Tuesday, February 7, 2012

♦♦♦ဖျောက်လို့ မရတဲ့ အကျင့်♦♦♦

မြတ်စွားဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါတုန်း က

ရှင်ပိလိန္ဒ၀စ္ဆ မထေရ် ဆိုတဲ့ ရဟန္တာကိုယ်တော်တစ်ပါး

ရှိတယ်..တနေ့ တော့ လမ်း ခုလတ် မှာ ပိတ်ချင်းသီးတွေ

ခွက်နဲ့အပြည့်ထဲ့ ယူလာတဲ့ ယောင်္ကျားတစ်ယောက်ကို

``ဟယ်…သူယုတ် သင့်ခွက်ထဲ က ဘာတွေ လဲ လို့ ’’

မေးတော်မူ လိုက်တယ်။အဲ့ဒီယောင်္ကျား က ဒီရဟန်း က

စောစောစီးစီး နိမိတ်မကောင်းမင်္ဂလာမရှိသောစကားကို

ပြောတယ် ကြမ်းတမ်းရိုင်းစိုင်းသောစကားကိုပြောတယ်

လို့ စိတ်ထဲ ကတွေးပြီး ``အရှင်ဘုရား..တပည့်တော်

ခွက်ထဲမှာ ကြွက်ချေးတွေ ပါဘုရား`` လို့ ကြမ်းတမ်း

ရိုင်းစိုင်းစွာဒေါသ နဲ့ လျှောက်ထားလိုက်တယ်..

မထေရ် ကလဲ``ဟယ်..သူယုတ် သင်ပြောတဲ့အတိုင်း

ကြွက်ချေးတွေ ပဲ ဖြစ်မယ်`` လို့ ပြန်မိန့်  လိုက်တယ်.

အဲ့ဒီယောင်္ကျား ရဟန္တာ ကိုယ်တော် နဲ့ ခပ်လှမ်းလှမ်း

နေရာကိုရောက်တော့ ခွက်ထဲ က ပိတ်ချင်းသီးတွေဟာ

ကြွက်ချေးတွေဖြစ်ကုန်ရောတဲ့ ..ပိတ်ချင်းသီးကနေ

ကြွက်ချေးဖြစ်ကုန်တာကို တကယ် ဟုတ်မဟုတ် သိချင်တာနဲ့

လက်နဲ့ နှိပ် ပြီးချေကြည့်သတဲ့..တကယ်ကို ကြွက်ချေးတွေ

ဖြစ်သွားတာသေချာတော့အဲ့ဒီယောင်္ကျားဟာ စိတ်မချမ်းမသာ

ဖြစ်ပြီး လှည်းပေါ် က ပိတ်ချင်းသီးတွေကော ကြွက်ချေးတွေ

ဖြစ်ကုန်သလားလို့  စိုးရိမ်းတကြီးနဲ့ သွားကြည့်တာလှည်းပေါ်

မှာရှိတဲ့ ပိတ်ချင်းသီးတွေ အကုန်လုံးလဲ ကြွက်ချေးတွေဖြစ်နေ

တာတွေ့ သတဲ့ ..ဒီတော့ အဲ့ဒီယောင်္ကျားခမျာ အလွန့် အလွန့် 

နှလုံးမ***ယာ ဖြစ်ပြီး`` အလို ..ငါစောစော က တွေ့ ခဲ တဲ့ 

ကိုယ်တော်ဟာဖြင့် မျက်လှည့်အတတ် ပညာတခုခု ကိုတတ်တဲ့

သူဖြစ်လိမ့် မယ် နောက်ကနေ လိုက်စုံစမ်းအုံးမှပဲ ဆိုပြီး

မထေရ်မြတ်သွားရာလမ်းအတိုင်း မေးမြန်းပြီးလိုက်သတဲ့ ..

ဒါကို လမ်းမှာတွေ့ တဲ့ သူတစ်ယောက်က ဘာဖြစ်တာလဲ လို့ 

မေးတော့ အဲ့ဒီယောင်္ကျားလဲ အကြောင်းစုံပြောပြတာပေါ့..

