Saturday, August 6, 2011

တစ်ခါတစ်လေတော့လည်း ပတ်ဝန်းကျင်ကို လျစ်လျူရှူသင့်ရှုရပါမယ်….

တစ်ခါတုန်းက ရွာတစ်ရွာမှာ ခင်ကြီးပေါက်ဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်။သူက မြတ်စွာဘုရားဖြစ်
တော်စဉ်တွေ ပါရမီတော်တွေကိုဖတ်ရင်း စိတ်ထဲမှာဘယ်လိုဆန္ဒတွေ ဖြစ်ပေါ်လာသလဲဆိုတော့
ဘုရားဖြစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာသတဲ့။ ဒီတော့ ဘာလုပ်သလဲဆိုတော့ ဘုရားဆုကို ပန်
လိုက်တယ်တဲ့။ ပြီးတော့ ခင်ကြီးပေါက်ဘုရားဆုကို ပန်လိုက်တယ်ဆိုတဲ့သတင်းက အဲဒီပတ်ဝန်း
ကျင်မှာ တော်တော်လည်းပျံ့နှံ့သွားတယ်။ ဒီသတင်းဟာ ဘယ်ထိတောင်ရောက်သွားသလဲဆို
ရင် ထန်းရည်မူးသမားတွေရဲ့ နားအထိတောင်ရောက်သွားတယ်တဲ့။ သိတဲ့အတိုင်း ဘုရားဆုပန်
တဲ့သူတွေဟာ ရှေးရှေးဘုရားလောင်းတွေရဲ့ လမ်းစဉ်အတိုင်း ကျင့်သင့် ကျင့်ထိုက်တာတွေကို
ကျင့်ရတော့မယ်။ခင်ကြီးပေါက်လည်း ကျင့်ရှာပါတယ်။ တစ်နေ့ ခင်ကြီးပေါက်သစ်ပင်အောက်
မှာ တရားကျင့်နေတုန်း ထန်းရည်မူးသမားနှစ်ယောက် ဖြတ်လျှောက်လာရင်း ခင်ကြီးပေါက် တရားကျင့်နေတာကို မြင်သွားသတဲ့။ ဒီတော့ ထန်းရည်မူးသမားနှစ်ယောက် ဘယ်လိုအော်လိုက်
သလဲဆိုတော့ `ရင့်မှာတစ်ကျိပ် နုငါးရာ၊
နောင်လာရှစ်သောင်း ဘုရားပေါင်း
ဘုရားပေါင်းနောက် တို့နှစ်ယောက်
တို့နှစ်ယောက်နောက်
ခင်ကြီးပေါက်ဟ` ဟုဆိုလိုက်ကြတယ်။ကဗျာရဲ့အဓိပ္ပါယ်က `ရင့်မှာတစ်ကျိပ်`
ဆိုတာက ပါရမီရင့်နေတဲ့ ဘုရားလောင်းက ဆယ်ဦးရှိတယ်တဲ့။`နုငါးရာ`ဆိုတာက ပါရမီနုသေး
တဲ့ဘုရားလောင်းတွေချည်း ငါးရာရှိတယ်တဲ့။`နောင်လာရှစ်သောင်း ဘုရားပေါင်း`ဆိုတာက ရှေး
ကပြောခဲ့တဲ့ ပါရမီရင့်ပြီးဖြစ်တဲ့ ဘုရားလောင်းက ဆယ်ဦး ပါရမီနုသေးတဲ့ဘုရားလောင်းက ငါး
ရာ၊ သူတို့အပြင် ဘုရားဆုပန်ထားတဲ့ ပါရမီဖြည့်ဆဲ ဘုရားလောင်းတွေကချည်း ရှစ်သောင်းရှိ
တယ်တဲ့။`ဘုရားပေါင်းနောက် တို့နှစ်ယောက်၊ တို့နှစ်ယောက်နောက် ခင်ကြီးပေါက်` ဆိုတာ
ကတော့ ရှေ့ကဘုရားတွေပွင့်ပြီးသွားရင် တို့ထန်းရည်မူးသမားနှစ်ယောက်ပွင့်မယ်။တို့နှစ်
ယောက်ပွင့်ပြီးမှ ခင်ကြီးပေါက်ပွင့်ရမှာတဲ့။ ဒီတော့ ခင်ကြီးပေါက် တရားကျင့်နေရင်း ဘယ်လို
စဉ်းစားသလဲဆိုတော့`အင်း ငါ့နောင်တော်ဘုရားလောင်းနှစ်ယောက်တောင် ထန်းရည်မူးတုန်း
ရှိသေးတယ်။ပြီးတော့ ငါက သူတို့နှစ်ယောက်ပွင့်ပြီးမှပွင့်ရမှာတဲ့။အို…မဖြစ်သေးပါဘူး သက်
သက်သာသာနေတာပဲကောင်းပါတယ်`လို့ စဉ်းစားပြီး ကျင့်လက်စတရားကို ရပ်ပစ်လိုက်တယ်
တဲ့။ ဒီပုံလေးထဲကအတိုင်းပဲ လူတွေမှာ ကိုယ့်ရည်မှန်းချက်၊ ယုံကြည်ချက်အတွက် တစ်ခါတစ်
လေ ဘ၀နဲ့ယှဉ်လာတဲ့ကိစ္စတွေမှာ ပတ်ဝန်းကျင်ကို လျစ်လျူရှူင့်ရှူထားရမှာပါ။ကိုယ့်ဘ၀ရည် မှန်းချက်တွေကို ပတ်ဝန်းကျင်ကြောင့် ဖျက်ဆီးမခံရပါစေနဲ့လို့။။။။။
ရွှေရည်

No comments:

Post a Comment