Sunday, February 12, 2012

အမှား နှင့် အမှန် (or) ဒယ်အိုးဆရာတော်၏ တရားများအား ဝေဖန်ဆန်းစစ်ခြင်း (၂)

နေပါဦး လုံအောင်ဖုံး (၂)


ဦးသုမင်္ဂလ ၏ ဟောကြားချက်မှ ကောက်နုတ်ချက်များ (ခ)



အတ္တာဟိ အတ္တနော နာထော၊

ကော ဟိ နာထော ပရော သိယာ၊

အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။ (ဓမ္မ ပဒ)



မိမိသည်သာလျှင် မိမိကိုးကွယ်ရာ။ အဘယ်မှာ သူတစ်ပါးသည် မိမိကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း။ ဒီစကားကြား

ရင် သာမန်ပုဂ္ဂိုလ် လုံးဝလက်မခံဘူး။ ဘုရားကို အားကိုးချင်တယ်၊ တရားကို အားကိုးချင်တယ်၊ သံဃာ ကို

အားကိုးချင်တယ်။ အရေးကြုံလာရင် ဘုရားကယ်ပါ၊ တရားကယ်ပါ၊ သံဃာကယ်ပါ။ ဒီလိုနေချင်တာ

မဟုတ်လား။



ခုတော့ ဘုရားလဲ အားကိုးရာမရှိဘူး။ တရားလည်း အားကိုးရာ မရှိဘူး။ သံဃာလဲ အားကိုးရာမရှိဘူး။

ဘယ်သူ့ကို ဘယ်သူက အားကိုးရမှာလဲ။ ဘုရား၊ တရား၊ သံဃာ ဆိုတာ နည်းပေးရုံ၊ လမ်းပြရုံ။



*****************************************



မကယ်တဲ့ဘုရားကို မြတ်နိုးတယ်။ ဘာလို့လဲဆိုတော့ အကယ်ခံရမှာစိုးလို့။ (ပ) အကယ်ခံဘ၀ အကူညီခံဘဝ

လုံးဝမဖြစ်ချင်ဘူး။ ကိုယ်ကပဲ ပေးချင်တယ်။ ကိုယ်ကပဲ ဝေချင်တယ်။ သူများနားလက်ဝါးဖြန့်ရတဲ့ဘ၀ ဘယ်

သောအခါမှ မလိုချင်ဘူး။ မဖြစ်အောင်လဲ ကြိုးစားတယ်။ ဖြန့်ရရင်လည်း ကိုယ့်ဘာသာကိုယ် သတ်သေပလိုက်

မယ်။


***************************************


(ခ) ပါ ကောက်နုတ်ချက်များကို ဆန်းစစ်ချက်


ဓမ္မပဒတွင်ပါသော ပါဠိဂါထာကို အခြေပြု၍ ဟောပြသွားခြင်း ဖြစ်ပါသည်။ မိမိကိုယ်သည်သာ မိမိ၏ အားကိုးရာ

ဟု ဓမ္မပဒတွင် ပါရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် အားကိုးခြင်းဟူသည်မှာ အဘယ်နည်း။



ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်ကြကုန်သော လူ နတ် ဗြဟ္မာ သတ္တ၀ါ အပေါင်းသည် အဓိပ္ပါယ်ပြည့်ဝ၍

မှန်ကန်လေးနက်သော အန္နိဌာန်ကို ချကြပါသည်။ ထိုသန္နိဌာန်မှာ သရဏဂုံ - ၃ - ပါးပင်ဖြစ်သည်။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

ဗုဒ္ဓံ - မြတ်စွာဘုရားကို။ သရဏံ - ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။

ဓမ္မံ - တရားတော်မြတ်ကို။ ……………

သံဃံ - သံဃာတော်မြတ်ကို။ …………..



ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါကို အားကိုးယုံကြည်ခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်းသည် ထိုသုံးပါ၏

ကယ်တင်စောင်မမှုကို စောင့်မျှော်နေရုံသက်သက်မဟုတ်။ ဘာမှ ကြိုးစားအားထုတ်မှုမရှိဘဲ၊ ကယ်တင်ခြင်း

သက်သက်ကို အားကိုးနေခြင်းဟု မဆိုလိုပေ။ စင်စစ်အားဖြင့် ရတနာမြတ်သုံးပါ၏ ဂုဏ်ကျေးဇူးကို သဘော

ပေါက် သိရှိပြီးလျှင် ရတနာသုံးပါး၏ အဆုံးအမအတိုင်း ကျင့်ကြံကြိုးစား နေထိုင်ခြင်းပင် ဖြစ်ပါသည်။

