Tuesday, July 31, 2012

၃ - ကိံဒိဌိကသုတ်

၉၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတ ဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အနာထ ပိဏ်သူဌေးသည် နေမွန်းယိမ်းအချိန် ၌ မြတ် စွာဘုရားအား ဖူးမြင်ရန်အလို့ငှါ သာ ဝတ္ထိပြည်မှ ထွက်ခဲ့၏။ ထိုအခါ အနာထပိဏ်သူဌေး အား ဤ အကြံသည် ဖြစ်၏ - “မြတ်စွာဘုရားအား ဖူးမြင်ရန်အခါမဟုတ်သေး၊ မြတ်စွာဘုရားသည် (တစ်ပါး တည်း) ကိန်းအောင်းနေတော်မူ၏၊ စိတ်နှလုံးကို ပွားစေတတ်သော ရဟန်
းတို့အား လည်း ဖူးမြင်ရန် အခါမဟုတ်သေး၊ စိတ်နှလုံးကို ပွားစေတတ်သော ရဟန်းတို့ သည် တစ်ပါးတည်း ကိန်း အောင်းေ တော်မူကုန်၏၊ ငါသည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ချဉ်းကပ် ရမူ ကောင်းပေရာ၏”ဟု (အကြံဖြစ်၏)။

ထို့နောက် အနာထပိဏ်သူဌေးသည် သာသနာတော်မှ တစ်ပါး သော အယူရှိ ကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်၏၊ ထိုအခါ သာသနာတော် မှ တစ်ပါး သော အယူရှိကြသည့် ပရိဗိုဇ်တို့သည် အညီ အညွတ် ပေါင်းဆုံလာ ရောက် ကြကုန်ပြီးလျှင် ပြင်းပြ ကျယ်လောင်သော အသံရှိကုန်၍ ပဲ့တင်ထပ် စေလျက် များစွာသော (မဂ်ဖိုလ်မှ) ဖီလာ ဖြစ်သော စကားကို ပြောဆိုကာ ထိုင်နေ ကုန်၏။ သာသ နာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် အနာထပိဏ်သူဌေး လာနေသည်ကို အဝေးမှပင် မြင်ကြသည် သာတည်း၊ မြင်ပြီးနောက် အချင်းချင်း ပြုပြင်ကုန်၏ ၊ “အသျှင်တို့ နည်းသော အသံ ရှိကြကုန်လော့ အသျှင်တို့ အသံကိုမပြု ကြကုန်လင့်၊ ဤရဟန်း ဂေါတမ၏တပည့် အနာထပိဏ် သူဌေးသည် အရံသို့လာ၏၊ ရဟန်း ဂေါတမ၏ သာဝတ္ထိပြည်နေ အဝတ်ဖြူဝတ်သူ လူတပည့်တို့တွင် ဤအနာထပိဏ် သူဌေးသည် တစ်ယောက် အပါအဝင်တည်း၊ ထိုအသျှင် တို့သည် အသံနည်းမှု ကို အလိုရှိကုန်၏၊ အသံနည်းအောင် ဆုံးမထား ကုန်၏၊ အသံ နည်းမှု၏ ကျေးဇူးကို ဆိုလေ့ရှိကုန်၏၊ ပရိသတ် အသံနည်းသည်ကို သိ၍ ချဉ်းကပ်သင့် သည်ဟု မှတ်ထင်ကောင်း မှတ်ထင်ရာ၏”ဟု (အချင်းချင်း ပြုပြင်ကုန်၏)။ ထို့နောက် ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန်၏။

ထိုအခါ အနာထပိဏ် သူဌေးသည် ထိုပရိဗိုဇ်တို့ထံသို့ ချဉ်းကပ်ပြီးနောက် ထိုပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခု သောနေရာ၌ ထိုင်နေသော အနာထပိဏ် သူဌေးအား သာသနာတော်မှ တစ်ပါးသော အယူရှိကြ သည့် ပရိဗိုဇ်တို့က ...

သူကြွယ် ရဟန်းဂေါတမသည် အဘယ်အယူ ရှိသည်ဟု ပြောပါလော့ဟူ၍ မေးကြ ကုန်၏။

အသျှင်ဘုရားတို့ အ ကျွန်ုပ်သည် မြတ်စွာဘုရား၏ အယူအားလုံးကို မသိပါဟု(ဆို၏)။

သူကြွယ် သင်သည် ရဟန်းဂေါတမ၏ အယူအားလုံးကို မသိပါ ဟုဆိုလျှင် ရဟန်းတို့သည် အဘယ် အယူ ရှိကြသည်ဟု ပြောပါလော့ဟူ၍ (မေးကြကုန်၏)

အသျှင် ဘုရားတို့ အကျွန်ုပ်သည် ရဟန်းတို့၏ အယူအားလုံးကိုလည်း မသိပါဟု(ဆို၏)။

သူကြွယ် သင်သည် ရဟန်းဂေါတမ၏ အယူအားလုံးကို မသိပါ၊ ရဟန်းတို့၏ အယူအားလုံး ကိုလည်း မသိပါဟု ဆိုလျှင် သင်သည် အဘယ်အယူရှိသည်ဟု ပြောပါလော့ဟူ၍ (မေးကြကုန်၏)။

အသျှင်ဘုရားတို့ အကျွန်ုပ်တို့သည် မည်သည့် အယူရှိကြပါ သည်ဟုကား ထိုအရာကို ဖြေဆိုခြင်းငှါ အကျွန်ုပ်တို့အား မခဲယဉ်းပါ၊ အသျှင် ဘုရားတို့သည် ရှေးဦးစွာ မိမိတို့၏အယူများကို ဖြေတော်မူကြ ပါလော့ဟု တိုက်တွန်းလိုပါ၏၊ နောက်ထပ်လည်း အကျွန်ုပ်တို့သည် မည်သည့်အယူရှိကြပါသည် ဟု ထိုအရာကို ဖြေဆိုခြင်းငှါ ခဲယဉ်းမည် မဟုတ်ပါဟု (ဆို၏)။

ဤသို့ဆိုလတ် သော် ပရိဗိုဇ်တစ်ဦးသည် အနာထပိဏ်သူဌေးအား -

“လောကသည် မြဲ၏၊ ဤအ ယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းအနှီး သာတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဆို၏။

အခြားပရိဗိုဇ် တစ်ဦးကလည်း အနာထပိဏ်သူဌေး အား -

(၁)“လောကသည် မမြဲ၊ ဤအယူ သည်သာ မှန်၏၊

(၂)အခြားအယူသည် အချည်း အနှီးတည်း၊ သူကြွယ် ငါသည် ဤသို့အယူရှိ၏”ဟုဆို၏။

(၃)အခြားပရိဗိုဇ် တစ်ဦး ကလည်း အနာထပိဏ်သူဌေးအား - “လောကသည် အဆုံးရှိ၏။ပ။

(၄) လောက သည် အဆုံးမရှိ။

(၅) ထို အသက်သည်ပင် ထိုကိုယ်တည်း။

(၆) အသက်တခြား ကိုယ်တခြား တည်း။

(၇)သတ္တဝါသည် သေပြီးနောက်ဖြစ်၏။

(၈) သတ္တဝါသည် သေပြီး နောက်မဖြစ်။

(၉) သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်၏၊ မဖြစ်လည်းမဖြစ်။

(၁၀) သတ္တဝါသည် သေ ပြီးနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်၊ ဤအယူသည် သာ မှန်၏၊ အခြား အ ယူသည် အချည်းအနှီးတည်း၊ သူကြွယ် ငါသည် ဤသို့ အယူ ရှိ၏”ဟုဆို၏။

ဤသို့ ဆိုကုန်လတ်သော် အနာထပိဏ်သူဌေးသည် ထိုပရိဗိုဇ်တို့ အား ဤစကားကိုဆို၏၊

အသျှင်ဘုရားတို့ - “လောကသည်မြဲ ၏၊ ဤအယူသည် သာမှန်၏၊ အခြားအယူသည် အချည်း အနှီး တည်း၊ သူကြွယ် ငါသည် ဤသို့အယူ ရှိ၏ဟု ဤသို့ဆိုသော အသျှင်၏ အယူသည် မိမိ၏ မသင့်မတင့် နှလုံးသွင်းခြင်း အကြောင်းကြောင့် သော်လည်းကောင်း၊ သူတစ်ပါး၏ စကားသံ ကြောင့်သော်လည်း ကောင်းဖြစ်၏။ ထိုအယူသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊ စေ့ဆော် အပ်၏၊ (အကြောင်းကို)စွဲ၍ ဖြစ်ပေါ်၏။ အလုံးစုံသော တေဘုမ္မက တရား သည် ထင်ရှား ဖြစ်ပေါ်လာ ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊ စေ့ဆော်အပ်၏၊ (အကြောင်း ကို) စွဲ၍ဖြစ်ပေါ်၏။ ထိုတရား အားလုံးသည်မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည်ဆင်းရဲ၏၊ အကြင်တရားသည် ဆင်းရဲ၏၊ ထိုတရားကိုသာလျှင် ထိုအသျှင်သည် ငြိကပ်၏၊ ထိုတရားသို့သာ လျှင် ထိုအသျှင်သည် ကပ်ရောက်၏။

အသျှင်ဘုရားတို့ “လောကသည်မမြဲ၊ ဤအယူသည်သာမှန်၏၊ အခြားအယူသည် အချည်းနှီး တည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏” ဟု ဤသို့ဆိုသော အသျှင်၏ အယူသည်လည်း မိမိ၏ မသင့် မတင့် နှလုံးသွင်းခြင်း အကြောင်း ကြောင့်သော် လည်းကောင်း၊ သူတစ်ပါး၏ စကားသံ ကြောင့်သော် လည်းကောင်းဖြစ်၏။ ထိုအယူ သည် ထင်ရှားဖြစ်ပေါ်လာ၏။ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊ စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏။ အလုံးစုံသော တေဘုမ္မကတရား သည် ထင်ရှား ဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊ စေ့ဆော်အပ်၏၊ (အကြောင်း ကို)စွဲ၍ ဖြစ်ပေါ်၏၊ ထိုတရားအားလုံးသည် မမြဲ၊ အကြင် တရားသည်မမြဲ၊ ထိုတရားသည် ဆင်းရဲ ၏၊ အကြင် တရားသည် ဆင်းရဲ၏၊ ထိုတရားကိုသာ လျှင် ထိုအသျှင်သည်ငြိကပ်၏၊ ထိုတရားသို့သာလျှင် ထိုအသျှင်သည် ကပ်ရောက်၏။

အသျှင်ဘုရားတို့ “လောကသည် အဆုံးရှိ၏။ပ။ လောက သည် အဆုံးမရှိ။ ထိုအသက်ပင် ထိုကိုယ် တည်း။ အသက် တခြား ကိုယ်တခြား တည်း။ သတ္တဝါသည် သေပြီးနောက် ဖြစ်၏။ သတ္တဝါသည် သေပြီးနောက်မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည် လည်းမဟုတ်၊ မဖြစ် သည်လည်း မဟုတ်၊ ဤအယူသည် သာမှန်၏၊ အ ခြား အယူသည် အချည်းနှီးတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဤသို့ဆိုသော အသျှင် ၏ အယူ သည်လည်း မိမိ၏ မသင့်မတင့် နှလုံးသွင်းခြင်း အကြောင်းကြောင့် သော်လည်းကောင်း၊ သူတစ်ပါး၏ စကားသံ ကြောင့် သော် လည်းကောင်းဖြစ်၏။ ထိုအယူသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည် ) ပြုပြင်အပ် ၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ် ၏။ အလုံးစုံ သော တေဘုမ္မက တရားသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊ စေ့ ဆော်အပ်၏၊ (အ ကြောင်းကို) စွဲ၍ဖြစ်ပေါ်၏၊ ထိုတရား အားလုံးသည်မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင် တရားသည် ဆင်းရဲ၏၊ ထိုတရားကိုသာလျှင် ထိုအသျှင် သည် ငြိကပ်၏၊ ထိုတရား သို့သာလျှင် ထိုအသျှင်သည် ကပ်ရောက်၏ဟု (ဆို၏)။

ဤသို့ဆိုလတ်သော် ထိုပရိဗိုဇ်တို့သည် အနာထပိဏ်သူဌေအား“သူကြွယ် ငါတို့အားလုံးပင် မိမိတို့အယူ ကို ပြောဆိုပြီးကြပြီ၊ သူကြွယ် သင်သည် အဘယ် အယူရှိသည်ဟု ပြောပါလော့ ဟူ၍ မေး ကြ ကုန်၏။ အသျှင်ဘုရားတို့ အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ (အ ကြောင်း တို့သည်) ပြုပြင်အပ်၏၊ စေ့ဆော်အပ်၏၊ (အ ကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏၊ ထိုတရားအား လုံးသည် မမြဲ၊ အကြင် တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်း ရဲ၏၊ ထိုတရား သည် “ငါ့ဥစ္စာ မဟုတ်၊ ထိုတရားသည် ငါမဟုတ်၊ ထိုတရားသည် ငါ၏ 'အတ္တ' မဟုတ်၊”

အသျှင်ဘုရားတို့ အကျွန်ုပ်သည် ဤသို့ အယူရှိပါ၏ဟု (ဆို၏ )။

သူကြွယ် အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြု ပြင် အပ်၏၊ စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ဖြစ်ပေါ်၏၊ ထိုတရား အားလုံး သည်မမြဲ၊ အကြင် တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်းရဲ၏၊ သူကြွယ် သင်သည် ထို တရားကိုသာလျှင် ငြိကပ်၏၊ သူကြွယ် သင်သည် ထိုတရားသို့သာ လျှင် ကပ်ရောက်၏ဟု (ဆို၏)။

အသျှင်ဘုရားတို့ အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊

(အကြောင်းတို့သည်) ပြုပြင်အပ်၏၊ စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ဖြစ်ပေါ်၏၊ ထို တရား အား လုံး သည်မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်း ရဲ၏၊

ထိုတရား သည် “ငါ့ဥစ္စာမဟုတ်၊ ထိုတရားသည် ငါမဟုတ်၊ ထိုတရား သည် ငါ၏ 'အတ္တ'မဟုတ်”ဟု ဤသို့ အကျွန်ုပ် သည်ဟုတ်တိုင်း မှန်စွာကောင်းသော ပညာဖြင့် ကောင်းစွာမြင်ပါ၏၊

ထို့ထက်အလွန်လည်း ထွက်မြောက်ကြောင်းကို ဟုတ်တိုင်းမှန်စွာ သိပါ၏ဟု (ပြောဆို၏)။

ဤသို့ဆိုလတ်သော် ထိုပရိဗိုဇ်တို့ သည် ဆိတ်ဆိတ်နေကုန် မျက်နှာမသာ ကုန်၍ ခေါင်းငုံ့ကုန် မျက် နှာအောက်စိုက် ကုန်သည်ဖြစ်၍ မှိုင်ကုန်လျက် ကြံရာမရကုန်ဘဲ ထိုင်နေကုန်၏။

ထို့နောက် အနာထပိဏ်သူဌေးသည် ဆိတ်ဆိတ်နေကုန် မျက်နှာမသာကုန် ခေါင်းငုံ့ကုန် မျက်နှာ အောက်စိုက် ကုန်သည် ဖြစ်၍ မှိုင်ကုန်လျက် ကြံရာ မရကုန်ဘဲ ထိုင်နေကုန်သော ထိုပရိဗိုဇ်တို့ကို သိ၍ နေရာမှထကာ မြတ်စွာဘုရားအထံသို့ ချဉ်းကပ် ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ် ခုသော နေရာ၌ ထိုင်ကာ ထိုသာသနာတော်မှ တစ်ပါး သောအယူရှိကြသည့် ပရိဗိုဇ်တို့နှင့်အတူ ပြော ဆိုခဲ့သမျှ စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်ထား၏။

သူကြွယ် ကောင်းပေစွ ကောင်းပေစွ၊ သူကြွယ် သင်သည် ဤသို့ပင် ထိုအချည်း နှီးဖြစ်သော ယောက်ကျားတို့ကို အခါအားလျော်စွာ အကြောင်းတရားနှင့်တကွ ကောင်းစွာ နှိပ်ခြင်းဖြင့် နှိပ်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင် စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏။

ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားလေ၏။

ထို့နောက် မြတ်စွာ ဘုရားသည် အနာထပိဏ်သူဌေး ဖဲသွား၍ မကြာမီ ရဟန်းတို့ကို

“ရဟန်းတို့ ဤဓမ္မဝိနယ 'သာသနာ တော်'၌ ရဟန်းပြု၍ အနှစ်တစ်ရာရှိပြီးသော ရဟန်းသော်လည်း သာသ နာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့ကို အနာထပိဏ်သူဌေးက နှိပ်အပ်ကုန် ဘိ သကဲ့သို့ ဤအတူပင် အကြောင်းနှင့်တကွ ကောင်းစွာ နှိပ်ခြင်း ကို နှိပ်ကြရာ၏”ဟု မိန့်တော်မူ၏။

တတိယသုတ်။

Shared from Ukhin Crays

လောက၌အကောင်းဆုံးသောအရာ ...(အရှင်ဆန္ဒာဓိက)


လောကမှာအကောင်းဆုံးသောအရာဟာ ဘာလဲမေးလိုက်ရင် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကိုယ်အကြိုက်ဆုံးအရာကိုပဲ အကောင်းဆုံးအရာလို့ သတ်မှတ်ကြမှာပါ။ ဒါက ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ ပြောတာပေါ့။ ဒါပေမဲ့ ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ မဟုတ်ပဲ ဓမ္မဓိဋ္ဌာန်အနေနဲ့ အကောင်းဆုံးအရာ သတ်မှတ်တဲ့နေရာမှာတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာကို ပဓာနပြုလို့ မဖြစ်ပါဘူး။ ပင်ကိုသဘာဝအရ ကောင်းတာ၊ မကောင်းတာကိုပဲ ပဓာ
နပြုရပါမယ်။ သူ့ပင်ကိုသဘာဝကိုက အကောင်းဆုံးအရာ ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။ (အရှင်ဆန္ဒာဓိက)
လောက၌အကောင်းဆုံးသောအရာဟာဘာလဲ ဆိုတဲ့ အဖြေမှန်ရဖို့အတွက် ဇတ်တော်ကိုသာဓက ထားပြောပြရရင် ...

"ဘုရားအလောင်းနုစဉ်က ဗာရာဏသီပြည်တွင် ပုရောဟိတ်ပုဏ္ဏ္ဏားဘဝတွင် မင်းနှင့်တကွ ပြည်သူပြည်သား အားလုံးတို့က ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ လေးစားကိုးကွယ်ကြသည်"
ထိုသို့ ကိုးကွယ်ခြင်း၏ အကြောင်းရင်းကို ပုရောဟိတ်ပုဏ္ဏ္ဏားက သေချာသိချင်သည်။တတ်ထားတဲ့ ဗေဒင်ပညာကြောင့်လား၊ မြင့်မြတ်တဲ့ အမျိုးဇတ်ကြောင့်လား၊ တောင့်တင်းတဲ့ မိတ်ဆွေခင်ပွန်းကြောင့်လား၊ထိန်းသိမ်းစောက့်ရှောက်လာတဲ့ ငါးပါးသီလကြောင့်လား စသော လားပေါင်းများစွာ၏ အဖြေကိုသိရန်အတွက် နန်းတွင်းရွှေပန်းထိမ်သည်၏ သေတ္တာမှ ငွေသား လက်တစ်ဆုပ်ကို နှိုက်ယူလေသည်။
ပထမတစ်ခါတော့ ရွှေပန်းထိမ်သည်သည်တစ်ပြည်လုံးက ကိုးကွယ်နေသော ပုဏ္ဏ္ဏားကြီးဖြစ်သောကြောင့် ဘာမျှမပြောတတ်အောင်ဖြစ်နေရှာသည်။
ဒုတိယအကြိမ်ယူသောအခါတွင်လည်း ထိုနည်းတူ ဘာမှမပြောမိသော်လည်း စိတ်ထဲ၌ကား တော်တော်အကြည်ညို ပျက်သွားလေပြီ။
တတိယအကြိမ်ယူသောအခါတွင်ကား ပုဏ္ဏ္ဏားကြီး၏ဂုတ်ကိုဖမ်း၍ မြေတွင်နှိမ်ချကာ ဘုရင့်အာဏာသားတို့၏ လက်သို့ခိုးသူအဖြစ် အပ်နှံလိုက်လေတော့သည်။ဘုရင့်ရှေ့ တော်မှောက်ရောက်သောအခါတွင်လည်း ခိုးမှုကထင်ရှားပြီးဖြစ်သောကြောင့် သေဒဏ်အမိန့်ပေးလိုက်လေသည်။ ထိုအခါကျမှ ပုရောဟိတ်ပုဏ္ဏ္ဏားက အောက်ပါဂါထာကို ရွတ်ဆိုကာ မင်းနှင့်တကွ ပရိသတ်အားလုံးအား ဖြစ်ရပ်မှန်ကို ရှင်းပြလေသည်။

" နဗေဒါ သမ္ပရာယာယ၊ န ဇာတိနာပိဗန္ဓဝါ။
သကဉ္စ သီလ သံသုဒံ္ဓ၊ သမ္ပရာယ သုခါယစ။ "

ဗေဒင်သုံးပုံတို့သည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ မြင့်မြတ်တဲ့ အမျိုးဇတ်သည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ ဆွေမျိုးမိတ်ဆွေအပေါင်းသည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသောမိမိစောင့်ထိန်းအပ်သော ငါးပါးသီလသည်သာလျှင် သံသရာ၌ ချမ်:သာကိုဆောင်နိုင်သည်။

"မင်းကြီး … အကျွန်ပ်သည် ရွှေပန်းထိမ်ထံမှ ငွေကို ရယူလို၍ ခိုးယူခြင်းမဟုတ်ပါ၊ ကျွန်ပ်အား မင်းနှင့်တကွ တိုင်းသူပြည်သားအားလုံးတို့က လေးစားကိုးကွယ်ကြခြင်း၏ အကြောင်းကိုသိလို၍ ယူခြင်းဖြစ်ပါသည်။ ယခုကား သိရပါပြီ။ ကျွန်ပ်တတ်ထားသော ဗေဒင်ပညာ၊ အမျိုးဇတ်၊ ဆွေမျိုးမိတ်ဆွေတို့ကြောင့်လေးစားကိုးကွယ်ခြင်းမဟုတ်ပဲကျွန်ပ်စောက့်ရှောက်ထိန်းသိမ်းထားသော ငါးပါးသီလကြောင့်သာလျှင် ဖြစ်သည်။"

ယနေ့ မှစ၍ မင်းနှင့်တကွ ပြည်သူအပေါင်းလည်း ငါးပါးသီလကို လုံခြုံအောင်စောင့်ကြပါ ဆိုပြီး မင်းကြီးအားခွင့်ပန်ကာ တောထွက်၍ ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်တို့ဖြင့်တစ်သက်ပတ်လုံး နေသွားခဲ့ပါသည်။ (အရှင်ဇဝန)

ဘယ်ပန်းရနံ့
ဘယ်လောက်မွှေးမွှေး
လေညာဆန်ရိုးမရှိပါဘူး ။
ကိုယ်ကျင့်သီလပန်းရနံ့ကတော့
လေစုန်ရောလေဆန်ပါ
လေအောက်ရောလေညာပါ
ထက်အောက်ဝဲယာ
မွှေးပျံ့သင်းကြိုင်ပါတယ်။
(အရှင်ဆန္ဒာဓိက)
.............................................................................................................

လောက၌အကောင်းဆုံးသောအရာ - အရှင်ဆန္ဒာဓိက - စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ (စာမျက်နှာ - ၁၂)

Shared from Ma Sai Mon

Monday, July 30, 2012

မြန်မာပြည်မှ... ကင်ဆာကို ကုသနိုင်ခြင်း



မြန်မာပြည့်ရဲ့ကျက်သရေအရှိဆုံးသတင်းလေးတစ်ခုကိုပြောပြချင်ပါတယ်..အဲ့ဒါကတော့သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်ခဲ့တဲ့ဆရာမလေးနှစ်ယောက်ရဲ့လိပ်စာကိုပြောပြချင်ပါတယ်♣♣ဆရာဝန်မလေးနှစ်ယောက်ရဲ့ပြောပြချက်အရဒီရောဂါကိုကုသနိင်အောင်ကိုရီးယားနိင်ငံတောတောင်ထဲမှာရရှိထားတဲ့တိုင်းရင်းဆေးနဲ့ကုသနိင်ခဲ့တာဖြစ်ပါတယ်၊ဒီသတင်းလေးကိုအားလုံးရှယ်ပေးကြပါနော်...အခုကုသပေးတဲ့ဆရာဝန်မလေးနှစ်ဦးကတော့ဆင်းရဲရှာပါတယ်ဒါပေမဲ့သူတို့ရဲ့ကြိုးစားမှုက..ယနေ့ကမ္ဘာပေါ်မှာဘယ်သူမှမကုသနိင်သေးတဲ့ပညာရပ်တစ်ခုပါ...သွေးကင်ဆာရောဂါကိုသွေးလုံးဝသွင်းစရာမလိုပဲဆေးကုသချိန်..၁၀ရက်အတွင်းပပျောက်အောင်ကုသပေးနေပြီးဖြစ်ကြောင်းနှင့်ဆရာမလေးနှစ်ဦးရဲ့မေတ္တာဖြင့်သာကုသပေးနိင်ကြောင်းကိုအသိပေးအပ်ပါသည်ခင်ဗျာ.. စုံစမ်းရန်လိပ်စာကတော့..09421102672(ဆရာမဒေါ်လှလှဝင်း)..ဆရာမဓေထားထားမေ( မန်မာနိင်ငံရေကြောင်းတက္ကသိုလ်ဒေး(သန်လျှင်မြို့ကျိုက်ခေါက်ဘုရားရဲ့နောက်လမ်းရေကြောင်းလမ်းဆုံ)လူမျိုးဘာသာမရွေးကုသပေးနေပြီဖြစ်ကြောင်းကြော်ငြာအပ်ပါသည်..ဒီသတင်းလေးကိုဖြန့်ဝေပေးကြပါသူငယ်ချင်းများခင်ဗျာ..ရန်ကုန်မြို့(သန်လျှင်)မြန်မာနိင်ငံရေးကြောင်းတက္ကသိုလ်အနီး..အာမခံဖြင့်ကုသပေးနိင်ပြီးဖြစ်ကြောင်း.

Shared from Zinmin Tun

သင်ခန်းစာယူတတ်ခြင်း

လူဆိုတာ ပတ်ဝန်းကျင် အသိုင်းဝန်းနဲ့ဆက်ဆံနေရတဲ့သူတွေဖြစ်တယ်။ ပတ်ဝန်းကျင်ဆိုတာလည်း လူ့လောကအတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံပေါင်းသင်းတဲ့အခါ တခါတလေ ပြဿနာဆိုတာ ရှိလာတတ်တာဟာသဘာဝပဲ။ အဲလိုအခါမျိုးမှာ မိမိတို့ဟာ ကိုယ့်အကြောင်းထက်
သူတပါးမဟုတ်တာတွေချည်း တွေးကြတာများတယ်။
ကိုယ့်အကြောင်းပြန်လည် သုံးသပ်တဲ့သူနည်းတယ်လို့ဆိုရမယ်။ ဒီလိုပြဿနာဖြစ်လာတဲ့အခါ ငါဘာလုပ်သင့်တယ်။ ဘာလုပ်ရမယ်ဆိုတာ ပြန်လည်သုံးသပ်တဲ့သူဟာ ရေရှည်မှာအမှားနည်းတဲ့ သူတစ်ယောက်ဖြစ်လာတယ်။ ပြဿနာနည်းတဲ့သူတစ်ယောက်ဖြစ်လာတယ်။ အသိဥာဏ်တွေ တိုးတက်လာတယ်။ မြင့်မားလာတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရမှာမကြောက်တော့ဘူး။ ငါဘာလုပ်သင့်တယ်။ ဘာလုပ်ရမယ်ဆိုတာ နားလည်တယ်။ သိလာတယ်။ သဘောပေါက်လာတယ်။
(“ဌေး”သာမဏေကျော်ဆရာတော်)

Sunday, July 29, 2012

ငါ့ကိုဝေဖန်တဲ့သူက ညဏ်ပညာရှိတဲ့သူ ဟုတ်သလား?


