Sunday, July 22, 2012

~~~~ ငွေတစ်ဆယ်နဲ့ သာသနာ ~~~~

စင်္ကာပူကိုရောက်စက စနေဂနွေ ပိတ်ရက်မရတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ တရားပွဲဆိုတာ၊ ဓမ္မမိတ်ဆွေဆိုတာ မရှိလောက်အောင်ပါပဲ။ ငယ်သူငယ်ချင်း နေမင်းသူနဲ့ ပြန်တွေ့ခဲ့တဲ့ နောက်ပိုင်း သူပြောပြလို့ လိုတက်စ်အသင်းနဲ့ ချိတ်ဆက်မိခဲ့တယ်။ အဲဒီက ဆင့်ပွာလို့ စနေဓမ္မ၊ ကုသိုလ် စတဲ့ အဖွဲ့ များစွာက ဓမ္မမိတ်ဆွေတွေနဲ့ ခင်မင်ခဲ့ရပါတယ်။

တစ်လတစ်လ သိန်းရာချီအောင် သဒ္ဓါကောင်းတဲ့ ပရဟိတအသင်းပေါင်းစုံရဲ့ ကုသိုလ်ရေးတွေကလည်း သုံးလေးသိန်း အနိုင်နိုင်ပို့ရတဲ့ ကျွန်မတို့လိုလူတန်းစားတွေအတွက် အံ့သြဘနန်း ဖြစ်ရပါတယ်။

အဲဒီထဲက လှူစရာအစုံစုံကို ကျွန်မ အမျိုးမျိုး အဖုံဖုံ သဘောပေါက် လာခဲ့ပြီ။

အမှန်အတိုင်း ပြောမယ်နော်။ နာမည်ကြီးလာတဲ့ နေရာ မလှူချင်ပါဘူး။ ချက်ချင်းဆိုသလို ပရဟိတ အကုန်အဲဒီကိုရောက်သွားကြတယ်။

နောက်တစ်ခုက လူတွေရဲ့ စိတ်ဓာတ်တွေဟာ နိုင်ငံခြားက သူဌေးတွေလှူတာဆိုပြီး အကူအညီကိုပဲမျှော်လင့် နေကြတော့တယ်။

အဲဒါတွေ မြင်ရ၊ ကြားရ တာစိတ်မသက်သာဘူး။

ဘာသာလူမျိုး မခွဲခြားဘဲ လှူမယ်ဆိုတဲ့နေရာလည်း မလှူချင်ပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘာသာခြားက အင်အားကြီးပါတယ်။ ကိုယ့်ဘာသဝင်တွေလည်း ဒါနဲ့ပဲ လူကုန်နေတာ။ ဒါတောင် ကိုယ့်ဘာသာဘက်က မရပ်တည်ပဲ မေတ္တာကြီးမပြနိုင်ပါဘူး။

ပြန်မေးနိုင်ပါတယ်။ ငါးကျပ်တစ်ဆယ်လှူပြီး နင်က ဘာကိုမျှော်လင့်ချင်နေလဲ ဆိုတဲ့ မေးခွန်း ......... ( နောက်တော့ဖြေပေးပါမယ်)

နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပညာရေး ကျန်းမာရေး လှူဒါန်းမှုတွေကလည်း လှူချင်စရာပါ။

အဲဒီထဲက မှ သာသနာကို ချစ်တဲ့ ကျွန်မ သာသနာနဲ့ ဆက်စပ်တဲ့ ပညာရေး၊ ကျန်းမာရေးကို ဦးစားပေးချင်ခဲ့တယ်။

မိရိုးဖလာက များ ၊ တိုင်းပြည်ကမွဲ ဝက်ဝက်ကွဲအောင် ဘာသာရေးမှာ အရှုံးပေါ်နေတာတွေကြောင့်ပါ။

ကျွန်မရင်ထဲက လိပ်ခဲတည်းလဲ ဖြစ်သမျှ ဒိုက်ဦးနဲ့ တွေ့မှ ငြိမ်ကျသွားတော့တယ်။

