Tuesday, November 1, 2011

စိတ်ဓါတ်ရင့်ကျက်ခြင်း (Emotional Maturity)

"ရင့်" ဟူသောဝေါဟာရသည် နုနယ်သော ပျိုရွယ်သော အဓိပ္ဖါယ်တို့၏ ဆန့်ကျင်ဘက် အဓိပ္ဖါယ်ကိုဆောင်သည်။ထိုပင်ရင်းဝေါဟာရ၌ အမှားများရှိသည်။ရင့်ရော်သော၊ရင့်သန်သော၊ရင့်ကျက်သော ဟူသည်တို့ရှိသည်။
ရင့်သော ဟူသည် မနုသော သို့မဟုတ် အရွယ်ငယ်သော အစသာရှိသော မနူးမနပ်သေးသော ဟူသည့် အဓိပ္ဖါယ်တို့ကို အကြမ်းဖျဉ်း အားဖြင့်ဆောင်သည်။ သူ့အသက်ငယ်ပေမယ့် သူ့မျက်နှာက ရင့်လိုက်တာ ဟူသောစကားသည် ထိုပုဂ္ဂိုလ်၏ မျက်နှာသည် အရွယ်အ လိုက် နုပျိုသင့်ပါလျက် အရွယ်ကြီးသူတို့၏ မျက်နှာကဲ့သို့ ရင့်နေသည်ဟူသည့် အဓိပ္ဖါယ်ကို ဖော်ညွန်းသည်။
သရက်သီးက နုသေးသည်။ရင့်အောင်ထားဦး၊ရင့်မှခူး ဟူသောစကား၌ နုရာမှ ရင့်လာသည် အဓိပ္ဖါယ်ပါရှိသည်။
ရင့်ရော်သော ဟူသည့်စကားသည် နုရာမှ ရင့်သွားရုံသာမက တဖြည်းဖြည်းပျက်ဆီး ယိုယွင်းလာပြီး လတ်ဆတ်ခြင်းမရှိတော့ဟု အဓိပ္ဖါယ်ကိုဆောင်သည်။
သစ်ပင်များသည် ပေါက်ခါစ၌ သေးသွယ်နုနယ်ကြသည်။တဖြည်းဖြည်းနုရာမှ ရင့်လာသောအခါ သန်မာလာသည်။ထိုနည်းတူပင် လူတို့၌လည်း မနူးမနပ်စိမ်းဆတ်ဆတ် စိတ်ဓါတ်မှသည်ရင့်လာ၍ ပြီးလျှင် ထက်မြတ်သည့်စိတ်ဆန္ဒတို့သည် ထက်သန်လာသည်။
ထိုအဖြစ်မျိုးကို ရင့်သန်သောဟူသော နာမ၀ိသေသနပုဒ်ဖြင့် ဖော်ညွှန်းကြသည်။
ရင့်ကျက်သောဟူသည့် ပုဒ်၌ ရင့်ခြင်း နှင့် ကျက်ခြင်း အဖြစ်နှစ်မျိုးကို ရည်ညွန်းဖော်ပြသည်။အသီးများသည် နုခိုက်၌ စိမ်းဆတ်ဆတ်ဖြစ်သည်။ တဖြည်းဖြည်းရင့်လာသောအခါ မှည့်လာသည်။
အရည်ရွှမ်း၍ အရသာချိုမြန်ဖွယ်ဖြစ်သည်။တဖန် ထမင်း၊ဟင်း၊စသည့် ကျိုချက်ရသည့် ပစ္စည်းတို့သည်လည်း လိုအပ်သော အပူဓါတ်
အပြည့်ရသောအခါ ကျက်လာသည်။မကျက် တကျက်အစားအစာသည် အရသာပျက်ရုံမက အန္တရယ်ပေးနိုင်သည်။
စိတ်ဓါတ်၌ ရင့်ကျက်မှုသည် အလွန်အရေးကြီးသည်။
စိတ်၏ ရင့်ကျက်မှုရအောင် အသက်ကြီးသည့်အထိ စောင့်ဖို့မလိုပေ။ငယ်ရွယ်စဉ်မှာပင် တဖြည်းဖြည်းရင့်ကျက်လာနိုင်သည်။ ထို့ကြောင့် မြန်မာဆိုရိုးစကားရှိသည်။အသက်ကြီးပေမဲ့ အချိန်မစီးဘူး ဟူသော စကား အချိန်စီးသည်ဟူုရာ၌ ကိုယ်ကာယ အလေးချိန်ကို မဆိုလို။စိတ်၌ လေးနက်ခြင်းကိုသာ ဆိုလိုသည်။
ကမ္ဘာကျော် စိတ်ရောဂါကုဆ၇ာဝန်ကြီး ဒေါက်တာ အက်ဒွတ်စထရတ်ကား (Dr.Edward A.Strecker) ကစိတ်ဓါတ်ရင့်ကျက်မှု ရရှိရေးအတွက် အကြံပေးချက်တို့ကိုပေးသည်။သူက စိတ်ဓါတ်ရင့်ကျက်မှု မရှိလျှင် ဤလောကကြီး၌ စကာတင်ကျန်ရစ်ဖို့ မလွယ်
ဟုဆိုသည်။
ဆိုလိုသည်မှာ လူဦးရေတိုးပွား၍ စားဝတ်နေရေးကျပ်တည်းသည့်အလျောက် အလုပ်အကိုင်စီးပွာရေးစသည်တို့၌ အပြိုင်အဆိုင်
အင်းအားကြီးမားသောကြောင့် လူကောင်းတော်ဖြစ်မှသာလျှင် မြုပ်မသွားဘဲ စကာတင်ကျန်ခဲ့မည်။
သို့မဟုတ်လျှင် လူ့ဘ၀နေရကျိုးနပ်မည်မဟုတ်ဟူ၍ပင်။
ဒေါက်တာစထရတ်ကားဆိုသည်မှာ အဏုမြုဗုံး၊ဟိုက်ဒရိုဂျင်ဗုံးတို့ ပေါက်ကွဲရာ၌ မသေဘဲကျန်ခဲ့လေအောင် ကြိုးပမ်းအားထုတ်ဖို့
အရေးကြီးသည်ထက် လူ့ဘ၀၌ လူဖြစ်ကျိုးနပ်နပ် နေနိုင်ဖို့အားထုတ်ရာ၌ စိတ်ဓါတ်ရင့်ကျက်မှုက ပို၍အရေးကြီးသည်ဟူ၍ပင်။
စိတ်ဓါတ်ရင်ကျက်မှုရရှိရေးအတွက် အောက်ပါနည်းလမ်းများကို ဖော်ပြသည်။