နည်းနည်းကြီးလာတော့ ဘုန်းကြီးက စဉ်းစားကြည့်တယ်။ ကိုယ်ကလုပ်တာ၊ ကိုင်တာ၊ တကယ်လွဲနေတာရှိလို့ ကိုယ့်ကိုဝေဖန်ကြတာလည်း ရှိမယ်။ ဝေဖန်တဲ့လူက ညဏ်ပညာရှိတဲ့သူ၊ မေတ္တာ ကရုဏာကြီးတဲ့သူ ဖြစ်တယ်။ ကိုယ့်ကို တမင်တကာ အနိုင်ယူချင်လို့ အဟုတ်ဘဲနဲ့ နှိပ်စက်ချင်လို့ မဟုတ်ဘဲနဲ့ တကယ်ကောင်းစေချင်တဲ့ စေတနာနဲ့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ အေးအေးဆေးဆေးလေး ပြောတယ်ဆိုရင်တော့ လက်ခံနိုင်တယ်။

ဒါကြောင့် ကိုယ့်ကိုဝေဖန်တဲ့အခါ ငါ့ကိုဝေဖန်တဲ့သူက ညဏ်ပညာရှိတဲ့သူ ဟုတ်တလား။ မေတ္တာ ကရုဏာကြီးတဲ့သူ ဟုတ်တလား။ အကယ်၍ အဲဒီပုဂ္ဂိုလ်က ညဏ်ပညာ ကြီးတဲ့သူဟုတ်တယ်။ သူကိုယ်တိုင်လည်းပဲ နေတာ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာမှာ တတ်နိုင်သလောက် တရားနဲ့ညီတယ်။ ကိုယ့်ကို ပြောတဲ့အခါမှာလည်းပဲ အနိုင်ယူချင်လို့လည်း မဟုတ်ဘူး။ အရှက်ခွဲချင်လို့လည်း မဟုတ်ဘူး။ လူကြားထဲမှာလည်း မပြောဘူး။ အေးအေးဆေးဆေး ဆုံးမတယ်ဆိုရင်တော့ လက်ခံတယ်။
ပညာရှိတဲ့သူတွေက မေတ္တာကရုဏာကြီးကြီးနဲ့ ကိုယ့်ကိုဆုံးမတဲ့အခါမှာ ကိုယ့်အပြစ်ကို ထောက်ပြတဲ့အခါမှာ သူတို့စကားကို လေးလေးနက်နက် ခံယူပါတယ်။ နားထောင်ပါတယ်။ အကယ်၍ ပညာမရှိတဲ့သူက ကိုယ့်ကို တမင်တကာ အပြစ်ရှာချင်လို့၊ ကိုယ့်ကို ဂုဏ်သိက္ခာ တမင်တကာကျအောင် လုပ်ချင်လို့၊ ကိုယ့်ကွယ်ရာမှာ ကိုယ့်အကြောင်း မဟုတ်တာတွေ လျှောက်ပြောနေတယ်ဆိုရင် ဘာလုပ်ရမလဲ..။ 

အရင်တုန်းကလိုဆိုရင်တော့ ဘုန်းကြီးက တစ်ယောက်ချင်းလိုက်တွေ့ပြီး ရှင်းမှာပဲ။ အခုတော့ ဘာလုပ်သလဲဆိုတော့ “ဘာမှမလုပ်ဘူး” ။ သူ့တို့ဟာသူတို့ ပြောချင်လို့ပြောတာ၊ ပြောပစေတော့ဆိုပြီးတော့ ထားလိုက်တော့တာပဲ။
ဆရာတော်ဦးဇောတိက ( ဆရာတော်ဦးဇောတိက၏ “ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း” စာအုပ်မှ ဖြစ်ပါသည်)

Shared from နှလုံးသားအာဟာရ

သစ္စာနှင့် တာဝန်

အို နာ သေမှု အစရှိတဲ့ လူသဘာဝ အတိုင်း ဖြစ်ပျက်နေတဲ့ သင်္ခါရဓမ္မတွေကို မကျေ နပ်စရာ(အပ္ပိယ) လို့ စွဲလမ်းနေသမျှ " မုန်း ဆုံ" ဒုက္ခနဲ့ ကြုံနေရမယ်။ ကျေနပ်စရာ (ပိယ) လို့ စွဲလမ်းနေရင်လည်း"ချစ်ကွဲ" ဒုက္ခနဲ့ ကြုံနေရမယ်။ မရနိုင်တာကို လိုချင် စွဲလမ်း နေသမျှ "လိုတာမရ"တဲ့ ဒုက္ခ နဲ့ ကြုံနေရမယ်။
သစ္စာလေးပါးလုံးမှာပဲ တစ်ပါး တစ်ပါးစီမှာ"သစ္စ၊ ကိစ္စ၊ ကတ" ဆိုပြီး အခြင်းအရာ သုံး မျိုးစိ ရှိပါတယ်။

သစ္စဉာဏ် ဆိုတာ အမှန်အတိုင်း နာယူသင်ကြားထားတဲ့ အသိပါ။

ကိစ္စဉာဏ်ဆိုတာ မဇ္ဈိမလမ်းအတိုင်း လျှောက်သူ တို့ရဲ့ လိုက်နာ ကျင့်သုံးရင်း သိလာမယ့် တာဝန်ပိုင်း အသိဖြစ်ပါတယ်။

ကတဉာဏ် ဆိုတာကတော့ တာဝန်ကျေပွန် ပြည့်စုံတဲ့ အတွက် ရရှိတဲ့ ရလာဒ် အသိပါပဲ၊

သာသနာသုံးပါးနဲ့ ပြောရရင် သစ္စဉာဏ် ဆိုတာ ပရိယတ္တိသာသနာ၊ ကိစ္စဉာဏ်ဆိုတာ ပဋိပတ္တိသာသနာ၊ ကတဉာဏ်ဆိုတာက ပဋိဝေဓသာသနာ လို့ ဆိုရပါလိမ့်မယ်။

နာယူသင်ကြားထားတာ ပရိယတ္တိက မှန်ကန်မှ မှန်ကန်တဲ့ အသိ=သစ္စဉာဏ်ဖြစ်သလို ကျင့်သုံးတဲ့ ပဋိပတ္တိ(ကိစ္စဉာဏ်) တိုးပွားပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်သိနဲ့ ပြီးပြည့်စုံတဲ့ ပဋိဝေဓ (ကတဉာဏ်)ကို ဆိုက်ေ၇ာက်နိုင်ကြမှာပါ။

ဒုက္ခသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)က ပရိညေယျ- ပိုင်းခြား သိရမယ့် တာဝန်ပဲ ရှိပါတယ်။ ပါးစပ်ဖျားမှာ နှုတ်ကျိုးနေတာက "ဒုက္ခ ချုပ်ငြိမ်းရေး"ဆိုတော့ ဒုက္ခချုပ်ငြိမ်းသွားအောင် ဒုက္ခကို ပယ်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ ဒုက္ခ ဆိုတာ သူ့ အကြောင်း အပြည့်အစုံ သိဖို့ပဲ လိုအပ်တယ် ဆိုတာကို "ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်းမှာ ပြခဲ့ပြီးပါပြီ။ သူ့အကြောင်း သိပြီးရင် ကိုယ်က ခွာစရာ မလိုဘဲ သူ့အလိုလို ချုပ်ငြိမ်းသွားတာပါ။

ဟုတ်ပါတယ်။ အိုတယ်၊ နာတယ်၊ သေတယ် ဆိုတာ သက်၇ှိ သင်္ခါရတို့ရဲ့ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန်မှုကို လူတွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များပါ။ သက်မဲ့ သင်္ခါရ တို့ကိုကျတော့ အိုမင်း ဆွေးမြည့် ပျက်စီးတယ်လို့ ပြောနိုင်ပါတယ်။ အမှန်ကတော့ ဖြစ် ပျက် ဖောက်ပြန် သဘောချည်းပါပဲ။ အဲဒီ အို နာ သေမှု စတဲ့ င်္သါရတို့ရဲ့ ဖြစ် ပျက် ဖောက်ပြန်မှု တွေ ကိုပဲ မကျေနပ်စရာ (အပ္ပိယ) လို့ စွဲလမ်းနေတဲ့အတွက် "မှန် ဆုံ" (အပ္ပိယေ ဟိ သမ္ပယောဂ) ဒုက္ခနဲ့ ကြုံရတယ်။ ကျေနပ်စရာ (ပိယ)လို့ စွဲလမ်းပြန်တော့ ချစ်ကွဲ(ပိယော ဟိ ၀ိပ္ပယောဂ) ဒုက္ခနဲ့ ကြုံရမယ်။ ကိုယ့်အလိုကျ မရနိုင်တဲ့ အရာကို လိုချင်စွဲ လမ်းနေသမျှ လိုတာမရ (ယံ ပိစ္ဆံ န လဘတိ) ဒုက္ခနဲ့ ကြုံတွေ့ရမယ်။ အဲဒီ အစွဲအလမ်းတွေ ချုပ်သွားရင် အဲဒီ ဒုက္ခတွေဟာလည်း "အရင်း လဲရင် အဖျား ထင်းဖြစ်" ဆိုသလို ချုပ်သွား မှာပဲမို့လား။

"ငပြူး"မှန်းသိရင် မကြောက်ရတဲ့အပြင် ငေါက်ချလို့တောင် ရပါယတ်။ အနိစ္စ=မမြဲဘူး၊ ဒုက္ခ=သည်းခံကျေနပ်စရာ မရှိဘူး၊ အနတ္တ= အလို မဖြစ်ဘူး ဆိုတာတွေဟာ သင်္ခါရတရား တွေကို ငေါက်ငမ်းနေတဲ့ သဘောမျိုးပါပဲ။ အကြောင်းစုံ သိပြီး သူမျာသာ ဒီလို ငေါက်နိုင်တာ ပါ။ "ငပြူး"မှန်း မသိဘဲနဲ့တော့သွား မငေါက်လိုက်လေနဲ့၊ "မြို့ပိုင်မင်းကွ"ဆိုပြီး ထ ဟောက်လို့ ပြေးပေါက် မှားနေမယ်။

ဒုက္ခချုပ်ဖို့အတွက် တကယ်ပယ်ရမှာက သမုဒယ လို့ခေါ်တဲ့ တဏှာပါ။ ဒါကြောင့် သမုဒယသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)ကိုတော့"ပဟာတဗ္ဗံ= ပယ်ရမယ်"လို့ ညွှန်ကြားပါတယ်။

တဏှာ သမုဒယကို ဘုရားရှင် ကြုံးဝါး ပယ် သတ်တော်မူပုံကတော့-

"ဟယ် ကာမ.. သင်ရဲ့ အရင်းမူလကို ငါ တွေ့မြင်ပြီ၊ အာရုံတွေ အပေါ်မှာ ဟိုဟို ဒီဒီ ကြံစည် စိတ်ကူးခြင်း (ကာမသင်္ကပ္ပ)ကြောင့် သင်ကာမ ဖြစ်ပေါ်ခွင့် ရနေတာ။ အဲဒီ အကြံတွေကို ငါ မကြံစည်တော့ဘူး၊ ဒါကြောင့် ငါ့ သန္တာန်မှာ သင်ကာမ ဖြစ်ခွင့် မရှိတော့ဘူး"တဲ့။

ကာမတဏှာ ဆိုတာ တရားကိုယ် သဘောအရ လောဘ စေတသိတ်ပါ၊ စေတသိက်ဆိုတာ သူ့ချည်းဖြစ်ပေါ် နေနိုင်စွမ်းမရှိပါဘူး၊ စိတ်ကို မှီပြီးမှ ဖြစ်နိုင်တာပါ။ ကြံစည်မှု(သင်္ကပ္ပ)ဆိုတာ လည်း အတူတူပါပဲ၊ သူတို့ရဲ့ ဆရာကြီးဖြစ်တဲ့ အ၀ိဇ္ဇာဆိုတာလည်း မောဟ စေတသိတ်ပါပဲ၊ အားလုံးဟာ စိတ်ကို မှီခိုကပ်ရပ်ပြီး ဖြစ်နေရတဲ့ တရားချည်းပါပဲ၊ ကိုယ်ပိုင် သီးခြား ဖြစ်တည် နေနိုင်တဲ့ တရားတွေ မဟုတ်ကြပါဘူး။

ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်ကြီးက "စဉ်းစားကြည့်လိုက်ရင် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်းမရှိဘဲ စိတ်ကို မှီခိုကပ်ရပ်နေရတဲ့ အိုးခြေမဲ့ အိမ်ခြေမဲ့၊ ခြေသလုံးအိမ်ပါ၊ ရေမျောကမ်းတင်လိုဖြစ်တဲ့ ဒီတဏှာက ခြယ်လှယ်သမျှကို ခံပြီး အိုးနဲ့ အိမ်နဲ့၊ အခြေအနေနဲ့ နေနိုင်ကြတဲ့ တို့တစ်တွေ သံသရာမှာ ချာလပတ် ယမ်းနေကြရတယ် ဆိုတာ တကယ်တမ်း သိလာရင် ရှက်စရာတောင် ကောင်းတယ်။ ဒါပေမဲ့ ခုတော့ ဘယ်သူမှ ရှက်ရကောင်းမှန်း မသိကြသေးတာက ခက်တယ်" လို့ မိန့်ကြား ဖူးပါတယ်။

တဏှာကာမကို ပယ်ဖို့အတွက် သူတွယ်တာနေတဲ့ အာရုံတို့ရဲ့ သဘောအမှန်ကို သိလာအောင် သတိက ရှေ့ဆောင်ပြီး မပြတ်ကြည့်ပေးနေရတာပါ။ သတိနဲ့ မပြတ်စောင့်ကြည့်တာကိုပဲ အသိ တရား တိုးပွားအောင် အားထုတ်တာဖြစ်လို့" တရားအားထုတ်တယ်"လို့ ဆိုကြပါတယ်။ ထိုင်တာ၊ ရပ်တာ၊ လျောင်းတက စပြီးတော့ ဘယ်အလုပ်မျိုးမဆို အသိပွားအောင် သတိထား နေတာ မှန်သမျှ တရားအားထုတ်နေတာချည်းပါပဲ။

သဘောပေါက်ထား စေချင်တာကတော့ အသိတရား တိုးပွားဖို့ ဆိုတာ သူများ အသိကို ငှားပြီး ပွားလို့မရပါဘူး။ ကိုယ်ပိုင် အသိဖြစ်မှ ပွားလို့ ရပါတယ်။ ဒါကြောင့် စပြီး တရားအား ထုတ်ကတည်းက "အနိစ္စ အနိစ္စ "နဲ့ လုပ်နေတာဟာ ကိုယ်တိုင် သိတဲ့ "အနိစ္စ" မဟုတ်ဘဲ သူများ ပြောသံကြား အငှား အနိစ္စချည်း ဖြစ်တဲ့အတွက် ပွားလို့ မရပါဘူး။

ဘုရားရှင်ကတော့ စပြီး သတိထားချိန်မှာ "ဘူတံ ဘူတော ပဿတိ= ကိုယ့်အသိမှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ပါ" လို့ ညွန်ကြားပါတယ်။ ဒီအချိန်မှာ"ရှုမှတ်တယ်" ဆိုတာ ပညာမဟုတ်သေးပါဘူး၊ "သညာ"လို့ ခေါ်ပါတယ်၊ အမှတ်သညာ များပြီး ခိုင်မြဲ လာရင် သတိထင်ရှားလာပါတယ်။ ဒါကြောင့် "သတိ ထိရ သညာပဒဋ္ဌာနာ= သတိဖြစ်ရေးမျာ ခိုင်မြဲတဲ့ သညာဟာ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်တယ်"လို့ ဟောတော်မူတာပါ။ သတိမြဲလာမှ အသိက ပွားလာတာပါ။

နောက်တစ်ခုက "အရှုခံ နဲ့ ရှုဉာဏ်" ဆိုတဲ့ စကားပါ၊ သမာဓိသိက္ခာ စတင်ထူထောင် တဲ့ တရားအားထုတ်စမှာ အရှုခံဆိုတာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတဲ့ အာရုံတစ်မျိုးမျိုးပါ။ အဲဒီအာရုံကို ရှုမှတ်နေတာကလည်း "ဉာဏ်"မဟုတ်သေးပါဘူး၊ "သတိ"သာ ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာန သုတ်မှာ ဘုရားရှင် ဟောတော် မူတာကို သေသေ ချာချာ လေ့လာ ကြည့် ရင် သဘောပေါက်ပါလိမ့်မယ်။

သတိထားတဲ့အကျင့် အားကောင်းလာလို့ သတိထားတဲ့အဆင့် ရောက်လာတော့မှ မမြဲဘူးဆိုတဲ့ အနိစ္စသဘော၊ အလိုကျမဖြစ်ဘူး ဆိုတဲ့ အနတ္တသေဘာတို့ကို ကိုယ်တိုင် သိလာတာပါ။ အဲဒီအဆင့် ရောက်တဲ့အခါ အရှုခံ က သင်္ခါရ (ဒုက္ခသစ္စာ) ရှုတာက " ဉာဏ်"ဖြစ်လာပါပြီ။

သတိနဲ့ ရှုမှတ်စရာ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆို တဲ့ သီးသန့် ၀ိသေသ သဘောတို့ကို ရှုမှတ်ရတာ ဖြစ်လို့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့ ၀ိသေသ လက္ခဏာ များကိုပဲ သိနေပါတယ်။ "ဖြစ် ပျက်" သို့မဟုတ် "အနိစ္စ ဒုက္ခ အနတ္တ" လို့ မသိသေးပါဘူး။ ဘူတံ ဘူတတော ပဿတိ= မိမိ စိတ်အစဉ်မှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ရမယ်" ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ သဘောများကို ထင်လာတဲ့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့သဘောများကို ထင်လာတဲ့အတိုင်းသာ ရှုမှတ်ရမှာ ပါ။

ငါ့ကိုတွန်းတယ်၊ တိုးတယ်၊ ငါပူတယ်၊ ငါအေးတယ် ဆိုပြီး "ငါ"ဆိုတဲ့ အစွဲလည်း မပါဘူး၊ ပစ္စပ္ပန်ကျကျ ထင်လာတဲ့ အတိုင်းပဲ ရှုရမှာပါ။ မိမိစိတ်အစဉ်မှာ ထင်မြင်မလာသေးတဲ့ ဖြစ်ပျက် တို့၊ အနိစ္စ ဒုက္ခ အနတ္တတို့၊ ရုပ်တို့ နာမ်တို့ စတဲ့ သူတစ်ပါး ပြောသံကြားတွေ ကိုလည်း အငှားနဲ့ ရှုမှတ်လို့ မရပါဘူး။ "ပစ္စုပ္ပန်ကျကျ" ဆိုတာ မိမိစိတ်အစဉ်မှာ ထင်လာခိုက်မှာ ထင်လာတဲ့ အတိုင်း သာ ရှုမှတ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံးတရားဦး ဒေသနာရယ်၊ ၀ိပဿနာလုပ်ငန်း အကျယ်ပြရာ ဖြစ်တဲ့ မဟာသတိပဋ္ဌာနသတ်ုရယ်၊ ပရိနိဗ္ဗာန်ပြုခါနီး နောက်ဆုံး မှာတမ်း စကား တော် နှစ်ခွန်းရယ်တို့ကို ခြုံငုံပြီး နည်းနည်း ပြောချင်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမှာတမ်း စကားတော် ပထမ တစ်ခွန်းက "၀ယဓမ္မာ သင်္ခါရာ = သင်္ခါရ တရားတွေဟာ ပျက်ခြင်းသဘော ရှိကြတယ်" တဲ့။ ဒါဟာ ၀ိပဿနာနယ် ပယ် အနေနဲ့ ပြောရမယ်ဆိုရင် "အရှုခံ" တရားများကို ညွန်ပြလိုက်တာပါ။

ဒါဖြင့် အဲဒီ သင်္ခါရတရားတွေ အပေါ် ဘယ်လို သဘောထားကြရမှာလဲ ဆိုတော့- "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"တဲ့။ သတိနဲ့ မပြတ်ကြည့်ရှု သုံးသပ်ကြလို့ တိုက်တွန်းမှာကြားတာပါ။

ဒီစကားနှစ်ခွန်းဟာ အရှုခံ တရားနဲ့ ရှုမှတ်ရမယ့် တရားတို့ကို အကျဉ်းချုပ် ဖော် ညွန်း ဆုံးမတော်မူလိုက်ခြင်း ဖြစ်ပါတယ်။

ဒီမှာတမ်းစကားတော်နဲ့ ပတ်သက်လို့ အဋ္ဌကထာ ဆရာက "ကိစ္စအားလုံးတို့ကို သတိနဲ့ မကင်းစေဘဲ ပြည့်စုံစေရမယ်"လို့ ဖွင့်ပြပါတယ်။ အဲဒီစကားကိုပဲ ဋီကာဆရာကတော့ "အပ္ပမာဒ ဆိုတဲ့ သတိတရားက အနက်အဓိပ္ပာယ် အားဖြင့် (၄၅)၀ါပတ်လုံး ဟောကြား တော်မူခဲ့တဲ့ ဘုရားရှင်စကားတော်အားလုံးကို သိမ်းယူနိုင်တဲ့တွက် ဒီစကားကို မိန့်မှာခဲ့ခြင်း ဖြစ်တယ်" လို့ ကောက်ချက်ချပြီးတော့မှ "သတိ´ဆိုတာ ဒီနေရာမှာ´ဉာဏ်နှင့်ယှဉ်တဲ့ သတိ´လို့ အနက်အားဖြင့် မှတ်ယူရမယ်၊ သတိက ဦးဆောင်မှုအရ လွန်ကဲတဲ့ အတွက် ကြောင့် ´သတိမကင်းစေဘဲ´လို့ ဆိုရတာ ဖြစ်တယ်"လို့ ရှင်းလင်း ဖွင့်ဆိုပြပါတယ်။

ပဓာနနည်းအားဖြင့်"သတိ"လို့ ဆိုပေမယ့် မကင်းကောင်းတဲ့ သဘောအရ သဒ္ဓါ´၀ီရိယ´ သမာဓိ´ ပညာ´တို့လည်း အကူအနေနဲ့ ပါရမယ်လို့ ဆိုလိုပါတယ်။

ဒါကြောင့်လည်း ရှေးဆရာတော်များက "အပ္ပမာဒေနကို မမေ့ မလျော့ မပေါ့ မဆတဲ့ သတိတရားနှင့်"လို့ မြန်မာပြန်ကြတာပါ။ " မမေ့" ဆိုတာ သတိတရားကို ပြောတာ၊ "မလျော့" ဆိုတာ ၀ီရိယတရားကို ဆိုလိုတာပါ၊ "မပေါ့"ဆိုတာ သမာဓိတရားကို ပြောတာပါ။ ဟုတ်ပါတယ်၊ စိတ်ကထားရမယ့် အာရုံအပေါ်မှာ မထားဘဲ ဟိုဟိုဒီဒီ ရောက်နေတာကို ပေါ့ဆယ်၊ ပေါ့လျော့တယ်လို့ ဆိုရတာ ဖြစ်လို့ "မပေါ့နဲ့" ဆိုတာ စိတ်က ဟိုအာရုံ ဒီအာရုံတွေ ဆီ ရောက်မနေဘဲ မိမိရှုမှတ်ရမယ့် အာရုံတစ်ခုတည်း အပေါ်မှာ ကျရောက်တဲ့ ဧကဂ္ဂတာ (သမာဓိ)နဲ့ လည်း ပြည့်စုံရမယ်လို့ ဆိုလိုတာပါပဲ။ "မဆ"ဆိုတာကတော့ လောကမှာ ယုံကြည် မှုအရ ဖြစ်စေ၊ သိမြင်မှုအရ ဖြစ်စေ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေတာကို "ချိန်ဆနေတယ်"လို့ ပြောကြပါတယ်၊ "မဆနဲ့"ဆိုတာက အဲဒီလို မဆုံးမဖြတ် ချိန်ဆမနေဘဲ ခိုင်မာတဲ့ ယုံကြည်မှု ပီပြင်တဲ့ သိမြင်မှုနဲ့ ပြည်စုံရမယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် "မဆနဲ့"ဆိုတဲ့ စကားက သဒ္ဓါတရား´ ပညာတရားတို့နဲ့တော့ "သဒ္ဓါ, ၀ီရိယ,သမာဓိ,ပညာ အခြံအရံပါတဲ့ သတိတရားနဲ့ ပြည့်စုံအောင်ထားပြိး ရှုမှတ်နေကြ"လို့ တိုက်တွန်းလိုရင်းပဲ ဖြစ်ပါတယ်။

ဒါဖြင့် ဒီမှာတမ်းတော်အရဆိုရင် သင်္ခါရအားလုံး ကိုပဲ ရှုမှတ်ရမှာလား ဆိုတော့ "ဘူတံ ဘူတတော ပဿတိ" ဆိုတဲ့ စကားအတိုင်း မိမိ စိတ်အာရုံထဲမှာ ထင်လာတဲ့ သင်္ခါရကိုသာ ရှုရမှာပါ။ ပစ္စပ္ပန်လည်းကျ ၊ မိမိ အဇ္ဈတ္တမှာလည်း ထင်မြင်မှသာ ရှုလို့ ရမှာပါ။

ဒါကို သဘောပေါက်ဖို့ အတွက် တရားကို ဘာဖြစ်လို့ ရှုမှတ်ပွားများရသလဲ ဆိုတာက စပြီး စိစစ်သင့်ပါတယ်။

တရားဦးမှာ ဟောတော်မူတာကို ခြုံငုံကြည့်မယ်ဆိုရင် ၀ိပဿနာ ရှုမှတ်ပွားများ ရတာဟာ ဒုက္ခသစ္စာဖြစ်တဲ့ သင်္ခါရ တရားတွေကို "ဒုက္ခသစ္စာပဲလို့"ကိုယ်တိုင် သိမြင် ဆုံးဖြတ်နိုင်အောင် ရှုမှတ်ရတာပါ။ သစ္စာအနေနဲ့ ပြောရရင် သင်္ခါရဆိုတာ ဒုက္ခသစ္စာ နောက်ဆုံးပိုဒ်မျာ " သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ"ဆိုတဲ့ စကားကို အထူးအလေးအနက် ထားရပါလိမ့်မယ်။

"ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်တယ်" ဆိုတဲ့ စကားကို ထောက်ဆ ကြည့်ရင် "ဥပါဒါန် စွဲလမ်းခြင်း မရှိတဲ့ ခန္ဓာငါးပါးစာ ဒုက္ခကင်းလွတ်နေတယ်" ဆိုတဲ့ အဓိပ္ပယ်ရပါတယ်။

ဒီစကားရပ်ဟာ " ဥပါဒါန်စွဲကပ်ခြင်း မရှိတဲ့ ခန္ဓာငါးပါးကို ၀ိပဿနာ ရှုလို့ မရဘူး။ ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးကိုသာ ၀ိပဿနာ ရှုရမယ်" လို့ ၇ှုကွက်ကို အတိအကျညွန်ပြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဝိပဿနာ ရှုရတာ အစွဲ ဥပါဒါန် ကင်းလွတ်ဖို့ ဖြစ်တယ်။ အစွဲ ဥပါဒါန်ဟာဘယ်ကနေ ကင်းလွတ်ရမှာလဲ ဆိုရင် ကိုယ် စွဲနေတဲ့ အာရုံ(ခန္ဓာ) က လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စွဲနေတဲ့ အာရုံ(ခန္ဓာ) ကိုသာ ၇ှုရမယ်။ မစွဲတဲ့ အာရုံ(ခန္ဓာ) ကိုတော့ စွဲမှ မစွဲဘဲ ဘာဖြစ်လို့ ရှုနေရမှာလဲ။ အဲဒီလို ရှင်းရှင်းလေး သဘောပေါက်ရမှာပါ။

ဒါကြောင့်မိမိစိတ်အစဉ်မှာ ပါမြင်တယ်၊ ငါကြားတယ်၊ ငါ့ကို တိုးတယ်၊ တွန်းတယ်၊ ငါ ထွက် ရှုထုတ်တယ်၊ ငါ ၀င်လေ ရှိုက်သွင်းတယ်၊ ငါပူတယ်၊ ငါအေးတယ်၊ ငါထုံတယ် စသည် စွဲထင်နေတဲ့ အာရုံကို ထင်လာတဲ့ အတိုင်း ရှုမှတ်ပွားများရမယ်။ ဘယ်အတွက် ရှုမှတ်ရမှာ လဲ ဆိုရင် အဲဒီ ငါ၊ ငါဥစ္စာလို့ ထင်မှတ်စွဲလမ်းနေမှုမှ ကင်းလွတ်သွားအောင် လို့ ၇ှုရမှာပါ။

