Thursday, October 27, 2011

သူလိုစိတ်ထား

ဒီဘလော့ကိုရေးချင်တာကြာပါပြီ အခက်ခဲလေးတွေရှိခဲ့ပါတယ် အချိန်တော်တော်ကြာယူနေရပါတယ်
နောက်ပြီးတော့ ခုလိုဘလော့မျိုးရေးရတာလည်း ပထမ ဆုံးပါပဲ အရင်ရေးတာတွေ ကသင်ခန်း
စာပေးရေးခဲ့တာပါပဲ ခုဟာနေရာအခက်ခဲကြောင့် ပြောင်းလည်းပီးရေးရတာပါ
အခန်း (၁)
ကျုပ်ဟာ အရမ်းဆိုးတဲ့ လူတယောက်ပေါ့နော် ငယ်ငယ်တုန်းက ခိုးတယ် လုယက်တယ်
ကျောင်းလည်း အတန်းကြီးအောင်မတက်ခဲ့ရဘူး မိဘတွေကလည်း ကျုပ်ငယ်ငယ်လေးထဲက
ဆုံးသွားတယ် တကောင်ကြွက်ဘ၀ နဲ့  ဘ၀ခရီး ကိုလျောက်ခဲ့ရတာပေါ့နော် အဲဒီတော့ ကျုပ်
ဘ၀ ဟာ ဘယ်လိုသာယာတဲ့ ဘ၀ ကိုလျောက်လို့ ရမှာလည်း ပါတ်ဝန်ကျင်ကလည်း
ကျုပ်လို လူမျိုးတွေ ပဲရှိနေတော့ တံငါနားနီး တံငါပေါ့ အစ ကတော့သူခိုးလေး ကြီလာတော့
သူခိုးကြီးပေါ့ သူခိုးကြီးတော့ ဓါးပြ ဓါးပြကြီးတော့ သူပုန် ပေါ့ အဲဒီလိုနဲ့  ဘ၀ ကိုလျောက်ခဲ့
ရတာပေါ့ ဒီလိုနဲ့ အသက်တွေ လည်းကြီးလာခဲ့ရပါပြီ ကိုယ်ကျင်လယ်ခဲ့တဲ့ ဘ၀ဟာလည်း
ဒီတိုင်းဖြစ်မနေဘူးလေ သူအလှည့်ပြီးရင် ကိုယ်အလှည့်ဆိုတာ ရောက်လာတာပေါ့
ကျုပ်ဟာ တပည့်တွေ နဲ့  တိုက်ပွဲတခုမှာ ရှုံးနိမ့်ခဲ့ရတယ်လေ ကျုပ်ကို စစ်တပ်အဖွဲ့ က
လက်ရောက်ဖမ်းစီးတာခံလိုက်ရတယ်လေ ကျုပ်နဲ့ ကျုပ်တပည့်တွေဟာ လည်း ထောင်
ဆို တဲ့လှောင်အိမ် ကြီးထဲမှာ ရောက်ခဲ့ပါတယ်။


အခန်း(၂)

