Monday, August 15, 2011

ညကအိမ်မက်


 ညကအိမ်မက်တခုမြင်မက်ခဲ့  တယ်၊ ....
အသိညာဏ်...ကင်းမဲ့ တဲ့  ခွေးဆိုးကြီးတကောင်ကိုမြင်ခဲ့ ရတယ်။
လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ ရာဂ၊ မိစ္ဆာဋ္ဌိထိ၊တွေနဲ့  အိပ်၊ စား၊ ကာမ.. တွေ နဲ့  ပျော်မြူးနေခဲ့ တယ်။
         တနေ့ မှာ..သားသတ်သမားတယောက်ဟာ...ဒီခွေးကြီးရှေ့  ကို...နီနီ ရဲ ရဲ.. အငြီနံ့ ပျင်းပျင်း  အဆီတ၀င်းဝင်း၊ နဲ့  အသားထစ်တတုံးကိုပစ်ချကျွေးခဲ့ 

တယ်။....ခွေးကြီးဟာ...သွားရည်တွေ.. တများများနဲ့ ပြေးဟတ်လိုက်တယ်၊...အသားထစ်ထဲမှာ.. (အပါယ်၎ပါးကိုကြစေမယ့်  ကိလေသာ)

အဆိတ်ခတ်ထားတာမသိရှာဘူး၊
ဒီအသားထစ်ကို.. အာသာငန်းငန်နဲ့  ..စားလိုက်၊ ၀ါးလိုက်၊ မျိုချလိုက်တော့ ...ရင်ထဲ မှာ ပျင်းထန်စွာပူလောင်ခဲ့ တယ်။...အူတွေ ပြတ်ထွက်မတတ်
 မချိမဆန့် ဝေဒနာကိုခံစားခဲ့ ရတယ်။...ဒီလို မချိမဆန့် ဝေဒနာတွေ အပေါ်မှာ..မလိုချင်မုန်းထားမှု (ဒေါသ)၊ ...ဝေဒနာမှအမြန်ဆုံး  သက်သာပျောက်ကင်းချင်တဲ့ 

(လောဘ)၊...အသိညာဏ်ကင်းမဲ့ တဲ့ ( မောဟ)တွေ ဖုံးလွမ်းပြီး သေပွဲဝင်ခဲ့ ရတယ်။...ဒီစိတ်နဲ့  ပဲ...အပါယ်၎ဘုံမှာကာလရှည်ကြာစွာကျင်လည်ခဲ့  ရ တယ်။
        အပါယ်၎ဘုံမှာ ကာလရှည်လျားစွာကျင်လည်နေရင်း... ကံကောင်ထောက်မလို့ လွတ်လာပြန်တော့.....
မျက်စိကန်းနေတဲ့  လူသားတယောက်ဖြစ်လာခဲ့ ရ ပြန်တယ်။
    လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ မိစ္ဆာ၊ ဋ္ဌိထိ၊ တွေ ကတော့ ရှိမြဲတိုင်းရှိလျှက်ပါပဲ..ဒီလိုနဲ့ ..အစားအသောက်တွေ ကျွေးမွေးနေတဲ့  နေ

ရာတခုကိုရောက်သွားပြန်တယ်။..
မွှေးကြိုသင်းပြန့် နေတဲ့  အစားရနံ့  တွေ ရတော့...သွားရည်တများများနဲ့  ခွေးကြီးဘ၀တုံးကလို..စားချင်စိတ်တွေ ဖြစ်ပေါ်လို့  လာပြန်တယ်။
စားပွဲ ၀ိုင်းမှာထိုင်ပြီးမိန်ရေယှက်ရေ..စားလိုက်တယ်။...ဟော. ထိပြန်ပြီ၊...  (၃၁ဘုံဘေးကြီးဆိုတဲ့ ) ကိလေသာ..အစာအဆိပ်သင့် ပြီးသေပွဲဝင်ခဲ့  ပြန်ပြီ။
၃၁ဘုံဆိုတဲ့  သံသရာမှာ.. ရှည်လျားစွာ..ကျင်လည်ခဲ့ ရပြန်ပြီ......လွတ်လာပြန်တော့။
              ဒီတခါလည်း.. မျက်စိမမြင်တဲ့  လူလာဖြစ်ရပြန်တယ်။......အရင်လိုပဲ.. လောဘ၊ ဒေါသ၊ မောဟ၊  မာန်၊ မာန..တဏှာ၊ ရာဂ၊ ဋ္ဌိထိ၊ တွေ အပြည့်  နဲ့ 

ပါပဲ...
      ဒီဘ၀မှာတော့ ကံကောင်းထောက်မပြီး....မိတ်ဆွေကောင်းတယောက်နဲ့  ဆုံဆည်းခွင့် ရလိုက်တယ်။
...အဲ ဒီမိတ်ဆွေ က မျက်စိကု ပါရဂူကြီး..တယောက်ဆီကို.. ပို့  ပေးခဲ့  တယ်၊...အဲ ဒီပါရဂူကြီးက..ဒီလူ ရဲ့  မျက်စိ၂ကွင်းအလင်းရအောင် (၀ိပဿနာ)