ဘာနဲ့ ရှုမှတ်ရမှာလဲ ဆိုရင်တော့ သတိပဋ္ဌာန် အရာဖြစ်လို့ သတိက ဦးဆောင်ပြိး သဒ္ဓါ, ၀ီရိယ, သမာဓိ, ပညာတို့ရဲ့ အကူအညီနဲ့ ရှုရမှာ ဖြစ်ပါတယ်။

ဒီလို ရှုမှတ် ပွားများလို့ မိမိရှုမှတ်တဲ့ အာရုံပေါ်မှာ စိတ်တည်ကြည်မှု အား ကောင်းလာပြီ (စိတ္တ၀ိသုဒ္ဓိ ဖြစ်လာပြီ)ဆိုရင် ငါ, ငါ့ဥစ္စာလို့ ထင်နေတဲ့ အရာတွေက အသိခံ(သိစရာအာရုံ) တွေဖြစ်ပြီး ၊ အဆင်း အသံ စသည်တို့၊ ပူမှု၊ အေးမှု၊ တွန်းမှု၊ တိုးမှုတို့ ထွက်လေ ၀င်လေတို့ ဆိုရင် ဒီအာရုံတွေဟာ ရုပ်တွေဖြစ်တယ်။ အဲဒါကို သိသိနေတဲ့ သဘောက နာမ်တရားဖြစ် တယ်လို့ သဘောပေါက် လာမှာပါ။

အဲဒီ အခြေအနေ ရောက်လာပြီ ဆိုရင် သတိ ဦးဆောင်မှုနဲ့ နေရာကို ပညာက လွှဲ ပြောင်းယူပြီး ဦးဆောင်စ ပြုလာပါပြီ။ ဆက်ပြီး ရှုမှတ်ပွားများမယ်ဆိုရင် အရှုခံဖြစ်တဲ့ ရုပ်အာ ရုံ တွေ ဟာလည်း ခဏမစဲ ပြောင်းလဲ ဖောက်ပြန်နေတဲ့ အနိစ္စသဘော၊ အပျက်ဘေး မကင်းတဲ့ ဒုက္ခသဘော၊ ကိုယ့် အလိုကျ မဟုတ်ဘဲ သူ့သဘော သူဆောင်ပြီး ဖြစ်နေတယ်ဆိုတဲ့ အနတ္တ သဘော ရှိတယ်လိုံ သိလာရင် ၊ ရှုမှတ်သိမြင်နေတဲ့ သဘောကလည်း အာရုံက ဖော်ပြပေးတဲ့ အတိုင်းသာ လိုက်ပြိး သိနေတာဖြစ်လို့ အာရုံနည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ရှိတယ် လို့ပဲ သိမြင် လာမှာ ဖစ်ြပါတယ်။ ဒီလို အမြင် စင်ကြယ်လာတာကို ဒိဋ္ဌိဝိသုဒ္ဓိလို့ သတ်မှတ် ပါတယ်။

အရှုခံက မိမိ စွဲလမ်းရာ သင်္ခါရ ဒုက္ခသစ္စာတရား ဦးဆောင် ရှုမှတ်နေတာက သတိတရား။[/B]

သတိ ထိရသညာပဒဋ္ဌာနာ- ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ စွဲထင်မှတ်သားထားတဲ့ အမည်သညာ အတိုင်း မြင်တယ်၊ ကြားတယ်၊ ပူတယ်၊ အေးတယ် စတဲ့ အမည်သညာနဲ့ စပြီး ရှုမှတ်ရ ပါ တယ်။ အမှတ်သညာ ခိုင်မြဲမှ သတိ ခိုင်မြဲပါတယ်။

သတိ ခိုင်မြဲလာမှ အာရုံကို စူးစိုက်တဲ့ သမာဓိ အားကောင်းလာပြီး ထိုးထွင်းသိမြင်တဲ့ ပညာ ဖြစ်ပေါ်လာပါတယ်။

ပညာတရားက ရုပ်ပဲ၊ နာမ်ပဲလို့ ခွဲခြား သိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘော လကဏ္ခဏာကို ထိုးထွင်းသိခြင်း ကိစ္စများကို ဆောင်ရွက်ပါတယ်။

သတိ ဦးဆောင်ပြီး ရှုတယ်၊ ပညာ ဦးဆောင်ပြီး သိတယ်လို့ အတိုချုပ် သဘော ပေါက်နိုင်ပါတယ်။

အနိစ္စ ဒုက္ခ အနတ္တ ဆိုတာဟာ သင်္ခါရတို့ရဲ့ ဘုံလက္ခဏာ ဖြစ်ပါတယ်။ (သာမညလက္ခ ဏာလို့လည်း ခေါ်ပါတယ်) ဘုံလက္ခဏာကို သိမြင် လာချိန်မှာ အရှုခံတို့ ဟာလည်း ကာယ စိတ္တ စတဲ့ ကိုယ်ပိုင် သဘောမျိုး မဟုတ်တော့ပဲ သင်္ခါရ ဆိုတဲ့ ဘုံသဘော ဆောင်လာပါတယ်။ သင်္ခါရ ဆိုတဲ့ ဘုံသဘောဖြစ်လာတဲ့ အခါ " သဗ္ဗေ သင်္ခါရာ ဒုက္ခာ" အရ ဒုက္ခသစ္စာ အရှုခံ တရား ဖြစ်သွားပါပြီ။ ဒါဟာ အထွတ်အထိပ်ရောက်တဲ့ ၀ိပဿနာဉာဏ် ဖြစ်တာပါပဲ။ ဒါကြောင့် မဂ်ရဲ့ရှေ့ ပြေး အနီးကပ် ဖြစ်တဲ့ ၀ိပဿနာဉာဏ် မှာ ဒုက္ခသစ္စာက အရှုခံ ဖြစ်ပြီး၊ ရှုတာက ၀ိပဿနာဉာဏ် လို့ ဆိုရပါတယ်။ အရှုခံက ဒုက္ခသစ္စာ ဖြစ်သွားလို့ အနုပဿနာ အနေနဲ့ ပြောရရင် ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ "မဂ်ဉာဏ်မှန်သမျှ ဓမ္မာနုပဿနာနဲ့ချည်း ရတာ ဖြစ်တယ်" လို့ ညောင်လ၊ွန့်နည်း ကမ္မဋ္ဌာန်းပြ ဖြစ်တဲ့ မော်လမြိုင် ရွှေပရိယတ္တိဆရာတော် မိန့်ကြားတာဟာ ဒိသဘောကို ပြောတာပါပဲ။

ထားပါတော့၊ အမည်အမျိုးတွေ ခွဲခြားတာက ပညာရှင်တွေရဲ့ အလုပ်ပါ။ တကယ် မဇ္ဈိမ လမ်း သွားနေ သူများ အနေနဲ့တော့ သတိထားပြီး မပြတ်ရှု၊ ရှုပါများတော့ မြင့်၊ မြင်ပါများတော့ ရိုးအီပြီး ငြီးငွေ့၊ ငြီးငွေ့တော့ အစွဲကွာ၊ အစွဲကွာတော့ လွတ်မြောက်၊ (ဧ၀ံ ပဿံ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ၊ ၀ါရာဂါ ၀ိမုစ္စတိ) ဆိုတာ ဖြစ်အောင် မပြတ် ရှုမှတ် နေဖို့သာ အဓိကပါ။ အစွဲ(တဏှာ) ကွာကျသွားပြီဆိုရင် ဘယ်လို လောကီအာရုံ မျိုးကမှ လွှမ်းမိုးချုပ်ချယ်နိုင်စွမ်း မရှိတော့တွဲ အတွက် လွတ်မြောက်တယ်လို့ ဆိုတာပါ။ အာရုံလွှမ်းမိုးမှု ကင်းသွားရင် ဒုက္ခဆိုတာလည်း ချုပ် ငြိမ်းသွားတာပါပဲ၊ ဒီလို လွတ်လပ်ငြိမ်းအေးမှုကို သူပြောနဲ့ ယုံကြည်တာ မဟုတ်ဘဲ ကိုယ်ကြုံ ကိုယ်သိ ခံစားခွင့် ရရှိတာဟာ မျက်စိရှေ့မှောက် ရောက်နေတဲ့ အရာဝတ္ထုကို တွေမြင်ရသလို ထင်ထင်ရှားရှားကြီး တွေ့ကြုံနေရတာဖြစ်လို့ " မျက်မှောက်ပြုတယ်"လို့လည်း ဆိုကြပါတယ်။

ဒုက္ခခုပ်ငြိမ်းရာ နိရောဓသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ တာဝန်က လုပ်ဆောင်ရတဲ့ တာဝန် မဟတ်ုပါဘူး၊ အလုပ် တာဝန် ကျေပွန်တဲ့ လုပ်ခအကျိုး အဖြစ် မျက်မှောက်ြ့ပုရုံပါပဲ။

သစ္စာလေးခုမှာ တာဝန်လေးမျိုး ပြထားပေမယ့် တကယ်ဆောင်ရွက်ရမှာကတော့ မဇ္ဈိမ အကျင့်ဖြစ်တဲ့ မဂ္ဂင် ရှစ်ပါး(မဂ္ဂသစ္စာ)ကို ပွားများခြင်း တစ်ခုတည်းသာ ဖြစ်ပါတယ်။ မဂ္ဂသစ္စာကို ပွားများတဲ့ တာဝန် ကျေပွန်ပြည့်စုံတာနဲ့ တစ်ပြိုင်နက် ဒုက္ခသစ္စာကို ပိုင်းခြား သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း တာဝန်(ကိစ္စ) များ လည်း တစ်ပြိုင်နက် ပြီးပါတယ်။ သိ,ပယ်,ဆိုက်,ပွား ,လေးပါး ကိစ္စ တစ်ပြိုင် နက် ပြီးစေ နိုင်စွမ်း ရှိလို့ မဂ်ဉာဏ်ကို တစ်ချက်ခုတ် လေးချက်ပြတ်တဲ့ ဓားသန်လျက်နဲ့ ဥပမာ ပေးကြ ပါတယ်။

ဒီနေရာမှာ အဘိဓမ္မာသဘောနဲ့ သုတ္တန်သဘောတို့ နှီးနှောပြီး သိထိုက်တာလေးလည်း ရှိနေပါတယ်။ အဘိဓမ္မာ သဘောအရ "သိတယ်"ဆိုတာ မိမိအာရုံပြုတဲ့ အရာ ကိုသာ သိတာ ပါ၊ မဂ်ဉာဏ် ဆိုတာ နိဗ္ဗာန်ကိုသာ အာရုံပြုတဲ့အတွက် "နိဗ္ဗာန်"ကိုသာ သိသင့်တယ်၊ ဘာဖြစ်လို့ ဒုက္ခသစ္စာကို သိနိုင်သလဲ ဆိုတာပါပဲ။ မတွေမဝေ (ပိုင်ပိုင်နိုင်နိုင်) ထိုးထွင်း သိခြင်း ကိစ္စ ပြီးပြည့်စုံတဲ့အတွက် သင်္ခတဓမ္မ အားလုံးကို ထိုးထွင်း သိမြင်တယ်လို့ ဆိုတာပါ၊ "ကိစ္စ" အားဖြင့် ပိုင်းခြား သိတယ်လို့ ဆိုလိုပါတယ်။ (သီ၊ဋ္ဌ၊ ၂၄၈)

ဒီလို သိသွားတဲ့အတွက် အရင်က ကြားတောင် မကြားဘူးတဲ့ သစ္စာလေးပါး တရားတို့နဲ့ ပတ်သက်လို့ မျက်စိလည်မှုကင်းပြီး အမြင်ရှင်းပြီ( စက္ခုံ ဥဒပါဒိ) အမြင် ရှင်းတဲ့အတွက် အသိ လည်း မှန်ပြီ ( ဉာဏံ ဥဒပါဒိ)၊ ခွဲခြမ်းစိတ်ဖြာ သိစရာများကိုလည်း ပိုင်းပိုင်းခြားခြား သိမြင်ပြီ ( ပညာ ဥဒပါဒိ) အ၀ိဇ္ဇာမှောင်ခွင်းပြီး ထိုးထွင်း သိမြင်တဲ့ ၀ိဇ္ဇညဉာဏ် နဲ့ ပြည့်ုံပြီ။ ( (၀ိဇ္ဇာ ဥဒပါဒိ) အ၀ိဇ္ဇာအမှောင်ကင်းသွားတဲ့အတါက် ဉာဏ်အရောင် လင်းထိန်ခဲ့ပြီ၊ ( အာ လော ကော ဥဒပါဒိ) ဆိုတဲ့ ဂုဏ်ပုဒ်များဟာ မဇ္ဈိမ ခရိးဆုံးမှာ ရှိတဲ့ ပန်းတိုင်ရဲ့ သင်္ကေတ များပဲ ဖြစ်ပါတယ်။

သစ္စာတစ်ပါး တစ်ပါးမှာ သစ္စ၊ ကိစ္စ၊ ကတ ဆိုပြီး သုံးထပ် သုံးကျော့စီ ရှိတဲ့အတွက် သစ္စာ လေးပါးပေါင်းမှာ အထပ်အကျော့ (၁၂)ပါး ပြားပါတယ်။ " တိပရိဝဋ္ဋံ- သုံးပါးထပ်မံ သုံးကျော့ ပြန်ရှိသော "လို့ ပခုက္ကူ ဆရာတော် ပြန်ဆိုပါတယ်။ " ပထမ သစ္စဉာဏ် နဲ့ နာယူ ပြီး သိတယ်။ နောက် ကတဉာဏ်နဲ့ ကိုယ်တိုင် ကျင့်သုံးပြီး နာယူ သိကို တိုးပွားစေတယ်၊ နောက်ဆုံး ကတဉာဏ်နဲ့ ဆုံးဖြတ် သိပြီးတဲ့ အခါမှာတော့ ကိုယ်တိုင်သိ အဖြစ် တိုးတက် ပြောင်းလဲ ပြည့်စုံသွားပါတယ်။ အဲဒီလို အသိတွေ အထပ်ထပ် အကျော့ကျော့ ဖြစ်အောင် လုပ်ရတာကိုပဲ "ဘာဝနာ=ပွားများတယ်"လို့ ဆိုရတာ ဖြစ်ပါတယ်။

သုံးကျော့ သုံးလီ (၁၂)ပါးလုံး စင်ကြည်ပြည့်စုံ အောင် သိပြီးတဲ့အတွက် လောကသုံးပါး မှာ သဗ္ဗညူဘုရား အဖြစ် ၀န်ခံနိုင်ခြဲုံပီး ငါရဲ့ အရဟတ္တဖိုလ်ခေါ် ၀ိမုတ္တဉာဏ်ဟာလည်း ဆန့်ကျင် ဘက် တရားတို့ကြောင့် မလှုပ်မယိုင် မြဲခိုင်ခဲ့ပြီး၊ အခုဘ၀ ဖြစ်ရတဲ့ ဇာတိဟာလည်း နောက်ဆုံး လာဘိ နှစ်ခါမရှိတဲ့ ဇာတိပင် ဖြစ်တော့တယ် ဆိုတာ ကိုလည်း ဆင်ခြင် သိမြင်ပြီလို့ မိန့်ကြား ရင်း တရားကို နိဂုံးချုပ်တဲ့အခါမှာတော့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က နှစ်ခြိုက် အားရ၀မ်း မြောက် ၀မ်း သာ လက်ခံ သွားကြ ပါတော့တယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Shared from Shwe Yee

U Mar Ni Ta ကျေးဇူးရှင် ဆားတောင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ

၁။ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ် ကြ။ သာသနာပပြီဆိုရင် ၀ိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ ပိုနစ်နာတယ်။

၂။ တရားအားထုတ်ဖို့တော့ မအားဘူး။ မအားဘူးလို့ ပြောကြတယ်။ သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။

၃။ တရား အားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ အားထုတ်ရတယ်။ မသေချာ မရေရာတဲ့ အ လုပ်တွေတောင်မှ ဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျား လုပ်နေရတာပဲ။ သေချာရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာ ရှိလဲ။ ဆင်းရဲ တစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှ ခဏလေးပါ။

၎။ ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာ ကြားမခိုစေနဲ့။

၅။ တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်းလိမ့် မယ် ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့ အားမထုတ်ချင်လည်းထုတ်။ထုတ်ချင် လည်း ထုတ်ပေါ့။

၆။ ၀ိပဿနာတရား အားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ်လည်း ပြောင်းစရာ မလိုဘူး။ ဂူလည်း အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက် မူ ပြောင်းဖို့ လိုတယ်။

၇။ ကိုယ့်ခန္ဓာကိုယ်ရှု သူများအပြစ် သွားရ...ှုမနေနဲ့။ သူများအပြစ် သွားရှုနေ တော့ အမှုပွေတာပေါ့။

၈။ မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရှုမှတ်နိုင်မှ ပတ်ဝန်းကျင်ရဲ့လောကဓံတွေကိုလည်း ခံနိုင်ရည် ရှိမယ်။

၉။ တရားအားထုတ်တဲ့အခါ ကိလေသာ ကြားမခိုအောင် နှာသီးဝလေးကို ထိတိုင်း သိနေပါစေ။ ထိတဲ့အပေါ် သတိထား။ သတိထားရင် တရားမြင် မယ်။သတိမထားရင် အမှားဝင်မယ်။

၁၀။ အရိယာ သူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။

၁၁။ လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။

၁၂။ ပထမတော့ တရားကို လူက ဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။အဲဒီအချိန် လူက တရားနောက်ကို လိုက်ဖို့လိုတယ်။

၁၃။ ခန္ဓာကတော့ သူ့တရားသူ ပြနေတာပဲ။ လောဘ ဒေါသ မောဟ ဖုံးနေ တော့ ဘာမှ မသိလိုက်ရ ဘူး။

၁၄။ အားကိုး မမှားစေနဲ့။ မိမိကိုယ်ကို မိမိ အားကိုးရမယ်။

၁၅။ ဘာမဆို အတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ် လောက်ပူပူ အတွင်းက အေး နေတော့ အေးတာပဲ။ အပြင်က ဘယ်လောက် အေးအေး အတွင်းက ပူတော့ ပူတာပဲ။

၁၆။ တရားနှင့် အိပ်စက်ခြင်း တရားနှင့် နိုးထခြင်း၊ တရားနှင့် မွေ့လျော် ခြင်း၊ ဒါ အပ္ပမာဒ တရားပဲ။

၁၇။ လောကီ...ချမ်းသာက တစ်ဘ၀စာ တစ်နပ်စာ။ လောကုတ္တရာ ချမ်းသာကမှ တစ်သံသရာလုံး အေး တာ။ တစ်ဘ၀ တစ်နပ်စာ မလုပ်နဲ့။ တစ်သံသ ရာစာ လုပ်ကြ။

၁၈။ မကောင်းတာ လုပ်တာသာ ကြောက်ရမှာ။ ကေင်းတာလုပ်တာ ကြောက်စရာမလိုဘူး။ မကောင်း တာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာ လုပ်တာ ဘာမလုပ်ရဲစရာရှိသလဲ ?

၁၉။ မဟုတ်လည်း သည်းခံ၊ ဟုတ်လည်း သည်းခံရမှာပဲ။ ခံရမည့် အတူတူ တော့ အခုကတည်းက ခံလိုက်တော့ သံသရာ ပြတ်တာပေါ့။

၂၀။ လောဘ ဒေါသ မောဟ ကင်းအောင် ပြတ်အောင် လုပ်ကြ။ ဖြစ် အောင်လဲ မလုပ်နဲ့။ ပျက်အောင် လဲ မလုပ်နဲ့။ ဖြစ်တာပျက်တာ အမြဲ သိနေ ပါစေ။ ဖြစ်အောင်လုပ်တာ လောဘ။ ပျက်အောင်လုပ်တာ ဒေါသ။ဖြစ်တာ ပျက်တာ မသိတာ မောဟ။

၂၁။ စိတ်ကဖြတ်လို့ ပြတ်တာ မဟုတ်ဘူး။ တရားကဖြတ်မှ ပြတ်တာ။ တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပါယ်ပေးတယ်။

၂၂။ အမြတ်က မရှုံးစေနဲ့။ အရှုံးကသာ မြတ်ပါစေ။ အကုသိုလ်က ကုသိုလ် ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ် မဖြစ်ပါစေနဲ့။

၂၃။ ပုထုဇဉ်တွေ မကောင်းတာ လုပ်တာများ အဆန်းလုပ်မနေနဲ့။ အခု လည်း မကောင်းတာ လုပ်နေ သလို နောင်လည်း မကောင်းတာ လုပ်နေဦး မှာပဲ။ သူတို့ မကောင်းတာနဲ့ ကိုယ်နဲ့ ဘာဆိုင်သလဲ ?ကိုယ့်တရား ကိုယ်ရှုဖို့ပဲ လိုတယ်။

၂၄။ ဘုရားစကား နားလည်အောင်လုပ်။ ဘုရားစကား နားလည်ရင် လော ကစကားတွေအားလုံး နားလည်တယ်။

၂၅။ နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာလည်း များလှပြီ။ ၀ိဇ္ဇာ ညာဏ်မပါ ဓမ္မတာတောင်း မို့ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြု ကာ အခါခါတောင်းလည်း ငါကောင်းချင်မှု ခုခံနေသည်။ငါတစ်လုံး ပါယ် ကာကွယ်ကာပေးမှ လွန်စွာမနှေး နိဗ္ဗာန်မြင်မည် ။

သြ၀ါဒ အပြည့်အစုံကို အလိုရှိပါက http://www.dhammadownload.com/ မှ ဆားတောင်ဆရာ တော်ဘုရားကြီး၏ ထေရု ပတ္တိနှင့် ကိုယ်တွေ့ဖြစ်ရပ်များ ပီဒီအက်ဖ် စာမျက်နှာ 71 တွင် ရယူနိုင် ပါသည်။

Dhamma download web about Theravada Buddhism Vipassana Meditation abhidhamma Video MP3 Audio e-Bookswww.dhammadownload.com
Shared from Ukhin Crays



*************************************

* အမြဲဆင်ခြင်နေရမဲ့ တရားက အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတရားသုံးပါးဖြစ်တယ်။
* လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
* ပြောတိုင်းမရ စိတ်မညစ်နှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
* ကြံတိုင်းမမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။
* ဆင်းရဲကြုံမူ သည်းခံခွင့်လွှတ် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
* ပျက်စီးတိုင်းလည်း စိတ်မပျက်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
* အာရုံဟူသမျှ မတောင့်တနှင့် အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘဆုံးမည်နည်း။
* အရာရာမျိုး စိတ်မလိုနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
* သိဉာဏ်မလိုက် သင်မမိုက်နှင့် သိဉာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။
* ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။

(ဆားတောင် ဆရာတော်ဘုရားကြီး)
Shared from Vimuttisukha Bliss

Wednesday, July 25, 2012

Tomorrow'll be Sabbath Day...Have an Auspicious Day for You All.

"နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ"

အရဟတော၊တစ်ထောင့်ငါးရာကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှုတရားတို့ကိုဆိတ်ကွယ်ရာ၌ပင် ပြုတော်မမူ

ပြောတော်မမူစိတ်တော်ကပင် ကြံစည်တော်မမူသဖြင့် ဗြဟ္မာနတ်လူ သုံးဘုံလူတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေထသော။

သမ္မာ သမ္ဗုဒ္ဓဿ၊သစ္စာလေးပါး မြတ်တရားနှင့် အလုံးစုံသော တရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဥာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တပ်အပ်ထင်ထင် သိမြင်တော်မူနိုင်ပါပေထသော။

တဿဘဂ၀တော၊ထို ဘုန်းတော်အနန္တ ဥာဏ်တော်အနန္တ ကံတော်အနန္တတန်ခိုးတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအား

နမော၊ရိုသေမြတ်နိုး မာန်ညွှတ်ကျိုး၍ ရှိခိုးခြင်းသည်

အတ္ထုဘ၀န္တု၊စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။



*ဘုရားစကားနားထောင်ကြပါ။တကယ်မြင်ခဲ့ တကယ်တွေ့ခဲ့သိခဲ့လို့ ပြောတာ နားထောင်ပါ။ဘုရားက လုပ်ဆိုတာလုပ်၊မလုပ်ဆိုတာ မလုပ်နဲ့ပေါ့။

*ဘုရားက ကရုဏာကြီးမားလွန်းလို့ ပညာဥာဏ်အလင်းများစွာနဲ့ ပြောခဲ့တာကို နားထောင်ကြပါ။ဘုရားစကားနားမထောင်ရင်တော့

မလိမ္မာဘူးလို့ ပြောရမှာပဲ။

*ဘုရားကို ကြည်ညိုရပါတယ်။ဓါတ်ဆင်တာတွေ မလုပ်ရဘူး။ဘုရားကို တကယ်ချစ်ရင် အသက်ပေးရဲတဲ့စိတ်နဲ့ ကိုးကွယ်ရမှာ။ဘုရားကို အသုံးမချရဘူး။

*ကျမ်းအရ သုံးဆယ့်နှစ်ပါးလက္ခဏာတော်ပုံပေါ်အောင် ထုလုပ်ထားတဲ့ ဘုရားပုံတော်ကိုပဲ ကိုးကွယ်ပါ။ပုံစံအမျိုးမျိုး ထုလုပ်ထားတဲ့ပုံတွေကို မကိုးကွယ်ရဘူး။ထေရ၀ါဒ သာသနာ မစစ်မှာ စိုးလို့ပါ။

*ဘုရား ဂုဏ်တော်မပွားခင် ဘုရားကို အသက်ပါပေးပြီး တကယ်ချစ်တဲ့ ကြည်ညိုတဲ့စိတ်နဲ့ မိမိရဲ့ ခန္ဓာကိုယ်ကို ဘုရားကျောင်းတော်အဖြစ်

လှူဒါန်းပါ။ပြီးလျှင် ဂုဏ်တော်ကို နိုင်သလောက်ပွားပါ။ရွတ်နေစဉ်အတွင်းမှာ အသက်ဘေးကြုံလာလည်းပဲ သေပေစေတော့လို့ စိတ်ကိုချထားရမယ်။

*အမြဲတမ်း ဘုရားက ကိုယ့်နောက်မှာရပ်ပြီး ပြောနေသကဲ့သို့ ကြားယောင်နေတာ၊ဘုရားက ဒီလိုဟောပါလားလို့ ကြားယောင်နေရင် အဲဒါ ဗုဒ္ဓါနုဿတိပဲ။အိပ်လည်းပဲ၊စားလည်းပဲ၊သွားလည်းပဲ ဘုရားက ဆုံးမထားတာရှိတယ်။အဲဒါတွေကို ကြားယောင် မြင်ယောင်နေရမယ်။

*တရားအသံကို ကြားရတယ်၊တရားနာရတယ် ဆိုတာ ဘုန်းကံ အင်မတန်ကြီးလို့ပါ။

*ဘုရားရဲ့တရားတော်သည် ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင် ကိုးကွယ်ရတဲ့ကိုးကွယ်ရာအစစ်ပါပဲ။

*တရားမနာရင် အသိအမြင်တွေ မတိုးဘူး။မမှန်ဘူး။

*ဘုရားသာသနာကွယ်ခြင်းဟာ တရားမနာတာက စတာပဲ။

*တရားမနာ စာပေမသင် နှုတ်တွင်မဆောင် သိအောင်မမှတ် ပဋိကတ်ကွာ ဤငါးဖြာ သာသနာကွယ်ကြောင်းတည်းတဲ့။အင်္ဂုတ္ထိုရ် ပဉ္စကနိပါတ်မှာ ဟောထားတယ်။တခြားမှာ ကွယ်တာ မဟုတ်ဘူး။ကိုယ့်သန္တန်မှာ ကွယ်တာ။တရားနာပြီးရင်လည်း သိအောင်ကျင့်ရမယ်။

(ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ ၏ အဆုံးအမ များကို ဓမ္မဒါနပြု ပြန်လည် ရိုက်နှိပ် မျှဝေသည်။)

လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

Shared from Ma Waing Chit

Tuesday, July 24, 2012

နိဗ္ဗာန် လိုချင်ရင် သူများအတင်းမပြောနဲ့ ~

ချမ်းသာလိုချင်ရင် သူများအတင်းမပြောနဲ့ ~

***************

ကဲ .. မေးမယ် ~

သူများမကောင်းကြောင်း ... သူများအပြစ်တွေ ပြောတယ် ဆိုရင်လဲပဲ

ပြစ်မှားရာကျမနေဘူးလား ~

သတ္တိမကိန်းဘူးလား ~

ဒါဆိုရင် ကောင်းသောတရားလား ... မကောင်းသော တရားလား ... ~

( မကောင်းသောတရားပါဘုရား )

ကုသိုလ်လား အကုသိုလ်လား .....

