လောကလူသားတိုင်းတော့ လမင်းကြီးကိုကြည့်ဖူးကြမှာပါ။ ဒါပေမယ့်အကြောင်းအမျိုးမျိုးဖြင့်ကြည့်ကောင်းကြည့်ပါလိမ့်မယ်။ ဥပမာ-
စိတ်ညစ်တဲ့အခါမှာပဲဖြစ်ဖြင့်၊ အလွမ်းဖြေတဲ့အခါမှာပဲဖြစ်ဖြင့်၊ စိတ်ထဲမှာဖွင့်ဟမပြောချင်တာတွေကို တစ်ခါတရံ၌ လမင်းကြီးကို
ဖွင့်ဟပြောချင်လို့ပဲဖြစ်ဖြင့် လမင်းကြီးကို ငေးပြီးတော့ ကြည့်ဖူးကြပါလိမ့်မယ်။ တကယ်တမ်းတော့ လမင်းကြီးက လောကလူသားအားလုံးက
ို အအေးဓာတ်နှင့်အလင်းဓာတ်ပေးရုံတင်မကပါဘူး၊ လောကလူသားတွေရဲ့စိတ်ဓာတ်ကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။ ဒီလိုပြောတော့
ယုံချင်မှယုံပါလိမ့်မယ်။ စာရေးသူက လမင်းကြီးကို ကြည့်မိတိုင်း သတိရမိတာကတော့ The moon is looking at you ဆိုတဲ့
ပုံပြင်လေးရယ်၊ ဗန်းမော်ဆရာတော်ဘုရားက သူ့ရဲ့တပည့်များကို ဆုံးမသြ၀ါဒအနေဖြင့် မှတ်သားဖွယ်ရာပုံပြင်လေးရယ်ကိုတော့
သတိရမိတာအမှန်ပါပဲ။
တစ်ခါတုန်းက အလွန်မတန်ဆင်းရဲတဲ့မိသားစုတစ်ခုရှိပါတယ်။ သူတို့မိသားစုက မကြာခဏဆိုသလလိုပဲ အိမ်နားနီးချင်းမှာရှိတဲ့
ဟင်းသီးဟင်းရွက်တွေကို ခိုးလေ့ရှိတယ်။ တစ်ညကြီးမှာတော့ အဖေလုပ်တဲ့သူက သားလက်ကိုစွဲကာ
ဟင်းသီးဟင်းရွက်ခိုးဖို့အိမ်မှထွက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပါပဲ အဖေလုပ်သူကို သားဖြစ်သူက တိုးတိုးလေးပြောလိုက်ပါတယ်။ အဖေ..
. အဖေ... တစ်ယောက်ယောက်က ကျွန်တော်တို့ကိုကြည့်နေတယ် တဲ့၊ အဖေလုပ်သူကလဲ ဘယ်မှာလဲ ဘယ်သူလဲ စသည့်ဖြင့်
ပြန်မေးလိုက်ပါတယ်။ သားဖြစ်သူက- ကောင်းကင်ကြီးပေါ်မှာလေ အဖေရ၊ အဲဒါ လမင်းကြီး၊ လမင်းကြီးက
ကျွန်တော်တို့သားအဖနှစ်ယောက်ကိုကြည့်နေတာအဖေရတဲ့။
အဖေလုပ်သူက သူသားပြောတဲ့စကားတစ်ခွန်းကြောင့် အလွန်မတန်စိတ်တုန်လှုပ်သွားခဲ့ပါတယ်။ သူထင်ခဲ့တာက ညမှာဘာပဲလုပ်လုပ်
ဘယ်သူမှမသိဘူးလို့ပဲထင်ခဲ့မိတာပါ။ အဖေလုပ်သူကလဲ အရှက်ကြီးရှက်ပြီး လက်ထဲမှာ ခိုးထားသော ဟင်းသီးဟင်းရွက်များကို ပြစ်ချပြီး
သူ့ရဲ့သားကို လက်စွဲပြန်သွားပါတယ်။အိမ်အပြန်လမ်းမှာပဲ အဖေလုပ်သူက ဆုံးဖြတ်ချက်ချလိုက်ပါသတဲ့၊ ငါဘယ်တော့မှသူများပစ္စည်းကို
