Sunday, April 24, 2011

လောကတွင်အလိုအပ်ဆုံးအရာ

ကျမသီလ၇ှင်ဘ၀ကို ၇ည်၇ွယ်ချက်တခုနဲ့ ၇ှမ်းပြည်နယ်၇ဲ့ တော်တော် တောကျတဲ့နေ၇ာလေးမှာဝတ် ခဲ့တယ်။ ကိုယ်ကလဲကိုယ်အပူနဲ့ကိုယ်ဆိုပေမဲ့ေ၇ာက်ပြီး သိပ်မကြာလိုက်ပါဘူး ဟိုစပ် စပ် ဒီစပ်စပ်လုပ်တဲ့ဝါသနာ အရ ကျမနေထိုင်တဲ့သီလရှင် ကျောင်းလေးအကြောင်းကိုတော်တော် သိလိုက်၇တယ်လို့ဆို၇မှာပဲ။ ကျမနဲ့နီးနီးနားနားမှာအတူတူ အိပ်ကျတာ က အသက် ၃ နှစ် ကနေ ၁၄နှစ်ထိ လောက်၇ှိတဲ့ ဆရာလေးတွေပေါ့ ။ နောက်မှသိ၇တာက သူတို့လေးတွေဟာ မိဘမဲ့ကလေးတွေ တဲ့. နယ်စပ်ဒေသကနေ မိဘမ၇ှိ အုပ်ထိန်းသူ မ၇ှိလို့ သီလ၇ှင်ကျောင်းမှာ သီလ၇ှင်ဝတ် ပြီး စာလာသင် နေကြတာတဲ့. ကျမ ကို သူတို့က အမလို့ခေါ် ကြတယ်။ သီလ၇ှင်ဝတ်တယ်ဆိုတာကလဲ ကုသိုလ်လဲ၇ စာလဲ၇ ပေါ့ ။ဒီလို ရှားပါးတဲ့ခေတ်မှာ အခုလိုကျေုာင်းလေးတွေ၇ှိနေတာကိုပဲချီးကျူးစ၇ာ ပါလို့ပြော၇မှာပဲ .ကျမလဲစပ်စုတတ်တာ ၀ါသနာဖြစ်နေတော့ ညဘက်ဆိုကလေးတွေကို ပုံပြောပြ English စာပြနဲ့ ဝေဒနာတွေတောင် သက်သာလာခဲ့တာ။ သူတို့၇ဲ့အမေ၇ဆိုတဲ့အသံလေးကကို ကျမအမောတွေပြေနေခဲ့တာ။ တနေ့ကျတော့ ကျမလို ယာယီ သီလ၇ှင်တပါး လာဝတ်တယ် ။ပြည့်၂စုံစုံထဲက ပါပဲ. ကလေးတွေနဲ့တော့မတိမ်းမယိမ်းပေါ့။ ကလေးတွေကအဲဒီဆ၇ာလေးကို လေးစားအားကျ တာပေါ့ နော် ။ တနေ့တော့ ကျမတို့ သီလ၇ှင် တွေပျိုှး ဦးယာဉ်ဘက် ကိုသွားပြီး အရွက်တွေသွားခူးကြတယ်. အဲဒီ ဆ၇ာလေးလဲပါတာပေါ့ ။မမျော်လင့်ပဲေ၇လောင်းတဲ့ေ၇ကန်ထဲကိုချေချော်ကျသွားပါလေေ၇ာ ။ ဆ၇ာလေး တပါးကေ၇ထဲကို ခုန်ဆင်းပြီးအတင်းဆွဲတင်တော့ေ၇နစ်မဲ့ဘေးကနေလွတ် သွားတယ် ။ ကျမကတော့ ထုံးစံအတိုင်း ဟိုပြေး၇မလို ဒီအော်၇မလိုနဲ့ မျောက်သစ်ကိုင်းလွတ် သင်္ကန်းကြီး တဖါးဖါးနဲ့ နဲ့ ကိုယ်တိုင်ေ၇နစ်သလို