( အကုသိုလ်ပါဘုရား )

အတင်းပြောတယ်ဆိုတာ နှစ်ချက်ရှုံးတယ် ~

" ကိုယ်မုန်းသလို သူများကိုမုန်းအောင် ပြောတာကြောင့် ချစ်ခြင်းကိုခွဲတာ ...

ပေးချင်တာ မပေးချင်အောင် ပြောသောကြောင့် လာဘ်လာဘ တိတ်တယ် ~

နှစ်ချက်ကိုယ်ရတာ ... သူရတာ မဟုတ်ဘူးနော် ... ~

ကိုယ်ရလိုက်တာ "

***************

အတင်းပြောရင် လူချစ်လူခင်နည်းသွားလိမ့်မယ် ~

လာဘ်တိတ်တယ် ~

အဲဒီ့ပုဂ္ဂိုလ်များ ငွေလေးတစ်သိန်းလိုလို့ရှာကြည့် ~~ မရဘူး ~~

လေးငါးသိန်းလိုလို့ အိမ်ပါပေါင် အောက်ဆင်းရတော့မှာ ~

သူ့မှာ အတင်းပြောတဲ့ ဓာတ်ရှိနေတာ ~

တစ်ဖက်သားကို စိတ်ထဲက အပြစ်တွေရှာ ~

အတင်းတွေ ပြော ... မလုပ်ရဘူးတဲ့ ~

သဘောပေါက်လား စွမ်းအားအင်မတန်ကျတာ ~

တစ်ပြားမှ လည်း မရဘဲနဲ့ဆိုးတာ .. နားလည်ပြီလား ~

****************

သူများအတင်းပြောတာ ရှောင်ရမယ်နော် ~

ဒါကြောင့်မို့လို့ " ထွဋ်ခေါင်ဆရာတော်ကြီးက အမိန့်ရှိတာ ~~ ဘုရားဟောအတိုင်းနော်

စွမ်းအားကျသထက်ကျပြီး နိဗ္ဗာန်နဲ့ဝေးမှာစိုးလို့တဲ့ ~~ ဘုရားရှင်ကိုယ်တော်တိုင်က

ရှောင်ခိုင်းတာမို့လို့ "

ကျေးဇူးကို မြင်ရမယ်လေ .. ကျေးဇူးပဲကြည့်ရမယ် ...

ကျေးဇူးမြင်ရင် အတင်းပြောစရာ ရှိလား ~

( မရှိပါဘူးအရှင်ဘုရား )

ကိုယ်ကောသူကော မေးပါရစေအုန်း ... ~~

အကုန်လုံး ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့ကာ .... မောဟမကင်းသေးတော့

စံကင်းဆရာတော်စကားနော် ~

ကိုယ်ကော အပြစ်ကင်းပါ့မလား ... ချို့ယွင်းချက်ဆိုတာ မရှိဘူးလား ~~

ကောင်းတာကော မရှိဘူးလား ~~

( ရှိပါတယ်ဘုရား )

******************

~~ ပံ့သကူကောက်သလိုကျင့်ရမယ်တဲ့ ~~

မှတ်ထားနော် ...~~

သင်္ကန်းပံ့သကူကောက်သလို သင်္ချိုင်းကုန်းမှာ ကောက်ရတာ ~~

အ၀တ်စ ဆွေးတာလေးတွေ ... မကောင်းတာလေးတွေ ဖြဲရတာ ~~

ကောင်းတာလေးတွေ ယူရတာ ~~

တစ်ဖက်သားကိုကြည့်တဲ့အခါမှာ နှလုံးသွင်းတဲ့ အခါမှာ

" ကောင်းတာလေးတွေ ယူရတာ " သဘောပေါက်ကျရဲ့လား ~~

မကောင်းတာ စယူရင်ကိုယ်က အစဘယ်ကောင်းမလဲ ... ~~

သဘောပေါက်တယ်နော် .. ~~

ကောင်းတာ နှလုံးသွင်းရင်မတော်ဘူးလား ~~

သေသေချာချာမှတ်နော် ... ~~

ဝါသနာပါလို့ သူများအကြောင်းပြောချင်ရင် " ကောင်းတာပဲပြောပါ "

သူများအကြောင်း မပြောရမနေနိုင်ရင် ကောင်းကြောင်းပြောလို့မရဘူးလား

နားလည်ပြီနော် ...

ဒါဖြင့်ရင် ... အားလုံးအသွေးအသားထဲမှာ ကြိုက်တာတွေး .... သတ္တိကိန်းမနေဘူးလား

အဲဒါကို တရားလို့ ခေါ်တယ်နော် ...

ဒါကြောင့် လိုက်ဆိုကြပါ ~~

******************

နိဗ္ဗာန်လိုချင်ရင် သူများအတင်းမပြောနဲ့ ~~

ချမ်းသာလိုချင်ရင် သူများအတင်းမပြောနဲ့ ~~

******************

ပိုင်းလော့ဆရာတော်ဘုရား

အရှင်ဇေယျပဏ္ဍိတ

( ချမ်းသာလမ်းနှင့် ကန်တော့ခန်း )

မေတ္တာဖြင့် ~~

Shared from Ma Doh Yote

သူများက တပါးသူရဲ့ မကောင်းကြောင်းကို မေးတာတောင်မှ လျော့ပေါ့ပြီး ပြောတယ်။ ကောင်းကြောင်းကို မေးရင်တော့ အသေးစိတ်ကို ကောင်းကြောင်းတွေစုံအောင် ပြောပြပေးတယ်။
မကောင်းကြောင်းကို မမေးရင် လုံးဝကို မပြောပြဘူး။ ကောင်းကြောင်းကိုကျတော့ မမေးဘဲနဲ့လည်း ပြောပြပေးတတ်တယ်။
အဲဒါဆိုရင် အဲဒီလို လူစားမျိုးက သူတော်ကောင်းပါတဲ့။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ဆိုရင်တော့ သူတော်ကောင်း မဟုတ်ပါဘူး... တဲ့။

ခိုင်ထင်တာတော့ လူတစ်ယောက်မှာ မေတ္တာစိတ်ကလေးသာ ရှိနေရင် သူများမကောင်းတာကို တော်ရုံတန်ရုံနဲ့တော့ ရက်ရက်စက်စက်ကြီး ပြောထွက်လိမ့်မယ် မထင်ပါဘူး။
လူတစ်ယောက်မှာ မေတ္တာစိတ် ဘယ်လောက်ရှိသလဲဆိုတာကို သူ့ပြောပုံ၊ ဆိုပုံ နဲ့လည်း ကြည့်နိုင်မယ် ထင်တယ်နော်။ သူများ အပြစ်ကို ကဲ့ရဲ့တာက ဒေါသ၊ သူများအပြစ်ကို နှစ်ယောက်တည်း ရှိတဲ့အခါ ပြောဆိုဆုံးမပေးတာက မေတ္တာ... တဲ့။

တတ်နိုင်သမျှတော့ ကိုယ့်စကားက သူများကို မထိခိုက်အောင် သတိထားရပါဦးမယ်။
ခိုင်ခိုင်

Sunday, July 22, 2012

ကိုယ်အပင်ပန်းခံပြီး တရားအားထုတ်တာ အတ္တကိလမထ ဖြစ်သလား

လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာတစ်ယောက်ကတော့ “က္ကုရိယာပုထ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်းပြုပြင်လိုက်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်” လို့ ဆိုသတဲ့။ အဲဒါလည်း သာတ္ထကသမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။ သမထ၊ ၀ိပဿနာတရား အားထုတ်ရာမှာ ခန္တီသံဝရဆိုတာ အရေးတကြီး လိုပါတယ်။ “အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဥာဏ် ဖြစ်နိုင်တယ်။” ဆိုတာ ထိထိရောက်ရောက် အားထုတ်ဖူးတဲ့သူတိုင်း သိပြီး ဖြစ်နေပါတယ်။ ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာဖြစ်လာရင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်။ အဲဒီလို သည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်။ အတ္တကိလမထတော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီလိုသည်းခံပြီး ရှုနေတာဟာ တမင်ဆင်းရဲအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆင်းရဲပင်ပန်းရုံမျှလည်း မဟုတ်ဘူး။ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိ၊ သမာဓိ၊ ပညာတွေ ဖြစ်ပွားနေလို့ပါပဲ။

မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ်ဆိုရင် ထိုင်ခြင်းက္ကုရိယာပုထ်ကို မပြင်ဘဲ တစ်ထိုင်အတွင်းမှာ အရဟတ္တဖိုလ်ရောက်အောင် မနစ်မဆုတ် အားထုတ်တာကို ပိုပြီးနှစ်သက်တော်မူပါတယ်။ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ “ငါ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေ ထိုင်ခြင်းကို မဖျက်တော့ဘူး” လို့ အဓိဋ္ဌာန်ပြုပြီး ထိုင်လျက်အားထုတ်နေရင် အဲဒီလိုအားထုတ်သော ရဟန်းဖြင့် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတောကျောင်းတိုက်ဟာ တင့်တယ်နိုင်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီလို ရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံပြီးရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ်နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလည်းရောက်တယ်။ ဘုရားစကားကို ပယ်ဖျက်ရာလည်းရောက်တယ်။ မပြုပြင်ဘဲ သည်းခံပြီး ရှုနေမှ သမာဓိ၊ ပညာ ကောင်းကောင်းဖြစ်မည့် ယောဂီတို့အား သမာဓိ ပညာ တရားထူးမှ ဆုံးရှုံးနစ်နာစေရာလည်း ရောက်တယ်။

ခန္တီသံဝရ

ဘိက္ခဝေ- ရဟန်းတို့၊ က္ကုဓ ဘိက္ခု- ဤသာသနာတော်က ရဟန်းသည်၊ ပဋိသင်္ခါ ယောနိသော- သင့်သောအကြောင်းဖြင့် ဆင်ခြင်၍၊ ခမော ဟောတိ သီတဿ-အအေးကို သည်းခံ၏။ ဥဏှဿ- အပူကို သည်းခံ၏၊ ဇိဃစ္ဆာ ပိပါသာယ- အစာဆာခြင်း ရေဆာခြင်းကို သည်းခံ၏၊ ဍံသမကသ ၀ါတာ တပ သရီသပ သမ္ဖဿာနံ- မှက် ခြင် လေ နေပူ မြွေကင်းတို့ ကိုက်ခြင်း ထိခြင်း အတွေ့တို့ကို သည်းခံ၏၊ ဒုရုတ္တာနံ ဒုရာဂတာနံ ၀စနပထာနံ- အပြစ်တင် စွပ်စွဲဆဲဆိုစကားတို့ကို သည်းခံ၏၊ ဥပ္ပန္နာနံ သာရီရိကာနံ ဝေဒနာနံ ဒုက္ခာနံ- ဖြစ်ပေါ်လာသည့် ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတို့ကို၊ တိဗ္ဗာနံ ခရာနံ ကဋုကာနံ- ကြမ်းတမ်းထက်မြက် အခံခက်လှသည့် ဒုက္ခဝေဒနာတို့ကို၊ အသာ တာနံ အမနာပါနံ ပါဏဟရာနံ- သာယာဖွယ် နှစ်လိုဖွယ်မဟုတ် ရွံမုန်းကြောက်ရွံ့ဖွယ်ဖြစ်ကုန်သော အသက်ကို ဆောင်တတ်သေစေတတ်ကုန်သော ဒုက္ခဝေဒနာတို့ကို၊ အဓိဝါနဇာတိကော ဟောတိ- သည်းခံတတ်သောသဘော ရှိ၏။

ဘိက္ခဝေ- ရဟန်းတို့၊ ဟိ- အကျိုးကား၊ အနဓိဝါသယတော- ယင်း အအေး အပူ အစာဆာမှု ရေဆာမှု မှက် ခြင် စသည်တို့၏ အတွေ့ စကားဆိုး ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတို့ကို သည်းမခံလျှင်၊ အဿ- ထိုရဟန်းအား၊ ယံ ဥပ္ပဇ္ဇေယျုံ အာသ၀ါ ၀ိဃာတပရိဠဟာ- အကြင်အာသ၀တို့နှင့် ပင်ပန်းဆင်းရဲခြင်း ပူလောင်ခြင်းတို့ ဖြစ်ကုန်နိုင်၏၊ အဓိဝါသတော အဿ- သည်းခံသော ထိုရဟန်းအား၊ ဧ၀ံ- ဤဆိုခဲ့သည့်အတိုင်း သည်းခံခြင်းကြောင့်၊ တေ အာသ၀ါ ၀ိဃာတ ပရိဠဟာ နဟောန္တိ- ထိုဖြစ်နိုင်သည့် အာသ၀တို့နှင့် ပင်ပန်းဆင်းရဲခြင်း ပူလောင်ခြင်းတို့သည် မဖြစ်ကြဘဲ ကင်းငြိမ်းလေကုန်၏၊ ဘိက္ခဝေ- ရဟန်းတို့၊ က္ကုမေ အာသ၀ါ- သည်းမခံလျှင် ဖြစ်နိုင်သော ဤအာသဝေါတို့ကို၊ အဓိဝါသနာ ပဟာတဗ္ဗာ- သည်းခံမှုဖြင့် ပယ်အပ်ပယ်ထိုက်သည့် အာသဝေါတို့ဟူ၍၊ ၀ုစ္စန္တိ၊ ခေါ်ဆိုအပ်ကုန်၏။ (မ ၁၊ ၁၁၃)

အထက်ပါ သဗ္ဗာသ၀သုတ်ပါဠိတော်၌ သေလောက်အောင် ပြင်းထန်သည့် ဒုက္ခဝေဒနာကိုတောင် သည်းခံရန် မြတ်စွာဘုရားက ညွှန်ကြားထားတော်မူပေသည်။ ယင်းညွှန်ကြားချက်ကို လေးလေးနက်နက် သတိပြုအပ်၏။ ထို့ပြင် ယင်းပါဠိတော်၏ အဖွင့်အဋ္ဌကထာ၌ “လောမသနာဂထေရ်သည် အန္တရဋ္ဌက ခေါ် နတ်တော် ပြာသို တပို့တွဲလပြည့်၏ ၀န်းကျင်ရှစ်ရက်အတွင်း နှင်းကျသောကာလ၌ လောကန္တရိက်ငရဲ၏ အအေးကို ဆင်ခြင်၍ ကမ္မဋ္ဌာန်းကို မစွန့်ဘဲသာလျှင် နေမြဲဖြစ်သော ဟင်းလင်းပြင်အရပ်၌ အချိန်ကုန်စေသည်” ဤသို့ စသည်ဖြင့် ခန္တီသံဝရကို အလေးပြု၍ ကျင့်သုံးပုံကို များစွာသော သတ္ထုတို့ဖြင့် ပြထားပေသည်။

သို့ဖြစ်၍ အနည်းငယ်မျှ ညောင်းရုံ ပူရုံ နာကျင်ရုံမျှဖြင့် မူလနေမြဲ က္ကုရိယာပုထ်ကို မပြင်သင့်။ သည်းခံ၍ နေမြဲက္ကုရိယာပုထ်ဖြင့်သာ ရှုနေအပ်၏။ စွမ်းနိုင်ပါမူ အသက်ကိုတောင် မငဲ့ဘဲ ရှုမြဲရှုနေအပ်၏။ ယင်းသို့ သည်းခံ၍ ရှုခြင်းဖြင့် ခန္တီသံဝရနှင့် ၀ိပဿနာ သမာဓိဥာဏ်များ ဖြစ်ပွားနိုင်ပါသည်။ သည်းမခံနိုင်လောက်အောင် ဖြစ်သောအခါ၌မူ သမာဓိ၊ သတိ၊ ဥာဏ်များ မပျက်အောင် အထူးဂရုစိုက်၍ ပြုပြင်အပ်ပေသည်။

အချို့က အတ္တကိလမထအကျင့် ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဘုရားအလိုတော်နဲ့ ဆန့်ကျင်ပြီး ယူဆပြောဟောနေကြတယ်။ သူတို့ပြောပုံက အပင်ပန်းခံပြီး တရားအားထုတ်တာကိုလည်း အတ္တကိလမထ ဖြစ်တယ်လို့ ဒီလိုလည်း ပြောကြတယ်။ အဲဒီတော့ မြတ်စွာဘုရား၏ အလိုတော်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါပဲ။ မြတ်စွာဘုရားက ကိုယ်နှင့်အသက်ကိုတောင် မငဲ့ကွက်ဘဲ သမာဓိ၊ ပညာ ဘာဝနာအလုပ်ကို ပြင်းပြင်းထန်ထန် အားထုတ်ဖို့ တိုက်တွန်းထားပါတယ်။ “အရေမျှ အကြောမျှ အရိုးမျှ ကျန်ချင်လဲ ကျန်ပါစေ၊ အသားအသွေးတွေ ခြောက်သွားချင်လည်း ခြောက်သွားပါစေ အလိုရှိအပ်တဲ့ မဂ်ဖိုလ်တရားထူးကို မရမချင်း မရပ်မနားဘဲ အားထုတ်သွားမယ်” လို့ ဒီလိုအဓိဋ္ဌာန်ပြုပြီး ထက်ထက်သန်သန် အားထုတ်ဖို့ တိုက်တွန်းတော်မူခဲ့ပါတယ်။ ဒါကြောင့် သမာဓိ၊ ပညာ ဖြစ်စေနိုင်တဲ့ ဘာဝနာအလုပ် အားထုတ်တာကိုတော့ အတ္တကိလမထာနုယောဂလို့ မဆိုရဘူး။

သမာဓိပညာ ဖြစ်စေနိုင်တဲ့အကျင့်ကို ထားလိုက်ပါဦးတော့၊ သီလကိုကျင့်ရာမှာတောင် ကိုယ်ပင်ပန်းပေမယ့် အတ္တကိလမထာနုယောဂလို့ မဆိုရဘူး။ စဉ်းစားကြည့်ပါ။ ရှစ်ပါးသီလ ဆောက်တည်ကျင့်သုံးနေတဲ့ တချို့လူငယ်တွေမှာ ထမင်းဆာနေပါလျက် ညနေပိုင်း ညပိုင်းမှာမစားဘဲ ကြဉ်ရှောင်နေရတာဟာ မဆင်းရဲပေဘူးလား။ တချို့ ရှင်ငယ် ရဟန်းငယ်များမှာလည်း ဆာနေပါလျက်နဲ့ ညနေပိုင်း ညပိုင်းမှာ မစားဘဲ ကြဉ်ရှောင်နေရတာ မဆင်းရဲပေဘူးလား။ ဆင်းရဲကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ သီလပြည့်စုံစေတဲ့အကျင့် ဖြစ်တဲ့အတွက် အတ္တကိလမထအကျင့်လို့တော့ မဆိုရဘူး။

အချို့လူတွေမှာ ပဏာတိပါတ စသည်မှ ကြဉ်ရှောင်ပြီး အနစ်နာခံနေရတာဟာ ဆင်းရဲတာပဲ။ ဒါပေမဲ့ သီလပြည့်စုံစေတဲ့အကျင့် ဖြစ်တဲ့အတွက် အတ္တကိလမထအကျင့်လို့ မဆိုရဘူး။ အဲဒီလို အဆင်းရဲခံပြီး ကျင့်တာကို မြတ်စွာဘုရားက “ပစ္စုပ္ပန်မှာ ဆင်းရဲပေမယ့် နောင်အခါ ကောင်းကျိုးကို ရစေနိုင်တဲ့ အကျင့်ဖြစ်တယ်” လို့ ချီးမွမ်းပြီး မူလပဏ္ဏာသ မဟာဓမ္မသမာဒါနသုတ်(နှာ- ၃၈၈-၉)မှာ ဟောထားပါတယ်။ ဟောပုံအတိုချုပ်ကတော့

က္ကုစ ဘိက္ခဝေ ဧကစ္စော- ရဟန်းတို့ ဤလောက၌ အချို့ပုဂ္ဂိုလ်သည်၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနေဿန- ကိုယ်ဆင်းရဲ ပင်ပန်းခြင်း စိတ်ဆင်းရဲ ပင်ပန်းခြင်းနှင့် တကွသော်လည်း၊ ပါဏာတိပါတာ ဝေရမဏိပစ္စယာ စ- သတ်မှုမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း၊ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေ ဒေတိ- ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏။ (ပေယျာလ) သဟာပိ ဒုက္ခေန သဟာပိ ဒေါမနေဿန၊ ကိုယ်စိတ်ဆင်းရဲခြင်းနှင့် တကွသော်လည်း၊ သမ္မာဒိဋ္ဌိ- အယူမှန်ကိုသာ ယူသည်၊ ဟောတိ- ဖြစ်၏၊ သမ္မာဒိဋ္ဌိပစ္စယာစ- အယူမှန်ကို ယူခြင်းကြောင့်လည်း၊ ဒုက္ခံ ဒေါမနဿံ- ကိုယ်စိတ်ဆင်းရဲကို၊ ပဋိသံဝေဒေတိ- ခံစားရ၏၊ သော- မျက်မှောက်ဘ၀၌ အဆင်းရဲခံ၍ တရားကျင့်သော ထိုပုဂ္ဂိုလ်သည်၊ ကာယဿ ဘေဒါ ပရံ မရဏာ- သေသည်မှ နောက်၌၊ သုဂတိံ သဂ္ဂံ လောကံ- သုဂတိနတ်လောကသို့၊ ဥပပဇ္ဇတိ- ကပ်ရောက်ဖြစ်ရ၏၊ ဘိက္ခဝေ- ရဟန်းတို့၊ က္ကဒံ ဓမ္မသမာဒါနံ- ဤသုစရိုက် ၁၀ ပါးဆောက်တည်ကျင့်သုံးခြင်းကို၊ ပစ္စုပ္ပန္နဒုက္ခံ- မျက်မှောက်ပစ္စုပ္ပန်ဘ၀၌ ဆင်းရဲ၍၊ အာယတိံ သုခ၀ိပါကံ- နောင်ဘ၀၌ ကောင်းကျိုးပေးတတ်သော အကျင့်ဟူ၍၊ ၀ုစ္စတိ- ခေါ်ဆိုအပ်၏ တဲ့။

ဒါကြောင့် သီလ၊ သမာဓိ၊ ပညာကို ဖြစ်စေတတ်တဲ့အကျင့်ဆိုရင် (အနတ္ထသံဟိတ မဟုတ်၊ အတ္ထသံဟိတ၊ အကျိုးစီးပွားနှင့် စပ်ဆိုင်တဲ့အကျင့် ဖြစ်၍) မမှီဝဲအပ်သည့် အတ္တကိလမထအကျင့်မဟုတ်၊ မှီဝဲအပ်သည့် မဇ္ဈိမပဋိပဒါအကျင့်ချည်းပဲလို့ ကိန်းသေမှတ်ထားကြရမယ်။ သီလ၊ သမာဓိ၊ ပညာ ဘာမျှမဖြစ်ဘဲ ကိုယ်ပင်ပန်းရုံမျှ အကျင့်ကိုသာ အတ္တကိလမထာနုယောဂလို့ ခေါ်တယ်။

(ဓမ္မစကြာတရားတော်ကြီး)

"သာမဏေကျော်" ရေးသားသော "မဟာစည် ဆရာတော်ဘုရားကြီး၏ ထူးခြားသော အတွေးအမြင်များ" စာအုပ်မှ ဓမ္မဒါနအလို့ငှာ ရိုက်ကူးမျှဝေပါတယ်။

ခိုင်ခိုင်

" ငိုပြီဗျို့ .............. "

ဝမ်းနည်းတယ်…..

အရမ်းကို ဝမ်းနည်းတယ်....

ဘာနဲ့ နှိုင်းရမှန်းမသိ.. စကားလုံးကြွယ်အောင် စာပေလေ့လာမှုနည်းတဲ့ ကိုယ့်အတွက် စကားလုံးတွေ ဆင်းရဲ လိုက်တာ....

ငယ်ထိပ်ကို မြွေပေါက်တာ.. ဟုတ်တယ် အဲဒါ ဟုတ်တယ်။ ရုံးဆင်းခါနီး ငိုချင်နေတာကြောင့် သန့်စင်ခန်းထဲ လက်ဆေးရင်း ငိုနေလိုက်တယ်။ ရေတွေဖွင့်ထားမိတာ ဘယ်လောက် ကြာသွားပါလိမ့်.....။ အိမ်မြန်မြန်ပြန်မယ်။ အိမ်ကျမှ အားရပါးရ ငိုတော့မယ်......

တစ်လမ်းလုံးလည်း စဉ်းစားနေမိတယ်။ သူဘာလို့ ငါ့ကို အဲဒီလောက် ပြင်းထန်တဲ့ စကားတွေ ပြောရတာလည်း။ ပြောရက်လိုက်တာ။ အိမ်ရောက်တော့ ကွန်ပျူတာ အရင်ဖွင့်တယ်။ သူပို့ထားတဲ့စာကို အထပ်ထပ် ဖတ်ရင်း ရင်ထဲမှာဆို့တက်၊ မျက်ရည် အသွင်ပြောင်း အရှိန်လည်း ကောင်းသလို လမ်းကြောင်း အမျိုးမျိုးနဲ့ စီးကျလာတယ်။

ဟီးး ဟီးး ရွှတ်.. ဟီးးးး ဟီးးးး

" သမီးလေ ရုံးကပြန်ရောက်ပြီပေါ့။ အလုပ်ရှုပ်နေလား " G Mail ရဲ့ Chat Box ကနေ ဖေကြီး နှုတ်ဆက်နေတာပါ။

" ဖေကြီး မီးငိုနေတာ "

" ဟောဗျာ.. ဘာဖြစ်လို့ "

အမှန်ကတော့ ရင်ဖွင့်ချင်ပေမယ့် ရှင်းမပြချင်၊ လုံးလုံးရှင်းပြလို့ မဖြစ်ပါ.......

သူဖြေရှင်း ပေးချင်နေမှာ သိပေမယ့် စိတ်မပူစေချင်။ စိတ်မရှုပ်စေချင်။ ပြီးတော့ ဆက်ငိုချင်သေးတယ်။

" ဖေကြီး လူ့သဘာဝ ပြည့်စုံအောင် ငိုနေတာပါ မီးအိပ်တော့မယ် "

စကားဖြတ်လိုက်တာ ကောင်းပါတယ်။ ပြီးမှ ငါ့ဘာသာ ဆက်ငိုတော့ သူသိတာလိုက်လို့။ ဖေကြီးရယ် မီးတောင်းပန်ပါ တယ်။ ဆက်ငိုပါရစေ။

သူဘာလို့ အဲလောက်တောင် အထင်လွဲရတာလည်း ။

သြော်... ငါသူ့ကိုပြောတဲ့ စကားကို သူအထင်လွဲ သွားတာကိုး ။ သေစမ်းဟာ... ဘယ်လိုရှင်းပြရပါ့။ ငါ့ကို စကား တောင် မပြောချင်တော့ဘူးထင်တယ်။ ဒါမဟုတ်ဘူးဆိုတာ သူသိအောင် ဘယ်သူ့ကို အကူအညီ တောင်းရပါ့....

ဟီးး ဟီးး ရွှတ်.. ဟီးးးး ဟီးးးး

အရှိန်ပြင်းတဲ့ မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက် .........

ဒစ်ဒစ်ဒစ်ဒစ်ဒစ်..... ( Vibrate )

" ဟလို "

" ညီမ ။ ငါပါ။ ကိုသောင်းတန်။ နင့်ကို ပြောစရာရှိလို့ ။ ကလေးဝ ဆရာတော် ကြွလာတာလေ။ နင်တို့ သွားမဖူးဘူးလား။ ခု ဆရာလေး နှစ်ပါးလည်း ကြွလာတယ်။ ဆရာလေးတို့က ကမ္ဘာအေးမှာ စာသင်တာတဲ့။ အဲဒါ ...

