Saturday, October 8, 2011

ချစ်တယ်ဆိုတာ

လူတိုင်းရဲ့ဘ၀မှာ ချစ်တယ်ဆိုတာကို မပြောဘူးတဲ့လူ မရှိနိုင်ပါဘူး။ လူတိုင်း လူတိုင်းပြောခဲ့ဖူးမှာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာကျတော့ ချစ်တယ်ဆိုတာ ပါးစပ်ကနေပြောရတာ လွယ်သလောက် လက်တွေ့မှာကြတော့ ခက်ခဲပါတယ်။ တကယ်တမ်း စိတ်ထဲကနေ နှစ်ပြီးတော့ချစ်ဖို့ဆိုတာ အရမ်းကိုပဲခက်ခဲလှပါတယ်။

လူတစ်ယောက်ကို ချစ်လိုက်တဲ့အချိန်မှာ အဲ့ဒီလူရဲ့ကောင်းတာဆိုးတာတွေကို ကိုယ်ကခံရမှာ ဖြစ်သလို၊ သူဆိုးတိုင်း၊ ကိုယ့်အပေါ်မှာ နားလည်မှုမရှိတိုင်း ခွင့်လွှတ်နိုင်အောင်ကြိုးစားရတာလည်း အရမ်းကိုပဲပင်ပန်းလှပါတယ်။ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ရဲ့အချစ်က ဘယ်လိုမျိုးလဲဆိုတာကို ခန့်မှန်းလို့ရနိုင်ပါပြီ။ အရမ်းကို စိတ်ညစ်ပြီးတော့ ကိုယ့်ချစ်တယ်လို့ ပြောခဲ့တဲ့သူကိုတောင် ဖြတ်ပြစ်ဖို့ ကြိုးစားကြပါတယ်။ တစ်ချို့ကပြောကြတယ်။ သူက အရမ်းဆိုးလို့ သည်းခံနိုင်စွမ်းမရှိတော့လို့ ဖြတ်လိုက်တာ၊ ကိုယ့်အပေါ်မကောင်းလို့ ဖြတ်လိုက်ရတယ် စသဖြင့်အမျိုးမျိုးပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်သူတွေအဖြစ်ကနေ ပြတ်ဆဲတာကတော့ အသေအချာပါပဲ။ သူက မကောင်းလို့ သူ့ကဖြတ်ခဲ့မိတယ် ဆိုရင်တောင် မမုန်းသင့်ပါဘူး။ ပြီးတဲ့အခါမှာ ချစ်ခြင်းနှင့်လက်ထပ်ခြင်းဟာ ထပ်တူမကျနိုင်ပါဘူး။

အဲ့လိုမျိုးဆိုရင် ကိုယ်က သူတစ်ပါးကိုချစ်တယ်ဆိုတာ မိမိကိုယ့်ကို ချစ်တာလား။ ဒါမှမဟုတ် သူတစ်ပါးကိုချစ်တာလားလို့ မေးလို့ရနိုင်ပါတယ်။ မိခင်ဖြစ်တဲ့သူက ကိုယ့်ရဲ့သားသမီးကိုချစ်တာဟာ မိမိကိုယ်ကို ချစ်တာမဟုတ်ဘဲ။ သူတစ်ပါးဖြစ်တဲ့ ကိုယ့်ရဲ့သားသမီးကို ချစ်တာပါ။ ဒါကြောင့် ချစ်တယ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ ကျွန်တော်နားလည်လာပါတယ်။ အရင်တုန်းက ပေါ့ပျက်ပျက်ပြောခဲ့တဲ့ ချစ်တယ်ဆိုတာကို အလေးအနက်ပြောတတ်အောင် ကြိုးစားနေပါတယ်။

ချစ်တယ်ဆိုတာကို ပါးစပ်ကပြောတာထက် ရင်ထဲကပြောနိုင်အောင် ကြိုးစားသင့်ပါတယ်။ တကယ်တော့ချစ်တယ်ဆိုတာ ရင်ထဲကနေ ဖြစ်ပေါ်လာတာပါ။ လူတိုင်း လူတိုင်း ရင်ထဲကနေ ချစ်နိုင်ကြပြီး ချစ်တဲ့လူနဲ့လည်း တစ်သက်တာလက်တွဲနိုင်ပါစေနော်။




Posted by ထက်ဦးယံ

No comments:

Post a Comment