Tuesday, August 23, 2011

ဟန်ဆောင်ကောင်းတဲ့ချစ်သူ


မင်းကိုသိပ်ချစ်တာပေါ့...ငါ့ရင်ခွင် ပူနေခဲ့ရင်တောင်မအမြဲအတိတ်မှာပဲနေသွားမှာပါ.။
ငါတို့  ဆုံခဲ့ဖူးတဲ့ ညတွေ ခုတော့ ကြယ်ရောင်တွေ မှိတ်တုတ်လို့  တိတ်ဆိတ်စွာ ငိုနေပြီလေ။
ပြောခဲ့ဖူးတဲ့ စကားတွေ လေယူရာတိမ်း ယိမ်းကုန်ခဲ့ပြီး....။
ငါ့ကို ညစဉ် စောင့်ရှောက်မယ့်အဖော် မွေးပွရုပ်လေး ရင်ဝယ်ပိုက်လို့ ပေါ့......။
နင့်နားမရှိစေချင်တဲ့ ငါ...နင့်ရဲ့  ဝေးရာကို ဦးတည်ချက်မဲ့  ပြေးပြီနော်.....။
ခိုင်ခံတဲ့ လက်တစ်စုံက..............နင်ပဲဖေးမခဲ့တယ်
နင်ပျော်၇ွှင်စေချင်တယ်လို့.............နင်ပဲပြောခဲ့တယ်
နင်ကတခြာသူတစ်ယောက်ကို..............နင်ပြောတဲ့စကား
နင် ပျော်ရွှင်စေချင်တဲ့ ငါ..တမင်တိမ်းရှောင်မညှာမတာပြုသူရယ်စာနာမှုတော့ထားသင့်ပါတယ်.။
နင် မပြောချင်တဲ့ ငါ့ဖုန်းလေးကို နင်နဲ့  စကားပြောခွင့် မပေးတော့ဘူး
နင်မမြင်ချင်တဲ့ ငါ့ကို မမြင်စေရဘူး......။
နင့်မကြားချင်တဲ့ ငါ့စကားသံတွေ နင် မကြားစေရတော့ဘူး........။
နင် မပိုင်ဆိုင်စေချင်တဲ့ ခြောက်သွေ့ မှုကမ္ဘာမှာ ပြန်လည်ခိုဝင်လို့  တစ်ကိုယ်ထဲညတွေကို ငါတစ်ယောက်ထဲသာ ဖြတ်သန်းပါတော့မယ်..။
ငါ.......... ငါဆိုတဲ့ ငါ့ကိုယ်ငါကို သေချာ ပြန်မေးကြည့်ခဲ့တယ်.....။
နင့်ရဲ့  အဝေးမှာ နေနိုင်သလား...။ ဟင်အင်း..........ငါ့ကိုယ်ငါ မသေချာခဲ့ဘူး...။ ဒါပေမဲ့ သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ငါ ပိုင်ပိုင်နိုင်နိုင် ချလိုက်တယ်...။
ဟန်ဆောင်ကောင်းတဲ့မင်းနှလုံးသား ကိုအသိမကြွယ်လူတွေလယ်မှာမင်းကိုမို့အနိုင်ကျင့်ဆိုးနွဲချင်တဲ့ငါ့စိတ်
ဟန်ဆောင်ကောင်းတဲ့မင်းနှလုံးသား ကိုမြင်အောင်မကြည့်တတ်ခဲ့တာငါ့အမှားလား.
ကျောခိုင်းလှည့်ထွက် မင်းထားရက်ရင်နေခဲ့ယုံသာ တတ်နိုင်ပါသည်အပြစ်မမြင် ခွင့်လွှတ်ခြင်းသည်
ငါသည်ဟန်ဆောင်ကောင်းတဲ့ချစ်သူကို...........။        ။
မိုးငယ်အောင်



No comments:

Post a Comment