``ထွေရာလေးပါးစိတ်မများပါနဲ့  ငါတို့ရဲ့ ဆရာသခင်ပိလိန္ဒ၀စ္ဆ

မထေရ်ပဲဖြစ်လိမ့်မယ်..မထေရ်မြတ်ဆီကို ကြွက်ချေးတွေ

အပြည့်ထဲ့ပြီးယူသွားပါ..`` ဆိုတဲ့ အတိုင်း မထေရ်မြတ်ရှေ့ ကို

ယူသွားတော့``ဟယ်..သူယုတ် သင့်ခွက်ထဲ ကဘာတွေလဲ``

လို့ မေးတော့ အဲ့ဒီယောင်္ကျားလဲ``ပိတ်ချင်းသီးတွေပါ..ဘုရား``

လို့ လျှောက်ထားလိုက်တာပေါ့..မထေရ်မြတ် က``ဟယ်…

သူယုတ် သင်ပြောတဲ့အတိုင်းပိတ်ချင်းသီးတွေ ပဲဖြစ်စေ`` လို့ 

မိန့် တော်မူလိုက်တာနဲ့  အားလုံးပိတ်ချင်းသီးတွေဖြစ်ကုန် သတဲ့ ..

ဒီ လိုမျိုး ရှင်ပိလိန္ဒ၀စ္ဆ မထေရ် က ရုန့် ရင်းကြမ်းတမ်းတဲ့စကား

ကိုပြောဆိုတတ် လို့  တခြားသောရဟန်းတွေက မြတ်စွာဘုရားကို

မေးလျှောက်ကြတာပေါ့..``မြတ်စွာဘုရား..အရိယာတို့ မည်သည်

ရုန့် ရင်းကြမ်းတမ်းသော စကား ကို ပြောကြားပါသလား`` လို့ 

မေးလျှောက်ကြသတဲ့ ..ဒီအခါ မြတ်စွားဘုရားက

``ရဟန်းတို့ …အရိယာပုဂ္ဂိုလ်တို့ ၏ သန္တာန် မှာသူတစ်ပါးတို့ ကို

ရှုတ်ချသောအားဖြင့်ရုန့် ရင်းကြမ်းတမ်းသောစကားဟူ၍ မရှိချေ။

စင်စစ်သော်ကား..ဘ၀ တစ်ပါးက အလေ့ အကျင့် ကိလေသာ၏

အငွေ့ သတ္တိဝါသနာစွမ်းအားဖြင့် ရုန်းရင်းကြမ်းတမ်းစွာပြောဆိုခြင်း

ဖြစ်လေ၏..ငါ ၏ သား ပိလိန္ဒ၀စ္ဆ မထေရ်သည် ဤ့ကဲ့ သို့  နုတ်ထွက်

ကြမ်းမှူသည်ယခုအခါ `၌သာဖြစ်သည်မဟုတ်လွန်လေပြီးသော

ဘ၀(၅၀၀) ဆက်လျှက် သူတစ်ပါးကို သူယုတ်မာ ဟု ပြောဆိုလေ့

ရှိသောပုဏ္ဏားမျိုး`၌ ဖြစ်ခဲ့လေပြီ။ဤ သို့ လျှင်ငါ့သား ပိလိန္ဒ၀စ္ဆ သည်

ဘ၀ အလေ့ အကျက် အထုံ ၀ါသနာကြောင့်နုတ်ထွက်ကြမ်းသော

စကားကိုပြောကြားလေသည် ဖရုသ၀ါစာ အကုသိုလ်စေတနာဖြင့်

ပြောကြားသည်မဟုတ်..အရိယာတို့ ပြောသောစကားသည်

နုတ်ထွက်ပင်ကြမ်းသော်လည်းစေတနာမကြမ်းသောကြောင့်

စင်ကြယ်သည်သာဖြစ်၏``..လို့  မြတ်စွာဘုရားရှင် က ပြန်လည်

ဖြေကြားတော်မူတယ်..

ဒါကြောင့်မို့  အားလုံးသောသူငယ်ချင်းမောင်နှမ များ

ကို အရိယာနဲ့ပတ်သက် လို့  အကုသိုလ် မများစေဖို့  သူတစ်ပါး က

ကြမ်းတမ်းတဲ့စကားကိုဆိုခဲ့ရင်တောင်မှ ကိုယ့်ဖက်က ကြမ်းတမ်း

စွာ မပြောဖြစ်တာ အကောင်းဆုံးပါပဲ လို့ မှာချင်ပါတယ်..