(၁) အလုပ်တစ်ခုကို ရလာပြီးလျှင် ထိုအလုပ်ကိုပြီးဆုံးသည်အထိ၊မိမိအတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်၍ စွဲစွဲမြဲမြဲလုပ်နိုင်သော
သတ္တိကိုမွေးရန်
(၂)အကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာလျှင် မိမိကလိုအပ်သည့်ထက်မလျှော့ဘဲ တတ်နိုင်သမျှပို၍ပင်၊ကြိုးပမ်းဆောင်ရွက်နိုင်
သော သတ္တိကိုမွေးရန်၊ထိုသတ္တိမျိုးရှိမှသာ မိမိကိုအားကိုးကြလိမ့်မည်။
(၃)အခက်အခဲတို့ကို ရင်ဆိုင်ပြီးလျှင် ရည်မှန်းသောပန်းတိုင်သို့ ရောက်အောင်မဆုတ်မနစ်ကြိုးပမ်းသော ဇွဲကိုမွေးရန်
(၄)အခက်အခဲများ၊မလိုလားအပ်သော အဖြစ်အပျက်အတွေ့အကြုံများ၊သက်တောင့် သက်သာမရှိခြင်းများ၊စိတ်ပျက်စရာများ
အနှောက်အယှက် အကြပ်အတည်းများကို လက်ခံနိုင်သော ခံနိုင်ရည်ရှိစေရန်
(၅)အောင်မြင်ခြင်းကို အရယူမည်ဟူသော စိတ်ဓါတ်နှင့်လေးနက်သော ဆုံးဖြတ်ချက်တို့ဖြင့် ဘ၀မှာအပြည့်အ၀ အဓိပ္ဖါယ်ရှိရှိ
နေမည်ဟူသော ခိုင်မာသောစိတ်ဓါတ်ရှိရန်
(၆)ကိစ္စများ၊ပြဿနာများကို ကောင်းစွာသုံးသပ်ဆင်ခြင်၍ မိမိ၏ကိုယ်ပိုင် အဆုံးအဖြတ်ကို ပြုရန်။
(၇)သူတစ်ပါး၊လူအများတို့နှင့် ပူးပေါင်းဆောင်ရွက်တတ်သော စွမ်းရည်၊အဖွဲ့အစည်းများ၌ အခြားပုဂ္ဂိုလ်များနှင့် လုပ်ဆောင်နိုင်
သော စွမ်းရည်တို့ကို ဆည်းပူးရန်
(၈)ကာလ၊ဒေသ၊ပယောဂ ဟူသော အကြောင်းတို့ကို ထောက်ထား၍ အချိန်ယူတတ်ရန် ၊အများနှင့် ဆက်ဆံရာ၌ အဆင်ပြေပြေ
ဆက်ဆံတတ်ရန်၊အထက်ပါအချက်အလက်တို့ကို သုံးသပ်စီစစ်၍ အဓိပ္ဖါယ်ဖွင့်ဆိုပါအုံးမည်။

www.newworldnanda.ning.com
တက်တိုး

No comments:

Post a Comment