ဖြစ် နေ တာ။ ကံကြီးပေလို့သာပေါ့ ။ေ၇နစ်တဲ့ဆ၇ားလေး၇ဲ့မိဘတွေ ပြာပြာသလဲေ၇ာက် လာကြ အော်ကြဟစ်ကြနဲ့ ဆူ ညံ နေ တာ ပဲ။ ဘယ်သူကမေ၇ထဲကနေဆယ်ခဲ့တဲ့ ဆ၇ာလေး ကို အ၀တ်လဲပေးဘို. ဘယ်လိုနေလဲ မေးဘို့ သတိမ၇ကြဘူး ။ သူ့မှာတော့ချမ်းပြီးဒေါင့်လေးမှာတုန်နေ၇ှာတာ။ ညေ၇ာက်တော့ အဲဒီဆ၇ာလေးကိုယ်ပူ ပါလေေ၇ာ။ ကျမပဲသူကိုထကြည့် ဆေးတိုက် လုပ်ပေး၇တာပေါ့။ သနားစ၇ာကောင်းလိုက်တဲ့ ကလေး၇ယ်လို့ကျမ ၇င်ထဲမှာ ညည်းလိုက်မိတယ်။ ကျမပေါင်ပေါ် မှာအိပ်နေ၇င်းနဲ့ ကလေးငယ် စကားတခုကို ထူထူးဆန်းဆန်း ပြောတယ်. အမ၇ယ် သမီးလေ အမေလိုချင်လိုက်တာတဲ့။ အမမှာ အမေ၇ှိလားဟင် တဲ့ ။ ၇ှိတာပေါ့ကလေး၇ယ်ပေါ့ ။ ဒါဆို အမမှာကော သမီး၇ှိလားဟင် တဲ့ .ဟင့် အင်းမ၇ှိ ဘူး နောက်တော့လဲ၇ှိချင်၇ှိလာမှာပေါ့ လို့ကျမဖြေလိုက်တယ်။ခုချိန်ထိသူဘာကို ပြောချင်မှန်းကျမေ၇ေ၇၇ာ၇ာ မသိသေးဘူး။ မိုးတွေ၇ွာချလိုက်တယ်။ သဲကြီးမဲကြီးပါပဲ။ ကလေးငယ်ထပ်ပြောတယ် သမီးလေ ဟိုသဋ္ဌေးဆ၇ာလေးသေသွားမှာဆိုးလို့တဲ့။ သူမေမေကသူကိုသိပ်ချစ်တာသမီးတွေ့တယ်တဲ့ ။ သမီးမ၇တဲ့ဘ၀ကိုယ် အဲဒီဆ၇ာလေး၇ထားတာတဲ့။ သမီးလေဘု၇ားမှာနေ့စဉ်ဆုတောင်းတယ်တဲ့ မေမေပြန်လာပါစေဆိုပြီး တော့ပေါ့. အငိုလွယ်သူကျမ အလွမ်းစိတ်ခံ၇ှိသူကျမ စပြီးမျက်၇ည်ကျပါပြီ။ အမ.. သမီးလေ အမကိုအ၇မ်းချစ်တာတဲ့ .. အမကမေမေလိုပဲ သမီးတို့ကို ပုံပြောပြတယ် မုန့်ကျွေးတယ် ။ အမ သမီးလေးဆို အ၇မ်းကံကောင်းမှာနော်တဲ့။ သမီးဘာမှမလိုချင်ဘာဘူး သမီးလိုချင်တာက သမီးကို ကြင်ကြင်နာနာနဲ့ နမ်းမဲ့ မေမေ ၇ဲ့အနမ်းတဲ့ ။ ကျမ ငိုမိခဲ့တယ် ။ ဒီလိုမေတ္တာငတ်မွတ် နေကြသော ဘ၀မလှကြသူများ