နောက်ပြီးတော့ ပခုက္ကူရေဘေး။ လှုမယ့်သူက လှုမယ်ပြောပြီးသား အဲဒါ ငါဖုန်းနံပါတ် ပို့လိုက်မယ် နင်ဆက်လိုက်။ ဒါနဲ့ ပခုက္ကူက မ... ရော ဘယ်လိုနေလည်း.......

နောက်တစ်ခု က ..ဘာတဲ့ သြော် World Toilet Organisation အဖွဲ့လေ ။ နင်စာစောင်ရလား။ အဲဒါ စည်းဝေးလိုက်သေးတယ်။ နင်စိတ်ဝင်စားရင် နောက်တစ်ခါ လာပေါ့ဟာ။ ငါစီစဉ်ပေးမယ်။ ....

ပြီးတော့ ...

ဒါနဲ့.... "

" အင်း ၊ အဲ ၊ ဟုတ် ၊ သြော်... " ( ဆီလျော်သလို ထည့်ဖြေခဲ့တယ်)

ဟွန်း... အဲဒါ တိတွေ ဒွိတွေ (တိပိဋက၊ ဒွိပိဋကအောင်မြင်ပြီး) မှဘုန်းကြီးထင်၊ နာမည်ကြီးဘုန်းကြီးဆို နာယကတင်ချင်တဲ့ နာယက စုဆောင်းရေးက သွားဖူးလိမ့်မယ်။ မီးတို့က ပြာတာပဲ။ မီးတို့ မနိုင်တော့ဘူး။ ဝန်ဖြစ်လာရင် ကုသိုလ်လည်းမရ။ ကိုယ့်မှာက တခြားအလုပ်တွေလည်းရှိသေး။ လူကို ပြည်ထဲရေးဝန်ကြီးများ အောက်မေ့နေလား မသိ . . . ( စိတ်ထဲကပါ ) ။

" အေး ငါပြောတာတွေ မမေ့နဲ့နော် ။ ဒါပဲဟာ ။ နောက်တွေ့ကြတာပေါ့ "

တော်ပါသေးရဲ့ ။ ဒါတောင် မိနစ် ၂၀ လောက် ကြာသွား လိုက်သေးတယ်။ သူပြောသမျှ အာရုံစိုက် လိုက်တာနဲ့ ငါငိုနေတာ ဘယ်ရောက်သွားပါလိမ့် ။ မျက်ရည်တွေလည်း ခြောက်ကုန်ပြီး။

ကွန်ပျူတာပေါ်က မရွှေ့ရသေးတဲ့ သူ့စာမျက်နှာကို မမှိတ်မသုန် ပြန်ဖတ်လိုက်တယ်။ ဟယ်.. ငါ့ကိုများ ပြောထားတာ ရစရာမရှိဘူး။ တကယ်ဆို ငါ့မှာ အဲလိုစိတ်ဓာတ်မှ မရှိတာ သူသိသင့်တာပေါ့။ ဒါမျိုး ထင်စရာလား။ အထင်များ မှားနေလားလို့ နည်းနည်းလေးမှ သူမတွေးဘူး။

ဟီးး ဟီးး ရွှတ်.. ဟီးးးး ဟီးးးး

ပါမစ်မရလို့ အပိတ်ခံထားရတဲ့ မျက်ရည်တွေကလည်း လိမ့်ဆင်းလာတော့တာပဲ.............

ဒစ်ဒစ်ဒစ်ဒစ်ဒစ်.....( Vibrate)

" ဟလို "

" ညီမက မ.......လားဟင်။ မေးချင်လို့ ဟို Sunday Dhamma School ကိစ္စ။ ဘယ်လို လှူရလည်း။ "

အဲ.. သူက အလှူရှင်။ အလှူရှင်က သဒ္ဓါပေါက်လို့ ခေါ်တာ။ သူ့သဒ္ဓါတွေအတွက် ငါကြိုးစားရှင်းပြမှ တော်ကာကျမှာ ပေါ့။

" ဒါက ဒီလိုရှိတယ် အစ်ကိုရ။ သီရိလင်္ကာ......... ၊ ခု မြန်မာနိုင်ငံ.......... ၊ ပရိယတ္တိ............ ၊ ကိုရင်.......... "

" အေး ညီမရယ်။ အစ်ကို လစဉ်လှူမယ်နော်။ အစ်ကို မေ့နေရင်လည်း သတိပေးပါဦး။ "

" ပေးရမှာပေါ့ အစ်ကိုရယ်။ သာဓု သာဓု သာဓု ပါရှင် ။ "

တကယ်ပျော်မိတာပါ။

ဒါပေမယ့် ကွန်ပျူတာကို ကြည့်မိလျက်သား။ သူ့စာကို ဖတ်မိလျက်သား။

ဟီးး ဟီးး ရွှတ်.. ဟီးးးး ဟီးးးး

ကြူကြူပါတဲ့ နောက်တစ်ခါ.......

ဒစ်ဒစ်ဒစ်ဒစ်ဒစ်..... ( Vibrate)

" ဟလို "

" အစ်မက မ.... လားဟင် ။ ကိုဇာနည် က ပိဋကတ်သုံးပုံအကြောင်း ပြောချင်လို့ အွန်လိုင်း ခုချက်ချင်း တက်ပေးပါတဲ့ ။ ဒါပဲနော်"

အင်း.. ဒါက အရေးကြီးတယ် ။ မြန်မာနိုင်ငံကနေ အိန္ဒိယမှာရှိတဲ့ တိဘက်တက္ကသိုလ်ကို ပိဋကတ်တွေ လှူဖို့ကိစ္စပါ။ အလှူ့ရှင်တွေကလည်း ချက်ချင်းကို S$ 1000 လှူသွားတာ။ ကောင်းလိုက်တဲ့သဒ္ဓါ။ မြန်မာနိုင်ငံက ကူညီတဲ့ သူကလည်း ပြောသမျှ ကုသိုလ်ချည့်မှတ်ယူပြီး မငြီးမငြူလုပ်ပေးတယ်။ ပြီးတော့ ခမျာမှာလည်း အင်တာနက်ဆိုင် တကူးတကသွားပြီး ငါ့ကို စောင့်နေမှာ ။

G Talk လေးဖွင့် သူ့ Chat Box လေးထဲ

" အစ်ကို "

" အစ်မ ။ နမောဗုဒ္ဓဿ "

သူ့စတိုင်ပါ ။ ဘယ်သူ့ကို မဆို စတွေ့လိုက်တာနဲ့ နမောဗုဒ္ဓဿ ဆိုပြီး နှုတ်ဆက်တတ်တယ်။

ပြီးတော့ ပေါ်မလာတော့။ ဟိုစာသားလေးတောင် သတိရသွားတယ်။

" စာဥ .. နင့်ကွန်နက်ရှင်ကို မစောင့်နိုင်လို့ ငါဘုန်းကြီးဝတ်သွားပြီ ။ ပုံ သာအေး "

ဆက်ငိုရင် ကောင်းမလား။ တော်သေးပါဘူးလေ။ သူပြောလို့ ငါစိတ်မဝင်စားနိုင်ရင် ဘယ်ကောင်းမလည်း။

စာအုပ်တွေ ကီလို ၁၀၀ ကျော်ပို့ဖို့ သူတော်တော် စုံစမ်းနေရမှာဘဲ ။ ငါစောင့်နေမှ ဖြစ်မယ်။ ...

နောက် တစ်နာရီလောက် ကြာတော့မှ မေးလ်ဝင်လာပါတယ်။ သူမေးချင်တာတွေ အစုံ မေးထားတယ်။

ဒါနဲ့များ စောစောစီးစီးက ငါ့ကို မေးပို့လိုက်ရင် ပြီးတာပဲ။ ဟင်း ... ခုတော့..

ငါငိုတာ ဘယ်နား ရောက်သွားပါလိမ့်..

သြော်.. ဟိုနား...

ဟ ဟာ ဟားးးးး ငိုရတယ်ဟေ့ ဗြဲ...

တကယ်ကို ခွက်ထိုးခွက်လန် ငိုရတဲ့ နေ့လေး တစ်နေ့ပါပဲ။

သြော်.. ကိုယ့်မှာ ဝမ်းနည်းစရာတွေ ရင်ကွဲပက်လက် ကြုံတွေ့ နေရတာတောင် ကိုယ်ပြုထားတဲ့ ကုသိုလ်ရေးတွေက ကိုယ့်ကို တမင် အာရုံပြောင်းပေး နေသလား (ကယ်တင် ပေးနေသလား) ထင်မှတ်ရတယ်။

နောက်တစ်ခါ အကုသိုလ်ဝိပါက် သိပ်တက်ချင်လို့ ငိုချင်သပဆိုရင် ဖေ့စ်ဘွတ်ကြီးမှာ အရင် ကြေငြာထားမယ် ။ ဘယ်သူမှ ဖုန်းမဆက်အောင်။

" ငိုပြီဗျို့ .............. "

Shared from သူနုနယ်၏ လဲနေသူထူပေးပါ

~~~~ ငွေတစ်ဆယ်နဲ့ သာသနာ ~~~~

စင်္ကာပူကိုရောက်စက စနေဂနွေ ပိတ်ရက်မရတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ တရားပွဲဆိုတာ၊ ဓမ္မမိတ်ဆွေဆိုတာ မရှိလောက်အောင်ပါပဲ။ ငယ်သူငယ်ချင်း နေမင်းသူနဲ့ ပြန်တွေ့ခဲ့တဲ့ နောက်ပိုင်း သူပြောပြလို့ လိုတက်စ်အသင်းနဲ့ ချိတ်ဆက်မိခဲ့တယ်။ အဲဒီက ဆင့်ပွာလို့ စနေဓမ္မ၊ ကုသိုလ် စတဲ့ အဖွဲ့ များစွာက ဓမ္မမိတ်ဆွေတွေနဲ့ ခင်မင်ခဲ့ရပါတယ်။

တစ်လတစ်လ သိန်းရာချီအောင် သဒ္ဓါကောင်းတဲ့ ပရဟိတအသင်းပေါင်းစုံရဲ့ ကုသိုလ်ရေးတွေကလည်း သုံးလေးသိန်း အနိုင်နိုင်ပို့ရတဲ့ ကျွန်မတို့လိုလူတန်းစားတွေအတွက် အံ့သြဘနန်း ဖြစ်ရပါတယ်။

အဲဒီထဲက လှူစရာအစုံစုံကို ကျွန်မ အမျိုးမျိုး အဖုံဖုံ သဘောပေါက် လာခဲ့ပြီ။

အမှန်အတိုင်း ပြောမယ်နော်။ နာမည်ကြီးလာတဲ့ နေရာ မလှူချင်ပါဘူး။ ချက်ချင်းဆိုသလို ပရဟိတ အကုန်အဲဒီကိုရောက်သွားကြတယ်။

နောက်တစ်ခုက လူတွေရဲ့ စိတ်ဓာတ်တွေဟာ နိုင်ငံခြားက သူဌေးတွေလှူတာဆိုပြီး အကူအညီကိုပဲမျှော်လင့် နေကြတော့တယ်။

အဲဒါတွေ မြင်ရ၊ ကြားရ တာစိတ်မသက်သာဘူး။

ဘာသာလူမျိုး မခွဲခြားဘဲ လှူမယ်ဆိုတဲ့နေရာလည်း မလှူချင်ပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘာသာခြားက အင်အားကြီးပါတယ်။ ကိုယ့်ဘာသဝင်တွေလည်း ဒါနဲ့ပဲ လူကုန်နေတာ။ ဒါတောင် ကိုယ့်ဘာသာဘက်က မရပ်တည်ပဲ မေတ္တာကြီးမပြနိုင်ပါဘူး။

ပြန်မေးနိုင်ပါတယ်။ ငါးကျပ်တစ်ဆယ်လှူပြီး နင်က ဘာကိုမျှော်လင့်ချင်နေလဲ ဆိုတဲ့ မေးခွန်း ......... ( နောက်တော့ဖြေပေးပါမယ်)

နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပညာရေး ကျန်းမာရေး လှူဒါန်းမှုတွေကလည်း လှူချင်စရာပါ။

အဲဒီထဲက မှ သာသနာကို ချစ်တဲ့ ကျွန်မ သာသနာနဲ့ ဆက်စပ်တဲ့ ပညာရေး၊ ကျန်းမာရေးကို ဦးစားပေးချင်ခဲ့တယ်။

မိရိုးဖလာက များ ၊ တိုင်းပြည်ကမွဲ ဝက်ဝက်ကွဲအောင် ဘာသာရေးမှာ အရှုံးပေါ်နေတာတွေကြောင့်ပါ။

ကျွန်မရင်ထဲက လိပ်ခဲတည်းလဲ ဖြစ်သမျှ ဒိုက်ဦးနဲ့ တွေ့မှ ငြိမ်ကျသွားတော့တယ်။

ညီမရယ် သိန်း ရာချီရလို့ ဘာသာပြောင်းတယ်ဆို ထား။ ခုဟာက ကျောင်းဖွင့်ရာသီမှာ ပိုက်ဆံလေး လေးငါးထောင်နဲ့ ဘာသာပြောင်းကုန်တယ်။ ဒါကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။ ကိုယ်တစ်ယောက်တတ်နိုင် တစ်ယောက်ပေါ့ ။ဒီလိုပဲ တစ်နိုင်ငံလုံးက လူငယ်တွေ၊ သူဌေးတွေ ဒီလိုနေရာတွေမှာတက်တက်ကြွကြွ ပါဝင်သင့်တယ်။

( ကြိုက်တယ်.......... )

နောက်တစ်ချက်က နိုင်ငံခြားက သူဌေးတွေလှူတာပဲ ဆိုပြီး ပြီးပြီးရောထားရင် သွားပြီ။ ကိုယ်တို့ ဘယ်လောက်လှူနိုင်မှာလည်း ။ ဘယ်နှစ်နှစ်လည်း။ ဒါပြီး သူတို့ ဘာဖြစ်လာမလည်း ။ ကိုယ်လှူတာက သူတို့ ကို ကူညီချင်တာလေ။ လူတို့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့မှ မဟုတ်တာ။ အစ်ကိုတို့လှူတာ အဲလို အဖြစ်မခံဘူး။ ကလေးတွေကို စာအုပ် ပေးရင် စာကြောင်းတစ်ကြောင်းတောင် အလကားမဖြစ်အောင် ပြောဆိုဆုံးမတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ကြီးလာရင် သူတို့က လက်ဆင့်ကမ်းပြီး ရပ်ရွာအကျိုးသယ်ပိုးချင်စိတ်ပေါက်အောင် ပညာပေးအစီအစဉ်တွေပါ လုပ်ထားတယ်။

( သိပ်ကြိုက်တယ် ....... ဆက်ပြော)

အမှန်က ရပ်ထဲရွာထဲက သူဌေးတွေက ကိုယ်တို့လို နိုင်ငံခြားထွက်အလုပ်လုပ်စရာမလိုဘဲ ချမ်းသာသူတွေပါ။ သူတို့ကို လည်း ဒီလိုလှူခြင်းက သာသနာအတွက်ဆိုတာ သိအောင်လုပ်ရမယ်။ ဒါမှ ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်း ပိုစည်းလုံးလာမယ်။ ဘာသာခြားတွေမှာက ဒီလိုမျိုးကို အရှိန်ကောင်းပြီးသား။

ဒါ ကိုယ့်ရဲ့ ငွေတစ်ဆယ်နဲ့ သာသနာကို ကာကွယ်လိုက်တာပါပဲ။

နောက်ဆုံးစကားကတော့ ကျွန်မ နားထဲ အထပ်ထပ် အခါခါ ကြားနေတဲ့ စကားလေးပါ။

ကဲ ... ဖြေပြီးသားပါနော်။

ဒိုက်ဦးမြို့နယ်က ရွာပေါင်း ၂၇ - ရွာမှ၊ ကလေး ၃၀၀၀ ကျော်ကို ကျောင်းထားရန်ရှိပါတယ်။

အားလုံးကို မထားနိုင်ရင်တောင် နိုင်သလောက် ကျောင်းထားပေးသွားဖို့ ရှိပါတယ်။

ကလေးတစ်ယောက်အတွက် တစ်နှစ်စာလုံး ကို စင်္ကာပူ ၁၀ နဲ့ လှူဒါန်း၍ ပညာပါရမီဖြည့်နိုင်ပါကြောင်း

တစ်ယောက် တစ်ဆယ်နဲ့ သာသနာအတွက် သဒ္ဓါဖွေးဖြူ ပေးလှူရအောင်လားရှင်.....

ရိုသေလေးစားစွာဖြင့်

ဇော်ဇော်ထွဋ် PH: 91822963
ကျော်လင်းသန်း PH: 82000717
အောင်ပြည့်ဖြိုး PH: 90665477
ရန်နိုင်ဗိုလ် PH: 98797229
ဆုရည်မွန် PH: 90662407

Shared from သူနုနယ်၏ လဲနေသူထူပေးပါ

~~~ ဦးဇင်းက မြန်မာဦးဇင်းပါ ~~~~

ဘုန်းဘုန်းတစ်ပါးက မြန်မာနဲ့ ပတ်သက်တဲ့ အဘိဓာန်ရေးရင်း မြန်မာဦးဇင်းတွေ၊ မြန်မာ ဒကာတွေရဲ့ အကူအညီလိုအပ်နေခဲ့ပါတယ်။ အဲဒါကပဲ ကျွန်မတို့ရေစက်အစလေလား... ကွန်ပျူတာနဲ့ပက်သက်ရင် နလပိန်းတုံးဖြစ်တဲ့ကျွန်မ ကူညီမယ့်သူရလိုရငြား အများကြီးရှယ်ပေးခဲ့တယ်။

သူဟာ နောက်လမှာ မြန်မာနိုင်ငံကို အပြီးသွားတော့မယ့်အကြောင်း နဲ့ အဘိဓာန်ကိုလည်း အခုရက်ပိုင်းအတွင်း အပြီးသတ်နိုင်ဖို့ အရေးကြီးနေကြောင်းလည်း သိရပါတယ်။ သူ့ကိုကူညီနိုင်မယ်ဆို ကျွန်မကူညီတတ်အောင် သင်ပေးပါမယ်တဲ့။ စက္ကန့်နဲ့အမျှ တန်ဖိုးထားနေရတဲ့ သူ့အချိန်တွေ ကိုယ့်ရှင်းပြနေရတာနဲ့ ကုန်မှာပဲ။ အားလည်းနာတယ်။ သူသင်ပေးမယ်ဆိုလည်း ကြိုးစားကြည့်တာပေါ့။ အလကားမဖြစ်အောင်တော့ တစ်နေ့ ၃၊ ၄ နာရီလောက်အိပ်ပြီး ကျန်တဲ့အချိန် သူရေးတဲ့ အဘိဓာန်ကို ပေးလိုက်တယ်။

မြန်မာစာတတ်ခါစ ဘုန်းဘုန်းက မြန်မာဘာသာနဲ့ သူ့မိခင်ဘာသာ(ချက်ဇ်ဘာသာ)ကို ချိတ်ဆက်လိုက်တာ ကမ္ဘာမှာ ပထမဆုံးထင်ပါတယ်။ ကိုယ့်မြန်မာအတွက် ဂုဏ်ယူသလို ကိုယ့်ဘာသာ၊ကိုယ့်စကားကို မြတ်မြတ်နိုးနိုးလေ့လာနေတဲ့ ဘုန်းဘုန်းအတွက် တတ်နိုင်သလောက် ကူညီပေးချင်ခဲ့တာပါ။

စာအုပ်အတွက် အရေးကြီးနေတော့ စကားတွေလည်း သိပ်မပြောဖြစ်ခဲ့ဘူး။ ပြောလိုက်တဲ့ ခဏတိုင်းအတွက် ဗုဒ္ဓဘာသာနဲ့ မြန်မာအတွက် ဂုဏ်ယူစရာတွေ ၊ ကြည်ညိုဖွယ်ရာတွေ မမျှော်လင့်ဘဲ အများကြီးသိခဲ့ရတယ်။ခု အကြောင်းအရာကတော့ တစ်ခုပေါ့။

မြန်မာနိုင်ငံကို ဘာလို့ ရွေးချယ်တာလည်းဆိုတော့

ကမ္ဘာပေါ်က ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ မြန်မာနိုင်ငံသာလျှင် သဒ္ဓမ္မ ကျန်ပါတော့တယ် မေမေ

(ကျွန်မကို မိခင်လိုသာ ဆက်ဆံပါတယ်။ အဲဒီအချိန် သူကိုယ်တိုင်လည်း ကိုရင်ဘဝပဲ ရှိပါသေးတယ်။ မိခင်နဲ့ သားသဖွယ် မြန်မာအသုံးအနှုန်းသုံးဖို့ အခွင့်အရေးပေးခွင့်ရတာကို ကျွန်မကိုယ်တိုင်လည်း ကျေနပ်ခဲ့ပါတယ်။ )

သားကိုရင်သာ မြန်မာဦးဇင်းတွေနဲ့ မတွေ့ခဲ့ရင် သီရိလင်္ကာမှာ တစ်သက်လုံး သီတင်းသုံးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားသားမရှိတဲ့နေရာမှာ သီတင်းသုံးချင်ပါတယ် မေမေ။

အခြားနိုင်ငံသားတွေ မြန်မာမဟုတ်တဲ့ နေရာမှာ နှစ်ပေါင်းများစွာ အားထုတ်ပေမယ့်လည်း မာန်မကျတာကို တွေ့ရတယ်။

(တခြားနိုင်ငံမှာ အားထုတ်ခဲ့တဲ့ သူတွေကို လေ့လာပြီး ဖြစ်ပါတယ်။ သူနှိုင်းယှဉ်ပုံတွေ တော်တော်များများပြောခဲ့ပေမယ့် ဒီမှာတော့ ချန်လှပ်ထားပါတော့မယ်)

မြန်မာဦးဇင်းတွေရဲ့ မာန်နည်းခြင်းမျိုးကို သားကိုရင် သင်ယူချင်ပါတယ်။

မာန်မာန မရှိတဲ့ အရဟတ္တမဂ်ဖိုလ်ကို အောင်မြင်ဖို့ ဒီမာန်မာတွေ ချိုးနှိမ်ရပါမယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာဦးဇင်းတွေကြား သားကိုရင် တစ်သက်လုံး ကျင့်ကြံသွားချင်ပါတယ်။

ကျွန်မရင်ထဲ အတိုင်း မသိလောက်အောင် ဘာသာအတွက် နိုင်ငံအတွက် မြန်မာဦးဇင်းတွေအတွက် ဂုဏ်ယူတဲ့ စိတ်တွေ တဖွားဖွားပေါ်ခဲ့ပါတယ်။

ဟုတ်တယ် ပရိယတ်တွေအခိုင်အမာထိန်းတဲ့ တို့နိုင်ငံ၊

ဝိနည်းလေးစားတာချင်း ယှဉ်လည်း သာတဲ့ တို့နိုင်ငံ၊

နိုင်ငံတကားနဲ့ယှဉ်ကြည့်ပြီး မြန်မာဦးဇင်းတွေ မာန်နည်းခြင်းမျိုး သဘောကျခံရတဲ့ တို့နိုင်ငံ ၊ တို့နိုင်ငံ.........

ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာကို အခိုင်မာဆုံး လက်ဆင့်ကမ်းနိုင်တဲ့ မြန်မာက သံဃာတော်အရှင်သူမြတ်များရဲ့ ကျေးဇူးကိုလည်း တသသဖြစ်မိတယ်။

သီရိလင်္ကာမှာ သင်္ကန်းကို အဝါရောင်တွေဝတ်တယ်နော်။ အရှင်ဘုရားက ဘာလို့ နီညိုရောင်ဝတ်တာလည်းဘုရား။

သီရိလင်္ကာမှာ နှစ်ဂိုဏ်းရှိပါတယ်။ ထိုင်းကဆင်းသက်လာတာနဲ့ မြန်မာက ဆင်းသက်လာတာပါ။

သားကိုရင်က မြန်မာဂိုဏ်းကပါ။

(ကျေနပ်ပြန်ရော)

ဒီလိုနဲ့ မြန်မာကို ဇွန်လ ၁၉ ရက်နေ့မှာ ကြွသွားပါတယ်။ မကြွခင်လည်း သူရဟန်းဘောင်တက်တာ သူ့ဘဝမှာ အရေးကြီးဆုံး ဖြစ်ကြောင်း ရဟန်းဒကာမလုပ်မယ့် ကျွန်မတို့ သူငယ်ချင်း သုံးယောက်ကို တဖွဖွ ပြောခဲ့ပါတယ်။

သူ့အတွက် အရေးကြီးသလို ကျွန်မတို့အတွက်လည်း အရေးကြီးပါတယ်။ မိဘရင်ခွင်ကခွဲခွာလာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တဲ့ အချိန်ကစလို့ ရဟန်းခံအလှူဆိုတဲ့ မြင့်မြတ်တဲ့အလှူပြုရတာ ဒါ ပထမဆုံးပါ။

၃၀ ရက်နေ့မှာ ယောဆရာတော်ဘုရားရဲ့ တပည့် ဦးပညာဝံသကို ဥပဇ္ဈာယ်ပြုပြီး မြင့်မြတ်သော ရဟန်းဘဝကို ရောက်ရှိခဲ့ပါတယ်။

ဘယ်လောက်တောင် ပျော်နေလည်းဆို ဆွမ်းဘုဉ်းပေးနေကျ အချိန်မှာ မဘုဉ်းချင်ဘူး မဆာဘူး နဲ့ ပီတိကိုစား အားဖြစ်နေသလား မပြောတတ်။

သေချာတာတော့ မြန်မာပြည်မှာ ရဟန်းဘောင်တက်ရတာ၊

မြန်မာပြည်မှာသီတင်းသုံးခွင့်ရတာ၊ မြန်မာဦးဇင်း ဖြစ်တာကို ကျေနပ်ကြီး ကျေနပ်နေမှာပါ....




နေ့ခင်းပိုင်း ဘုန်းဘုန်းကို ရွှေတိဂုံဘုရားပို့ခဲ့ပါတယ်။ အထက်ပစ္စယံမှာကိန်းဝပ်စံပယ်တဲ့ မြတ်စွာဘုရားကို ဖူးခွင့်ရမလားလို့ ဂေါပကရုံးကို သွားမေးပါတယ်။ နိုင်ငံခြားသားဖူးခွင့်မရှိဘူးလို့ ဂေါပကက ငြင်းပါတယ်။ ဒါလည်း ရွှေတိဂုံစေတီတော်ကြီးအတွက် လုံခြုံရေးပဲလေလို့ ကျွန်မကတော့ လွယ်လွယ်ကူကူ လက်ခံလိုက်ပါတယ်။

တာဝန်ရှိလူတွေ လုံခြုံရေးတွေ အဲဒီအနားဝိုင်းလို့ပေါ့။ ဦးဇင်း မြန်မာစကားတတ်မှန်း သတိထားမိပုံလည်း မပေါ်ပါဘူး။

သူတို့ပြောတဲ့ "နိုင်ငံခြားသား ကိုခွင့်မပြုဘူး" ဆိုတာက ဦးဇင်းရင်ထဲ ထိရှစေမလား.............

ဘုန်းဘုန်းကိုယ်တိုင် အဲဒီ့ဒကာကို သွားပြောလိုက်တယ်

" ဦးဇင်းက မြန်မာဦးဇင်းပါ....

