- နတ်ပြည်၌ဖြစ်ရခြင်း၊
- နတ်တို့သနင်း သိကြားမင်း ဖြစ်ရခြင်း၊
- ရတနာခုနှစ်ပါးနှင့်ပြည့်စုံသော စကြ၀တေးမင်း ဖြစ်ရခြင်း၊
- ပဒေသရာဇ်မင်း၊ ဧကရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်ရခြင်း၊
- ကမ္ဘာနှင့်ချီ၍ အပါယ်မလားဘဲ သုဂတိ၌သာ ကျင်လည်ရခြင်း၊
- သံသရာကျင်လည်ရသမျှ ကာလပတ်လုံး စည်းစိမ်ဥစ္စာ ယုတ်လျော့ပျက်စီးမှု မရှိခြင်း၊
- သွားလေရာအရပ်တို့တွင် ဆင်၊မြင်း၊ ယာဉ်ရထား တို့ဖြင့် ပြည့်စုံရခြင်း၊
- သွားလေရာအရပ်တို့၌ လူအများ၏ ပူဇော်မှုကို ခံရခြင်း၊ သွားလေရာအရပ်၌ ငုတ်ဆူးတို့ကိုမမြင်ရခြင်း၊
- နူနာ၊ အိုင်းအနာ၊ နူဖြူအနာ၊ ၀က်ရူးနာ၊ ပွေးနာ၊ ၀ဲနာ ကင်းရခြင်း၊
- လူ နတ် ဘ၀၌ အံ့ဖွယ်သော စည်းစိမ်ကိုခံစားရခြင်း၊
- လူ နတ် ဘ၀၌ အရောင်အဆင်းသည် ရွှေအဆင်းသို့ရှိခြင်း၊
- ကိုယ်ရောင်ဝါ တောက်ပမှု ရှိခြင်း၊
- မနှစ်သက်သောအရာများ မမြင်တွေ့ရခြင်း၊
- ကိုယ်ခန္ဓာ သန့်ရှင်းစင်ကြယ်၍ စိတ်တည်ကြည်ရခြင်း၊
` - အဆုံးစွန်သောဘ၀၌ ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာဖြစ်ရခြင်း။
Shared from အရှင် သီရိဓမ္မ
No comments:
Post a Comment