ညီမရယ် သိန်း ရာချီရလို့ ဘာသာပြောင်းတယ်ဆို ထား။ ခုဟာက ကျောင်းဖွင့်ရာသီမှာ ပိုက်ဆံလေး လေးငါးထောင်နဲ့ ဘာသာပြောင်းကုန်တယ်။ ဒါကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။ ကိုယ်တစ်ယောက်တတ်နိုင် တစ်ယောက်ပေါ့ ။ဒီလိုပဲ တစ်နိုင်ငံလုံးက လူငယ်တွေ၊ သူဌေးတွေ ဒီလိုနေရာတွေမှာတက်တက်ကြွကြွ ပါဝင်သင့်တယ်။

( ကြိုက်တယ်.......... )

နောက်တစ်ချက်က နိုင်ငံခြားက သူဌေးတွေလှူတာပဲ ဆိုပြီး ပြီးပြီးရောထားရင် သွားပြီ။ ကိုယ်တို့ ဘယ်လောက်လှူနိုင်မှာလည်း ။ ဘယ်နှစ်နှစ်လည်း။ ဒါပြီး သူတို့ ဘာဖြစ်လာမလည်း ။ ကိုယ်လှူတာက သူတို့ ကို ကူညီချင်တာလေ။ လူတို့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့မှ မဟုတ်တာ။ အစ်ကိုတို့လှူတာ အဲလို အဖြစ်မခံဘူး။ ကလေးတွေကို စာအုပ် ပေးရင် စာကြောင်းတစ်ကြောင်းတောင် အလကားမဖြစ်အောင် ပြောဆိုဆုံးမတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ကြီးလာရင် သူတို့က လက်ဆင့်ကမ်းပြီး ရပ်ရွာအကျိုးသယ်ပိုးချင်စိတ်ပေါက်အောင် ပညာပေးအစီအစဉ်တွေပါ လုပ်ထားတယ်။

( သိပ်ကြိုက်တယ် ....... ဆက်ပြော)

အမှန်က ရပ်ထဲရွာထဲက သူဌေးတွေက ကိုယ်တို့လို နိုင်ငံခြားထွက်အလုပ်လုပ်စရာမလိုဘဲ ချမ်းသာသူတွေပါ။ သူတို့ကို လည်း ဒီလိုလှူခြင်းက သာသနာအတွက်ဆိုတာ သိအောင်လုပ်ရမယ်။ ဒါမှ ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်း ပိုစည်းလုံးလာမယ်။ ဘာသာခြားတွေမှာက ဒီလိုမျိုးကို အရှိန်ကောင်းပြီးသား။

ဒါ ကိုယ့်ရဲ့ ငွေတစ်ဆယ်နဲ့ သာသနာကို ကာကွယ်လိုက်တာပါပဲ။

နောက်ဆုံးစကားကတော့ ကျွန်မ နားထဲ အထပ်ထပ် အခါခါ ကြားနေတဲ့ စကားလေးပါ။

ကဲ ... ဖြေပြီးသားပါနော်။

ဒိုက်ဦးမြို့နယ်က ရွာပေါင်း ၂၇ - ရွာမှ၊ ကလေး ၃၀၀၀ ကျော်ကို ကျောင်းထားရန်ရှိပါတယ်။

အားလုံးကို မထားနိုင်ရင်တောင် နိုင်သလောက် ကျောင်းထားပေးသွားဖို့ ရှိပါတယ်။

ကလေးတစ်ယောက်အတွက် တစ်နှစ်စာလုံး ကို စင်္ကာပူ ၁၀ နဲ့ လှူဒါန်း၍ ပညာပါရမီဖြည့်နိုင်ပါကြောင်း

တစ်ယောက် တစ်ဆယ်နဲ့ သာသနာအတွက် သဒ္ဓါဖွေးဖြူ ပေးလှူရအောင်လားရှင်.....

ရိုသေလေးစားစွာဖြင့်

ဇော်ဇော်ထွဋ် PH: 91822963
ကျော်လင်းသန်း PH: 82000717
အောင်ပြည့်ဖြိုး PH: 90665477
ရန်နိုင်ဗိုလ် PH: 98797229
ဆုရည်မွန် PH: 90662407

Shared from သူနုနယ်၏ လဲနေသူထူပေးပါ

No comments:

Post a Comment