Sunday, April 3, 2011

လောကကြီးကောင်းစေချင်သလား

လောကကြီးကောင်းစေချင်လျှင် ကိုယ်ကအရင်ကောင်းထားဖို့လိုမည်။

          သူများကောင်းမှ ကိုယ်ကောင်းမည်။ သူများမကောင်းက ကိုယ်လည်း ကောင်းနိုင်မည်မဟုတ်ဟု သဘောထားမည်ဆိုပါစို့။ သူမကောင်းသဖြင့် ကိုယ်မကောင်း၊ ကိုယ်မကောင်းသဖြင့် သူတစ်ဖန်မကောင်း၊ မကောင်း ပတ်ချာလည်နေမည်။
          မကောင်းမှုကို ကိုယ်ဆီက စဖြတ်မည်ဆိုလျှင်၊ ကိုယ်နှင့်ဆက်ဆံရသည့်၊ ..သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ.. ဆိုသော သူတွေသည် တကယ်မဆိုးသော သူများဖြစ်လာကြလိမ့်မည်။ မဆိုးသောသူတွေ များလာလျှင် လောကကြီးကောင်းဖို့ မခဲယဉ်းတော့။
          “Anyway” (မည်သို့ဖြစ်စေ)ဟု အမည်ပေးထားသည့် အောက်ကစာပုဒ်ကလေးတွင် လောကကောင်းစေချင်သူတို့ လက်စွဲပြုသင့်သည့် ဘ၀လမ်းညွှန် ဒသနတစ်ခုကို ပီပြင်စွာ ဖော်ပြထားတာ တွေ့ရသည်။ ဖတ်ရှုဆင်ခြင်ကြည့်ပါ။
Anyway
* People are unreasonable, illogical and self-centered.
-- Love them anyway.
* If you do good, people will accuse you of selfish ulterior motives.
-- Do good anyway.
* If you are successful, you will win false friends and true enemies.
-- Succeed anyway.
* Honesty and frankness make you vulnerable.
-- Be honest and frank anyway.
* The good you do today will be forgotten tomorrow.
-- Do good anyway.
* The biggest people with the biggest ideas can be shot down by the smallest people with the smallest minds.
-- Think big anyway.
* People favor underdogs but follow only top dogs.
-- Fight for some underdogs anyway.
* What you spent years building may be destroyed overnight.
-- Build anyway.
* Give the world the best you have and you’ll get kicked in the teeth.
-- Give the world the best you’ve got anyway.
          မည်သို့ဖြစ်စေ
ဝ လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်းလည်းမရှိ၊ အက်တစိတ်လည်းများလှ၏။
          မည်သို့ဖြစ်စေ၊ မြစ်တာထားလိုက်ပါ။
ဝ လူတွေသည်၊ ကောင်းသော အမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။
          မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။
ဝ သင်အောင်မြင်ပြီဆိုလျှင်၊ သင့်နှိုက် မိတ်ဆွေအတုအယောင်များရော၊ ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်။
          မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။
ဝ ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်။
          မည်သို့ဖြစ်စေ၊ ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။
ဝ သင် ယနေ့ပြုသည့် ကောင်းသောအမှုကို မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။
          မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။
ဝ အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံးသူသည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးမွှားဆုံးသူထံ ဝေဖန်ခြင်း ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။
          မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။
ဝ လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာ ပိုတတ်သည်ဆိုသော်လည်း (လက်တွေ့နှိုက်) အပေါ်စီးရသူ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်။
          မည်သို့ပင်ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေး တိုက်ပွဝင်ပေးပါ။
ဝ နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည် နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
          မည်သို့ဖြစ်စေ၊ တည်ဆောက်စရာရှိတာဆက်ရွေ့သာ တည်ဆောက်ပါ။
ဝ ကမ်ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးလျက်လည်း၊ သင့်အား ခါးသည်းနာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်။
          မည်သို့ဖြစ်စေ၊ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။

[Reference: Phay Myint's "Reader's Notes"]

No comments:

Post a Comment