မခိုးတော့ပါဘူးတဲ့။ ဒါလေးက The moon is looking at you ဆိုတဲ့ပုံပြင်လေးကို အဆင်ပြေသလို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
ဒီပုံပြင်လေးကိုထောက်ဆကြည့်မယ်ဆိုရင် လမင်းကြီးကြောင့် လူတစ်ယောက်ရဲ့စိတ်ကို အကြီးအကျယ်ပြောင်းလဲစေခဲ့တာတော့အမှန်ပါပဲ။
စာရေးသူလည်း လမင်းကြီးကိုကြည့်မိတိုင်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားလေးကိုတော့ ဆင်ခြင်မိပြန်တယ်။ ဒီလိုဆင်ခြင်မိတာကလည်း
လမင်းကြီးရဲ့ကျေးဇူးတရားလို့ဆိုပြန်လည်း မှားမယ်မထင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြင့် ကိုယ်ကြည့်လိုက်သောအရာတိုင်းမှာ
တန်းဖိုးရှိသွားဖို့ပါပဲလေ။ ဗန်းမော်ဆရာတော်ဘုရားရဲ့ ပုံပြင်လေးကဒီလိုပါ။ တစ်ခါတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။
သူတို့သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက်လဲ အတော်ချစ်ခင်ကြပါတယ်။ တစ်နေ့တွင် သူငယ်ချင်းနှစ်ယောက်
ညှိနှိုင်းတိုင်ပင်ကြပြီး အရင်းအနှီးအတူထုတ်ကာ အရပ်တစ်ပါးသို့ ကူးသန်းရောင်းဝယ်ရန် သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ဟာ
မိမိတို့ရွာကို ပြန်မလာဘဲ ထိုအရပ်မှာပဲ ခေါက်တုန့်ခေါက်ပြန် ကူးသန်းရောင်းဝယ်ပြုလုပ်နေကြပါတယ်။ အမြတ်ပစ္စည်းများလည်း
အတော်ကလေးရရှိလာကြပြီးဖြစ်၍ နှစ်ဦးသဘောတူ အိမ်ပြန်ကြရန် ဆုံးဖြတ်ကြပါတယ်။ အိမ်အပြန်လမ်းမှာ
တောနက်ကြီးတစ်ခုအတွင်းသို့ဖြတ်ကျော်ကြရပါတယ်။ ထိုနေ့ကာ လပြည့်နေ့တစ်နေ့ဖြစ်၍ တိမ်လွှာတိမ်ရိပ်များ
ကင်းစင်ကာလမင်းကြီးကလည်း အလွန်ကြည်လင်နေပါတယ်။ ထိုအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က ကျန်သူငယ်ချင်းကို
လက်နှစ်ဘက်ကို ဖြတ်ကနဲ့ လက်ပြန်ချုပ်ပြီး- ကဲ…သူငယ်ချင်းရေ ငါမင်းကို သတ်ရလိမ့်မယ် ဟုပြောဆိုကာ ခရီးဆောင် ဓားရှည်နှင့်
တအားလွှဲ၍ ခုတ်မည့်အလုပ်တွင်- ဟေ့..ဟေ့.. သူငယ်ချင်းဘယ်လိုလုပ်လိုက်တာလဲကွာ ပါလာတဲ့ငွေတွေ မင်းကို အကုန်ပေးပါမယ်
ငါ့ရဲ့အသက်ကိုတော့ ချမ်းသာပေးပါ ဟု ပြောလိုက်ပါတယ်။ လူယုတ်မှာမိတ်ဆွေကလည်း- ဘယ်ဖြစ်မလဲ ပစ္စည်းယူလူသတ်မှ
