Saturday, October 8, 2011

အရာရာနားလည်နိုင်သောအချစ်

' The number u call is busy......' ကဲ busy အုံးဟာ အမြဲ busy အုံး တစ်ယောက်တည်း ဖုန်းကိုင်ရင်းသူမစိတ်ဆိုးနေမိတယ်...
သူမဖြင့် မနက်ကတည်းကနေ ခေါ်နေတာ နေအုံးပေါ့
ကောင်မလေးတစ်ယောက် သူ့ချစ်ချစ်ဆီကို ဖုန်းဆက်နေတာပါ ...တကယ်တော့ သူမတို့ ချစ်သူဖြစ်ခဲ့ကြတာကြာလှပါပြီ။ အလုပ်အရမ်းရှုပ်တဲ့ ကောင်လေးကို သူမနားလည်ပေးရမြဲပေါ့။ နောက်တော့လည်း ဒီလိုပဲ ပြေလည်သွားတာပါပဲလေ။ နားလည်မှုနဲ့တည်ဆောက်ထားလို့ပဲပေါ့။ ဒါပေမယ့် အခုတလော ဘာဖြစ်နေမှန်းမသိဘူး ဖုန်းလေးတစ်ချက်တောင်မအားပါလား..
ခနနေတော့ သူမ ကောင်လေး ဆိုင်ဖွင့်ထားတဲ့ ဖက်ကို ထွက်လာခဲ့ပါတယ် ဟောတော့ ဆိုင်မှာလည်းမရှိပါလား အပြင်ထွက်သွားတယ် အမလို့ လှမ်းပြောတဲ့ ဆိုင်အကူ ကောင်လေးကို ဒေါသနဲ့ လှမ်းကြည့်ပြီး သူမထွက်လာခဲ့တယ် ..
အဲနေ့တစ်နေ့လုံးကောင်လေးဆီကဖုန်းကို မျှော်နေခဲ့တယ် ဒါပေမယ့် ဖုန်းမလာခဲ့ပါဘူး ညနေ ရောက်တော့မှ ကောင်လေး ရောက်လာခဲ့တယ်
ကောင်မလေး...: အော် လာကြည့်ဖော်ရသေးတယ်ပေါ့
ကောင်လေး.... : စိတ်ဆိုးနေတာလား ကို တောင်းပန်ပါတယ်ကွာ ဒီနေ့ အလုပ်တွေတအားရှုပ်နေလို့ပါနော် ဆိုင်ကိုရောက်လာသေးတယ်
ဆို လာအခုအပြင်သွားရအောင်လေ...နော် မရစ်နဲ့တော့နော် ကို အရမ်းပင်ပန်းနေတာ
ကောင်မလေး...: အော် ပင်ပန်းနေရင်လည်းမသွားနဲ့တော့လေ ရတယ် နောက်မှပေါ့
ကောင်လေး....: တော်တော်လိမ်မာနေပါလား...ဒါဆို ကိုပြန်ပြီနော်...
ကျောခိုင်းထွက်သွားတဲ့ သူကို ငေးရင်း သူမကြောင်ပြီးရပ်နေမိတယ် တကယ်ဆို သူမ သူကို အရွဲ့တိုက်လိုက်တာလေ မသိချင်ယောင်ဘဲဆောင်သွားတာလား တကယ်ဘဲ မသိတာလားဟင်.. အဲနေ့ တစ်ည လုံးသူမ ငိုနေခဲ့ ပါတယ်
နောက်နေ့တွေတိုင်း ဒီလိုပဲ တစ်ယောက်တည်း သူမနေတတ်လာခဲ့တယ် သူကတော့ ဖုန်းတစ်ချက်ဆက်ရုံ မျက်နှာလေးလာပြရုံပဲ ရှိနေခဲ့
တယ် ပြောလိုက်တိုင်း အလုပ် အလုပ် နဲ့ ဒီ အလုပ် နဲ့ ရှုပ်ရှက်ခက်နေတတ်တယ်..သူမတို့ကြားက သံယောဇာဉ်ကတော့ တဖြည်းဖြည်းနဲ့ပြေလျော့စပြုလာခဲ့တယ်..