ဤသည်ပင်လျှင် ရတနာသုံးပါးကို ကိုးကွယ်ခြင်း (၀ါ) အားကိုးခြင်း ဖြစ်ပေသည်။



ဥပမာ - ဤမှာဘက်ကမ်းတွင် ခြေင်္သေ့၊ သစ်၊ ကျားတို့ ဆိုးဝါးသောင်းကျန်းနေ၏။ ဤမှာဘက်ကမ်းရှိ လူ

အပေါင်းတို့သည် နေ့စဉ်နှင့်အမျှ သားရဲ တိရိစ္ဆာန်တို့၏ သတ်ဖြတ်စားသောက်ခြင်းကို ခံနေကြရ၏။ သူတို့သည်

သားရဲတိရိစ္ဆာန်များ ကင်းမဲ့ရာ၊ ဘေးရန်မရှိရာ ဟိုမှာဘက်ကမ်းသို့ ကူးမြောက်လိုကြ၏။ သို့သော် အပြောကျယ်

လှစွာသော၊ လှိုင်းလေပြင်းထန်သော၊ မိကျောင်းတို့ပေါသော မြစ်ပြင်ကို မဖြတ်သန်းနိုင်ကြ။ ခိုင်ခံ့ကြီးမား၍

လုံခြုံသောသင်္ဘောတည်ဆောက်နိုင်သူသည် လူတို့အား နည်းပေးလမ်းပြလုပ်၍ သင်္ဘောကြီးလုပ်စေ၏။

သင်္ဘောပြီးမြောက်သော် လူအပေါင်းတို့လည်း ဘေးရန်ကင်းရာ ဟိုမှာဘက်ကမ်းသို့ ရောက်ရှိကြလေသည်။



လူတို့သည် နည်းပေလမ်းပြလုပ်သူကို အားပေးကြသည်သာဖြစ်၏။ သို့သော် နည်းပေးလမ်းပြလုပ်သူက လူ

အပေါင်းကို ဟိုမှာဘက်ကမ်းသို့ ချီပိုးသယ်ဆောင်သွားသည်မဟုတ်ပေ။ သင်္ဘောကို ဆောက်လုပ်ပေးသည်

မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အားကိုးရာဖြစ်ရသနည်း။ လူအပေါင်း၏ ဘေးကင်းရာကို

ဖြစ်စေသောကြောင့်ပင်တည်း။



ထို့အတူသာလျှင် ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးနှင့် အဆုံးအမကြောင့် ကိလေသာတည်းဟူသော ဘေးရန်

ဖြစ်ကြောင်းမှ လွတ်မြောက်နိုင်ကြသဖြင့် ရတနာမြတ်သုံးပါးသည် ကိုးကွယ်ရာ စင်စစ်ဧကန် ဖြစ်ပေတော့၏။

မိမိကိုယ်သည်သာ မိမိ၏အားကိုးရာဟု ဓမ္မပဒ၌ ပြသည်ကား ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့် အဆုံးအမ

အတိုင်း မိမိကိုယ်တိုင်၏ လောကီအကျိုး၊ လောကုတ္တရာအကျိုးကို ဆောင်ရွက်ရမည်ဟု ဆိုလိုပါသည်။

(ဖန်ဆင်းရှင်၊ တန်ခိုးရှင်များကို အားကိုးခြင်းမျိုးမဟုတ်)



“စာဖတ်မခက်၊ စာတတ်ခက်သည်” ဟု ပညာရှိတို့ ဆုံးမခဲ့ကြ၏။ “စာကြည့်မခက် စာညှိခက်သည်” ဟုလည်း

အဆိုရှိသေး၏။ ပိဋကတ်တော်၏ အဖွင့်ကျမ်းများကို စီရင်တော်မူခဲ့ကြသော ဆရာအရှင်မြတ်တို့၏ ကျေးဇူး

ကြောင့် ဆန့်ကျင်သယောင်ထင်ရသော ဓမ္မစာပေတို့ကို စာရေးသူတို့ စာညှိနိုင်ခဲ့သဖြင့် ဦးခိုက်ပူဇော်ရပါသည်။

လယ်တီဆရာတော်၏ သာသန၀ိသောဓနီကျမ်းစာများ နှင့် အရှင်ဇနကာဘိဝံသ ၏ ရတနာ့ဂုဏ်ရည် အစရှိ

သော ကျမ်းစာများတွင် ဤသို့သောမှတ်သားဖွယ် “စာညှိ” ပေးမှုများ ထင်ရှားရှိပါသည်။

ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂ သည် မိမိစကား၏ အသွားအလာကို သတိမပြုဘဲ “ဘုရားလဲ အားကိုးရာ

မရှိဘူး” ဟု “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကိုပင် ဆန့်ကျင်သော စကားမျိုး ဟောမိလေသည်။ လူပရိသတ်များစွာ