နည်းပညာနဲ့    ကုသပေးလိုက်တယ်။.... အကန်းကနေ.. အလင်းရခဲ့  ပါပြီ။...
                ဒီတခါလည်း ဧည့်  ခံပွဲတခုကိုရောက်သွားပြန်ပါတယ်။.....ဟောဟော... တွေ့  ပြန်ပါပြီ၊.. မြင်ရ ပါပြီ...အလွန်တရာမှ.. အရသာရှိမယ့် 

စားကောင်းသောက်ဖွယ်တွေ ...မွှေး ကြိုင်သင်းပြန့် တဲ့ စားချင်စဖွယ်ဆွဲ ဆောင်နေတဲ့  ကိလေသာ..ရနံ့ တွေ နဲ့ ..လက်ယပ်၊ ဖိတ်ခေါ်နေပါပြီ။
            ဒါပေမယ်လေ ..ဒါပေမယ့် .. ဒီတခါမှာတော့... မျက်စိအလင်းဆိုတဲ့ ( ၀ိပဿနာပညာ၊ညာဏ်) အလင်းရနေပြီမှို့ ....အစားအစာတွေထဲမှာ ...၃၁ဘုံ

ဘေးတွေ ကိုမြင်နေရပြီ။ ..ဒီလူဟာ...ထိုအစားအစာတွေ ကို...အာသာငန်းငန်းမဖြစ်တော့ ပါ.. သွားရည်တများများမကြတော့ ပါ. လက်ဖျားနဲ့ တောင်မထိ၊ မတို့ 

တော့ ပါ။..သိခဲ ပါ ပြီ.. ဒါကြောင့် လည်း....စားသောက်ခန်းမ ကနေလှည့်  ထွက်ခဲ့  ပါပြီ ။.. ကျောခိုင်းခဲ့  ပါပြီး...
    အော်.. လူတွေ၊လူတွေ... ပုတုစဉ်တွေ....
...၃၁ဘုံဘေးဆိုတဲ့ .. .အပါယ်၎ပါးနဲ့  မလွတ်ကင်းတဲ့ ...အစာအဆိပ်သင့်  စေမယ်... ဘေးတွေပါမှန်းမသိကြလေတော့ .. မိန်ရေယက်ရေ

စားသောက်နေလိုက်ကြတာ..ပျော်မြူးနေလိုက်ကြတာ....
ကြက်ခြင်းထဲ က ကြက်တွေ လိုပါပဲလား... ကြက်ခြင်းထဲ မှာပဲ ပျော်မြူးကြ....  အစာလုကြ၊  ကျင်းမြောင်းလှတဲ့  နေရာလေးကိုလုကြရင်းတကောင်နဲ့  တကောင်၊

ထိုးကြ၊ ဆိတ်ကြ၊ ခွတ်လိုက်ကြ.. မိတ်လိုက်ကြရင်း.... ကြက်သတ်သမားက.. နေ စဉ်၊နေ့ တိုင်း..နာရီ တိုင်း၊ မီနစ်တိုင်းမှာ.. တကောင်ပြီးတကောင်ခြင်းထဲ က ဆွဲ

ထုတ်ပြီးသတ်နေတာကိုမသိကြပါလား။
   လူတွေ ၊ ပုတုစဉ်တွေ လည်းဒီလို ပါပဲလား...
ကြက်ခြင်းဆိုတဲ့  ဒီကမ္ဘာကြီးထဲ မှာ.. တယောက်နဲ့  တယောက်.. နယ်မြေလုကြ၊ အာဏာလုကြ... စစ်ဖြစ်လိုက်ကြ၊.. ဂုဏ်တုဂုဏ်ပြိုင်တွေ..ကာမဂုဏ်အာရုံ၊

ကိလေသာတွေနဲ့ ပျော်မြူးကြ.. မော်ကြွားကြ..ရင်း... သေမင်းဆိုတဲ့  မရဏမင်းက.. နေ့  စဉ်နဲ့  အမျှ.. နာရီတိုင်းစက္ကန့်  တိုင်းမှာ..
တယောက်ပြီးတယောက် ရော... အစုလိုက်အပြုံလိုက်ပါ.. ခေါ်ထုတ်သတ်ဖြတ်နေတာမသိကြပါလား။
  သူတို့  ကို ပြောပြချင်လိုက်တာ..ကျွန်တော်ကိုယ်တိုင်က၊ ...ဒီ..၃၁ဘုံက....အပြီးအပိုင်လွတ်အောင်ရုန်းထွက်ရအုံးမှာ.... သူတို့  ကိုပြောအားမရှိလိုက်တာ...
ကျိုးစားရအုံးမယ်... ကျိုးစားနေလျှက်ပါပဲ.....၃၁ဘုံမှလွတ်ပြီဆိုတဲ့  နေ့  ကြရင်.... ကျွန်တော်လွတ်ခဲ့ သလို...သူတို့  ကိုလည်းနည်းမှန်လမ်းမှန်နဲ့   

အားထုတ်ကျိုးစားခဲ့  တဲ့နည်းကောင်းတွေ ကို ဝေငှရအုံးမယ်။

Posted by Koko Aung

No comments:

Post a Comment