Saturday, October 8, 2011

အလွမ်းသင့်ည



တိတ်ဆိတ်နေတဲ့ ..ကောင်းကင်မှာ
ငါ့ငိုသံ ခပ်တိုးတိုးက
အရုပ်ဆိုးစေတယ်ဆို...
တောင်းပန်ပါတယ် ..
လောကကြီးရယ်...
အိပ်ပါချစ်သူ
နင့်ကို လွမ်းတဲ့ စိတ်နဲ့
ကုန်သွားတဲ့ ..ငါ့ရဲ့
အိပ်စက်ချိန်တွေလဲမနှမြောမိပါဘူး.......
မျက်ရည်ကျတဲ့ညတွေကြောင့်
ကောင်းကင်မှာ ငါ့ အလွမ်းတွေ
ပြန့်ကျဲနေရင်တောင်
အဲဒီချိန်...
မင်းကနှစ်ခြိုက်စွာ
အိပ်မောကျနေဦးမှာပါ
ချစ်သူရယ်..။




Posted by ရုပ်ဆိုးမ

No comments:

Post a Comment