ကျွန်တော် က ဆရာဝန်တယောက်ပါ ဒေါက်တာ အဲရစ်ဆင် ပေါ့ ဆေးပညာ ကိုငယ်ငယ်လေးထဲ
လိုက်စားခဲ့ တာပါ လူတွေ ရဲ့ အသက်ကယ်တင်ချင်တာကို စေတနာ နဲ့ ၀ါသနာ က
ဟိုးငယ်ငယ်လေးထဲက ရှိခဲ့တာပါ ကျွန်တော်ရဲ့ မိဘတွေကလည်း ကျွန်တော်ဖြစ်ချင်
တာကို လုပ်ပေးခဲ့ပါတယ်
ဒီလိုနဲ့ ပဲ ကျွန်တော်ဟာ ထူးချွန်တဲ့ ဆရာဝန်တယောက်ဖြစ်ခဲပါတယ် ကျွန်တော်
ဟာ ရောဂါ ကို ကုသ ရင်းနဲ့  လူတွေ ရဲ့ အသက် ကို ကယ်တင်နိုင်တာ ရှိသလို
လက်လွှတ်လိုက်ရသာလည်း ရှိခဲ့ပါတယ် ဒါပေမဲ့ လူတွေမှာ မမြင်နိုင်တဲ့ ရောဂါတွေ
ဝင်လာခဲ့ရင် ခုကတဲ က ကြိုတင်စမ်း သတ်လိုက်ချင်တာပေါ့နော်
အဲဒါနဲ့  ကျွန်တော်ရဲ့ ဓါတ်ခွဲခန်းကို ၀င်လိုက်တယ်ပေါ့နော် အဲဒီမှာရောဂါ ရှာဖွေ ပို့ 
အတွက် ရောဂါပိုး ကို ရှာတယ် ဒီပိုး ကိုပြန်သတ်ဖို့  ဆေးဝါးတွေ ကို ရှာတယ်
အဲဒီ ဓါတ်ခွဲခန်းမှာ ကို ပြန်လုပ်ကြည့်တယ် အဆင်ပြေသွားတယ် ဒါနဲ့  တရိစ္ဆန် တွေ
ကို စမ်းသတ်ပါတယ် ပထမ ဆုံးမြင်းတွေ ကို စ စမ်းသတ်ခဲ့ပါတယ် အောင်မြင်ခဲ့ပါတယ်
ကျွန်တော်ဟာ အရမ်းပျော်လာတယ် ဒါပေမဲ့ မပြီးဆုံးသေးဘူးလေ လူတွေ ကို စမ်းသတ်ရ
အုံးမယ်လေ ဘယ်သူ ကို စမ်းသတ်ရမှာလည်း အဲဒီမှာ ကျွန်တော်အခက်ခဲ တွေ့တော့ပါပဲ
ဆေးရုံမှာ ရှိတဲ့ လူနာတွေ ကိုလည်း စမ်းသတ်ဖို့ မဖြစ်နိုင်ဘူး ဒါနဲ့ ကျွန်တော်သူငယ်ချင်း
ဒေါက်တာ ၀ပ်ဆင် ကို အကူညီတောင်း ဖို့  ခေါ်လိုက်တယ်
သူလည်းရောက်ချလာတယ် ကျွန်တော်လည်း ကျွန်တော်ရဲ့ သူငယ်ချင်းကို အကျိုးအကြောင်း
ပြောပြလိုက်တယ် သူလည်းကူညီမယ်ပေါ့ ကျွန်တော်တို့ လည်း ပါတ်ဝန်ကျင် ကို စည်းရုံးပြီး
လုပ်ကြပါတယ် မအောင်မြင်ဘူး စမ်းသတ်ခံမဲ့သူ တယောက်မှ ရှိမလာဘူး ကျွန်တော်လည်း
စိတ်ဓါတ် ကျချင်လာတယ် ကိုယ်တပ်ထားတဲ့ပညာနဲ့  လူတွေရဲ့အသက်ကို ကယ်တင် ချင်
တယ်လေ ဒေါက်တာ ၀ပ်ဆင်ကလည်း စဉ်စားကြည့်တယ်ပေါ့ နောက်ဆုံးတော့ ထောင်
အရာရှိတယောက်နဲ့ တွေ့ လာခဲ့တယ် ကျွန်တော်တို့ ရဲ့ အဖြစ်အပျက်ကို တိုင်ပင်တာပေါ့
ထောင်အရာရှိ ကလည်း ကူညီပါမယ်လို့ ပြောပါတယ် ဘယ်လို ပြန်ကူညီမယ်ဆိုတာတော့
သီးခံစောင့်ပါအုံးလို့  ပြောပါတယ် ကျွန်တော်တို့ လည်း စောင့်ပါမယ်လို့  ပြောလိုက်ပါတယ်။

အခန်း(၃)