မြန်မာလို ကိုရင်ဝတ်ခဲ့တာ ၅နှစ်ရှိပါပြီ။ ဒီနေ့ ရဟန်းခံခြင်းနဲ့ မြန်မာဦးဇင်းဖြစ်နေပါပြီ။

ဦးဇင်းကို မြန်မာဦးဇင်းလို့ မှတ်ပါနော်"

မြန်မာသိပ်ဖြစ်ချင်တဲ့ ဘုန်းဘုန်းအကြောင်းကို သိနေတဲ့ ကျွန်မရင်ထဲတော့ ထိရှခဲ့တာအမှန်ပါ။
Shared from သူနုနယ်၏ လဲနေသူထူပေးပါ

ဒွိဟိတ်၊ တိဟိတ် ခွဲခြားနည်း

**လယ်တီဆရာတော်ဘုရားကြီး၏ တိဟိတ်အဆုံးအဖြတ်

ဆရာတော်ဘုရားကြီးက ဓါတ်တွေ ပရမတ်တွေကို မပျင်းမရိစိတ်ဝင်စားတယ်။ မဂ်ဖိုလ်ကို ပြင်းပြင်းထန်ထန် လိုချင်တယ်ဆိုရင် တိဟိတ်လို့ မှတ်လို့ မိန့်တော်မူတာကို တစ်ဆင့်မှတ်သားရဘူးပါတယ်။

**သက္ချတောင်ဆရာတော် ဦးတိလောက

မိမိဒွိဟိတ်လား တိဟိတ်လား သိချင်ရင် သမထ၊ ဝိပဿနာ တစ်ခုခုကို လက်တွေ့လုပ်ကြည့်လိုက်ပါ။

သမထဘာဝနာပွားကြည့်လို့ ပဋိဘာဂနိမိတ်ကိုရရင် တိဟိတ် လို့သိပါ။

ဝိပဿနာဘာဝနာပွားကြည့်လို့ ဥဒယဗ္ဗယဉာဏ်(ဖြစ်ပျက်မြင်ရင်) ရရင်လဲ တိဟိတ်လို့သိပါ။

ပဋိဘာဂနိမိတ်ထင်ပုံ

ပဋိဘာဂ ဆိုသည်မှာ မြန်မာလို အတူ (သို့) အတု ဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။

ဥပမာ – ပထ၀ီကသိုဏ်းကို အားထုတ်တဲ့သမထသမားတစ်ယောက်ဟာ မြေညက်ကိုယူပြီး မိမိတထိုင်သာသာ အမြင့်နံရံမှာ အ၀ိုင်းတစ်ခုလုပ်ပြီး ကပ်ထားရပါမယ်။ အဲဒီမြေဝိုင်းကို စိုက်ကြည့်ပြီး ပထ၀ီကသိုဏ်း – မြေ၀ိုင်း- မြေ၀ိုင်းလို့ စိတ်ထဲဆိုနေရပါတယ်။ ဈာန်နားနီးလာတဲ့ ဥပစာရသမာဓိ အဆင့်ဆင့် လောက်ရောက်ပြီဆိုရင် အဲဒီမြေဝိုင်းကြီးဟာ မျက်စိထဲက မပျောက်တော့ဘူး။ မျက်စိဖွင့်ထားသည်ဖြစ်စေ၊ မှိတ်ထားသည်ဖြစ်စေ အဲဒီမြေ၀ိုင်းကြီးကို တမြင်တည်းမြင်နေတော့တာပဲ။ အဲဒီလို သမာဓိစွမ်းအားကြောင့် မျက်စိထဲမှာမြင်လာတဲ့မြေ၀ိုင်းဟာ နံရံမှာကပ်ထားတဲ့မြေ၀ိုင်းမဟုတ်တော့ဘူး။ အတုပေါ်လာတဲ့မြေ၀ိုင်းတစ်ခုပဲ။ ဒါ့ကြောင့် မျက်စိထဲမှာ အလိုလိုမြင်လာတဲ့မြေ၀ိုင်းကို ပဋိဘာဂနိမိတ် လို့ သမထအရာမှာ သုံးပါတယ်။

**မိုးကုတ်ဆရာတော်ဘုရားကြီး

တိဟိတ်ဟုတ်ပါ့မလား။ ဒွိဟိတ်များ ဖြစ်နေမလားနဲ့။ ဒါက ဘုရားရှင်အရာ.. ကိုယ့်အရာ မဟုတ်ဘူး။ ဒီတော့ အကျိုးမများမှာကို မတွေးကြနဲ့။

အလုပ်လုပ်ဖို့သာ ကိုယ့်တာဝန်။ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲဆိုတာ သံသယ မရှိကြနဲ့။

မိမိဟာ ဒွိဟိတ်ဖြစ်နေစေဦးတော့ ၀ိပဿနာတရားကိုတော့ ကြိုးကိုကြိုးစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြိုးစားတဲ့အတွက် အလကား မဖြစ်ပါဘူး။ ဒီဘ၀မဂ်ဖိုလ်မရဘူးပဲထား။ စူဠသောတာပန်ပုထုဇဉ်အဖြစ်ကတော့ ဧကန်မုချရောက်ပါတယ်။ ဒီအဆင့်ရောက်တယ်ဆိုရင် သုဂတိဘဝလည်းမြဲတယ်။ နောက်ဘဝနတ်ပြည်ကျရင်လည်း မဂ်ဖိုလ်ကို တစ်ခဏချင်းရနိုင်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သောတာနုဂတသုတ်မှာ ဟောတော်မူထားပါတယ်။

(မေတ္တာရိပ်ဘလော့ဂ် ကို မှီငြမ်းပူဇော်ပါသည်။)


လယ်တီဆရာတော်ဘုရား


မိုးကုတ်ဆရာတော်ဘုရား

Shared from Win Khaing Tun

Wednesday, July 18, 2012

စိတ်ညစ်၊ စိတ်ပျက်၊ စိတ်ဓာတ်ကျတဲ့အခါ . . .

လူ့ဘ၀ဆိုတာ ပန်းမွေ့ယာ၊ ရွှေကော်ဇော မဟုတ်တာကြောင့် အမြဲတမ်းတော့လည်း

ပျော်ရွှင်ကြည်နူးနေရမှာ မဟုတ်ပါ။ လူ့ဘ၀ကို စရောက်ကတည်းက အငိုနဲ့စခဲ့ရသလို လူ့ဘ၀ကနှုတ်ဆက် ထွက်ခွာချိန်မှာလည်း အငိုနဲ့သာ အဆုံးသတ်ရပါတယ်။ ဒါကြောင့် ၀မ်းနည်းပူဆွေးစရာတွေဆိုတာ လူတိုင်း အတွက် ထူးဆန်းတဲ့ပြဿနာတွေ မဖြစ်သင့်ပါ။ စိတ်ညစ်စရာတွေဟာ ကြုံတွေ့နေကျအရာတွေမို့ မထူးဆန်းပေမယ့် အောင်မြင်ပျော်ရွှင်သူတွေက ဒီပြဿနာကို ဘယ်လို ကျော်လွှားအနိုင်ယူကြသလဲ ဆိုတာတော့ ထူးဆန်းပါတယ်။

ကဲ । । . စိတ်ညစ်ခြင်းဒုက္ခကို ရင်ဆိုင်ဖြေရှင်းကြစို့လား . . .

၁။ ဘယ်အရာမှ မတည်မြဲဘူးဆိုတာ အမြဲအသိရှိပါ . . .

လောကကြီးမှာ ဘယ်အရာမှ ထာဝစဉ်မတည်မြဲပါ။ သက်ရှိရော၊ သက်မဲ့ပါ မတည်မြဲကြပါ။ ဒီလိုပါပဲ ပျော်ရွှင်စရာတွေရော၊ စိတ်ညစ်စရာတွေပါလည်း အမြဲတည်ရှိနေနိုင်ကြမဲ့ အရာတွေမဟုတ်ပါ။ ပျော်ရွှင်စရာတွေ ပျောက်ကွယ်သွားကြသလို စိတ်ညစ်ဝမ်းနည်းစရာတွေလည်း တစ်နေ့နေ့မှာတော့ ပျောက်ကွယ်ရမှာပါ။ ဒါကြောင့် စိတ်ညစ်စရာတွေကုန်သွားမယ့်နေ့ကို ပျော်ပျော်ကြီးသာထိုင်စောင့်နေလိုက်ပါ။ စိတ်ညစ်ရတဲ့ တစ်နာရီကုန်သွားရင် ပျော်ရွှင်စရာတွေနဲ့တွေ့ဖို့တစ်နာရီပိုနီးသွားပြီဆိုတာ အမြဲအသိရှိနေရင် နေရထိုင်ရ ကောင်းသွားပါလိမ့်မယ်။

၂။ အားကစားစိတ်ဓာတ်မွေးပါ . . .

အားကစားသမားဆိုတာ ရှုံးနိမ့်မှုကြောင့် စိတ်ပျက်၊ အားငယ်တာတွေကို ခေါင်းထဲမှာ ကြာကြာထားလေ့ မရှိပါ။ နောက်တစ်ပွဲမှာ ဘယ်လိုနိုင်အောင်ကစားမလဲဆိုတာပဲ တွေးလေ့ရှိပါတယ်။ ဒါကြောင့် ဘ၀ကိုလည်း ကစားပွဲတစ်ပွဲလို့မြင်ထားပြီး အရှုံးနဲ့ကြုံတိုင်း နောက်တစ်ခါဘယ်လို အနိုင်ရအောင်လုပ်မလဲဆိုတာကို စဉ်းစားတဲ့အကျင့်ကောင်းလေး မွေးမြူထားရင် စိတ်ညစ်တာတွေကို ခံနိုင်ရည်ရှိလာပါလိမ့်မယ်။

၃။ အရာတိုင်းကို အတွေ့အကြုံလို့သာ ယူဆထားပါ . . .

စီးဆင်းနေတဲ့ချောင်းထဲက တူညီတဲ့စမ်းရေကို နှစ်ခါထပ်ချိုးလို့ မရနိုင်ပါ။ ဒီလိုပါပဲ ဘ၀ဆိုတာလည်း တစ်လမ်းမောင်းဖြစ်တာမို့ နာရီ၊ မိနစ်၊ စက္ကန့်တိုင်းကို နှစ်ခါတွေ့ကြုံဖို့လည်း လုံးဝမဖြစ်နိုင်ပါ။ ဒါကြောင့် ဘ၀မှာ ကြုံရသမျှအရာအားလုံးကို အတွေ့အကြုံတွေလို့ မြင်တတ်ဖို့လိုပါတယ်။ ဒါဆိုရင် ပျော်စရာပဲတွေ့တွေ့၊ ၀မ်းနည်းစရာပဲကြုံကြုံ ထူးထူးထွေထွေ ခံစားရမှာ မဟုတ်တော့ပါ။ စိတ်ညစ်ဝမ်းနည်းစရာတွေကို အတွေ့အကြုံလို့ ယူဆနိုင်ရင် စိတ်ညစ်စရာတွေထဲကနေ သင်ခန်းစာယူစရာတွေပါ ရလာနိုင်တာကြောင့် အမြတ်ပါ ထွက်ပါလိမ့်ဦးမယ်။

၎။ အလုပ်တစ်ခုခုလုပ်နေပါ । । .

အလုပ်နဲ့လက် မပြတ်လုပ်နေကြတဲ့လူတွေ ဘာကြောင့်ပျော်ရွှင်ကျန်းမာကြပါသလဲ။ ရှင်းပါတယ် စိတ်ညစ်ဖို့ မအားကြလို့ပါ။ အလုပ်များနေရင် ဘယ်စိတ်ညစ်စရာကိုမှ ခေါင်းထဲမှာ ကြာကြာမထည့်အားတာကြောင့် ကျန်းမာပျော်ရွှင်စေပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေကြုံရင် ထိုင်မနေဘဲ အလုပ်မရှိအလုပ်ရှာပြီးသာ လုပ်နေလိုက်ပါ။ စိတ်ညစ်စရာတွေကို မေ့ပစ်ဖို့ထိုင်ပြီးကြိုးစားတာထက် ပိုပြီးအကျိုးများပါတယ်။ ဘာကြောင့်လဲဆိုရင် စိတ်ညစ်စရာဆိုတာ မေ့ပစ်ဖို့ကြိုးစားလေ ပိုသတိရလေဖြစ်တတ်လို့ပါ။

၅။ ပျော်ပျော်နေတတ်သူတွေနဲ့ တွဲပါ . . .

စိတ်ညစ်တာရော၊ ပျော်ရွှင်တာပါ ကူးစက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ညစ်နေချိန်မှာ စိတ်ညစ်တဲ့သူနဲ့ သွားတွဲမိရင် နှစ်ဆပိုပြီး စိတ်ညစ်ရပါလိမ့်မယ်။ ဒီတော့ ပျော်ပျော်နေတတ်တဲ့သူတွေနဲ့ တွေ့ပြီး သူတို့ဆီက ပျော်ရွှင်မှုတွေကိုယ့်ဆီကို ကူးစက်ပါစေ။ စိတ်ပျက်အားငယ်ခြင်းကို ချေမှုန်းနိုင်တာဟာ ပျော်ရွှင်တက်ကြွှခြင်းပဲဖြစ်တာမို့ ကိုယ့်ဆီကစိတ်ညစ်စရာတွေ အဝေးကိုပြေးပါလိမ့်မယ်။

၆။ ပျော်ချင်ယောင်ဆောင်ပါ . . .

စိတ်ညစ်တဲ့အချိန်မှာ မှန်ကြည့်ပြီး အားရပါးရပြုံးပြလိုက်ပါ။ ပြီးရင် ဟာသ၀ထ္ထုပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ကြည့်ပြီး အားရပါးရရယ်လိုက်ပါ။ ပထမတော့ ခပ်ကြောင်ကြောင်ဖြစ်နေနိုင်ပေမယ့် မကြာခင်ပျော်လာပြီး စိတ်ညစ်စရာတွေ သက်သာသွားပါလိမ့်မယ်။ ဒါဟာကိုယ့်စိတ်ကိုယ်လှည့်စားလိုက်ခြင်းပါ။ Auto suggestion ဆိုတာ မိမိကိုယ်ကို လှည့်စားခြင်းပါပဲ။ ကိုယ့်ကိုယ်ကို ပျော်ချင်ယောင်ဆောင်လိုက်တဲ့အတွက် မျက်စိလည်သွားပြီး တကယ်ပျော်လာတာတွေ့ရပါလိမ့်မယ်။

၇။ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်လို့ရနိုင်တဲ့ နေရာကိုသွားပါ . . .

စိတ်ပျက်အားငယ်နေချိန်ဆိုရင် ရင်ထဲမှာ တင်းကျပ်နေလေ့ရှိပါတယ်။ ဒါကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းကတော့ အားရပါးရအော်ဟစ်လိုက်ခြင်းပါပဲ။ လူနေကျဲပါးတဲ့ အနောက်နိုင်ငံတွေမှာတော့ မြို့ပြင်ထွက်ပြီး အားရပါးရအော်လို့ရပေမယ့် မြန်မာပြည်မှာတော့ မဖြင်နိုင်ပါ။ ဒါကြောင့် အားကစားပွဲဖြစ်ဖြစ်၊ စတိတ်ရှိုးပွဲဖြစ်ဖြစ် သွားပြီးအားပေးလိုက်တာ အကောင်းဆုံးပါပဲ။ အဲဒီနေရာတွေမှာတော့ တရားဝင် စိတ်လွတ်ကိုယ်လွတ် အော်ဟစ်အားပေးနိုင်တာမို့ ရင်ထဲက တင်းကျပ်တာတွေ လျော့သွားပါလိမ့်မယ်။

စိတ်ညစ်တာကို ပျောက်အောင်လုပ်တဲ့နည်းလမ်းတွေ အများကြီးရှိပေမယ့် အနောက်နိုင်ငံသားတွေအတွက်ပဲ သင့်တော်တဲ့ နည်းလမ်းတွေ များပါတယ်။ အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကတော့ ကိုယ်တွေ့နဲ့ အများထောက်ခံ တားတဲ့ နည်းလမ်းတွေပဲဖြစ်လို့ မြန်မာလူမျိုးတွေအတွက် သင့်တော်ပြီး၊ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီတာကြောင့် အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။

စိတ်ညစ်၊ စိတ်အားငယ်ခြင်းတွေကို အောင်မြင်ကျော်လွှားနိုင်ကြပြီး ချမ်းမြေ့တဲ့ဘ၀ကို စာဖတ်သူအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ . . . ။ ။

http://hankyi.blogspot.com/2010/05/blog-post.htmlမှပြန်လည်မျှဝေပါသည်။။။

Shared from ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့

Monday, July 16, 2012

ဘာသာခြား အမျိုးသမီးတစ်ယောက်က ဒီလိုပြောသတဲ့

အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာကို စဉ်းစားဆင်ခြင်ကြည့်ရင်လည်း ပါရမီဥာဏ်မရှိတဲ့သူတွေမှာ သဘောပေါက်ဖို့ မလွယ်လှဘူး၊ ခက်ပါတယ်။ ဒါကြောင့် အခြားဘာသာဝင် အမျိုးသမီးတစ်ယောက်က ဒီလိုပြောသတဲ့။ “ရှင်တို့ ဗုဒ္ဓဘာသာဝင်တွေက မသိတဲ့အ၀ိဇ္ဇာကြောင့် ဖြစ်တယ်လို့ချည်း ပြောနေကြတယ်၊ မသိတာကနေပြီး အချိုးတကျ အကောင်းအမွန်တွေဟာ မဖြစ်နိုင်ပါဘူး၊ ကြည့်ပါ ကုလားထိုင်တစ်ခုဆိုရင် အသိဥာဏ်နဲ့ လုပ်မှပဲ ဖြစ်နိုင်ပါတယ်။ ပန်းကန်တစ်လုံးဆိုရင်လဲ အသိဥာဏ်နဲ့လုပ်မှ ဖြစ်နိုင်ပါတယ်၊ လူတွေ သတ္တ၀ါတွေဖြစ်အောင် ကမ္ဘာမြေကြီးနှင့်တကွ သစ်ပင် တောတောင် လ နေ ကြယ် စသည်တွေဖြစ်အောင်လည်း အသိဥာဏ်နဲ့လုပ်မှသာ ဖြစ်ဖို့ရှိပါတယ်။ ဒါကြောင့် ရှင်တို့ပြောတဲ့အတိုင်း မသိတဲ့အ၀ိဇ္ဇာကြောင့် ဖြစ်တယ်ဆိုတာဟာ မဟုတ်နိုင်ပါဘူး၊ ဘုရားသခင်က အသိဥာဏ်နဲ့ အချိုးတကျ ဖန်ဆင်းထားလို့ ဖြစ်နေတာသာ ဖြစ်သင့်ပါတယ်” လို့ ပြောသတဲ့။

အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်က နက်နဲလို့ သူမသိတာနဲ့ ပြောတဲ့စကားပါပဲ။ အမှန်ကတော့ အဲဒီလို ကြံစည်ပြောဆိုတာတွေကိုက အ၀ိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရတွေပဲ၊ ဒီနေရာမှာ ဘုန်းကြီးတို့က ဒီလို အကြံပေးချင်ပါတယ်။ “အသိဥာဏ်နဲ့ အချိုးတကျ ဖန်ဆင်းသူရှိမှ ဖြစ်နိုင်တယ်ဆိုရင် ‘လူတွေ သတ္တ၀ါတွေနဲ့ ကမ္ဘာလောကကြီးကို ဖန်ဆင်းသူ’ လို့ ယုံကြည်ယူဆထားတဲ့ ဘုရားသခင်ကြီးကိုတော့ ဘယ်သူက အချိုးတကျ ဖန်ဆင်းထားသလဲ” လို့ စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဘာမျှမဟုတ်တဲ့ ကုလားထိုင်တောင် အသိဥာဏ်နဲ့ လုပ်မှဖြစ်တယ်လို့ဆိုတော့ ကုလားထိုင်လုပ်တဲ့သူကို ဖန်ဆင်းဖို့က အဲဒီ ကုလားထိုင် လုပ်ရတာထက် ပိုပြီး ခက်ဖွယ်ရှိပါတယ်။ နောက်ပြီးတော့ အဲဒါထက် “လူတွေ သတ္တ၀ါတွေနဲ့ ကမ္ဘာလောကကြီးကို ဖန်ဆင်းတဲ့သူ” လို့ ယုံကြည်ယူဆရတဲ့ ဘုရားသခင်ကြီးကို ဖန်ဆင်းဖို့က ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်။ နောက်ပြီးတော့ ဘုရားသခင်ကြီးကို ဖန်ဆင်းတဲ့ အဲဒီပုဂ္ဂိုလ်ကြီးကိုလည်း ဖန်ဆင်းတဲ့သူ ရှိရလိမ့်ဦးမယ်၊ ဒီနည်းဖြင့် သူထက်သူ တန်ခိုးကြီးတဲ့ ဖန်ဆင်းသူတွေဟာ အဆင့်ဆင့် လိုက်လို့ မဆုံးနိုင်အောင် ရှိနေပါလိမ့်မယ်

အမှန်မှာတော့ ယခုသတ္တ၀ါတွေ ကြံစည် ပြောဆို ပြုလုပ်နေကြတာဟာ သစ္စာလေးပါးကို မသိသေးလို့ ပဋိစ္စသမုပ္ပါဒ်တရားကို မသိကြသေးလို့ပဲဆိုတာ ထင်ရှားပါတယ်။ ကောင်းတာပြုရင် ကောင်းကျိုးရတယ်၊ မကောင်းတာပြုရင် မကောင်းကျိုးရတယ်၊ ကိုယ်ပြုတဲ့အမှု ကံအားလျော်စွာ ကျောင်းကျိုးဆိုးပြစ် ရတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒါကြောင့် အမှန်မသိ အမှားသိတဲ့ အ၀ိဇ္ဇာရှိနေလို့ ပြုလုပ်မှုကံ သင်္ခါရတွေ ဖြစ်တယ်၊ အဲဒီကံသင်္ခါရကြောင့် ကံအားလျော်စွာ ဘ၀သစ်ဝိညာဏ် စသည်ဖြစ်တယ်ဆိုတာဟာ ပါရမီဥာဏ် ရှိတဲ့သူတွေမှာ ပေါ်လွင်ထင်ရှားနေပါတယ်။ ဒါပေမယ့် ခုတင်က ပြောခဲ့တဲ့ မိန်းမလို ပုဂ္ဂိုလ်တွေမှာတော့ ဘယ်လိုမျှ သဘောမပေါက်နိုင်အောင် ကွယ်ဝှက်နက်နဲနေပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက “ဂမ္ဘီရာဝဘာသောစ၊ နက်နဲယောင်လည်း ထင်တယ်” လို့ ဟောတော်မူပါတယ်။ ဥပမာ ပင်လယ်ကူးသင်္ဘောကြီးနဲ့ ပင်လယ်ကို ဖြတ်သွားတဲ့အခါ ပတ်ဝန်းကျင်က တွေ့မြင်ရတဲ့ ရေတွေဟာ တကယ်လည်း နက်တယ်၊ နက်ယောင်လည်း ထင်တယ်၊ အဲဒါလိုပဲ ပဋိစ္စသမုပ္ပါဒ်တရားတော်က တကယ်လည်း နက်တယ်၊ နက်နဲယောင်လည်း ထင်တယ်လို့ ဆိုလိုပါတယ်။

(ပဋိစ္စသမုပ္ပါဒ်)

သာမဏေကျော် ရေးသားသော မဟာစည် ဆရာတော်ဘုရားကြီး၏ ထူးခြားသော အတွေးအမြင်များ စာအုပ်မှ ရိုက်ကူးမျှဝေပါတယ်။
ခိုင်ခိုင်


ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားတွေ လေ့လာချင်ရင် အောင်ဆန်းဆရာတော်ဟောတဲ့ တရားတော်တွေ အတော်လေးကို ကောင်းပါတယ်။ သမထ နဲ့ ၀ိပဿနာ ကွာခြားချက် နဲ့ ပဋိစ္စသမုပ္ပါဒ် လေ့လာရကျိုးတွေ ဟောထားတဲ့ အပိုင်း(၁) ကို အရင်ဆုံး နာကြည့်စေချင်ပါတယ်။ (ဗဟုသုတတွေ အစုံအလင်ပါရှိပြီး ၀ိပဿနာ မရှုပွားခင် ပဋိစ္စသမုပ္ပါဒ်ကို သိနားလည်ထားခြင်းဟာ အားကြီးသော ၀ိပဿနာ အကျိုးတရားတွေဖြစ်စေနိုင်တဲ့အကြောင်းတွေ ဟောထားတာ အရမ်းကောင်းပါတယ်။)

http://dhammadownload.com/MP3Library/AungSanSayaDaw/Sept1999/001-AungSanSayaDaw-PaRatSa-ThaMuPa-27-9-1999.mp3 (အပိုင်း ၁)

သမထ နှင့် ၀ိပဿနာ တရားတော် (အပိုင်း ၁)... အပိုင်းက နှစ်ပိုင်း ရှိပါတယ်။

http://dhammadownload.com/MP3Library/AungSanSayaDaw/Sept2002/AungSanSayaDaw-ThaMaHtatNatWeiPaThaNar-1-10-2002.mp3

အောင်ဆန်းဆရာတော် တရားတွေအတွက်လင့်ခ်

http://dhammadownload.com/AungSan-SayaDaw-mp3.htm

ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ် လေ့လာရန် (သိချင်တဲ့စာလုံးတွေကို ကလစ်နှိပ်ပြီး လေ့လာနိုင်ပါတယ်။)

http://api.ning.com/files/tnKTqrDTM8RpruuCWcvYWA0MCFWCpR4AaMxYcC*5*fYIgw7EJ5rLZz5fH8Nb6OP9FBiNL7T3bodJ0fbmksMFc7bAUq3sLzT1/file.swf

"ခိုနှစ်ကောင်ပေးသော သင်ခန်းစာ"





ဒီနေ.မနက် ခိုလေးတွေအစာကျွေးဖို. ပြတင်းပေါက်ကိုဖွင်.လိုက်တယ်။
မျက်နှာကို လာထိမှန်လိုက်တဲ. နံနက်ခင်းလေနုအေးက အေးမြလန်းဆန်းသွားစေတယ်။
ခိုတစ်အုပ်ကို အစာကျွေးရင်း ပြတင်းပေါက်ကနေ ဟိုဟိုဒီဒီ လျှောက်ကြည်.မိတော. ခပ်ဝေးဝေး ဘောင်တစ်ခုမှာ ရွရွ ရွရွသွားနေတဲ. ပိုးကောင်လေးတွေကိုတွေ.တယ်။
ခဏနေတော. ခို နှစ်ကောင်ရောက်လာပြီး ထိုးဆိတ်စားသောက်ကြတော.တယ်။ အသက်မသေဖို.အရေး စွမ်းနိုင်သမျှ မြန်မြန်လွတ်အောင် ပြေးပုန်းရှာကြပေမယ်. ပိုးကောင်လေးတွေရဲ. ပြေးနှုန်းဟာ ခိုနှစ်ကောင်ရဲ. ခြေတစ်ခုန်အောက်က မလွတ်မြောက်ရှာကြဘူး။ အသက်လွတ်အောင်ပြေးပုန်းပေမယ်. ထိုးဆိတ်ခြင်းဒဏ်ကို မချိမဆံ.ခံရင်း သူတို.ကိုယ်နဲ. အသက်ကို ခိုနှစ်ကောင်ရဲ. အာဟာရအဖြစ် ပေးဆပ်လိုက်ရတယ်။ ဘယ်သတ္တ၀ါပဲဖြစ်ဖြစ် မိမိအသက်ကို ဒီလိုနည်းနဲ. အဆုံးသတ်ချင်ပါမလဲ။ သတ္တ၀ါတိုင်းဟာ မိမိအသက်ကို မိမိအချစ်ဆုံးသာဖြစ်ပါတယ်။
တစ်ခါ အသိဥာဏ်ရှိသူ လူတွေကကြည်.လို. အနည်းဆုံးကိုယ်ချင်းစာမိကြပေမယ်. ခိုနှစ်ကောင်အနေနဲ.ကြည်.ရင် ဒါဟာ မကောင်းဘူးလို. ဘယ်လိုစဉ်းစားတတ်ပါမည်လဲ။
သူတို.အသက်ရှင်ဖို. အာဟာရဟာ တစ်ခြားအသက်ကို ဒီလိုမဖြစ်မနေ ရှာဖွေစားသောက်နေရခြင်းပဲဖြစ်နေတော.တယ်။

(သတ္တလောကဟာ )သတ္တ၀ါတစ်ကောင်အသက်ရှင်ဖို.အခြားသတ္တ၀ါတစ်ကောင်ကို ရှာဖွေစားသောက်နေရခြင်းဟာ ဒုက္ခသစ္စာရဲ.ပုံစံတစ်ခုဖြစ်ပါတယ်။
သတ္တ၀ါတစ်ကောင် အသက်ရှင်ရပ်တည်နေနိုင်ဖို. အစာအာဟာရဟာ ရှောင်လွှဲလို.မရတဲ. အရေးပါဆုံးတစ်ခုလည်းဖြစ်တယ်။ တနည်းအာဖြင်. အသားစားသတ္တ၀ါတစ်ကောင်ရဲ. နေ.စဉ်မှီခိုနေရတဲ. အာဟာရဟာ တစ်ခြားသတ္တ၀ါတစ်ကောင်ရဲ. အသက်ပဲဖြစ်ပါတယ်။ ဒီလိုမှ သူမစားရင် သူသေရမယ်။ သူအသက်ရှင်ဖို. တစ်ခုတည်းသော မှီရာဟာ တစ်ခြားသတ္တ၀ါတစ်ကောင်ရဲ. အသားဖြစ်တယ်။
ဒီနည်းနဲ. သတ္တ၀ါတွေဟာ နေ.စဉ်နဲ.အမျှ နာကျင်မှုဝေဒနာခံစားရင်း သေနေကြရတယ်။ နိုင်သူက စားနေကြတယ်။

