ်စစ်ဆိုတာကို တကယ်တွေ့လာတဲ့အချိန်မှာ

လှတောသားလေး သိပ်ခံစားရမှာကို ဆရာမသိတာပေါ့ ကလေးရယ်*

တဲ့လေ..........မျက်ရည်တွေကို အနှစ်30ကျော်အဖော်ပြုရင်း ကလေးလေးတစ်ယောက်ကို

ကျွန်မချစ်မိခဲ့တာ ကြိမ်စာတစ်ခု မိနေသလိုပါဘဲရှင်.........ဒါပေမယ့် အဲဒီ ကြိမ်စာလေးကိုဘဲ

ကျွန်မက မြတ်မြတ်နိုးနိုး ခုံမင်နေမိတာပါ......... လှတောသားလေးပေးတဲ့ ကြိမ်စာလေးကို

*နှလုံးသား ကြိမ်စာ*

လို့ နာမည်လေးပေးလိုက်ပါရစေရှင်။။။။။။။။။။။။။။။။။။

**********************************************

တူညီတဲ့ အချိန်ကာလတစ်ခုမှာဘဲ မိသားစုလေးတစ်ခုကတော့ ပျော်နေကြတယ်။

မိသားစုလေးမှာ အဖေရယ် အမေရယ် ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေနဲ့ပေါ့ ။

မှန်ပြတင်းပေါက်ကနေ ငေးကြည့်ပြီး အဖေလုပ်သူက တွေးနေပါသည်။

သူဘာတွေ တွေးနေတာလဲ .......... သူမြင်ယောင်နေတာ ပုံရိပ်လေးတခု............

သိပ်လှတဲ့ မမတစ်ယောက် ၀ှီးချဲလေးပေါ်မှာ ထိုင်ပြီး ရင်ကွဲပတ်လက်ငိုနေပုံလေး ပေါ့............

*ကျေးဇူးတင်ပါတယ် ဆရာမ ..........လှတောသား အတွေးမှားတွေကို ကြိုတင်မြင်ပေး သိနေပေးပြီး

လမ်းကြောင်းမှန်လေးတစ်ခုအပေါ်တင်ပေးခဲ့တဲ့ အတွက်ပါ........ဆရာမ လှတောသားရဲ့ ဘ၀မှာ အကောင်းဆုံး

လမ်းပြကြယ်အဖြစ် လှတောသားရင်ထဲမှာ ထာဝရ အမှတ်ရနေသူပါ မမရယ်.........ဆရာမ အကောင့်လေး ပိတ်သွားတဲ့

နေ့ကစပြီး ဆရာမ အကောင့်လေးကို လှတောသား တစ်နေ့တာ အဖြစ်လေးတွေကို စာလေးတွေကို ရေးပို့နေတာ

တစ်ရက်မှ မပျက်ခဲ့ပါဘူး*

**************************************************

ကဲ ဇာတ်လမ်းလေးကတော့ ပြီးခဲ့ပါပြီ...........ဘယ်သူမှားတယ် မှန်တယ်ဆိုတာတွေထက် စာရေးသူက

စိတ်ကူးယဉ်လွန်နေပြီလို့ တွေးနေနိုင်ပါတယ်.........ဒီအဖြစ်လေးက အပြင်မှာ တကယ်ကို ဖြစ်ခဲ့ဘူးတဲ့

အသက်ကွာခြားမှန်းမသိဘဲ ချစ်သူတွေ ဖြစ်ခဲ့ တဲ့ လူနှစ်ယောက်ကို အခြေခံပြီး ခိုင်လေး စိတ်ကူးလေးတွေကို

ထပ်မံတန်ဆာဆင်ပြီး ၀ထ္ထုတို တစ်ပုဒ်အဖြစ် အသက်သွင်းလိုက်ခြင်းပါ.........အွန်လိုင်းပေါ်မှာ အသက်ညာတာတွေ

ကြီးတဲ့ သူတွေက ငယ်ပြောကျတယ် .......လိမ်ညာမှုပေါင်းများစွာနဲ့ ကိုယ်ရဲ့ စိတ်ပျော်ရွင်မှုကို ဖန်တီးနေကျတဲ့သူတွေကို

သတိလေးပေးလိုက်ပါရစေရှင်........ကိုယ်လိုဘဲ ပေါ့ပေါ့ အပျော်ပြောနေတာဆို အကြောင်းမဟုတ်ပေမယ့်

တကယ်လေးလေးနက်နက် ခံစားတဲ့သူနဲ့ ကြတော့ ၇င်နာစရာ အဖြစ်လေးတွေ ဖြစ်သွားတတ်ကြပါတယ်။

လူသားအားလုံး လိမ်ညာမှုဆိုတဲ့ အတုယောင်တွေနဲ့ ကင်းဝေးကြပါစေလို့ ခိုင်လေးက လေးနက်စွာ

ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်ရှင်။ ခိုင်လေး ဘလော့လေးကို အချိန်ပေး ဖတ်ပေးခဲ့ကြတဲ့ သူငယ်ချင်းအားလုံးကိုလဲ

အထူးကျေးဇူးတင်ပါတယ်ရှင်။ ပျော်ရွင်ဖွယ်နေ့ကောင်း ရက်မြတ်လေး ဖြစ်ကြပါစေ။

့ အချစ်ကို ကိုးကွယ်သူလေး

No comments:

Post a Comment