ကျွန်တော် ကတော့ထောင်မှူး ဂျွန်ဆင် ဖြစ်ပါတယ် ထောင်မှာလုပ်လာတာလည်း
ကြာခဲ့ပါပြီ အကျဉ်းသားတွေ ကို လုံခြုံအောင်အောင် ထိမ်းသိမ်းရတယ်ဆိုတာ
တခါတလေမှာ အခက်ခဲလေးတွေ ရှိလာပါတယ် အကြောင်းအမျိုးမျိုးကြောင့်
ထောင်ထဲ ကို ရောက်ခဲ့ကြတာကို ထောင်မှာလည်းထောင်စည်းကမ်း ဆိုတာ
ရှိတာပေါ့နော် ခုလည်း ဒေါက်တာ ၀ပ်ဆင်က နေ အကူညီတောင်းလာ လို့  ဆရာဝန်ကြီး
အယ်ရစ်ဆင်နဲ့ တွေ့ ခဲ့ရတယ်လေ သူကနေ အကူညီ တောင်းလို့  ကူညီပါ့မယ်လို့  ဂတိ
ပေးခဲ့ရပြီ မနက်ဖြန် ကျရင် ဘယ်လိုခရီးဆက်ရမလည်း ခေါင်းအုံးပေါ်လက်တင်ရင်
မှေးကနဲ အိပ်ပျော်သွားမိတာတယ်။
မနက်မိုလင်းလို့ ရောက်တယ်ဆိုရင် ပဲ အိပ်ရာက ထပြီး မျက်နှာသစ် မနက်စာ စား
ပြီးထောင်ဆီ သွားတယ် လေ ထောင်ရဲ့အခန်းတွေ ကို ၀င်လိုက်တယ် ဒီနေ့ မှာ
အကျဉ်းသားတွေနဲ့  တွေ့ ဆုံ ပြောကျမယ်ပေါ့ အကျဉ်သားတွေ ကလည်း ကောင်းကောင်း
မွန်မွန်ပါပဲ လက်ခံတွေ့ ဆုံပါတယ်
ဒီနေ့  ကျွန်တော်ခင်ဗျာ တို့ ကို ပြောစရာလေးတွေ ရှိပါတယ်
အဲဒါကတော့ ဆရာဝန်ကြီး ဒေါက်တာအယ်ရစ်ဆင် က ရောဂါရှာဖွေရေးအတွက်
ခင်ဗျာတို့ ကို စမ်းသတ်မယ်ပေါ့ သူရဲ့စမ်းသတ်မှု အောင်မြင်ရင် ခင်ဗျာတို့ ကို
ငါးသေတ္တာ ၁ဗူးနဲ့ စီကရက်၃ဗူး ပေးမယ်ပေါ့ တကယ်လို့ မအောင်မြင်ခဲ့ရင်တော့
ဝမ်းနည်း စရာပေါ့နော် ဒါပေမဲ့ သူလည်း ဒီဖြင့်တရိစ္ဆန် တွေနဲ့ လည်း စမ်းသတ်
ခဲ့ပြီးပါပြီ လူတွေနဲ့  စမ်းသတ်ဖို့ ကို ကျွန်တော်ဆီ အကူညီလာတောင်းတော့
ကျွန်တော်ကလည်းကူညီပါမယ်လို့ ပြောခဲ့ပါတယ် ဒီတော့ စမ်းသတ်မဲ့သူ ဒီမှာ
စာရင်းပေးနိုင်ပါတယ်။
ဒီတော့ အကျဉ်သားတွေ ဟာငြိမ်သက်သွားကြတယ်ပေါ့ အသက်နဲ့ 
ရင်းရမှာကို စီကရက်၃ဗူးနဲ့  ငါးသေတ္တာ ၁ဗူး ကိုလည်း လိုချင်တာပေါ့
အဲဒီမှာ အားပြိုင်ပြီးစဉ်စားကြာတာပေါ့ နောက်ဆုံတော့ အစမ်းသတ်ခံမဲ့သူ
တွေ စာရင်းလာပေးကြာတာပေါ့
အခန်း(၄)