ဒါဟာ သိပ်မထူးဆန်းတဲ. ဖြစ်နေကျ နေ.စဉ်အဖြစ်အပျက်တစ်ခုဆိုပေမယ်. အသိဥာဏ်ရှိသူတွေအတွက် သံဝေဂရစရာ အသိတရားဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေတဲ. လောကဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ ဖန်ဆင်းထားလို.မဟုတ်သလို ဖန်ဆင်းသူတစ်စုံတစ်ယောက်ဆိုတာလည်း ရှိမနေပါဘူး။
ဖြစ်နေတဲ.အကျိုးတရားတွေဟာ အကြောင်းကင်းပြီးဖြစ်နေတာ တစ်ခုလေးမှမရှိကြောင်း မြတ်စွာဘုရားဟောပြတော်မူခဲ.ပါတယ်။
သူအသက်ကို သတ်ခြင်းဆိုတဲ. ပါဏာတိပါတာကံဟာ အပါယ်လေးပါးဆိုးကျိုးကို ပေးစေတဲ.သတ္တိရှိတယ်။ ဒီလို သူများအသက်ကို ရှာဖွေစားသာက်ရတဲ. အပါယ်ဘ၀တစ်ခုကို ရောက်ရှိသွားခဲ.ရင် အကုသိုလ်ရယ်လို. မသိမှုကြောင်.ပဲ ၀မ်းစာအတွက် သူ.အသက်ကို သတ်ဖြတ်စားသောက်ရခြင်းကြောင်. ထပ်ခါထပ်ခါ အပါယ်လေးပါး၌သာ မြုပ်နေရတော.တယ်။ ဘယ်တော.လွတ်ပါမည်လဲလို. ခန်.မှန်းတွက်ဆ၍ပင် မရနိုင်လောက်အောင် အပါယ်ရေကြောမှာ ကုသိုလ်ကံအကျိုးပေးမသာသ၍ ခေါင်းမဖော်တမ်း မြုပ်နေရမည်သာဖြစ်တယ်။ ဒါကြောင်. အပါယ်တစ်ခါကျရင် လွတ်ဖို.လမ်းစ၊ သုဂတိပြန်ရောက်ဖို. လမ်းစဟာ ဝေးသထက် ဝေးသွားကြရပြန်တယ်။

ယခုရရှိနေတဲ. လူ.ဘ၀ဆိုတာ ကုသိုလ်ကံအထောက်အပံ.ကောင်းခဲ.၍သာ ရရှိနေကြခြင်းဖြစ်ပါတယ်။ ဘုရားအဆူဆူနဲ.လွဲပြီး လွတ်မြာက်ကြောင်း သစ္စာတရားမှန်ကို အားထုတ်ခွင်.မရခဲ.ခြင်းဟာ အပါယ်လေးပါးကို ကိုယ်.အိမ်ကိုယ်.ယာလို အနေများခဲ.လို.သာဖြစ်ပေမယ်။ဒါကြောင်. လူ.ဘ၀ဟာ ရခဲခြင်း ဒုလ္လဘတစ်ပါး ဖြစ်ပါတယ်။
တစ်ဖန်လူ.ဘ၀ရပြီး သုဂတိပြန်ရောက်ဖို. အင်မတန်ခဲယဉ်းကြောင်းကို မြတ်စွာဘုရားက လက်သည်းခွံပေါ် မြေမှုန်.တင်၍ မဟာပထ၀ီမြေကြီးနဲ နှိုင်းယဉ်ကာ ဥပမာပေးတော်မူခဲ.ပါတယ်။
လူ.ဘ၀မှ သုဂတိပြန်ရောက်သူဟာ လက်သည်းခွံပေါ်တင်နေတဲ. မြေမှုန်.လောက်သာရှိပြီး လူ.ဘ၀မှ အပါယ်ပြန်ကျသွားသည်က မဟာပထ၀ီမြေကြီးပမာဏရှိတယ် အာနန္ဒာဟု မိန်.တော်မူခဲ.တယ်။
ဘာကြောင်.လဲဆိုတော. အပါယ်ရောက်ကြောင်း အကုသိုလ်မှန်းမသိဘဲ ပြုခဲ.ကြသည်. ကံသတ္တိတွေကြောင်.သာဖြစ်ပါတယ်။

လောက၌ မြတ်စွာဘုရားရှင် ပွင်.ထွန်းတော်မူတဲ.အခါမှသာဒါက သုဂတိရောက်ကြောင်း ကုသိုလ်တရား ၊ ဒါက အပါယ်ရောက်ကြောင်း အကုသိုလ်တရား၊ ဒါက ဒီဒုက္ခသစ္စာ သံသရာနယ်မှ လွတ်မြောက်ကြောင်း တရားရယ်လို. သိခွင်.ရကြရတာပါ။ ဒါကြောင်. သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်ပြီး သတ္တ၀ါတွေကို သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်အောင် လမ်းမှန်ပြပေးတဲ. ဘုရားရှင်ပွင်.ထွန်းဖို.ဟာ ခဲယဉ်းခြင်း ဒုလ္လဘတစ်ပါးဖြစ်သလို ဘုရားရှင်အဆုံးအမသာသနာတော်နဲ. ကြုံကြိုက်ဖို.ဟာလည်း အင်မတန်ကြုံခဲရတဲ. ဒုလ္လဘတစ်ပါးဖြစ်ပါတယ်။
လက်ရှိရရှိခံစားနေတဲ. လူ.ဘ၀ဟာလည်း မမြဲပါဘူး။ ဘယ်ဘုံမှာ ဘယ်လိုဘ၀ပဲရရ သေကြရဦးမှာပါ။ တစ်ချိန်ချိန်မှာ ဒီခန္ဓာကြီးကို ထားခဲ.ကြရဦးမှာပါ။ တစ်ဘ၀တည်းနဲ. ပြီးသွားကြမှာမဟုတ်ပါဘူး။ သံသရာနယ်မှလွတ်မြောက်ကြောင်း သစ္စာတရားကို မသိသေးသ၍ မိမိတို.ပြုနေကြတဲ. ကုသိုလ်ကံ အကုသိုလ်ကံအတိုင်းသာ သံသရာခရီးဆက်နေရဦးမှာပါ။ နှစ်တစ်ရာမှ တစ်ကြိမ်သာ ပေါ်လာတဲ. လိပ်ကန်းကြီးတစ်ကောင်ရဲ. ဦးခေါင်းကို တစ်ပေါက်တည်းသာရှိတဲ. ထမ်းပိုးတစ်ချောင်းစွပ်မိဖို.ရာက လွယ်ပါလိမ်.ဦးမယ်။ အပါယ်လေးပါးသာ ပြန်ကျသွားရင်ဖြင်. သုဂတိတစ်ဖန်ပြန်တက်ဖို.ဟာ အဲဒီထက် ခဲယဉ်းပါတယ်တဲ.။

မိမိတို.ဟာမသိမှုအ၀ိဇ္ဇာအားကြီးလို.သာ သေရေးထက် နေရေးပိုအရေးကြီးနေကြပါတယ်။ တကယ်တမ်း အသိဥာဏ်ရှိရှိစဉ်းစားကြည်.ရင်ဖြင်. ဘယ်ချိန်သေမည်မသိသည်. သေရေးဟာ အင်မတန်အရေးကြီးပါတယ်။ သေခါနီးခံစားရတဲ. ဝေဒနာဟာ နေထိုင်မကောင်းဖြစ်တဲ.အချိန်ခံစားရတဲ. ဝေဒနာထက် အဆပေါင်းများစွာ ခံစားရဦးမယ်.။ အဲဒီအခါ အမှန်တရားမသိဘဲ ဒေါသနဲ.တုန်.ပြန်ရင်းသေရင်ဖြင်. ငရဲသို.အကျိုးပေးပါတော.မယ်။ တကယ်အရှိအထင်၊ ပိုင်ဆိုင်သည်အထင်နဲ. ငါ.အိမ်၊ ငါ.သား ငါ.ပစ္စည်းအမှတ်စွဲပြီး လောဘနဲ. သေရင်ဖြင်. ပြိတ္တာအပါယ်အကျိုးပေးတော.မယ်။ အမှန်တရားမသိဘဲ မောဟနဲ. သေရင်ဖြင်. တိရစ္ဆာန်အကျိုးကို ပေးတော.မယ်။ သေခါနီးမှာ မည်သူတစ်ဦးတစ်ယောက်မှ ကိုယ်.ဒုက္ခကို မကယ်တင်နိုင်တော.ပါဘူး။ ကိုယ်.ကိုကယ်တင်နိုင်တာဟာ ကိုယ်.ပြုခဲ.တဲ. ဒါန၊ သီလ၊ ဘာဝနာ ၀ိပဿနာကုသိုလ်သာ ဖြစ်ပါတယ်။

ကောင်းမှုကုသိုလ်လုပ်ဖို. အခွင်.အရေးရပါလျက် တကယ်မိမိကို ကယ်တင်မယ်. အလုပ်ကိုမလုပ်ဘဲ နေခွင်.ရချိန်လေး မေ.မေ.လျော.လျော. ပေါ.ပေါ.ဆဆ ပျော်ပျော်ပါးပါး နေသွားရင်ဖြင်. သေရမယ်.အချိန်မှ နောင်တကြီးစွာရတတ်ပါတယ်။ နေရေးကိုတော. အမြော်အမြင်ကြီးစွာထားပြီး သေရေးကိုတော. မေ.လျော.နေကြတာဟာ အင်မတန်မှ အသိဥာဏ်နည်းခြင်းဖြစ်ကြောင်း သူတော်ကောင်းတို. အထပ်ထပ် သတိပေးခဲ.ကြပါတယ်။ နေရေးကိုပဲ မျှော်တွေးသူဟာ တစ်ဘ၀အတွက်သာ အမြော်အမြင်ရှိသူပါ။ သေရေးကိုပါ ထည်.တွက်ပြီး သံသရာအတွက်ပါ မျှော်တွေးတတ်မှသာ မိမိကိုယ်ကို ချစ်ရာ ကယ်တင်ရာ ရောက်ကြပါမယ်။
ဒါကြောင်. မိမိကို ကယ်တင်မယ်.ဒါန သီလ ဘာဝနာ ၀ိပဿနာကုသိုလ်တရားတွေမှာ မမေ.မလျော.သော သတိရှိနေသင်.ကြပါတယ်။

ဒီနေ.ခိုနှစ်ကောင်နဲ.ပိုးကောင်လေးတွေက သင်ခန်းစာပေးသွားခဲ.ပါတယ်။
......................................

အရေးတကာ့အရေးထဲမှာ အပါယ်မကျရေးသည် အရေးအကြီးဆုံးပဲ၊ အပါယ်မကျရေး၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်တဲ့တစ်ကြောင်းတည်းသောနည်းလမ်းဟာလည်း ၀ိပဿနာရှုမှတ်တဲ့နည်းလမ်းပါပဲ။ ဒါကြောင့် အရေးအကြီးဆုံးက ရုပ်နာမ်တရားကို အမှန်သိအောင် ရှုမှတ်နေဖို့ပါပဲ။ ဘယ်လောက်ပဲ စားရစားရ တစ်ဝမ်းဝရုံပဲ။ ဘယ်လောက်ပဲ ၀တ်ရ၀တ်ရ အရေးပြားဖုံးရုံပဲ။ သတိပဌာန်တရား လက်ကိုင်ထားမှ မလားအပါယ် သေချာတယ်။
(တော်ကူးဆရာတော်)
...........................................
တရားတစ်ခုခုကို လိုက်စားနေမှ တရားအရသာကောင်းမှန်းသိပါတယ်၊
တစ်ခုခုတော.ရှိကြပါစေ ၊ ဘာဝနာကို ဆေးလို သဘောထားကြပါ၊
ဘာဝနာစိတ်ရှိရင် စိတ်ကကြည်လင်လာပါတယ်၊
ဘုရားသာသနာမှာ ကုသိုလ်ရအောင်နေပါ ၊ မမိုက်ကြပါနဲ.။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
...........................................................

အဆုံးစွန်သောဘဝဆိုတာ ဘယ်လောက်ကြာမှ ဆုံးမယ်မသိဘူး။
တို့ဒကာတွေ သံသရာ ကြာချင်သလောက်ကြာ အဆုံးတော့မီမှာပဲလို့
အောက်မေ့နေကြသလား မပြောတတ်ဘူး။
ရယ်စရာကောင်းနေတော့တယ်။
ကိုယ်က မဆုံးချင်ရင် ဘယ်တော့မှ မဆုံးဘူးဆိုတာ တထစ်ချမှတ်လိုက်ကြ။
သံသရာဆိုတာ ကိုယ်ဆုံးချင်တဲ့အချိန် ဆုံးနိုင်တယ်။
နိဗ္ဗာန်ဟာ ဆုံးတဲ့အချိန်ရတာပဲ။
ဒါကြောင့် ဒီကနေ့ကစပြီး ရှေးမူတွေဖျက်ကြ။
သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုသလို
ဖြစ်နေကြမယ်။
နိဗ္ဗာန်ဆိုတာ တောင်းလို့ရတာမျိုးမဟုတ်ဘူး။
တောင်းလို့ရရင် ကူပြီးတောင်းပေးပါရဲ့။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး)
................................
လူတွေဟာ သေခါနီးကျမှ ကပ်ပြီးတော့ သံဝေဂရကြတယ်။
အချိန်နှောင်းသွားပြီ ၊ မရတော့ဘူး။ ဒါကြောင့် သေခါနီးမှ ကပ်ပြီး
တော့ သံဝေဂ မရကြပါနဲ့။ စောစောစီးစီး သံဝေဂရကြပါ။ စောစော
စီးစီး ကြိုကြိုတင်တင် လုပ်သင့်တဲ့အလုပ်တွေကို လုပ်ပါ။ လူ့ဘဝကို
ရတာဟာ အသိဥာဏ် အရယူဖို့ပါ။ ဘဝရဲ့အနှစ်သာရက အသိဥာဏ်
ပါ။
စားဝတ်နေရေးဟာ ခန္ဓာဝန်ထမ်းရုံသက်သက်ပါ။ မလုပ်မဖြစ်
တော့ လုပ်ရပါမယ် ။ ဒါပေမယ့် လူ့ဘဝရောက်လာရတာဟာ အသိ
ဥာဏ်ကို အရယူဖို့ပါ။ အဲဒီ အသိဥာဏ် ရဖို့ကြိုးစားကြပါ။
( ဆရာတော် ဦးဇောတိက )
.............................................................

သူတော်ကောင်းတရားများ ကျင်.ကြံပွားများအားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင်. ......
ဂျေကို (14.7.2012)

Shared from Lwinoo Ko

ဒေါက်တာအရှင်ကုမာရာ ဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး) အဂ္ဂမဟာပဏ္ဍိတ - အဘိဓဇ အဂ္ဂတော သဒ္ဓမ္မဇောတိက အကျိုးဆောင်ချုပ် - နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဓမ္မလက်ဆောင်





အရဟံ ဗဟိ - အန္တ - ဇယံ သုဂတံ၊

အမိတံ ၀ိရဇံ လလိတံ အတုလံ။

စရဏံ တိ - ဘ၀ူပ - သမံ ယမကံ၊

သုခဒံ သရဏံ ပဏမာမိ ဇိနံ။


၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၂။ ဗဟိ - အန္တ - ဇယံ - အတွင်း အပ ရန်ကို အောင်တောင်မူသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၎။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၅။ ၀ိရဇံ - ကိလေသာမြူ ကင်းသောမူသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၆။ လလိတံ - တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံသောမူသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၉။ တိ - ဘ၀ူပ - သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၁၀။ ယမကံ - ရေမီးအစုံစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသောသော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

၁၃။ ဇိနံ - မာရ်ငါးပါးကို အောင်မြင်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။

တရားပွဲကောင်းမှုရှင်များနှင့် ဝေယျာဝိစ္စအဖွဲ့ (ဓမ္မဒါန)

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ စင်္ကာပူတရားပွဲ ဓမ္မဒါန လက်ကမ်းစာစောင်တစ်ရွက်မှ ဓမ္မမိတ်ဆွေများ အကျိုးများစေရန် ရည်ရွယ်၍ ရိုက်ကူးမျှဝေပါတယ်။ 

Friday, July 13, 2012

ပိုပြီးသိမှ ပိုထိခိုက်မှာစိုး

ရထားစတင်ထွက်ခွါစပြုတဲ့အချိန်မှာပေါ့ .. လူကြီး ၊ လူငယ် ၊ ကျောင်းသူ ၊ အလုပ်သမား အလွှာအတန်းအစားအသီးသီးက လူတွေ ရထားပေါ်မှာ စီးနင်းလိုက်ပါလာတုံး ပြတင်းပေါက်ဘက်က ထိုင်ခုံတနေရာမှာတော့ အသက်(၃ဝ)အရွယ် လူငယ်တစ်ယောက်က အသက်ကြီးကြီးလူတစ်ယောက်နဲ့အတူထိုင်နေတယ် ။

ရထားထွက်ထွက်ချင်းမှာပဲ ခုန လူငယ်က “အဖေ .. ကြည့်ပါဦးဗျာ ..အပင်စိမ်းစိမ်းတွေကို မြင်ရတဲ့ မြင်ကွင်းကလှလိုက်တာ ..”

မထူးဆန်းတဲ့ မြင်ကွင်းတွေကိုကြည့်ပြီး သူအဲ့လိုပြောတာကို ကြားရသူအပေါင်း အံ့အားသင့်သွားပြီး တိုးတိုးတိုးတိုးနဲ့ သူ့ကို ဝေဖန်ပြောဆိုနေကြတယ် ။

အဲ့ဒီအချိန်မှာ မိုးစရွာလာတယ် ။ မိုးရေစက်တွေ ပွင့်နေတဲ့ပြတင်းတံခါးဝကနေ လာစင်တာကိုကြည့်ြ့ပီး သူက ပျော်ရွှင်နေတဲ့ပုံနဲ့ သူ့အဖေကို ထပ်ပြောပြန်တယ် ။

“ အဖေ.....မိုးရေစက်တွေက လှလိုက်တာဗျာ .. နော် “

အဲ့ဒါကို ကြားသွားတဲ့ သူ့ဘေးနားက မိန်းမကြီးက နဂိုကမှ မိုးတွေလာစင်လို့ စိတ်တိုနေတဲ့သူဆိုတော့ ကောင်လေးရဲ့ အဖေကို “အဘိုးကြီး ကိုယ့်သားကိုယ် ထိန်းပါဦး။ နေမကောင်းဘူးဆိုရင်လဲ စိတ်ရောဂါကုဆေးရုံပို့လိုက် ။ လူတွေကြားမှာတော့ အနှောင့်အယှက်မပြုမိစေနဲ့ ။”

ကောင်လေးရဲ့ အဖေက မိန်းမကြီးရဲ့စကားကို ခဏငြိမ်သက်သွာ နားထောင်နေတယ် ။ ပြီးမှ တွန့်တွန့်ဆုတ်ဆုတ်နဲ့ပြောတယ်။

“ကျွန်တော်တို့ ခုပဲ ဆေးရုံကပြန်လာကြတာပါ ။ ကျွန်တော့်သားလေးက မွေးကတည်းက မျက်စိမမြင်ရသူလေးပါ။ ဒါပေမဲ့ အံ့သြစရာပါပဲ ။ အရင်တပတ်ကမှ သူ့အမြင်အာရုံပြန်ကောင်းလာတယ် ဆိုပြီး အခု ဆရာဝန်က ဆေးရုံးကဆင်းခွင့် ပြုလိုက်တာပါ ။ မိုးရေတွေနဲ့ ဒီသဘာဝမြင်ကွင်းတွေက အခုမှ သူ့အတွက်မြင်ကွင်းသစ်ဖြစ်နေလို့ပါ ။ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ ... တဲ့ ။”

လောကမှာ တခါတခါ တချို့အဖြစ်ပျက်တွေက ကိုယ်မြင်နေရတဲ့ ကိုယ့်ရှုထောင့်ကကြည့်ရင် မှန်နေသလိုပါပဲ ။ တကယ့် နောက်ကွယ်က အကြောင်းရင်းတရပ်ကို မသိရသေးသရွေ့ပေါ့ ။ တကယ်လို့များ အဲ့ဒီအကြောင်းတရားကို သိသွားခွင့် ရလိုက်တယ်ဆိုရင်တော့ ကိုယ့်ရဲ့တုံ့ပြန်မှုတွေဟာ ကိုယ့်ကို ပြန်ပြီးထိခိုက်ကြေကွဲစေပါတယ် ။ ဒါ့ကြောင့် တခါတလေ ဆိုးရွားပြင်းထန်တဲ့ ဝေဖန်တုံ့ပြန်မှုတွေမလုပ်ခင်အကြောင်းအရာတစ်ခုကို သေသေချာချာ နားလည်အောင်ကြိုးစားပါ ။

Shared from Shwe Yee

Sunday, July 8, 2012

"သမထနှင်.၀ိပဿနာ"

ဒီကနေ.ခေတ်မှာ ကမ္ဘာအနှံ. ကျယ်ကျယ်ပြန်.ပြန်. meditation ဆိုပြီးတော. သမထ အားထုတ်တဲ. အစဉ်အလာတွေဟာ နိုင်ငံတကာမှာလည်း လိုက်နာကျင်.သုံးနေကြတယ်။
ဟိုနိုင်ငံမှာလည်း meditation ၊ ဒီနိုင်ငံမှာလည်း meditation လို.ဆိုပြီးတော. meditation လုပ်ငန်းတွေဟာ ခုအခါမှာ popular ဖြစ်လာတယ်လို. ပြောရမယ်။

အဲဒီ meditation တွေဟာ ဘာရည်ရွယ်ချက်နဲ.လုပ်ကြတာလဲလို.. ရည်ရွယ်ချက်ထားပုံချင်း မတူဘူးပေါ.။
တချို.က meditation လုပ်တာဟာ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ပြီး နိဗ္ဗာန်မဂ်ဖိုလ်ချမ်းသာကို မျက်မှောက်ပြုဖို.ဆိုတဲ. အလွန်မြင်.မားတဲ. ရည်ရွယ်ချက်နဲ. အားထုတ်တဲ. ပုဂ္ဂိုလ်ရှိသလို
တချို.ကလည်းပဲ စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်လို. စိတ်ဖိစီးမှုဒဏ်တွေ လျော.ကျသွားစေရန် စိတ်ငြိမ်သက်မှု ရရုံ ရည်ရွယ်ပြီးတော. meditation
လုပ်ကြတာတွေက များတယ်။ ရည်ရွယ်ချက်ချင်း မတူဘူးပေါ.။

သို.သော် သမထဆိုတာ ဘာလဲ၊ ၀ိပဿနာဆိုတာ ဘာလဲ။ meditation ဆိုတဲ. ကမ္မဋ္ဌာန်းအလုပ်သည် သမထရယ် ၀ိပဿနာရယ်ဆိုပြီး ကျင်.စဉ်နှစ်မျိုး ကွဲပြားနေတယ်တဲ.။
ဒီစကားလုံးနှစ်ခုဟာ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာရော ဗုဒ္ဓဘာသာမဟုတ်တဲ. ကမ္မဋ္ဌာန်းဘာဝနာ စိတ်ဝင်စားတဲ. ပုဂ္ဂိုလ်တွေရဲ. အသိုင်းအ၀ိုင်းမှာရော လူသိများနေတဲ. စကားလုံးနှစ်ခုဖြစ်တယ်။
သမထနှင်. ၀ိပဿနာ။ သို.သော် သမထဆိုတာ ဘယ်လိုကျင်.ရသလဲ။ ၀ိပဿနာဆိုတာ ဘယ်လိုကျင်.ရသလဲလို. လူတိုင်း သိကောင်းချင်မှ သိမယ်။
မိမိလုပ်နေတဲ. meditation သည် သမထ meditation လား၊ ၀ိပဿနာ meditation လားဆိုတာလည်း ကွဲကွဲပြားပြား သိကောင်းမှသိလိမ်.မယ်။
အဲတော. ဒီနှစ်ခုဟာ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားလည်း သိထားဖို. မလိုအပ်ဘူးလား။ ဒါကို ရှင်းလင်းပြောပြဖို.ရန်အတွက် ရှေးဦးစွာ သမထဆိုတာဆိုတာဘာလဲဆိုတာသိဖို.လိုတယ်။

သမထလို.ဆိုတဲ. စကားလုံးရဲ. အဓိပ္ပါယ်က ဆန်.ကျင်ဘက်တရားများကို ငြိမ်သက်သွားအောင် ပြုလုပ်ခြင်းလို. အဓိပ္ပါယ်ရတယ်။ ငြိမ်သက်စေခြင်း။
တနည်းအားဖြင်. ပြောမယ်ဆိုလို.ရှိရင် စိတ်ရဲ.ယောက်ယက်ခတ်နေမှုကို ငြိမ်သက်စေခြင်း။
လူတွေမှာ စိတ်ထဲမှာ excitation လို.ခေါ်တဲ. စိတ်ရဲ.လှုပ်ရှားမှု၊ ယောက်ယက်ခတ်မှုတွေရှိတတ်တယ်ပေါ.။
အာရုံနဲ.တွေ.လို. လောဘဖြစ်ရင်လည်း စိတ်လှုပ်ရှားတာပဲ၊ ယောက်ယက်ခတ်တာပဲ၊ ဒေါသဖြစ်ရင်လည်း ယောက်ယက်ခတ်တာပဲ၊ မောဟဖြစ်ရင်လည်း တွေဝေပြီး ယောက်ယက်ခတ်တာပဲ၊ ဒီလို စိတ်ယောက်ယက်ခတ်မှုမျိုးတွေကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ. ကမ္မဋ္ဌာန်း အကျင်.ကို သမထလို.ခေါ်တယ်။
ဒါ.အပြင် အဆိုပါ သမထအကျင်.ဖြင်. ရလာတဲ. သမာဓိစွမ်းအားဟာလည်း ယောက်ယက်ခတ်တဲ.စိတ် အခြေအနေများကို ပျောက်ကင်းစေနိုင်သည်.အတွက် တကယ်. သမထဖြစ်တယ်။
ဒါကြောင်. ကမ္မဋ္ဌာန်းကျင်.စဉ်နဲ. သမာဓိ ၂ မျိုးလုံးကိုပင် သမထလို.ခေါ်ရမှာဖြစ်တယ်။ စာပေကျမ်းဂန်များမှာ
ပစ္စနီကဓမ္မေ သမေ-တီတိ သမထော လို. ဖွင်.ဆိုကြတယ်။ ဆန်.ကျင်ဘက် တရားများကို ငြိမ်သက်ပျောက်ကင်းနိုင်တဲ. တရားကို သမထလို.ဆိုလိုတာ ဖြစ်တယ်။

ဝိပဿနာဆိုတာ
ဝိပဿနာဆိုတာ ဘာလဲမေးရင် ၀ိပဿနာဆိုတာ ထူးခြားတဲ. ဥာဏ်အမြင်လို. အဓိပ္ပါယ်ရတယ်၊
ဝိ- အထူးထူးအပြားပြားသော အခြင်းအရာအားဖြင်. ပဿနာ - ရှုမြင်တတ်သော ဥာဏ်ကို ၀ိပဿနာဟု ခေါ်ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင်. ၀ိပဿနာဆိုတာ ထူးခြားစွာ သိမြင်တတ်သော ဥာဏ်ကို ခေါ်တာဖြစ်တယ်။
ဘယ်လိုထူးခြားစွာ မြင်တတ်သလဲဆိုရင် သာမန်အားဖြင်. လူတွေက ဘ၀ကို ချမ်းသာတယ် ကိုယ်ပိုင်တယ်လို. မြင်ကြတယ်။ အဲဒီအမြင်တွေနဲ. မတူဘဲ ဘ၀ဆိုတာ မမြဲဘူး ဆင်းရဲတယ် ကိုယ်မပိုင်ဘူးလို. မြင်တယ်၊ အဲဒီလို မြင်တဲ. အသိဥာဏ်မျိုးကို ၀ိပဿနာလို.ခေါ်တယ်။
စာပေကျမ်းဂန်များမှာ အနိစ္စာဒိဝသေန ၀ိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ၀ိပဿနာ လို. ဖွင်.ဆိုကြတယ်။ အနိစ္စစသည်နှင်. ဆက်စပ် ပြီး အမျိုးမျိုးသော အခြင်းအရာတွေနဲ. ဓမ္မတို.ကို ရှုမြင်တတ်သော ဥာဏ်သည် ၀ိပဿနာမည်၏ ဟု ဆိုလိုတယ်။

