Friday, February 17, 2012

မအိပ်မနေ -----?

Ven Vebhu Sayardaw

ဝေဘူဆရာတော်တို့ က တစ်နေ့  ၃-မိနစ် အိပ်(ကျိန်း)ရင် အိပ်ရေးဝပါတယ်တဲ့ဗျာ။ (မဟာဗောဓိမြိုင်ဆရာတော်)

(ရဟန်းတာသည် အိပ်ချင် ငိုက်မျည်းစေသည့် ထိန မိဒ်ဓ ကိလေသာကို ပယ်သတ်ပြီးသောကြောင့် ဖြစ်သည်။)



သမာပတ်ဝင်စားခြင်း

(ဒကာမမေး) မဟာဗောဓိမြိုင်ဆရာတော်ကော တစ်နေ့  ဘယ်လောက် ကျိန်း=အိပ်စက်နားနေပါသလဲဘုရား?

(ဖြေ) ကျုပ်က တစ်နေ့  ၂၄-နာရီ အိပ်တာဗျ။ ခု ခင်ဗျားတို့  လာနေကြလို့  မအိပ်ရတာဗျ။

ကျုပ် တုံးလုံး/ပက်လက်ကြီး အိပ်နေတာ ခင်ဗျားတို့  မြင်မှာစိုးလို့  အမြင့်ကြီး ကာထားရတာဗျ။

(ဧည့်သည် စောင်သည်=ဒါယကာ ဒါယိကာမများ မလာပါမူ သမာပတ်ဖြင့်နေကြောင်းကို ပရိယာယ်ဖြင့် ဖြေကြားခြင်းဖြစ်သည်။ ၂၄-နာရီသာမက ၇-ရက်တိုင်တိုင် သမာပတ်ဝင်စားနိုင်ပေသည်။ Because ထမင်း(ဆွမ်း)အသက် = ၇-ရက် ဖြစ်သောကြောင့်တည်း။)


Ven Vebhu Sayardaw

အိပ်ချင်ရင် မအိပ်ချင်တဲ့ နေရာလည်း ရှိတယ်။ အဲဒီ ရောက်အောင်သွား။ အိပ်ချင်တိုင်းသာ အိပ်နေရင် တစ်သံသရာလုံး နိုးတော့မှာ မဟုတ်ဘူး။

အိပ်ချင် အိပ်ငိုက်လာရင် နှာသီးဖျား ထိသိကို မလွတ်အောင် ၀ီရိယစိုက်ပေး။ ကြပ်ကြပ်ကြီး အိပ်ချင်လာရင် ကြပ်ကြပ်ကြီး ၀ီရိယတိုးပေး။

လှေကားထောင်ပြီးတော့ အဲဒီ အပေါ်မှာသာ အားထုတ်။ ငိုက်ရဲ ပါဦးမလားဗျာ။

ယခုခေတ်တွင် ရေတွင်းဘောင်ပေါ် ပျဉ်ချောင်း ကန့် လန့် တင်၊ ပျဉ်ပေါ် (ရေတွင်းအလယ်ခေါင်)မှာ ထိုင်ကာ အားထုတ်သူရှိသတဲ့။

( မှတ်ချက်။ ။ မတူ ရင် မတုနဲ့ ၊ ပြုတ်ကျနေရင် ဘုန်းကြီးစားသွားမယ်။ )




Shared from အရှင် သီရိဓမ္မ

No comments:

Post a Comment