ကျုပ်ဘာလုပ်ရမလည်း ထောင်ကို ရောက်ကတဲက ထောင်ထမင်းထောင်ဟင်း
နဲ့ စားလာရတာ လေ ခုထောင်မှူး ဂျွန်ဆင် က အကျဉ်းသားတွေ ကို လာပြီးပြော
တယ် သူပြောတဲ့အစီစဉ်ကတော့ စီးကရက်၃ဗူးနဲ့ ငါးသေတ္တာ၁ဗူး က အိမ်မက်တောင်
မမက်ဖူးဘူးနော် သားရည်ကျစရာပေါ့ နောက်ပြီးတော့အသက်နဲ့ ရင်းပြီးလုပ်ရမှာ
အိုဘာပဲဖြစ်ဖြစ် မသေခဲ့ရင်တော့ ကောင်းကောင်းစားရတာပေါ့ ကျုပ်လည်း
စာရင်းပေးလိုက်တယ်လေ
နောက်တနေ့ မှာ သူတို့ စမ်းသတ်လိုက်ပါတယ် ကျပ်ရဲ့မျက်လုံးတွေ
ပြာလာတယ် ဝေဒနာ ဗိုက်ထဲအောင့်လာသလို ကိုယ်တွေလက်တွေ ကလည်း
နာကျင်ကိုက်ခဲလာတယ် နောက်ဘာမှကိုမသိလိုက်တော့ပါဘူး
ကျုပ်သတိရလာတယ် မျက်လုံးဖွင့်ကြည့်လိုက်တယ် ပထမ မျက်နာကျက်အဖြူရောင်
မြင်ရတယ် နောက်နေကောင်းလားလို့ မေးလာတယ် ဘယ်သူတွေမှန်လည်းမသိဘူး
နောက်ထောင်မှူးဂျွန်ဆင်ကိုမြင်တယ် ကိုက်ထာခဲထာတွေတော့ကျန်နေတာပေါ့
နောက်သူတို့ ဆက်ကုသရင်းနဲ့  ကျုပ်ဟာ ကျန်းမာလာခဲ့ပါတယ်။
နောက်တနေ့ မှာဂျွန်ဆင်ဟာ သူပြောထားတဲ့အတိုင်းပဲ စီးကရက် ဗူးတွေနဲ့ 
ငါးသေတ္တာ ဗူးတွေကို ထောင်ထဲမှာ ယူလာခဲ့ပြီ စာရင်းလစ်တွေနဲ့ ခေါ်ပြီး
ပေးနေပါပြီ စမ်းသတ်တဲ့လူတွေများတော့ ကျုပ်အလှည့်က မရောက်သေးဘူးလေ
သူတို့ သောက်ထာကြည့်ပြီး စီးကရက်သောက်ချင်လာတယ် နောက်ပြီးရင်
ထမင်းစားချိန်ကျရင် ငါးသေတ္တာနဲ့ စားမယ်ပေါ့ စဉ်းစားနေတာပေါ့
ဒေါက်တာအယ်ရစ်ဆင်လည်း အကျဉ်သားတွေ ကို ကျေးဇူးတင်ကြောင်းတွေ
ပြောနေတယ် သြော်သူတောင်သူအောင်မြင်မှုအတွက် ပီတိ ၀မ်းသာ ဖြစ်နေတယ်လေ
သြော်ငါလည်း သူလို ဖြစ်ချင်လိုက်ထာ ငါ့ဘ၀ က သူနဲ့ စာရင် အလှမ်းဝေးပါ့လား
သူက လူတွေ အသက်ကို ကယ်တင်တဲ့စိတ် က ကို လေးစားဖို့ ကောင်းနေတာပဲ
ငါလည်း သူလိုထားတဲ့ စိတ်မျိုးဖြစ်ချင်လိုက်ထာ
ဟယ်ရီပက်ထရစ်
သြော်ငါ့နမ်မည်ကို ခေါ်နေပြီ ငါသွားယူရတော့မှာလားနော်
ရှေ့နားရောက်တယ်ဆိုရင် စီဒကရက်၃ဗူးနဲ့ ငါးသေတ္တာ ၁ဗူးကို ပေးတယ်လေ
ကျုပ်ကြောင်သွားတယ် မယူဖြစ်ဘူး ထောင်မှူး က ဘာဖြစ်ထာလည်း နည်းလို့ လား
လို့ မေးတယ် နည်းရင်ထပ်ပေးမယ်ဆိုတဲ့သဘောပေါ့ ကျုပ်ခေါင်းရမ်းလိုက်တယ်
ဘာဖြစ်လို့ လည်း ပေါ့ဆိုပြီးထပ်မေးလိုက်တယ် အဲဒီမှာ ကျုပ်ပြောလိုက်တယ်
ကျုပ်ပြောလိုက်ထာ ကျုပ်ဘ၀မှာ ကောင်တာတွေ တခါမှ မလုပ်ခဲ့ဘူးဖူး ခု
ကျုပ်လိုက်တဲ့ လူတွေအတွက် စမ်းသတ်လိုက် တဲ့ ကျုပ်ဟာ ဒီစီးကရက်၃ဗူး
နဲ့ ငါးသေတ္တာ ၁ဗူးနဲ့ မလဲပါ့ရစေနဲ့ ဗျာ ကျုပ်မှာကောင်းတာလုပ်ခဲ့တာဆိုလို့ 
ဒီ၁ခုပဲရှိခဲ့တာပါ ကျုပ်မယူပါ့ရစေနဲဗျာ လူဆိုးကြီးဟယ်ရီ ပက်ထရစ် ဟာထောင်မှူး
ပေးမဲ့ပစ္စည်းကို မယူပဲ သူရဲ့နေရာဆီ ပြန် လာလိုက်တယ် ဒေါက်တာအဲရစ်ဆင်ဟာ
ငါက ဖော်မြူလာထုပ်တယ် သူက အစမ်းသတ်ခံခဲတယ် သူရဲ့ စိတ်ထားက အတော်ကို
ကောင်းမွန်ပါ့လား သြော် သူလိုဆိုးသွမ်းတဲ့ သူတောင် ဒီစိတ်ဝင်လာတာ
တော်တော်ဝမ်းသာ စရာကောင်းပါ့လားနော်............။



Posted by ဇော်ကို

No comments:

Post a Comment