Tuesday, August 30, 2011

MSG နှင့် Chinese Restaurant Syndrome



အခုအပတ် ကျွန်တော် ဆွေးနွေးမယ့် အကြောင်းကတော့ Chinese Restaurant Syndrome ဆိုတဲ့ ရောဂါ အကြောင်းပါ။ ဒီရောဂါတော့ ဟင်းခတ်အချိုမှုန်. (သို.) MSG (Monosodium Glutamate) အရမ်း စားရင် ရတတ်တဲ့ ရောဂါပါ။ ဘာလို.နာမည် ဆန်းဆန်း Chinese Restaurant Syndrome လို.ခေါ်လည်း ဆိုတော့ တရုတ် စားသောက်ဆိုင် တွေက MSG သုံးတာ များတော့ ဒီတရုတ်ဆိုင်တွေမှာ စားသောက်ပြီးရင် ၊ ဒါမှမဟုတ် တစ်ချို. တရုတ် အစားအစာတွေ စားပြီးရင် ဒီရောဂါရဲ. လက0x081ခဏာလေးတွေ ပေါ်လာတတ်လို.ပဲ ဖြစ်ပါတယ်။ တစ်ချို. ဖြစ်ဖူးတဲ့ သူတွေ ရှိရင် ရှိမှာပါ။ တရုတ် အစားအစာတွေ ချည်းမှာပဲ MSG ပါတာတော့ မဟုတ်ပါဘူး။ MSG ပါတဲ့ အစားအသောက် တွေက အများကြီးပါ။ ပြီးရင် အောက်မှာ MSG ပါတဲ့ အစား အသောက်တွေ အကြောင်း ဆက် ဆွေးနွေး တာပေါ့။ အခုတော့ ရောဂါ လက0x081ခဏာတွေ အကြောင်း အရင် ပြောပါမယ်။ ရောဂါ လက0x081ခဏာတွေက ခဏပဲ ဖြစ်တတ်ပြီး ပြီးရင် ဘာဆေး၊ ဘာကုသမှုမှမယူဘဲ ပြန်ပျောက် သွားတတ်ပါတယ် ၊ အသေးစား symptoms လေး တွေပေါ့။


ဖြစ်တတ်တဲ့ရောဂါရဲ. လက0x081ခဏာတွေကတော့
· ခေါင်းမူး၊ ခေါင်းကိုက်မယ်
· ရင်ဘတ်နည်းနည်းအောင့်မယ်
· ရင်ထဲမှာတစ်လှပ်လှပ်ဖြစ်လာမယ်
· ချွေးစေးတွေပြန်လာမယ်
· ပူထူပြီး မျက်နှာတွေရဲလာမယ်
· ရင်ပူမယ်
· သိသိသာသာရေငတ်လာမယ်
· နှုံးပြီး နွမ်းနယ်လာမယ်။
       ဒီရောဂါ လက0x081ခဏာတွေ ဖြစ်တဲ့အခါ ကြာတဲ့ အချိန်နဲ. ရောဂါ လက0x081ခဏာရဲ. အတိမ်အနက် ကတော့ စားလိုက်တဲ့ MSG အနည်းအများ ပေါ်မှာပဲ မူတည်ပါတယ်။ ရောဂါ လက0x081ခဏာ တွေဟာ MSG စားသုံးပြီး ၃၀-၆၀ မိနစ် အတွင်းမှာ ပြနိုင်ပြီး ဘာဆေးမှ မသောက်ဘဲ ၂ နာရီနဲ. ၃နာရီ အတွင်းမှာ ပြန်ပျောက် သွားနိုင်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ MSG များတဲ့ အစာစား လိုက်ရင် ပိုပြီး စုပ်ယူမှု လွယ်ကူစေပြီး သွေးထဲကို များများ ရောက်စေပါတယ် ၊ Chinese restaurant syndrome ရဲ. Symptoms တွေ အလွယ်တကူ ပြနိုင်ပါတယ်။ ဒါကြောင့်၊ တခြား အစာတစ်ခုခု စားပြီးမှ MSG ပါတဲ့ အစာစားရင် MSG ကို ခန0x081ဓာကိုယ်က စုပ်ယူမှု နည်းစေတယ်လို. ဆိုပါတယ်။
MSG ၀င်လာတဲ့ အခါ ကိုက်ခန0x081ဓာကိုယ်ရဲ. ဇီဝဖြစ်စဉ် တွေနဲ. အရေးအကြီးဆုံး ကိုယ်ခန0x081ဓာရဲ. အဖွဲ.အစည်း System ကြီးတွေ ဘယ်လို အပြောင်းအလဲ ဖြစ်လာတယ်ဆိုတာ ကြည့်ကြရအောင်။
မှတ်ချက်။ ။ ဒီရောဂါလက0x081ခဏာတွေအားလုံးဖြစ်မယ်လို.မဆိုလိုပါ။ MSG ကိုအများကြီးနှစ်ရှည်လများစားမှသာ ဒီရောဂါ လက0x081ခဏာတွေထဲက တစ်ချို. ပဲဖြစ်မှာပါ။ လူတစ်ဦးချင်းစီရဲ.အခြေနေပေါ်မှာလည်းမူတည်ပါသေးတယ်။


