Saturday, October 8, 2011

“လွမ်းလို့”

အချစ်ရုပ်ရှင် မကြည့်ရဲဘူး

မင်းချစ်တတ်တာ လွမ်းလို့



ဟာသ ရုပ်ရှင် မကြည့်ရဲဘူး

မင်းရယ်သံလေး လွမ်းလို့



ဟိုးတုန်းကဓါတ်ပုံဟောင်းလေး

မကြည့်ရဲဘူး

မင်းအကြည့်လေး လွမ်းလို့



မင်းကြိုက်တဲ့ သီချင်းလေး

မဆိုရဲဘူး

မင်းအသံလေး လွမ်းလို့



အတူသွားဘူးတဲ့ လမ်းကလေး

မလျှောက်ရဲဘူး

မင်းခြေသံလေး လွမ်းလို့



မင်းမကြိုက်တဲ့ ညနက်တီးရှော့(ပ်)

မထိုင်ရဲဘူး

မင်းဆူတာလေး လွမ်းလို့



မင်းနဲ့တွေ့လည်း

ကိုယ့် အလွမ်းတွေ ဖွင့်မပြရဲ

မင်းအလွမ်းသံလေး လွမ်းလို့



မိုးပြာ

No comments:

Post a Comment