Tuesday, February 21, 2012

သတ္တိ ( ၃ ) မျိုး ထဲက စာရိတ္တ သတ္တိ

ဗုဒ္ဓက သတ္တိ ( ၃ ) မျိုး ရှိပါတယ်လို့ ဟောကြားတော် မူပါတယ် ... ယင်း တို့မှာ ...

( ၁ ) ကာယသတ္တိ ....
( ၂ ) စိတ္တသတ္တိ ....
( ၃ ) စာရိတ္တသတ္တိ ....

လူထုဦးလှက အဲ့ဒီ့တုန်းက ( ၇ ) တန်း ကျောင်းသားတဲ့ .... ။ သူတို့ အဖေက သူတို့ရွာမှာ

လယ်သမား ... ယာသမားတွေကို ချေးငွေထုတ်ပေးတာ ပေါ့လေ ... ။ ပုဂ္ဂလိက ချေးငွေ

ထုတ်ပေးတာပေါ့ .... ။ တစ်ခါတော့ လယ်သမားကြီးတစ်ယောက် ချေးငွေလာဆပ်တဲ့အခါ

အတိုးတွက်မှားပြီး ငွေပိုပေးခဲ့တယ် .... ။ အဲ့ဒီ့လို ပိုပေးမိတာကို လူထုဦးလှရဲ့ အဖေလဲ မသိ

ဘူး .... ။ လယ်သမားကြီးလဲ မသိဘူး ..... ။ ကျောင်းသားဖြစ်တဲ့ လူထုဦးလှက ဘေးကနေ

တွက်ကြည့်ပြီးတော့ သိနေတယ် .... ။ ဆိုကြပါစို့ .... ။ ငွေ နှစ်ရာ ပိုနေတယ် ပေါ့ ... ။

ဟိုတုန်းက ငွေ နှစ်ရာဆိုတာ အများကြီးနော် .... ။ ဒါပေမယ့် လူထု ဦးလှက ၀င်မပြောဘူး .. ။

မှိန်းနေလိုက်တယ် .... ။ လယ်သမားကြီး အိမ်အပြင် ထွက်သွားမှ သူ့အဖေကို ပြောတယ် ... ။

" အဖေ ... အဲ့ဒီ့ လယ်သမားကြီး အတွက်မှားတာ .... "

" ကျွန်တော်တို့ဆီမှာ ငွေ နှစ်ရာ ပိုခဲ့ပြီ ... " ဆိုပြီး ....

ဒီအချိန်မှာ လူထု ဦးလှ အဖေက မင်းတော်တော် ... တော်တဲ့ကောင်ပဲကွာ ဆိုရင် ...

မင်းခိုးတာ တော် တယ် လို့ ပြောတာနဲ့ အတူတူပါပဲ ..... ။

ဒါပေမယ့် ... လူထုဦးလှ အဖေက လူထုဦးလှ ကို တန်းငေါက်တာ ဖြစ်ပါတယ် .... ။

“ အဲ့ဒါမင်း သူခိုးစိတ်ပဲ ... ဘာလို့သူများပိုက်ဆံကို မတရားယူချင်ရတာလဲ .... မင်း ငါ့ကို

စောစောက မပြောဘူး .... သွား .... အခုချက်ချင်းလိုက်ခေါ် .... "

" နောက်မှတ်ထား ... တစ်သက်လုံးအဲ့တာမျိုး မလုပ်ရဘူး ....

သူများ အိမ်နောက်ဖေးက မသိအောင် တက်ခိုးမှ ခိုးတာ မဟုတ်ဘူး ....

လိမ်ညာ လှည့်ပတ်ပြီး မတရားနည်းနဲ့ ယူတာမှန်သမျှ ခိုးခြင်းပဲ ... " တဲ့ ....

ချက် ချင်း ဆုံးမပြီး လယ်သမားကြီးကို ချက်ချင်းပြန်ခေါ် ငွေကိုပြန်ပေးစေခဲ့ပါတယ် ....

လူထုဦးလှ ကိုယ်တိုင် ၀န်ခံခဲ့တာပါ .... ကျွန်တော့အဖေကြောင့် ကျွန်တော် သူတော်ကောင်း

ဖြစ်တာပါတဲ့ .... ။

မိဘတွေ အနေနဲ့ မိမိ သားသမီးတွေကို သူတော်ကောင်းဖြစ်စေချင်ရင် စာရိတ္တ

ကောင်းစေချင်ရင် ငယ်ငယ်ထဲက ဆုံးမသွန်သင်ရတယ် ဆိုတာလေးပြောချင်တာပါ .....

~~~~~~~~ စာရိတ္တသတ္တိ ~~~~~~~~

အထက်ဖော်ပြပါ သတ္တိ ၃ မျိုးထဲမှာ စာရိတ္တ သတ္တိက အခက်ခဲ ဆုံးပါပဲ .....

မတရားလုပ်လို့ရရဲ့သားနဲ့ မလုပ်ဘူးဆိုတာ စာရိတ္တသတ္တိပဲ ........

လာဘ်စားလို့ ရရဲ့သားနဲ့ လာဘ်မစားဘူးဆိုတာ စာရိတ္တသတ္တိပဲ ........

မေတ္တာရှင် ရွှေပြည်သာ ( ရှင် ဇ၀န )

ထပ်ဆင့်မေတ္တာဖြင့် ....

ယခု ဓာတ်ပုံကို အချိန်အခါမရွေး အသုံးပြုခွင့်ပေးတဲ့ Photographer ကို Yar Dee Bar ကို အထူးကျေးဇူးတင်ရှိပါတယ် ရှင် ......

Shared from Doh Yote

No comments:

Post a Comment