Brain and Nervous System (ဦးနှောက် နှင့်အာရုံကြောအဖွဲ.အစည်း)
 MSG ဟာ ကြာကြာသာမှီဝဲစားသုံးမယ်ဆိုရင် ဦးနှောက်ကအာရုံကြောတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ MSG မှာပါဝင်တဲ့ Glutamate ကများများစားမိရင် ဦးနှောက်က (oligodendrocyte) လို.ခေါ်တဲ့ nerve cell ငယ် လေးတွေကို အရမ်းလှုံ.ဆော်ပေးပြီး ကြာရင် အဲဒီ nerve cell တွေကို သေတဲ့အထိ ဖြစ်စေပါတယ်။ အာရုံကြောတွေဟာ Myelin ဆိုတဲ့အလွှာအုပ်ထားမှ ရရှိလာတဲ့ ပြင်ပက လှုံ.ဆော်မှုတွေကို ဦးနှောက်ကို အမြန်သတင်းပေးပို. ပြီး တုံ.ပြန်မှုတစ်ခုခုလုပ်နိုင်မှာပါ။ ခုဏကသေသွားတဲ့ oligodendrocyte တွေက Myelin ကိုထုတ်လုပ်ပေးတာလေ။ အခု Myelin တွေမထုတ်နိုင်တော့ဘူးဆိုတော့ nerve ရဲ. Conductance ကျတယ်လို.ပြောရမှာပေါ့။ ဒီအခါမှာလူတွေက ထုံထုံထိုင်းထိုင်းလေးလေးလံလံတွေဖြစ်ကုန်တာပဲ။ နားမှာရှိတဲ့ အကြားအာရုံ cell တွေလည်း Glutamate ရဲ. လှုံ.ဆော်မှုကို တော်တော်လေးခံရတဲ့အတွက် နားအူတာဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဓာတ်ခွဲခန်းမှာ တိရစ0x081ဆာန်တွေကို MSG နဲ.စမ်းသပ်တဲ့အခါ တိရစ0x081ဆာန်တွေရဲ.မျက်လုံးက မြင်လွှာ (retina) ဟာ MSG ကြောင့်ပျက်စီးတာတွေ.ရပါတယ်။ လူတွေမှာလည်းအလားတူပဲဖြစ်နိုင်ပါတယ်။


Cardiovascular System (နှလုံး နှင့်သွေးကြော အဖွဲ.အစည်း)MSG က သွေးပေါင်ချိန် Blood Pressure ကိုတက်စေပါတယ်။ နှလုံးခုန်နှုန်းမြန်စေပြီး ခုန်နှုန်းမမှန်ဖြစ်စေနိုင်ပါတယ်။ နှလုံးအောင့်ရောဂါ (Angina) နဲ. သွေးတိုးရောဂါအတွက် သုံးတဲ့ ဆေး (Calcium Channel Blocker) ရဲ. အာနိသင်ကို MSG ကကျစေတယ်လို.ဆိုပါတယ်။ Glutamate က သွေးကြောတွေရဲ.အရွယ်အစားကို ကျဉ်းစေပါတယ်။ ဦးနှောက်က သွေးကြောတွေကိုပါ ကျဉ်းတဲ့အတွက် အပေါ်မှာဖော်ပြခဲ့တဲ့ ခေါင်းကိုက်တာကိုဖြစ်စေနိုင်တာပါ။


Respiratory System (အသက်ရှူလမ်းကြောင်းအဖွဲ.အစည်း)တချို.သောလူတွေမှာ MSG ကြောင့်ပန်းနာရင်ကြပ် Asthma ရောဂါကို ယာယီပိုဆိုးစေတယ်လို. Johns Hopkins တက0x081ကသိုလ်ရဲ. သုတေသနပြုလုပ်ချက်အရသိရပါတယ်။