တစ်နေ့ သူမ မနက်စောစော ဖုန်းဆက်ပြီးတော့ " ကို ဒီနေ့ဘာနေ့လည်းသိလား..'' " မေလေး မွေးနေ့လား မဟုတ်သေးဘူး ဘာနေ့လဲ
ဟင် ဟုတ်လား "
" အော် ကို မေ့နေတာလား ဒီနေ့ က မေလေး တို့ချစ်သူဖြစ်တာတစ်နှစ်ပြည့်တဲ့နေ့လေ မေလေး တို့တွေ့နေကြဆိုင်ကိုပဲလာခဲ့နော် စောင့်နေမယ် နော်" " အော် အင်း ကို လာခဲ့မယ် နော် ဒီနေ့တော့အင်း...လာခဲ့မယ်သိလား"
သူမ တော်တော်တော့ ၀မ်းနည်းသွားခဲ့တယ် သူ ဒီနေ့ ကို တောင် မေ့နေတာပေါ့လေ...
အလှဆုံးပြင်ဆင်ပြီးသူမ ထွက်လာခဲ့တယ်...
ဆိုင်ရှင် သူငယ်ချင်း က သူမတို့ အတွက် ဆိုင်လေးကို ပြင်ဆင်ပေးထားခဲ့တယ် သူမ စိတ်တွေစောနေလို့ပဲလားမသိဘူး ကို ကတော့
ရောက်မလာသေးဘူး 12:00 ..1:00...2:00 သူမ ရှေ့က ကိတ်မုန့်အသည်းပုံလေး ကိုကြောင်ကြောင်ကြီးကြည့်နေမိတယ်...တစ်ဖြည်းဖြည်းနဲ့ မျက်ရည်တွေ စီးကျလာခဲ့တယ် 2:30 ပေါက်ကွဲတော့မလို တိတ်ဆိတ်နေတဲ့
အခန်းထဲကို ခြေသံ တဖျတ်ဖျတ် နဲ့ ကောင်လေး တစ်ယောက်ပြေးဝင်လာခဲ့တယ်
ကောင်လေး..: မေလေး ကို နောက်ကျ သွားတယ်ကွာ စာချုပ်ချုပ်စရာ တစ်ခုပေါ်လာလို့ ကွာ ကိုတောင်းပန်ပါတယ်နော် စောင့်နေတာ
ကြာသွားပြီလား မေလေး
တစ်တွတ်တွတ်နဲ့ ပြောနေတဲ့ သူကို ကြည့်ရင်း နားလည်စိတ်တွေ ကုန်ဆုံးခဲ့ပါပြီ
ကောင်မလေး..: ရတယ် I လည်း U ကို စကားတစ်ခွန်း ပြောချင် လွန်းအားကြီးလို့ စောင့်နေခဲ့တာ U က တကယ်အလုပ်များတဲ့သူကို I
စောင့်ပေးရမှာပေါ့ ဒီမှာ ဒီနေ့ကနေစပြီး U နဲ့ I နဲ့ ပြတ်ပြီ သိလား U အလုပ်ပဲ U ဆက်လုပ်လိုက်တော့ သိလား
ကောင်လေး...: ဟာ မေလေး
နောက်ကနေ လိုက်လာရင်း တောင်းပန်နေတဲ့ သူကို့ ထားခဲ့ပြီး သူမထွက်လာခဲ့တယ်...နောက်နေ့ တွေမှာ သူ့ဖုန်းကို မကိုင် တော့ပဲ
ရှောင်နေခဲ့ သလို သူကို လည်းမတွေ့ဘဲ တစ်ယောက်တည်း အခန်းပိတ်ရင်း အသည်းကွဲနေခဲ့တယ်
ဒီလို နဲ့ တစ်ပတ် နောက် တစ်ပတ် နဲ့ သူ့သူငယ်ချင်းတစ်ယောက် ရောက်လာခဲ့တယ် " နင် သူ့ ကို လိုက်မပို့ဘူးလား သူရ ဒီနေ့
စင်ကာပူ သွားမှာလေ "
ကောင်မလေး " ဟင် ဟုတ်လား "
"အေး နင်မသိဘူးလားဟ...."
" အင်း ငါတို့ ပြတ်သွားကြတာကြာပြီလေ လိုက်ပို့စရာမှမလိုတော့တာ တော်ပါပြီ"
