Sunday, April 3, 2011

မိတ်ကောင်းဆွေကောင်း

မိတ်ဆွေကောင်း ဟူသည် မိမိအကျိုးရှိသည့်အခါ မြှောင့်ပင့်ရိုကျိုးပြီး မိမိအကျိုးမရှိသည့်အခါ ကဲ့ရဲ့ပြစ်တင်သူမဟုတ်။ သူ၏ ဆက်ဆံရေးပုံသဏ္ဍာန်သည် အခြေအနေအရ ဟူ၍ ပြောင်းလဲသွားခြင်း မရှိ၊ အမြဲတစ်သမတ်တည်း တည်၏။ တန်းတူရည်တူ အဆင့်ဖြင့်သာ အမြဲဆက်ဆံ၏။ သူသည် သင့်အား အမြဲအကျိုးပြုမနေနိုင်သော်လည်း သင့်အကျိုး ဖြစ်ထွန်းစေလိုသော စေသနာနှင့် အကျိုးမယုတ်စေလိုသော သတိ အမြဲရှိပေသည်။

No comments:

Post a Comment