Tuesday, February 21, 2012

ရိုးသားခြင်း

တစ်ခါတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဟာ သူငယ်ချင်းတွေဖြစ်ပြီး အတူဆော့ကစားနေကြတယ် ။ ကောင်လေးမှာ ကစားစရာ ဖန်ဂေါ်လီလုံးလေးတွေပါဘာတယ် ။ ကောင်မလေးမှာ စားစရာ သကြားလုံးတွေအများကြီးပါလာတယ် ။ ကောင်လေးကနေပြီး ကောင်မလေးကို ဖန်ဂေါ်လီလုံးတွေနဲ့ သကြားလုံးတွေနဲ့ အကုန်လဲမလားလို့ မေးတယ် ။ ကောင်မလေးက သဘောတူလိုက်တယ် ။

ဒီလိုနဲ့ကောင်လေးက အကြီးဆုံးနဲ့ အလှဆုံးဖန်ဂေါ်လီတွေကို ကောင်မလေးမသိအောင်ချန်ထားပြီး ကျန်တာတွေကို ပေးလိုက်တယ် ။ ကောင်မလေးကတော့ သူမ ကတိပေးထားတဲ့အတိုင်းအကုန်ပေးလိုက်တယ် ။

အဲဒီညမှာ --- ကောင်မလေးဟာ နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်ပျော်သွားခဲ့တယ် ။ ဒါပေမယ့် ကောင်လေးကတော့ နှစ်ခြိုက်စွာ အိပ်မပျော်ခဲ့ဘူး ။ ဘာကြောင့်လည်းဆိုတော့ သူ့စိတ်ထဲမှာ ကောင်မလေးကများ သူ့တုန်းက ဖန်ဂေါ်လီလုံးတွေ ချန်ပြီး ပေးခဲ့သလို သကြားလုံးတွေများ ၀ှက်ချန်ထားပြီး သူ့ကို ပေးခဲ့တာလားဆိုပြီး တချိန်လုံးတွေးနေမိလို့ ဖြစ်ပါတယ် ။

############################

ဒါဟာ အလွန်အရေးကြီးတဲ့ သင်ခန်းစာလေးတစ်ခုဖြစ်ပါတယ် ။ ဒီထက်ပိုပြီးတွေးကြည့်ကြရအောင် ။ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ “ သူ့ဆီက ရိုးသားမှုကိုလိုချင်ရင် ကိုယ်ကအရင်ရိုးသားဖို့ လိုမယ် ” ဆိုတဲ့အတိုင်း ချစ်သူအချင်းချင်းဖြစ်စေ ၊ သူငယ်ချင်းအချင်းချင်းဖြစ်စေ ဘယ်လိုပေါင်းသင်းဆက်ဆံရေးမျိုးမှာမဆို သင်ဟာ ၁၀၀% သူတပါးကို ပေးလိုက်မှသာ သင်ည စဉ်တိုင်း နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာပါ ။ သင့်မှာ သိုဝှက်ထားးစရာ လိပ်ပြာမသန့်စရာ ကိစ္စရှိနေသရွေ့ ပေါင်းသင်းဆက်ဆံရေးတိုင်း အဆင်မပြေမှာဖြစ်သလို တပါးသူမသိသည့်တိုင်အောင် သင်ညစဉ်တိုင်း နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး ။

သက်တန့်ချို
Feb 22-2012

Give Your Best To Relationships အား ဘာသာပြန်ခံစားသည် ။

No comments:

Post a Comment