ကျင်.ရမယ်.တရား
ဒီသမထနဲ. ၀ိပဿနာ ၂ မျိုးလုံးဟာ ဖြစ်ပွားစေရမဲ. ဘာဝေတဗ္ဗ တရား၊ ကျင်.ရမဲ. တရားဖြစ်တယ်။ မငြိမ်မသက် ယောက်ယက်ခတ်နေတဲ. စိတ်ကလေး ငြိမ်သက်သွားအောင် သမထကို ကျင်.ရမယ်၊ စိတ်ကလေး မငြိမ်သက်ရင်ဖြစ်စေ ထူးခြားတဲ. အမြင်မရှိရင်ဖြစ်စေ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။
နိဗ္ဗာန်ကိုရောက်နိုင်အောင် စိတ်ကလေး ငြိမ်သက်ပြီး ထူးခြားတဲ. ဥာဏ်အမြင်ရရှိစေရန် ၀ိပဿနာ ကျင်.စဉ်ကိုလည်း ကျင်.ရမှာဖြစ်တယ်။ သို.သော် သမထနဲ. ၀ိပဿနာ ကျင်.စဉ် ၂ခုဟာ စိတ်ရဲ. ဦးတည်ရာ အာရုံချင်း မတူကြဘူး။

သမထအာရုံ
သမထရဲ. အာရုံက အများအားဖြင်. ပညတ်ဖြစ်တယ်။ ပညတ်ဆိုတာ လူအများစုက သတ်မှတ်ပြီး
အရှိအနေနဲ. လက်ခံထားတဲ. အရာသာဖြစ်တယ်။ အမှန်တကယ်ရှိတဲ. အရာမဟုတ်ဘူး။ ဥပမာ လူတွေက ဒါ အဖြူလို. သတ်မှတ်လျှင် အဖြူပဲ၊ အနီလို. သတ်မှတ်လျှင် အနီ၊ အ၀ါလို. သတ်မှတ်လျှင် အ၀ါဖြစ်တယ်၊ ဒါတွေဟာ အထင်အမြင် အယူအဆမျှသာ ဖြစ်တယ်။
ဒီလို အထင်အမြင်မျှသာဖြစ်တဲ. ပညတ်အာရုံပေါ်မှာ စိတ်ကို စုစည်းပြီး တည်ငြိမ်အောင်လုပ်တာဖြစ်တယ်၊ သမထကျင်.စဉ်ဟာ အများအားဖြင်. ပညတ်အာရုံတွေမှာ အခြေပြုတာ ဖြစ်သော်လည်း ဗုဒ္ဓါနုဿတိ တို.လို စတုဓာတု၀၀တ္တာန်(ဓာတ်ကြီးလေးပါးခွဲခြားခြင်း) တို.လို သဘာဝအာရုံ ပရမတ်အာရုံတွေပေါ်မှာလည်း အခြေပြုတာမျိုးလည်း ရှိသေးတယ်။
သမထကျင်.စဉ်နဲ. ရရှိလာတဲ. သမာဓိဟာ ဥပစာရ သမာဓိ (ဈာန်ရခါနီး အဆင်.) နဲ. အပ္ပနာ သမာဓိ (ဈာန်ရပြီး အဆင်.)လို. ၂ မျိုးရှိတယ်၊ အပ္ပနာသမာဓိတိုင်အောင် ရစေနိုင်တဲ. ပညတ်အာရုံပေါင်း ၂၈ မျိုးရှိတယ်။

ကသိုဏ်းပညတ်
သမထကျင်.စဉ်ကို ကျင်.မယ်ဆိုရင် ပညတ်အာရုံ တစ်ခုခုမှာ အခြေပြုရတယ်၊ မြေရေလေမီး ဆိုတဲ. ဓာတ်ကြီး ၄ ပါးနဲ. စပ်တဲ. ပညတ်ပေါ်မှာ အခြေပြုလို.ရတယ်၊ ညို ရွှေ နီ ဖြူဆိုတဲ. အရောင်ပညတ်မှာလည်း အခြေပြုလို.ရတယ်။ အာကာသလို.ခေါ်တဲ. လဟာပြင် (space ) ပေါ်မှာလည်း အခြေပြုလို.ရတယ်၊ ဒီအာရုံတွေကိုလည်း ကသိုဏ်းလို.ခေါ်တယ်၊ အဲဒီ ကသိုဏ်းအာရုံတွေမှာ အခြေပြုပြီး သမထကျင်.စဉ်ကိုကျင်.လို.ရတယ်။

အာနာပါနနဲ.ပညတ်
သို.မဟုတ် သမထကျင်.တဲ.အခါ ထွက်လေ ၀င်လေဆိုတဲ. အာနာပါနပညတ်ကို အာရုံပြုလို. ရတယ်၊ လူတိုင်းလူတိုင်းဟာ ၂၄ နာရီ စဉ်ဆက်မပြတ် အသက်ရှုနေကြတယ်၊ ဒီလို ရှုထုတ် ရှုသွင်းနေတဲ.လေကိုပဲ အခြေပြုပြီး သမာဓိ ဖြစ်ပွားအောင် ကြိုးစားရတယ်။

ဘုရားဂုဏ်တော်
ဘုရားဂုဏ်တော်ကို ပွားပြီး သမထကျင်.စဉ်ကို ကျင်.လို.မရဘူးလား မေးရင် ရပါတယ်လို. ဖြေရမှာပါ။ သို.သော် ဘုရားဂုဏ်တော်မှာ အခြေပြုပြီးရတဲ. သမာဓိက ဈာန်အထိ အပ္ပနာသမာဓိအထိ မရောက်ဘူး၊ ဘာကြောင်. မရောက်သလဲဆိုရင် ဘုရားဂုဏ်တော်က အလွန်လေးနက်တယ်၊ ပရမတ္ထ အာရုံဖြစ်တယ်၊ ဒါကြောင်. ဘုရားဂုဏ်တော်ကို အခြေပြုတဲ. သမာဓိဟာ ဈာန်အဆင်.အထိ မရောက်ဘူးလို.ပြောတာ။
ဘုရားဂုဏ်တော်ကို သမထကျင်.စဉ်အရ ကျင်.မယ်ဆိုရင် ဂုဏ်တော်ရဲ. အနက် အဓိပ္ပါယ်ကို နားလည်ရမယ်၊ ဥပမာ အရဟံ ဆိုရင် ကိလေသာ ခပ်သိမ်းကို ဖယ်ရှားပြီးသော မြတ်စွာဘုရားလို. အာရုံပြုရမယ်၊ ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင် နှိုင်းယှဉ်ပြီး စဉ်းစားရတယ်၊ အော် ငါ.မှာ လောဘဆိုတာရှိတယ်၊
ဒေါသဆိုတာလည်း ရှိတယ်၊ မောဟဆိုတာလည်း ရှိတယ်၊ မာန ဆိုတာလည်း ရှိတယ်၊ မြတ်စွာဘုရားမှာ လောဘဆိုတာလည်း မရှိဘူး၊ ဒေါသဆိုတာလည်း မရှိဘူး၊ မောဟဆိုတာလည်း မရှိဘူး၊ မာနဆိုတာလည်း မရှိဘူး၊ ကိလေသာမှန်သမျှ လုံးဝ ကင်းစင်နေပါကလားလို. ဒီလို ယှဉ်ကြည်.ပြီး နှလုံးသွင်းရင် အရဟံရဲ. အဓိပ္ပါယ်ဟာ ပိုပြီးပေါ်လွင် ထင်ရှားလာနိုင်တယ်၊ မိမိရဲ. စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ နစ်ဝင်နေရမယ်၊ ဒါမှသာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်မယ်။
အဲဒီလို မဟုတ်ဘဲ ဂုဏ်တော်ကို ၇ွတ်ပြီး ပုတီးအပေါ် စိတ်ရောက်နေပြီး ဘုရားဂုဏ်တော်အပေါ် စိတ်မရောက်ဘူးဆိုရင် ဗုဒ္ဓါနုဿတိလို. ပြောလို. ရမှာမဟုတ်ဘူး၊ ဘုရားရဲ. တကယ်.ဂုဏ် အရည်အသွေးတွေပေါ် အာရုံရောက်မှ ၀မ်းမြောက်မှ ပါမောဇ္ဇ ကျေနပ်နှစ်သိမ်.မှု ပီတိဆိုတာ ဖြစ်လာနိုင်တယ်။
…….......................

ဝိပဿနာကျင်.စဉ်
အဲဒီတော. သမထကျင်.စဉ် အောင်မြင်ထားတဲ. ပုဂ္ဂိုလ်တစ်ယောက်က မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရချင်ပါတယ်ဆိုရင် technique ပြောင်းရမယ်တဲ.။ ရှေ.က ပြောတဲ. မီးခိုးတန်းလေးလို၊ အလင်းတန်းလေးလို အာရုံနိမိတ်ပေါ်မှာ ဆက်ပြီးတော. မနေဘဲနဲ. ၀ိပဿနာကျင်.စဉ်ကို ပြောင်းရမယ်။ ဈာန်မှ ၀ိပဿနာကျင်.စဉ်ကို ပြောင်းချင်ရင် ဘယ်လို ပြောင်း၇မလဲ။
ပထမ အာရုံနိမိတ်ကလေးပေါ်မှာ ဈာန်ဝင်စားလိုက်တယ်။ ဈာန်ဝင်စားပြီး ဈာန်ကနေ ပြန်ထလိုက်ထလိုက်တဲ.အခါ (ပြန်ထတယ်ဆိုတာ ဈာန်ဝင်စားနေတာကို ပြန်ပြီးတော. နောက်ဆုတ်ပြီးတဲ.အခါ သူ.ရဲ. စိတ်အခြေအနေတွေ ဆက်လက်ပြီးတော. ဖြစ်နေတယ်ပေါ.။
လူက နောက်ဆုတ်လိုက်ပြီ၊ နောက်ဆုတ်လိုက်ပေမယ်.လို. ခုနက ဖြစ်သွားတဲ. စိတ်တွေရဲ. အခြေအနေတွေဆက်ဖြစ်နေတယ်။
ဥပမာ လူတစ်ယောက် စိတ်ဆိုးပြီးသွားပြီဆိုရင် အဲဒီ စိတ်ဆိုးတာကို ပြန်ပြီး တွေးလို.မရဘူးလား။ ရတယ်၊ ကိုယ်စိတ်ထဲမှာ ဘာဖြစ်သွားတယ်ဆိုတာ ပြန်စဉ်းစားလို.ရတယ်။ အဲဒါမျိုးလိုပဲ ဈာန်ဝင်စားတဲ. ပုဂ္ဂိုလ်တွေရဲ. စိတ်က ဈာန်ကနေ ပြန်ထလိုက်တဲ.အခါ အဲဒီဈာန်စိတ်တွေကို အာရုံအဖြစ်အသုံးချပြီး ၀ိပဿနာရှုရတယ်တဲ.။

ဝိပဿနာကျတော. ခုနက အလင်းတန်းလိုမျိုး ပညတ်ကို ရှုလို.မရဘူး။ အလင်းတန်းကိုအာရုံပြုပြီး ဖြစ်ပေါ်နေတဲ. ကြံစည်တာတွေ စိတ်ကူးတာတွေ၊ စိတ်ကြည်နူးတာတွေ ၊ ချမ်းမြေ.တာတွေဆိုတဲ. ဈာန်အဂါင်္တွေကို ပြန်ပြီးတော. ရှုလိုက်တယ်။
ရှုတယ်ဆိုတဲ. အချိန်မှာ ၀ိပဿနာကို သွားတဲ.အခါ အဆင်. ၂ ဆင်.ရှိတယ်။ နံပါတ် ၁ က သဘာဝလက္ခဏာ (individual characteristic) လို.ခေါ်တယ်။ သူ.ရဲ. nature ကို၇ှုရမယ်လို. ပြောတာ။ အဲဒါ ဘာလဲဆိုရင် ကြံစည်တယ်ဆိုတဲ. ၀ိတက်ရဲ. သဘာဝကိုကြည်.လျှင် ၀ိတက်ဆိုတာ စိတ်ကလေးကို အာရုံပေါ်သို. ပို.ပေးနေပါလားဆိုတဲ. သူ.ရဲ. nature ကိုသိရတယ်။
ဝိစာရကို ကြည်.လိုက်ရင် အာရုံကလေးနှင်. စိတ်ကို ချည်နှောင်ထားပါလား၊ တွဲထားပါလား ဆိုတဲ. သူ.ရဲ. သဘာဝကို တွေ.မယ်။ ပီတိကိုကြည်.ရင် အာရုံပေါ်မှာ နှစ်ခြိုက်နေတဲ. သဘောပါလားဆိုတဲ. သူ.ရဲ.သဘာဝကိုတွေ.မယ်။ သုခကို ကြည်.မယ်ဆိုရင် ကိုယ်ချမ်းမြေ.မှု၊ စိတ်ချမ်းမြေ.မှုကို ဖြစ်ပေါ်စေတဲ. သဘောပါလားလို. သူ.ရဲ. သဘောကို တွေ.လိမ်.မယ်။
သမာဓိကိုကြည်.လိုက်ရင် အာရုံနှင်. စိတ်ပေါ်မှာ ငြိမ်နေအောင် လုပ်တဲ. သဘောပါလားလို. သူ.ရဲ. သဘောကိုတွေ.ရမယ်။ ဒါလေးတွေကို သူတိုရဲ. သဘာဝလက္ခဏာလို. ခေါ်တယ်။

ဝိပဿနာလမ်းကြောင်းပြောင်းတာနဲ. တပြိုင်နက် အဲဒီ အစစ်အမှန်ဖြစ်တဲ. သဘာဝလက္ခဏာတွေကို သိရမယ်။ ဥပမာအားဖြင်. စိတ်ဆိုးပြီးတဲ. လူတစ်ယောက်ဟာ အော် ဒေါသဆိုတာ စိတ်ကို ယောက်ယက်ခတ်ပြီး စိတ်ကို ပူစေတတ်တဲ. သဘောပါလား။ တည်ငြိမ်နေတဲ. စိတ်ကို ဖျက်ဆီးတတ်တဲ. သဘောပါလားလို. မတွေ.နိုင်ဘူးလား။
ဒုဿတီတိ ဒေါသော တည်ငြိမ်နေတယ်ဆိုတဲ. အနေအထားလေးတစ်ခု ပျက်သွားအောင် ဖျက်ဆီးတတ်တယ်တဲ.။ စိတ်ဆိုးတယ်ဆိုကတည်းက တည်ငြိမ်နေတဲ. ငြိမ်းချမ်းနေတဲ. သဘာဝလေးတစ်ခုပျက်သွားတာလေ။ အဲဒီလို ဖျက်ဆီးတတ်တဲ. သဘောကိုသိတာ ဒေါသရဲ. သဘာဝကို သိတာပဲ။ လောဘဆိုရင်လည်း အာရုံပေါ်မှာ တွယ်ကပ်နေတဲ. သဘောလေးပါလားလို. လောဘရဲ. သဘောကို ဒီလို မြင်တယ်။ အဲဒီလို သဘာဝလေးတွေမှာလည်း ကိုယ်ပိုင်သဘာဝတွေ ရှိတယ်.။ အဲဒီ ကိုယ်ပိုင် သဘာဝလေးတွေကို သဘာဝလက္ခဏာ လို. ခေါ်တယ်။

နံပါတ် ၂ က သဘာဝလက္ခဏာကို ကြည်.ရင်း ကြည်.ရင်းကနေ သာမညလက္ခဏာလို.ခေါ်တဲ. အများဆိုင်တဲ. လက္ခဏာကို တိုးချဲ.ပြီးတော. မြင်လာတယ်။ သာမညလက္ခဏာဆိုတာ မမြဲတဲ.သဘော၊ ဆင်းရဲတဲ.သဘော၊ စိုးမပိုင်တဲ.သဘော။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို. သဘာဝတွေကို သာမညလက္ခဏာလို.ခေါ်တယ်။ (universal characteristic) ဒီလို မြင်လာပြီဆိုရင် ၀ိပဿနာ ဖြစ်ပြီ၊။ ထူးထူးခြားခြား မြင်လာတယ်လို. ပြောတာ။
အဲဒီလို သမထကျင်.စဉ်ကနေ ၀ိပဿနာကျင်.စဉ်ကို ပြောင်းတဲ. ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း အခုလိုပဲ ပြောင်းတယ်။ အဲဒီကနေ ဆက်ပြီး ဘာတွေတွေ.သလဲဆိုရင် ဒီသဘာဝ တရားလေးတွေဟာ ဘယ်မှာ မှီပြီး ဖြစ်တာလဲလို. စဉ်းစားလိုက်ရင် စိတ်ရဲ.ဖြစ်ပေါ်ရာဖြစ်တဲ. နှလုံးသားကို မှီပြီး ဖြစ်တာပါလားလို. မှီရာ ရုပ်တရားကအစ ရုပ်တရားတွေကို စဉ်ဆက်မပြတ် မြင်လာတတ်တယ်။ စိတ်ရော ရုပ်ရော ဒီနှစ်ခုစလုံး မြင်လာတယ်။ ပြီးတော. စိတ်နဲ.ရုပ် မတူညီတဲ. သဘောထားလေးတွေ မြင်လာတယ်။

မြင်လာပြီး စိတ်ရော ရုပ်ရော ဒီနှစ်ခုလုံးဟာ ထာဝရတည်မြဲနေတဲ. အရာမဟုတ်ဘူး။ ဖြစ်လာပြီးတဲ.နောက် ပျောက်သွားတယ်။ အကြောင်းတိုက်ဆိုင်လို. ဖြစ်လိုက်တယ်။ ပေါ်ပြီးရင် ပျောက်သွားတယ်။
ပျောက်တယ်ဆိုတာ နောက်ထပ်ပေါ်မလာဘဲ ပျောက်တာ၊ နောက်ထပ်ဖြစ်တာက နောက်ထပ်အကြောင်းတစ်ခုကြောင်. ဖြစ်တာ။ အဲဒီလို စဉ်ဆက်မပြတ် ဖြစ်ပြီး ပျက်သွားတဲ. သဘောတွေကို မြင်လာတာ အနိစ္စ ၊ အဲဒီ ဖြစ်ပျက်မှုကြီးဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ဖြစ်နေတာ ဒုက္ခ၊ အဲဒီအပေါ်မှာ ကိုယ်က ဘာမှ ချုပ်ကိုင်နိုင်စွမ်းမရှိတာက အနတ္တတဲ.။ ဒီသဘောတွေကို မြင်လာတာက ၀ိပဿနာလို.ခေါ်တယ်။

အဲဒီဝိပဿနာဥာဏ်အဆင်.ဆင်.က ပထမဆုံး ရုပ်နဲ. နာမ်နဲ. ခွဲတဲ. နာမရူပပရိစ္ဆေဒဥာဏ် (ခွဲခြားပြီး သိမြင်တဲ.ဥာဏ်)၊ အဲဒီနောက် ထိုရုပ်နာမ်တွေရဲ. ဖြစ်ပေါ်လာခြင်း အကြောင်းတရားကိုပါ တွဲဖက်ပြီးသိလာတဲ. ပစ္စယပရိဂ္ဂဟဥာဏ်၊ ထိုနောက် ထိုရုပ်နာမ်တို.ရဲ. မမြဲတဲ. အနိစ္စသဘော၊ ဆင်းရဲတဲ. ဒုက္ခသဘော (ဒီနေရာမှာ ဆင်းရဲတယ်ဆိုတာ ပိုက်ဆံမရှိလို. ဆင်းရဲတာကို ပြောတာ မဟုတ်ဘူး။ ဖြစ်ပြီး ပျက်နေတာကိုက စိတ်ပျက်စရာ ကြီးလို. ပြောတာနော်)။ ဖြစ်ပျက်မှုတွေရဲ. နှိပ်စက်မှုကိုခံနေရတဲ. စိတ်ပျက်စရာကောင်းတာက ဒုက္ခ၊ အဲဒီလိုဖြစ်ပြီး ပျက်နေတာကို ရပ်တန်.ပစ်လို. မရဘဲ ကိုယ်မပိုင်တာက အနတ္တ။
ဒီဖြစ်မှု ပျက်မှု သဘောတွေကို အထပ်ထပ် စဉ်းစားတယ် (သမ္မသနဥာဏ)၊ ဖြစ်မှု ပျက်မှု သဘောတွေကို ရှင်းရှင်းကြီးမြင်လာတယ် (ဥဒယဗ္ဗယဥာဏ) တဖြည်းဖြည်းနဲ. မြင်လာတဲ.အခါ သခါင်္ရတွေအပေါ်မှာ စိတ်ပျက်လာတယ် (ဘင်္ဂဥာဏ)၊ ကြောက်စရာလို.မြင်လာတယ် (ဘယဥာဏ)။ ငြီးငွေ.လာတယ် (နိဗ္ဗိဒါ ဥာဏ)။ ဒီလို မြင်လာတော. စွန်.လွတ်ချင်လာတယ် (မုဉ္စိတုကမျတာဥာဏ)။ ထို.နောက် လွတ်ရာလွတ်ကြောင်း ထွက်ပေါက်ရှာလာတယ် (ပဋိသခါင်္ဥာဏ)။ ဒီလိုထွက်ပေါက်ရှာလာတော. သခါင်္ရသဘာဝတရားတွေ အပေါ်မှာ စိတ်ကလေး တည်ငြိမ်မှုကို ပြန်ရလာတယ် (သခါင်္ရုပေက္ခဥာဏ)။

အဲဒါကို ၀ိပဿနာမှာ အဆင်.မြင်.ဆုံး သခါင်္ရုပေက္ခာဥာဏ် လို.ခေါ်တယ်။
အဲဒီ အဆင်.ကို တဖြည်းဖြည်းနှင်.ရောက်သွားတယ်။
သမထနှင်.၀ိပဿနာမှာ ၀ိပဿနာက ဘယ်ထိအောင် သွားသလဲဆိုရင် မဂ်၊ ဖိုလ်ထိအောင်သွားတယ်။ အဲဒီမှတဆင်. နိဗ္ဗာန်၊ ဒါ ၀ိပဿနာရဲ. လမ်းကြောင်း။ သမထလမ်းကြောင်းရဲ. လမ်းဆုံးက အဘိဥာဉ်၊ သေရင် ဗြဟ္မာဘုံ။

သမထကျင်.ပြီးတော. ၀ိပဿနာကိုကူးတဲ. လမ်းရှိတယ်တဲ.။ သမထကို မကျင်.ဘဲ ၀ိပဿနာတိုက်ရိုက်သွားတဲ. နည်းလမ်းလည်း ရှိတယ်။ ဒါ.ကြောင်.မို. ယာန နှစ်မျိုးဆိုပြီး ပြထားတယ်။ ယာနဆိုတာ vehical စီးစရာယာဉ်ကလေး၊ သမထယာဉ်ကိုပဲ စီးမလား သို.မဟုတ် ၀ိပဿနာယာဉ်ကိုပဲ စီးမလား၊ ဘယ်ယာဉ်နဲ.ပဲ သွားသွားပေါ.။ သမထကို အရင်ကျင်.ပြီးမှ ၀ိပဿနာ ကျင်.တဲ.နည်းရှိတယ်။ ၀ိပဿနာကို တိုက်ရိုက်ကျင်.တဲ.နည်း ရှိတယ်တဲ.။
ဒီနည်းနှစ်နည်းစလုံးက မှန်ကန်တဲ. နည်းတွေချည်းပဲ။ မိမိကြိုက်နှစ်သက်တဲ. လမ်းကြောင်းက သွားလို.ရတယ်။

ဥပမာ ရွှေတိဂုံဘုရားကြီးကို ဖူးချင်ရင် တောင်ဘက်မုခ်က တက်မလား၊ အနောက်မုခ်က တက်မလား၊ အရှေ.မုခ်၊ မြောက်ဘက်မုခ်က တက်မလား ဘုရား မရောက်ဘူးလား၊ ရောက်တာချည်းပဲ။ ဒီအတိုင်းပဲ ကိုယ်ကြိုက်တဲ. လမ်းနဲ.သွား ကိုယ်ကြိုက်တဲ.ယာဉ်ကို စီးသွားလို.ရတယ်။
သမထကျင်.စဉ်ဆိုတာ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးမှ ဥာဏ်စွမ်းကို ထူထောင်တာ သဘာဝတရားများရဲ. အနိစ္စ ဒုက္ခ အနတ္တ သဘောကို မြင်အောင် လေ.ကျင်.တာကို ၀ိပဿနာ ကျင်.စဉ်ခေါ်တာပေါ.။ အေး ဒီနှစ်ခုစလုံးကို ဗုဒ္ဓမြတ်စွာက ဒွေမေ ဘိက္ခဝေ ဓမ္မာ ၀ိဇ္ဇာ ဘာဂိယာ မဂ်ဥာဏ်ကို ဆိုက်ထိ သွားစေနိုင်တဲ. ကျင်.စဉ်လို. ဟောတော်မူတာ။

ဝိဇ္ဇာဆိုတာ မဂ်ဥာဏ်ကို ပြောတာ။ (၀ိဇ္ဇာဆိုတာ ယခုခေတ်ပြောနေကြတဲ. ၀ိဇ္ဇာတွေ ဇော်ဂျီတွေ ပြောတာ မဟုတ်ဘူးနော်)။ ၀ိဇ္ဇာဆိုတာ ကိလေသာတွေကို ကုန်သွားအောင် ဖယ်ရှားပေးနိုင်တဲ. စွမ်းရည်သတ္တိရှိနိုင်တဲ. အသိဥာဏ်တစ်မျိုးကို ခေါ်တယ်။
အဲဒီ ကိလေသာတွေ ကုန်သွားစေတတ်တဲ. ၀ိဇ္ဇာဥာဏ်မျိုးကို ပေါက်မြောက် သွားစေတတ်တဲ. အကျင်. ၂ မျိုးက ဘာလဲဆိုရင် သမထနှင်. ၀ိပဿနာ တဲ.။ သမထကျင်.ရင် ဘာဖြစ်လဲဆိုတော. အတွယ်အတာ တဏှာ ရာဂ၊ အာရုံတွေအပေါ်မှာ မက်မောတဲ. လောဘကို ဖယ်ရှားပစ်နိုင်တယ်။ အဲဒါအကျိုးပဲပေါ.။ အင်မတန် ကြီးမားတဲ. အကျိုးတစ်ခု ပဲပေါ.။
ဒါ့ဖြင်. ၀ိပဿနာကျင်.စဉ်က ဘာပေးလဲ ဆိုတော. ၀ိပဿနာကျင်.စဉ်ကို ကျင်.ရင် ပညာဥာဏ်တက်တယ်တဲ.။ သဘာဝကိုသိတဲ. အသိဥာဏ်တွေရသွားတယ်။ ကိုယ်တိုင် ကျင်.ကြည်.လိုက်တဲ.အခါကျတော. မမြဲတဲ. ဆင်းရဲတဲ. မပိုင်တဲ. သဘောလေးတွေ ထင်ထင်ရှားရှား သိလာတယ်။ ကိုယ်တိုင်တွေ.သိရှိလာတဲ. အသိဥာဏ်တွေ ရလာတယ်။ အဲဒါကြောင်. ၀ိပဿနာကျင်.စဉ်ဟာ အသိပညာတိုးတက်စေတယ်တဲ.။ အသိပညာတိုးတက်တော. ဘာဖြစ်သလဲ ဆိုရင် အ၀ိဇ္ဇာ ဆိုတဲ. အမှန်မသိတဲ. အမှောင်ကို ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ. အကျိုးရတယ်။

ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော သမထနှင်.၀ိပဿနာတရားတော်မှ ကောက်နုတ်ပူဇော်ပါသည်။

မေတ္တာဖြင်. .......
Shared from Lwinoo Ko