Digestive System(အစာခြေအဖွဲ.အစည်း)
MSG ဟာ သည်းခြေရည် (bile) ဖြစ်ပေါ်တာကို ကျဆင်းစေပါတယ်။ Bile ကစားလိုက်တဲ့အဆီ Fat တွေကို ချေဖျက်ပြီးအူတွေကနေ စုပ်ယူဖို.လုပ်ပေးပါတယ်။ သူမရှိတဲ့အခါကျတော့ အဆီတွေကိုမစုပ်ယူတော့ဘဲ ဒီအတိုင်း အူတွေကနေ အပြင်ကိုဝမ်းထဲကနေစွန်.ပစ်တဲ့အတွက် Fatty Diarrhoea (သို.) Steatorrhoea (၀မ်းထဲမှာအဆီတွေပါလာတဲ့ condition) ဖြစ်နိုင်ပါတယ်။ Glutamate တွေရှိနေတဲ့အတွက်ကြောင့် ဆီးချိုရောဂါကိုပိုဆိုးစေမှာဖြစ်ပါတယ်။



ဒီရောဂါ လက0x081ခဏာတွေ မဖြစ်အောင် ဘယ်လိုဆင်ခြင်မယ် ဘယ်လိုအစားအစာတွေကို ရွေးချယ်စားသုံးမယ် ဆိုတာကို ဆက်ဆွေးနွေးကြည့်ရအောင်။
           MSG ပါတဲ့အစားအသောက်တွေကတော့ပြောရမယ်ဆိုရင် တစ်နေ.လုံးထိုင်ပြောတောင်ကုန်မှာမဟုတ်ဘူး။ MSG ကအရသာထူးတော့ စားသောက်ဆိုင်တွေက များသောအားဖြင့် အကုန်သုံးကြတာချည်းပါပဲ။ Snack food တွေမှာလည်းပါတာချည်းပါပဲ။ ဒါပေမယ့် U.S. မှာ အမေရိကန် အစားအသောက်ကြီးကြပ်ရေးအဖွဲ. FDA ရဲ.ညွှန်ကြားချက်အရ အစားအစာရဲ. Ingredient list မှာ MSG ပါဝင်ကြောင်းရေးရပါတယ်။ နည်းနည်းလေးပါတယ် ဆိုရင်တောင်ရေးရပါတယ်။ ဒါမှ အစားအစာ ၀ယ်ယူသူတွေက MSG ပါဝင်ကြောင်း သိပြီး ရှောင်သင့်ရင် ရှောင်လို.ရအောင်ပါ။ ဒါပေမယ့် Glutamate ရဲ. သဘာဝSource တွေဖြစ်တဲ့ Soy ၊ Soy Sauce(ပဲငံပြာရည်) ၊ နွားနို. ၊ ဂျုံ ၊ cheese တွေကိုတော့ MSG ပါဝင်ကြောင်း မရေးတော့ပါဘူး၊ ဥပမာ-MSG ကို တစ်ကယ်မထည့်ပဲ ကြော်ထားတဲ့ ထမင်းကြော်မှာ source ဖြစ်တဲ့ ပဲငံပြာရည် ထည့်ထားတယ်ဆိုရင် No MSG လို. Label တပ်နိုင်ပါတယ် ဆိုတာပါပဲ။ ဒါကြောင့် အခုနောက်ပိုင်း တရုတ်စားသောက်ဆိုင် တွေမှာ No MSG ဆိုပြီးရေးထားကြပြီလေ။ ဒါပေမယ့်လည်း သူတို.က MSGရဲ. source တွေကိုသုံးနေတာပါပဲ။ အောက်ကပုံမှာ Glutamate ရဲ. Source တွေ နဲ. Glutamate များများပါတဲ့ အစားအစာတွေကို ပြထားပါတယ်။


