Saturday, April 23, 2011

သူတော်ကောင်း ဂုဏ်ရည် နှင့် နှလုံးသား

သူတော်ကောင်းဂုဏ်ရည်

ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အဆက်မပြတ် ။

သူတော်ကောင်းသည် (အနေဝေး၍ ) အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
သူတော်ကောင်းနှင့် ပေါင်းသင်းမှ ပစ္စုပ္ပန် သံသရာ မြင့်မြတ်သည်။
သူတော်ကောင်းခြေမှုန့် ကိုယ်၌ကပ်လျှင် အပါယ်မကျ။

သမုဒ္ဒရာရေ မီးကြောင့်မကျွမ်း ၊
မြင့်မိုရ်တောင် လေကြောင့်မတုန်လှုပ်၊
ကျောက်ခဲ ရေကြောင့် မကျေ ၊
သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ် ၊

သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးမြစေ၏ ၊
နံ့သာတုံးသည် မီးရှို့  သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးမြစေ၏ ၊
သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏ ။

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏
သိဿကောဝါဒကျမ်းစာ 

သူတော်ကောင်းတို့ နှလုံးသား

ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများစွာ ရှိသော်လည်း အတွင်းအရသာကား ချိုမြိန်လှပေ၏ ၊
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏ ။

စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့် ။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခန့်ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ကြိတ်စက်သို့ရောက်သော်လည်း ချိုသော အရသာကို မစွန့် ။
ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း
သူတော်ကောင်းတရားကို မစွန့်။

 လောကနီတိ

No comments:

Post a Comment