သူရ တောင် နင့် အတွက်တဲ့ စာပေး လိုက်သေးတယ် သိလား ရော့ " သူ သူငယ်ချင်းပေးခဲ့တဲ့ စာအိတ်ကို သူမ ဖောက်ကြည့်မိတယ် ပထမဆုံးထွက်လာတာက အိမ်အရောင်းအ၀ယ်စာချုပ်ရယ် သူ့လက်ရေးနဲ့ စာတစ်စောင်ရယ်
မေလေး အရမ်းရက်စက်တယ်နော် ဘာလို့ ကို့ ကိုနားမလည်ရတာလဲ ကို ရှင်းပြတာကို မေလေး ဘာလို့လက်မခံရတာလဲ ကိုအလုပ်ကြိုး
စားတာက မေလေး နဲ့ အတူတူ နေချင်လို့ပါ အဲနေ့ ကလည်း ကို မေလေး ကို လက်ဆောင်ပေးဖို့ စာချုပ်သွားချုပ်နေတာပါကွာ နောက်ပြီး မေလေး နဲ့ အဲ အိမ်ကလေး မှာနေဖို့ ကို ကြိုးစားနေခဲ့တာ မေလေး ကို အရမ်းချစ်လို့ သိလား ကို မေလေး နဲ့ လုံးဝခွဲမနေ
နိုင်ဘူး ကို အခု အလုပ် လုပ် လို့ လည်း မရတော့ဘူး မေလေး ရက်စက်တာကို လည်းမခံစား နိုင်တော့လို့ ထွက်သွားပြီ မေလေး ကို့
ကို နားလည်ပေး နိုင်တဲ့ တနေ့ ကို ပြန်လာခဲ့ မယ် အခု တော့ ကို့ အပြစ်တွေ ကို ပေးဆပ် ကို့ ကိုယ်ကို အပြစ်ပေးလိုက်ပြီ
တာ့တာ့ မေလေးကို ကို အရမ်းချစ်တယ် ...
သူမ တစ်ချက်လောက် မှင်သက် သွားရင်း အဲအချိန်မှာ အရာရာနောက်ကျ သွားခဲ့ပြီ...သူ ထွက်သွားခဲ့ပြီ
အချစ်ဆို တာ သူနဲ့ ဝေးသွားမှ သိခဲ့ရတယ် သူမ သူ့ ကို အရမ်းချစ်ခဲ့တယ် ဒါပေမယ့်...
တစ်နှစ်ဆို တဲ့ အချိန် အတွင်း သူ့ ကိုပဲ သတိရ ရင်း စောင့်စားရင်း နေတတ်ခဲ့တယ် သူမ ပိုင်ဆိုင်ခဲ့ တာက သူ့လက်ရေးနဲ့စာလေးရယ်
သူ့ ပြင်ဆင်ထားခဲ့ တဲ့ သူမတို့ ရဲ့ အိမ်လှလှလေးရယ် အဲအိမ်လေးကို ရောက်သွားတိုင်း သူ့ ရဲ့ အချစ်ကို နားလည်လာခဲ့တယ်
သူ့ ကို လည်း ဘယ်လောက်ထိ ချစ်သလဲ ဆိုတာ ဝေးသွားမှ သိလာရတယ်
ှSeptember 25 ...2008 အဲနေ့ ကို သူမ မမေ့ နိုင်ခဲ့ဘူး
အခုတော့ September 25 ....2009
ဆိုင်ခန်းလေးထဲက အသည်းပုံ ကိတ်လေးကို သူမငေးနေခဲ့တယ် နားလည်ပေးခြင်းကို သူမသိခဲ့ပြီ....
မေလေး တိုးတိုးလေး ခေါ်လိုက်တဲ့ အသံကြောင့် သူမ မျက်ရည်တွေကျသွားတယ် သူအသံကို ထင်ယောင်ထင်မှားဖြစ်နေဆဲပါလား
မေလေး ဟာ ဒါ ကို့ အသံပဲ နောက်လှည့်ကြည့်လိုက်တဲ့အခိုက်မှာ
ကို့ ဟုတ်တယ် သူမ ရဲ့ သိပ်ချစ်ရတဲ့ ကို ဒီတစ်ခါတော့ အချစ်ကို နောက်တစ်ခေါက်မဆုံးရှုံးချင်တော့ပါ




Posted by နှင်းဝေ

No comments:

Post a Comment