           MSG ကိုအသင့်စား အစားအသောက်တွေမှာ အများဆုံးထည့်သုံးကြတာတွေရပါတယ်။ အထူးသဖြင့် အသားတွေ၊ အကင်တွေ၊ ကြက်အူချောင်း၊ ၀က်အူချောင်းတွေ၊ Dorito လိုမျိုး snack food တွေ၊ Mc Donald's, Burger King, KFC, Taco Bell စတဲ့ ဟမ်ဘာဂါ၊ ကြက်ကြော်ဆိုင်တွေက အစားအစာတစ်ချို. မှာ MSG ကိုသုံးနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည်က ဆိုင်တွေမှာရောင်းတဲ့အစားအစာ အကုန်နီးပါး MSG ပါပါတယ်။ အာချီနိုမိုတိုအချိုမှုန်.လေ။ အဲဒါကို အရမ်းသုံးကြတာ။ လူတွေကလည်းကြိုက်ကြတယ်။ အခုနောက်ပိုင်းတော့ ရှောင်တဲ့လူတွေရှိလာပါတယ်။ ဒါပေမယ့် စားမှန်းမသိ စားနေကြတာပါပဲ။ korean တွေစားတဲ့ ကင်(မ်)ချီမှာ လည်း MSG ပါတယ်။ ဂျပန်တွေစားတဲ့ sushi က seaweed ကလည်း MSG ရဲ. Source ဖြစ်တယ်။ ပြောရရင် MSGမပါတဲ့ စားစရာဆိုတာ ရှိမှာတောင်ရှိမှာမဟုတ်တော့ဘူး။
               တကယ်လို. MSG ရဲ.ဆိုးကျိုးတွေကိုကြောက်လို. ရှောင်ချင်ပါတယ်ဆိုရင်ဘာတွေစားကြမလဲ။
              ရှင်းပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေများများစားပေါ့၊ အသားဆိုရင်လည်း ကိုယ့်ဟာကိုယ် အိမ်မှာလှီးဖြတ်ပြီးချက်ပြုတ်စား၊ လုပ်ပြီးသား အသင့်ချက်ပြုတ်စား အစားအစာတွေကိုရှောင်နိုင်သမျှရှောင်။ နောက်ပြီးဒီစာဖတ်သူထဲမှာ Dorito ကြိုက်တဲ့သူရှိလား၊ ကြိုက်ပေမယ့် လျှော့စားသင့်တယ်။ တခြား fast food တွေရောပဲ လျှော့စားပါ၊ စေ့အဆံတွေ ဥပမာ- almond ဆိုရင်လည်း ဘာမှ အချို အငံ ထည့်မထားတဲ့ ဟာမျိုးကိုပဲစားပါ။ ဟင်းချိုတွေမှာ MSG ပါတတ်တာကို တွေ.ရတတ်ပါတယ်။ ဥပမာ- အပြင်ကဝယ်စားတဲ့ မုန်.ဟင်းခါးဟင်းရည်ဆို MSG ကိုရှယ်ထည့်ထားတာ။ ဒါကြောင့် ဟင်းချိုဆိုရင် ကိုယ့်ဟာကိုယ် ချက်သောက်တာ အကောင်းဆုံးပါပဲ။ဒါကြောင့် ဘယ်အစားအစာမဆို သိပ်မဝယ်စား ပဲကိုယ့်ဟာကိုယ် အချိုမှုန်.မထည့်ပဲ ချက်စားကြပါလို.ပြောချင်ပါတယ်။ ဒါဆိုရင် Chinese Restaurant Syndrome ဆိုတာလည်းမဖြစ်တော့ပဲ ကျန်းကျန်းမာမာနေနိုင်မှာဖြစ်ပါတယ်။……….
Ref;
http://en.wikipedia.org/wiki/Chinese_restaurant_syndrome#Research_i...
http://www.rawlifecoaching.com/?p=458


More about MSG (ရတနာပုံနေပြည်တော်သတင်းစာမှ...)
ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန0x081တရာယ်မှုန့်အကြောင်း
                  ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန0x081တရာယ်မှုန့်အကြောင်းပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။ဒါပေမယ့် မထင်ပါဘူးဗျာ။ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲက Bisphenol-A (BPA) အပါအဝင် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ဒီလို အန0x081တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအခိျု့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန0x081ဒပြုလိုက်ပါတယ်။ကျွန်တော် တို့ မမီလောက် ပါဘူး အဲ့ အချိန်ကို။
ရေသန့်ဘူး ကိစ0x081စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘဝင်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ0x081ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အဝှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဘေးအန0x081တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ0x081စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန0x081တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တခိျု့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဉာဏ် မဲ့ရာ ရောက်ပါတယ်)အချိုမှုန့် ဆိုတာ ဘာလဲ။ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန0x081တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG)လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။အချိုမှုန့်ဟာ ဟင်းခတ်ပစ0x081စည်းတစ်ခု ဟုတ်ပါသလားပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန0x081တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ0x081ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။
အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ?
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။


(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။


(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။


(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။


(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ0x081ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)


(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။


(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။


(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ?
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန0x081တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ0x081စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။


ကဲ .. စာဖတ်သူရော.. စားအုံးမလား အချိုမှုန်...?


Translated to Unicode by drcrazy..ဟီး...
August 28, 2011 ၊ အချိန် 4:52pm တွင် drcrazy မှ အသိပညာ ရနိုင်ဖွယ်ရာဆွေးနွေးချက်များ ခေါင်းစဉ်အောက် ၌ ရေးသားခဲ့သည်

No comments:

Post a Comment