လောကအလယ်တွင်ဒုနဲ့ဒေး များပြားစွာ ၇ှိကြပေ၇ာ ကျမတို့ထံမှ ကာယကံ ၀စီကံ မနောကံ မေတ္တာ များကို မပေးပို့နိုင်ကြပြီလော။ နေ၇ာအနှံ့အပြားမှာ ဒီလိုငြိမ်းချမ်းတဲ့ မေတ္တာ ကိုအဘယ်မျှငတ်မွတ်နေကြသည်ကို ကျမမှန်းဆပြီး ကြည့်နိုင်ခဲ့ ပါတယ်။ မေတ္တာ ဆိုတဲ့ ဒီ စကားလေးဟာ အင်မတန်လေးနက်ပါလားဆိုတာ ကျမ သဘောပေါက်လာခဲ့တယ်။ တခါတလေ ကျမတို့ ပုထုဇဉ်လူသားတို့သဘာဝ ချစ်ကြ မုန်းကြ နဲ့ ဘ၀၇ဲ့ ၀ဲဂာ ယက် ထဲ မှာ မျောနေကြ ကော။ ကျမကိုယ်တိုင်ကကော မေတ္တာဆိုတာဘာလဲသေချာလေ့လာဘူးပါသလာ ?ကိုယ်ကိုအမုန်းနဲ့စစ်ခင်းသူကိုယ် ခွင့်လွတ်ဘူးပါသလား ။၇င်ထဲမှာတွေးစ၇ာတွေ အများကြီးေ၇ာက် လာ တယ်။ သေချာတာတော့ ခွင့်လွတ်သီးခံချင်တွေ ကျမ သိတ်မသိခဲ့ဘူး ။ ဒီလိုမေတ္တာဆိုတာကို ငတ်မွတ်သူတွေ အများကြီးထဲမှာ ကျမကတော့ အမုန်းခံ၇တာလေးနဲ့ ငိုနေလိုက်တာ.. ဒီကလေးဟာသူကိုကကြောင်းအမျိုးမျိုးကြောင့်စွန့်သွားတဲ့ သူမမြင်ဘူးတဲ့မိခင် ကိုခွင့်လွတ်မှုတွေနဲ့စောင့်နေ ခဲ့တယ်။ ငါ့ကိုဒီလိုလုပ်သွားပါလားဆိုတဲ့ ဒေါသလေးမြုမှုန်တောင်မတင်ဘဲ့ နဲ့ မေတ္တာမပြတ်ခွင့်လွတ်နိုင်ခဲ့တယ်။ သူမုန်းနေ၇င်သူဘဲပူလောင်နေ၇မယ်ဆိုတာကို ဘ၀ကသူကိုသင်ပေးခဲ့တယ်။ တခါတ၇ံခွင့်လွတ်ခြင်းဟာ အပြစ်ပေးခြင်းထက်ပိုပြီး လူပီသပါလားဆိုတာ ကို ကိုယ်ကိုယ်ကို လူဖြစ်တာကြာပြီလို့ထင်ခဲ့တဲ့ကျမ ၇ှက်၇ွံ့စွာသိခဲ့၇တယ်။ ကျေးဇူးတင်ပါတယ်ဆ၇ာလေး၇ယ်.. ကျမ အခုမလူပီသသွားတာပါ.. ခွင့်လွတ်ခြင်း၇ဲ့ သီးခံခြင်း မေတ္တာ ၇ဲ့အေးမြချင်းကို ကျမကိုယ်တွေ့မြင် လိုက်၇ခဲ့တယ်.။
ေ၇သည် လူကောင်းလူဆိုးမေ၇ွး
စင်ကြယ်အေးမြခြင်းကိုပေး သကဲ့သို့
မိမိအပေါ် အကျိုးပြုသူဖြစ်စေ
မိမိအပေါ်အကျိုးမပြူသူဖြစ်စေ
မေတ္တာစိတ်ကိုထပ်တူညီမျှထားနိုင်မှသာ
ချမ်းသာ၇ဧ။် ။
မေတ္တာစိတ်သည် ဒေါသစိတ်ထက်တန်ခိုးကြီးပါသည်။

No comments:

Post a Comment