အစပျောက်မှာပေါ့ ဟု ပြောလိုက်ရာ ဒီလိုဆိုလဲ သတ်ပေါ့ကွာ ဟုပြောလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခေါင်းကိုမော့်ကာ- ငါ့သူငယ်ချင်း ငါ့က
ို လမင်းကြီးသာတိုင်း သတိရပါစေ၊ ငါ့မှာကယ်မည့်သူမရှိ၊ ငါ့အဖြစ်ကို လမင်းကြီးသာ သိပါတယ်၊ လမင်းကြီးကိုသာ သက်သေတည်ပါတယ်
ဟု ပြောရင်း လည်ကုပ်ကိုထိုး၍ ပေးလိုက်ပါတယ်။ ထိုလူယုတ်မှာကလည်း သတ်ပြီးတော့ အိမ်သို့ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့
မယားကို ငွေထုပ်အပ်၊ မယားနှင့်တကွ သူရဲ့ဆွေမျိုးများက ရှင့်ရဲ့ သူငယ်ချင်းက ဘယ်မှာလဲ ဘယ်နေရစ်တုန်း၊ အတူသွားအတူလာကြပြီး
ပါအောင် မခေါ်ခဲ့ဘဲကိုး ဟု မေးကြပါတယ်။ လူယုတ်မာမိတ်ဆွေက- သူ့အကြောင်းတော့မပြောချင်ပါဘူးဗျာ၊ အပြန်လမ်းမှာ
ချောင်းတစ်ချောင်းက ရေအတော်သန်ဖြစ်နေပါတယ်လို့ ပြောတာကို အိမ်ရောက်ချင်ဇောနဲ့ အတင်းဖြတ်ကူးလို့ ရေထဲပါသွားတာ ကျုပ်လဲ
ဘာမှမတတ်နိုင်သည့်အဆုံး ထိုင်ကြည့်နေရလိုက်ပါတယ်ဗျာ ဟု သူတို့ယုံနိုင်လောက်အောင်ပြောပြပါတယ်။ ဆွေမျိုးတွေကလည်း
စိတ်မကောင်းစွာဖြင့် အိမ်သို့ပြန်ခဲ့ကြပါတယ်။ သူယုတ်မာနှင့် ဇနီးသားသမီးတို့မှာတော့ ပျော်ရွှင်မဆုံး စားလိုက်သောက်လိုက်နဲ့ ငွေကလည်း
လုံးပါးပါးလာတယ်ပေါ့။ တစ်ညကြီးမှာတော့ လက်ဘက်ရည်ကြမ်းသောက်ရင် သူယုတ်မှာမိတ်ဆွေက လမင်းကြီးကလည်း သာလိုက်တာဟု
ပါးစပ်က ပြောဆိုရာ ကလေးသိပ်နေသည့် မယားက တော်.. ဘာပြောတယ်၊ လမင်းကြီးသာ လိုက်တာဟုတ်လား ၊ လမင်းကြီးသာတော့
ဘာဖြစ်သလဲပြော ဟုမေးလိုက်သတဲ့၊ လမင်းကြီးသာတာ ဘာမှမဖြစ်ပါဘူးဟ ဟု ပြန်ဖြေလိုက်တယ်။ မယားဖြစ်သူက- အံမယ်..အံမယ်…
လမင်းကြီးသာတော့ ဖြစ်မှာပါဘဲ၊ ကုန်ရောင်းကုန်ဝယ် သွားတုံးက မိန်းမတစ်ယောက်နဲ့ ဖြစ်ခဲ့မှာပေါ့၊ အဲဒါကိုတွေးပြီး လမင်းကြီးက
သာလိုက်တာပေါ့။ နို့တိုက်လက်စကလေးကို အသာထားပြီး ဆံပင်ဖားယားနှင့် ထမိန်ကို မညီတညီမြဲမြဲမ၀တ်ဘဲ ဖွဖွလေးဝတ်ကာ
ငေါက်ဆက်ဆက်နဲ့မေးလိုက်ပါတယ်။ လင်ဖြစ်သူကလည်း အဖြေမရှာတတ်တော့သည့်အဆုံးတွင် မိန်းမကို တိုးတိုးလေး ပြောသတဲ့-
နင်ဘယ်သူ့မှ မပြောနဲ့၊ ငါအဲဒီလိုလသာတဲ့ ညတညမှာ ဟိုအကောင်ကိုသတ်ပြီး ငွေတွေယူလာတာ၊ သူက အသတ်ခံရခါနီး လမင်းကြီးကို
