Sunday, July 1, 2012

ပုံပျက်သွားတဲ့ရိုးသားမူ

တစ်ခါက...အာရပ်ကုန်သည်တစ်ဦးတွင်.. သန်မာလှသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည်တစ်နေ့အတွင်း... မိုင်ပေါင်းများစွာ

ခရီးတွင်နိုင်သောကြောင့်.. ကုန်သည်မှာ..အလွန်မြတ်နိုးသည်။ ကုလားအုတ်တစ်ကောင်ပိုင်ဆိုင်ထားသော... ဒုတိယကုန်သည်တစ်ဦးက

အပြေးသန်သော ထိုမြင်းကို.. မျက်စိကျနေသည်။

တစ်နေ့တွင်..သူသည်...မြင်းပိုင်ရှင်အား.. ကုလားအုတ်နှင့်...မြင်းလဲလှယ်ရန် စကားကမ်းလှမ်းသည်။ မြင်းပိုင်ရှင်က ငြင်းဆန်သည်။

မြင်းအား..ရှိသမျှစည်းစိမ်နှင့်..လဲမည်ဟု..တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က.. ဒီမြင်းက...မိမိဘ၀အတွက်... အကောင်းဆုံးအဖော်မွန်ပါ..မိမိအသက်ရှင်နေသရွေ့ ... မြင်းအားဘယ်အရာနဲ့မှ..မလဲနိုင်ဟု...ငြင်းဆိုလိုက်သည်။ ကုလားအုတ်ပိုင်ရှင်က..မြင်းအား..အလွန်ကိုနှစ်သက်

နေမိသဖြင့်.. မြင်းအား..ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး.. အကြံထုတ်လေတော့သည်။

တစ်နေ့တွင်သူသည်... အ၀တ်အစားအစုတ်အပြတ်ကို ၀တ်ဆင်ပြီး.. မြင်းပိုင်ရှင်လာမယ့်လမ်းမှာ...လဲလျောင်းနေခဲ့တယ်.. မြင်းပိုင်ရှင်က

တွေ့သောအခါ.. မြင်းပေါ်မှ..အလျင်အမြန်ဆင်းပြီး.. ဖျားနေသည်..အထင်နှင့် သူ့အား..မြင်းပေါ်သို့.. ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်

သည်နှင့်..သူသည်...လူကောင်းပကတိဖြစ်သွားပြီး.. မြင်းပိုင်ရှင်အား...

ဒီမြင်းကို..ပိုင်ဆိုင်ရဖို့.. ကျွန်တော်အကြံအမျိုးမျိုး.. ထုတ်ခဲ့တယ်..

တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့လည်း..လဲလှယ်ခဲ့တယ်..ဒါပေမယ့်ခင်ဗျားလက်မခံခဲ့ဘူး.. အခု ကျွန်တော်မြင်းပေါ်ရောက်နေပြီ... အဲဒီ့တော့..ဒီမြင်းကိုကျွန်တော်ပိုင်သွားပြီ.. ဟုပြောလေသည်။

မြင်းပိုင်ရှင်ကလည်း...ကောင်းပြီလေ.. မြင်းကိုခင်ဗျားပိုင်သွားပါပြီ.. ဒါပေမယ့်..ခင်ဗျားထွက်မသွားခင်.. ကျွန်တော်စကားတစ်ခွန်းပြောချင် သေးတယ်.. ဒီစကားကိုခင်ဗျားသေချာမှတ်ထားပါ...

မြင်းကိုကျွန်တော်ပိုင်နေပြီပဲ..ပြောပါ..တစ်ခွန်းမဟုတ်ဘူး..ဆယ်ခွန်းပြောလည်းဖြစ်တယ်....

တကယ်လို့.. လူတွေက..ဒီမြင်းကို..ခင်ဗျားဘယ်လိုရခဲ့လဲ..လို့မေးလာရင်...အဖြစ်မှန်ကို.. မပြောပါနဲ့.. မှတ်ထားပေးပါ..

ဘာဖြစ်လို့လဲ...ဘာလို့မပြောစေချင်ရတာလဲ..

ဒီမြင်းကို..ဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်း...အမှန်ကို.. ခင်ဗျားပြောခဲ့ရင်...နောင်တစ်ချိန်.. လမ်းဘေးမှာ..တကယ်ဖျားနာနေလို့.. လဲနေတဲ့..လူတွေတွေ့ရင်.. ဘယ်သူက...ကယ်ရဲတော့မှာလဲဗျာ...

မြင်းပိုင်ရှင်ရဲ့..စကားကို...ကြားရတဲ့အခါ.. ဒုတိယကုန်သည်မှာ..တစ်ခဏမျှ.. ဆွံ့အသွားခဲ့သည်။ ထို့နောက်ရှက်ရွံ့အားနာပြီး.. မြင်းပေါ်မှ ချက်ချင်းဆင်းကာ.. မြင်းပိုင်ရှင်အား..တောင်းပန်လေသည်။

ရမ္မက်လောဘနဲ့..လိုချင်တပ်မက်တဲ့စိတ်က...ကျွန်တော့်ရဲ့.. ဂုဏ်သိက္ခာနဲ့.. ရိုးသားမှုကိုပုံပျက်အောင်လုပ်ခဲ့တယ်..အရှက်တရားနဲ့.. နောင်တတွေရလိုက်ပါတယ်.. ခင်ဗျားရဲ့မြင်းကိုပြန်ယူပါ.. ကျွန်တော့်ကိုခွင့်လွှတ်ပါဗျာ.....

Posted by ပန်းခင်း on February 19, 2011 at 9:00pm
အပြုံးပန်းဈေးခင်း

No comments:

Post a Comment