ဘာဖြစ်လို့လဲ ဆိုတော့  ခုချိန်ဟာ သာသနာ တွင်းကာလ ဖြစ်လို့ 

အရိယာပုဂ္ဂိုလ်တွေ မစဲတမ်း ရှိနေဆဲ ပါပဲ..အရိယာကို အရိယာ ပါလို့ 

ဘယ် သူ သိနိုင်ပါ့မလဲ လေ…..မှားပြီးများပြောမိရင် ဒုက္ခရောက်ရ

ချည်ရဲ့ နော်…တကယ်လုပ်ရင်အဟုတ်ဖြစ်တယ် လို့  ဟောပြ ညွှန်ပြ

တော်မူတဲ့ ဓါတ်တော်ကျသွားပြီးဖြစ်တဲ့  အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ တံဆိပ်တော် ရ မိုးကုတ် ဆရာတော်ဘုရားကြီးဦးဝိမလ က သေသေ

ချာချာ ဆုံးမ တော်မူခဲ့တာပါ။ အရိယာပုဂ္ဂိုလ်တွေ တကယ်ရှိပါတယ်.။

သတိထားပြီးနေထိုင်ကြစေချင်ပါတယ်နော်..အွန် လိုင်းပေါ်မှာလဲ

အရိယာတွေ တကယ် ရှိတယ်ဆိုတာ အကြွင်းမဲ့  ယုံကြည်စေ

ချင်ပါတယ်..။သူ့ မှာလဲ ဖျောက်လို့ မရတဲ့အကျင့်ဆိုးလေးတွေနဲ့ 

အွန် လိုင်းပေါ်မှာ ပျော်ရင်လဲပျော်နေမှာပါ..။ သောတာပန် အရိယာတို့ 

သကဒါဂမ် အရိယာတို့ ဆိုရင် လောဘ မကုန် သေးတဲ့အတွက်

ကြောင့် အိမ်ထောင်ပြုခြင်း ချစ်ခင်တွယ်တာခြင်းတွေ နဲ့  ထုံးဖွဲ့ နေကြ

အုံးမှာဖြစ်ပါတယ်..။အဲ့ဒီတော့  အွန်လိုင်းမှာလဲ လာပျော်မှာပဲလေ..။

အနာဂါမ် အရိယာဖြစ်မှသာ အပျော်ဆိုတာ မျိုးနဲ့  မလေ့ ကျက်

တော့  တာပါ။အောက်ဆင့်ဖြစ်တဲ့သောတာပန် အရိယာနဲ့

သကဒါဂမ် အရိယာကတော့ ပျော်ပျော်ကြီးနေကြအုံးမယ့်သူတွေပေါ့။

ဘယ်လိုလူတွေ က အရိယာလဲဆိုတာသိချင်ရင်တော့ ကိုယ်တိုင်

အရိယာဖြစ်အောင်အားထုတ်လိုက်ကြပါတော့နော်..။

သဒ္ဒါ။သီလ။သုတ။စာဂ။ပညာ။ဟီရိ။သြတပ္ပ ဆိုတဲ့ 

သူတော်ကောင်းပစ္စည်းဥစ္စာ(၇)ပါးကိုပိုင်ဆိုင်နိုင်တဲ့ ပုဂ္ဂိုလ်ထူး

ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေရှင်.။

ကျမ်းကိုး။ ။မဟာဗုဒ္ဓ၀င်-ဆဌမတွဲ(ပထမပိုင်း)စာ-၃၈၉။ ။


********တတိယမြောက်သမီးတော်*******


ဃျွဏ်ုပ် ဋာ ဋန်ခိုးသျှင်ဋစ်ယောက်ဆိုယင် အားဠုံးဃိုဠိုယာဆဏ္ဒပြည့်ဇေဋဋရ်းဠို့ ဆုပေးဠိုက်ချင်ပါယဲ့ 



Shared from Ma Moenge Aung

No comments:

Post a Comment