အပေါ်တွင် သြဇာရှိသောသူ ဖြစ်ရကား အခြားသူတို့ သရဏဂုံပျက်ယွင်းသွားစေနိုင်သော ဟောပြောမှုများကို

ရှောင်ရှားသင့်ပေသည်။



ဗုဒ္ဓက ကယ်တင်သည်ဟူရာ၌လည်း ဘာသာခြား၊ ဖန်ဆင်းရှင်ဝါဒတို့ ယူဆသလို တိုက်ရိုက်ကယ်တင်းခြင်းမျိုး

မဟုတ်။ ဗုဒ္ဓ၏ အဆုံးအမကို သဘောပေါက် ကျင့်ကြံခြင်းကြောင့် ဒုက္ခအချို့ဖြစ်စေ၊ ဒုက္ခခပ်သိမ်းဖြစ်စေ ကင်း

လွတ်နိုင်ရကား ဗုဒ္ဓ၏ အဆုံးအမသည်သာလျှင် မူလအရင်းခံဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓက ဘုရားအဖြစ်ဖြင့် သတ္တ၀ါ

တို့အား ကယ်တင်းခြင်းဟု ဆိုရလေတော့သည်။



သာမန်လူ့ဘ၀ကို ကြည့်လျှင်လည်း အခြေအနေနှင့် အချိန်အခါကိုလိုက်၍ အကယ်ခံဘ၀၊ အကူအညီခံဘ၀သို့

မလွဲမသွေရောက်ကြရသည်မျိုး ရှိပါသည်။ မိခင်၏ ၀မ်းကြာတိုက်၌ရှိစဉ် မိခင်၏ကူညီစောင့်ရှောက်မှု လိုအပ်

သည်။ မွေးဖွားပြီးနောက်ကာလအတန်ကြာပင် မိဘဖြစ်စေ၊ အခြားသူတို့ကိုဖြစ်စေ အားကိုးမှီခိုကြရသည်။



မွေးပြီးပြီးချင်း လူသူမနီး တောကြီးမျက်မည်းသို့ သွားရောက်စွန့်ပစ်ပါမူ စားဝတ်နေရေးအတွက် မရပ်တည်

နိုင်သဖြင့် မုချသေဆုံးမည်ဖြစ်၏။ ဆင်ပေါက်ကလေးများသည် မွေးဖွားပြီးပြီးချင်း မတ်တတ်ရပ်၍ နို့စို့နိုင်ကြ

၏။ လမ်လျှောက်နိုင်ကြ၏။ လူမွေးကင်းစများကား ထိုမျှပင် မစွမ်းနိုင်။ သို့သော် တိရိစ္ဆာန်တို့၏ အစွမ်းသည်

အကန့်အသတ်ရှိ၏။ လူ့အစွမ်းကား အကန့်အသတ်မရှိပေ။

သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ခိုကိုးရာမဲ့များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်သူများ

ထိုသူတို့သည်လည်း တစ်ပါးသူ၏ ကယ်တင်မှု၊ ကူညီမှုကို လက်ခံသင့်သည်သာ ဖြစ်ပါသည်။ လက်မခံပါမူ

ပျက်စီးဆုံးရှုံးဖို့ရာသာရှိ၏။

ဘုရားရှင်ကလည်း သိင်္ဂါလောဝါဒသုတ်တွင် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်

ကျင့်ဝတ် စသည်ဖြင့် ဟောထားသည်။ မွေးကင်းစကလေးသည် မိဘ၏ကူညီကယ်တင်မှု့ကိုယူရပြီး

သက်ကြီးရွယ်အိုသည် သားသမီး၏ကူညီကယ်တင်မှု (စောင့်ရှောက်မှု) ကို လက်သင့်ခံရမည်သာဖြစ်သည်။



သို့ပါလျက် “ကိုယ်ကပဲ ကယ်ချင်တယ်၊ အကယ်ခံဘ၀ လုံးဝမဖြစ်ချင်ဘူး၊ ဖြစ်ရရင်လည်း ကိုယ့်ဘာသာ

ကိုယ်သတ်သေပလိုက်မယ်” စသည်ဖြင့် ဦးသုမင်္ဂလ က ဟောပြောသည်မှာ မသင့်လျော်ချေ။



“အရွယ်ရောက်ပါလျက်၊ ကျန်းမာပါလျက်၊ ခြေလက်ကောင်းပါလျက် သူတစ်ပါးပေးစာကမ်းစာ ကိုသာ

မျှော်လင့်တောင်းစားသူမျိုး မဖြစ်လို” ဟုသာ ဟောသင့်ပါသည်။



ဝိသေသ

(၂၀၁၁ ခုနှစ် အောက်တိုဘာလထုတ် ဓမ္မရံသီမဂ္ဂဇင်း)

Shared from အရှင်သာမိ မုံရွာ

No comments:

Post a Comment