သက်သေတည်သွားတာ သတိရလို့ ဟုပြောလိုက်ပါတယ်။ နောက်သုံးလေးနစ်လောက်လဲ ကြာရော လင်မယားစကားများကြပြီး
လင်ဖြစ်သူက မယားကိုနှိပ်စက် ရိုက်လေသတဲ့၊ မယားဖြစ်သူက- အမယ်လေး လာကြပါဦးတော်တို့ရေ၊ ဒီလူက တကယ်သတ်မည့်သူ၊
ကယ်ကြပါဦး၊ ကယ်ကြပါဦး ဟိုတုန်းက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို သတ်ပြီး ငွေတွေယူလာတဲ့လူယုတ်မာပါလို့
အောင်ဟစ်အကူညီတောင်းလိုက်ပါတယ်။ နောက်ဆုံး လူသတ်တရားခံအဖြစ် အဖမ်းခံရလေတော့သတည်း။ ဒီပုံပြင်လေးကို
ကြည့်ပြန်တော့လည်း- လောဘော အတ္တံ န ဇာနာတိ၊ လောဘဖုံးအုပ် ထိုသူယုတ်ကား ကြောင်းကျိုးမမြင် မဆင်ချင်တည်း
ဟူသောစကားအတိုင်း မယားကို ငွေများများပေးချင်လို့ ချစ်လှစွာသောသူငယ်ချင်းကို သတ်ဖြတ်ခဲ့ပါတယ်။ အကုသိုလ်ကံဟာလဲ
တနေ့အကျိုးပေးတာပါပဲ၊ စိတ်ကွယ်ရာမရှိပါဘူး၊ မကောင်းကြံရင် မကောင်းတဲ့ဒဏ်ခံရမှာပါ။ လိမ်လို့ရကောင်းရပါလိမ့်မယ်
ကိုယ်လုပ်ထားတဲ့အပြစ်တွေမပေါ်သေးခင်းပေါ့။ ဘယ်လိုပဲဖြစ်ဖြင့် လမင်းကြီးကိုကြည့်မိတိုင်း ဒီပုံပြင်လေးနစ်ခုကို
အမြဲတမ်းသတိရမိတာတော့အမှန်ပါပဲ။ အဲဒီလိုသတိရမိလိုက်တာနဲ့ လျှိုဝှက်ရမည့်စကားတွေကိုလည်းလျှိုဝှက်ထားရင်ကောင်းပါတယ်။
မပြောပြသင့်တဲ့သူကို မပြောပြရင်လည်းကောင်းပါတယ်။ မကောင်းတာတစ်ခုခုလုပ်မိတော့မယ်ဆိုရင်တောင် လမင်းကြီးကို
သတိရလိုက်တာနဲ့ မလုပ်ဖြစ်မိပြန်တော့ပါဘူး။ ဒီလိုဆိုရင်လမင်းကြီးကလည်း လူ့ရဲ့စိတ်ကို ပြောင်းလဲစေနိုင်တာလို့ပြောချင်ပါတယ်။
အနှစ်ချုပ်အားဖြင့်- စာဖတ်သူရေ လမင်းကြီးကို ကြည့်ဖြစ်ခဲ့ရင် ဒီပုံပြင်လေးတွေကို သတိရလိုက်ပါ၊ မကောင်းတာတစ်ခုခု
လုပ်တော့မယ်ဆိုရင်ဖြင့် လမင်းကြီးကို သတိရပြီး မလုပ်မိအောင်တားမြစ်လိုက်ပါ။ လမင်းကြီးကိုကြည့်လိုက်တိုင်း သင်ဟာ
ဒီလိုလေးတွေနှလုံးသွင်းနိုင်မယ်ဆိုရင်သင့်ဘ၀ဟာမြင့်သထက်မြင့်သွားမှာတော့ အမှန်ပါပဲ လို့ပြောဆိုရင် မကောင်းမှု့တွေရှောင် ကောင်းမှု့တွေဆောင်နိုင်ကြပါစေ……………..
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
Posted by လပြည့်ဝန်း on September 8, 2011 at 5:52pm
အပြုံးပန်းဈေးခင်း
No comments:
Post a Comment