Monday, April 4, 2011

လိုတရ သစ္စာ

ဘုရားလောင်းသူတော်ကောင်းများ ဖြည့်ကျင့်ကြတဲ့ ပါရမီ(၁၀)ပါးရှိရာတွင် သစ္စာပါရမီထဲမှာ သစ္စာလေးမျိုးရှိပြန်တယ်၊ ထိုလေးမျိုးဟာ

(၁) အိစ္ဆာပူရဏသစ္စာ= လိုတရ သစ္စာ၊
(၂) သဒ္ဒဟနသစ္စာ= ယုံကြည်ကြောင့် သစ္စာ၊
(၃) မုသာဝိရမဏသစ္စာ= မုသာကို ရှောင်ကြဉ်တဲ့ သစ္စာ၊
(၄) ပစ္ဆာနုရက္ခဏသစ္စာ= ပြောပြီးသည့်အတိုင် ပြုလုပ်တဲ့ (ပြောသလို လုပ်-လုပ်သလို ပြောတဲ့)သစ္စာလို့ လေးမျိုးရှိပါတယ်၊ လိုအပ်တဲ့အချိန်အခါမှာ တောင်းတလို့ရ တောင်းတလို့ပြည့်ဝလာတဲ့ ဆုတောင်းပြည့်လာတဲ့ သစ္စာဟာ အိစ္ဆာပူရဏသစ္စာလို့ ခေါ်ပါတယ်၊
ဥပမာသာဓကတစ်ခုအနေနဲ့ ပြောရရင် ပရိတ်ကြီး(၁၁)သုတ်တွင် ၀ဋ္ဋသုတ်မှာ ဘုရားလောင်းငုံမင်းလေးဟာ တောမီးလောင်းလာတော့ သူ့ရဲ့အတောင်တွေနဲ့ ပျံနိုင်စွမ်းမရှိသေးဘူး၊ မပျံနိုင်သေးဘူး၊ ခြေကလဲ နုနယ်နေသေးလို့ မသွားနိုင် မပြေးနိုင်သေးဘူး၊ မိဘနှစ်ပါးလဲ တောမီးကို ကြောက်လို့ ထွက်ပြေးသွားကြပြီး၊ တောမီးကလဲ သူ့၏အနီးအနား တဖြေဖြေ တရွေ့ရွေ့ လောင်းကျွမ်းလာနေတယ်၊ သူ့နဲ့ ပိုး၍ပိုး၍ နီးကပ်လာတယ်၊ အဲဒီအချိန်မှာ ''ငါမှာ တောင်ပံရှိပါလျှက် မပျံနိုင်၊ ခြေရှိပါလျှက် မပြေးနိုင်၊ မိဘတွေလဲ တောမီးကြောင့် ထွက်ပြေးသွားကုန်ပြီး၊ ဒီမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား တောမီး ကွင်းပါစေသတည်း''လို့ သူက ရိုးရိုးလေးပဲ သစ္စာပြုလိုက်တယ်၊ ဒီလို သစ္စာဆိုလိုက်ရုံဖြင့် တောမီးက ၁၆-ကရီသခန့်လောက် ရှောင်ကွင်းသွားသတဲ၊ သူ့ကိုရော သူ့ရဲ့အသိုက်အမြုံကိုပါ တောမီးမဟပ်ဘဲ မီးဘေးလုံးဝ ကင်သွားသတဲ၊ အဲဒီလို ကြုံဆုံသလို လိုအပ်သလို သစ္စာဆိုရုံနဲ့ အလိုရှိအပ် တောင်းတအပ်သောအရာကို ပြည့်ဝသွားတာကိုဘဲ လိုတရ သစ္စာလို့ ခေါ်ဆိုသုံးနှုန်းပါတယ်။
နောက်ဥပမာတစ်ခု ထပ်ပြီးပြောရမယ်ဆိုရင် စရိယာပိဋကပါဠိတော် မစ္ဆာရာဇာစရိယာခန်း(ငရံမင်းပရိတ်)မှာ ငရံမင်းဟာ ပူပြင်းလွန်တဲ့ နွေရာသီချိန်မှာ ရေတွေန်းခြောက်ပြီးတော့ ကျီးတွေ ၀န်လိုငှက်တွေ စွန်ရဲတွေ သိန်းဇွန်တွေ လင်တတွေ နေ့နေ့ညည ထိုတုတ်စားဝါးခံရသော သူ့ရဲ့ဆွေမျိုး ငါးအပေါင်းတွေကို ကြည့်ပြီး ၀မ်းနည်းကြေကွဲတဲ့အတွက် ထိုဒုက္ခဆင်းရဲတို့မှ လွတ်မြောက်ဖို့ရန်''ကျွန်တော်သည် တတ်သိနားလည်းတဲ့အရွယ်မှစ၍ စေတနာနှင့်တကွ စေ့ဆော်၍ မည့်သည်သက်ရှိ သတ္တ၀ါတစ်ဦးတစ်ယောက်ကိုမျှလဲ ညှင်ဆဲဖူးသည်ကို မသိစဖူးပါ၊ ဒီသစ္စာစကားကြောင့် မိုးရွာပါစေသတည်း၊ မိုးနတ်သား ထစ်ချုန်၍ ရွာစမ်းပါ၊ ကျီးအပေါင်းတို့၏ ထိုးနှက်စားဝါးခံရသည်၏အဖြစ်ကို မိုးရွာခြင်ဖြင့် ဖျက်ဆီးပါလော၊ ငါးအပေါင်းကို ဆင်းရဲခြင်းမှ မြန်မြန်လွတ်မြောက်ပါစေသာ''လို့ ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ သစ္စာဆိုလိုက်တယ်၊ သစ္စာစကားဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မိုးကြီးရွားချလိုက်တယ်၊ အင်အိုင်ချိုင့်ဝှမ်းတွေရော ကုန်းမြေကိုပါ ရေပြည့်လာတယ်၊
ဒီသစ္စာမျိုးလဲ မိုးကို အလိုရှိလို့ တောင်းတလိုက်ရုံနဲ့ တောင်းတသည်အတိုင် ရနိုင်တာမို့ လိုတရ သစ္စာမျိုးဘဲ ဖြစ်ပါတယ်၊ သစ္စာပါရမီ သဘောလဲ သက်ရောက်ပါတယ်၊ ဖြည့်ကျင့်ရာလဲ ရောက်ပါတယ်၊ အလိုရှိအပ် တောင်းတအပ်သောအရာကိုလဲ ပြည့်စုံးလုံးလောက်သွားပါတယ်။
ဒီ''လိုတရ သစ္စာ''လို့ နာမည်ပေးထားတဲ့ သစ္စာတရား ဆောင်းပါတစ်ပုဒ်ကို ဖတ်ရှူးလေ့လာ မှတ်သားကြသော ''ထာဝရသူငယ်ချင်မောင်မယ်''အဖွဲ့ဝင်များကို သစ္စာတရားရဲ့ တန်းခိုကြောင့် နေ့စဉ်ညတိုင် ခွန်းအားတိုး စွမ်းအားတိုး စည်းစိမ်တန်းခိုတိုး ဉာဏ်တွေတိုး သက်ရှည်တိုးကြပါစေလို့ ဆုတောင်းမေတ္တာပြုလိုက်ပါတယ်။

No comments:

Post a Comment