Sunday, July 31, 2011

ဘိုးတော်နှင့် ဘိုးဘိုးအောင်

        ညောင်ရမ်းမင်းသားလေး ကိစ္စ၌ ဘိုးဘိုးအောင်သည် ဇာတ်ဆောင်ကြီးဖြစ်၏။ အဘယ့်ကြောင့် ပါဝင်ခဲ့ရသနည်း။ အတ္တသာသနာ၊ တန်ခိုးသာသနာအတွက် သာသနဒါယကာ မွေးထုတ်ကြခြင်းပင် ဖြစ်သည်။ တန်ခိုးရှင် ..မဟာယာန + အရည်းကြီး..တို့သည် ပုဂံခေတ်တွင် တပ်လန်ပြိုကွဲခဲ့ရာမှ အခဲမကျေဖြစ်ကာ အခွင့်ကို ချောင်းနေခဲ့ကြသည်။        
        ကုန်းဘောင်ခေတ်တွင် ဘိုးတော်သည် အနော်ရထာပင်ဖြစ်၍ မဟာယာန ကိုယ်စားလှယ် ဘိုးဘိုးအောင်သည် တဘောင်သံ အလျင်လွှတ်၍ ထွက်ပေါ်ခဲ့သည်။
        အယူတော် မင်္ဂလာ လျှောက်ထုံး၌ ပါရှိသော ဘိုးဘိုးအောင် မြှုပ်ကွက်ကို အကျဉ်းချုပ် ဖော်ပြပါအံ့။
        တစ်နေ့သောအခါ အမရပူရ နန်းတော်၌ ပြည်မြို့ပထမံဆရာကြီး ဦးရွှေအောင် (ဘိုးဘိုးအောင်) သည် မိတ်ဆွေဖြစ်သူ ဘိုးတော် ဦးဝိုင်းအား အိပ်မက်ပေးသည်။ အိပ်မက်တွင် ဘိုးဘိုးအောင်သည် ၀ိဇ္ဇာမဟိဒ္ဓိ ဆေးရုပ်ရှင် နှစ်လုံးကို ယူဆောင်၍ တစ်လုံးကို အိမ်ရှေ့မင်းနှင့် တစ်လုံးကို ပြည်မင်းထံ သွားရောက် ဆက်သပုံ။
        အိမ်ရှေ့မင်းက မိမိရသော ဆေးရုပ်ရှင်ကို သားတော် စစ်ကိုင်းမင်းထံ၊ ပြည်မင်းက သမီးတော် ဆင်ဖြူမယ်ထံ အသီးသီး တပ်ဝင်းခင်း၍ ပို့ဆောင်ကြပုံ။
        တပ်နှစ်ခုဆုံရာ တပ်တော်ဦး၌ ဘိုးဘိုးအောင်သည် ၀တ်ဖြူစင်ကြယ်နှင့် ရုတ်တရက် ပေါ်လာပြီး ဆေးရုပ်ရှင်ကို ကိုင်လိုက်ရာ တစ်လုံးက မင်းသားလေး ဖြစ်သွား၍ တစ်လုံးက နတ်မြင်းဖြစ်သွားပုံ။
        နောက် ဘိုးဘိုးအောင် ကွယ်ပျောက်သွားကာ အနောက်ဆောင်၌ မီးလောင်ပုံကို မြင်မက်ရာ အယူတော်မင်္ဂလာ မောင်နိုးအား အိပ်မက် အဓိပ္ပာယ်ကို မေးတော်မူရသည်။ မောင်နိုးကား ကောဏ္ဍညပုဏ္ဏားမျိုး ၀င်စားသူဟုဆို၏။ မြန်မာ့ယုတ္တိဗေဒပညာပါရဂူပင်တည်း။
        ထို့နောက် အယူတော်မင်္ဂလာ မောင်နိုး လျှောက်တင်သည့်အတိုင်း အတိတ်ကြီး နိမိတ်ကြီးများပေါ်ကာ အလွန်ရုပ်လက္ခဏာ ထူးခြားသော ညောင်ရမ်းမြို့စား မင်းသား (စကြာမင်းလေး) ကို ဖွားမြင်လေ၏။ လက်ဝါးများတွင် ..ခရုပတ်.. နှင့် ..မှဲ့ရှင်.. များ ထူးခြားထင်ရှားစွာ တွေ့ရသည်။ အချင်းစလွယ်သိုင်း၏။ ခုနစ်ရက်ရလျှင် မယ်တော် ကွယ်လွန်ရသည်။ ဖွားဖက်တော် ခုနစ်ဦးလည်း ပေါ်သည်။ ၂၇ နှစ်အရွယ်၌ ကွပ်မျက်ခံရသည်။ မွေးဖွားစဉ်ကကဲ့သို့ပင် ..ငလျင် တော်လည်းခြင်း.. စသော တစ်နိုင်းငံလုံး ကြောက်မက်ဖွယ် ထူးထူးခြားခြား နိမိတ်ကြီး အတိတ်ကြီးများ ဖြစ်ပြန်၏။
        ခြုံ၍ဆိုရသော် ညောင်ရမ်းမင်းသားလေးကား လွန်စွာ ထူးခြားခဲ့ပေသည်။ ယင်းသို့ ဘုန်းကံ ကြီးမားသည်ကို သိမြင်ကြ၍ တန်ခိုးရှင်တို့ အရယူလိုက်ခြင်းလော။ သူတို့သည်ပင်လျှင် ဖန်တီးလိုက်သော သန္ဓေသားလော။ မပြောနိုင်။ မယုံနိုင်လောက်အောင် ဆန်းကြယ်မှုကား ဖြစ်ခဲ့၏။
        ထို့ကြောင့် ..ဗုဒ္ဓရာဇာစကြာမင်း.. ဟူသည်ကို ..ညောင်ရမ်းမင်းသားလေး.. ဟု အသည်းစွဲ မျှော်နေကြခြင်း ဖြစ်သည်။
        တန်ခိုးရှင်တို့ကလည်း တန်ခိုးသာသနာ ပြုရန် အလွန်ခြေသွက်ခဲ့ကြ၏။ ယခုလည်း ခြေသွက်ဆဲ။ ဖဆပလ နှစ်ခြမ်းကွဲတွင် အမတ်လုကြသကဲ့သို့ သူတို့တွင် အလုပ်များနေကြ၏။ အစိုးရမဖွဲ့နိုင်သည့်တိုင်အောင် အမတ်အရေအတွက် များများရရန်လိုသည်။ နှစ်ပါးသီလမျှဖြင့်လည်း သာသနာပြုလက်မှတ် ထုတ်ပေးနေကြသည်။ စည်းရုံးနေကြသည်။ မဟာဂန္ဓာရီပေါ်လျှင် စူဋ္ဌဂန္ဓာရီပျောက်၍ အနတ္တသာသနာတွင် ခိုလှုံနိုင်ခွင့်ရှိသည်ကိုမူ မေ့နေကြ၏။

ဘိုးဘိုးအောင်၏ တောတွင်းက စီမံကိန်း

        ကုန်းဘောင်ရာဇ၀င်ကို ခါးကဖြတ်၍ ..အတ္တသာသနာ.. ပြုရန် အကြံကြီးခဲ့သူ ဘိုးဘိုးအောင်တို့သည် သာသနာဘုန်းကံကြောင့် တပ်လန်ပြီး ပြေးခဲ့ရသော်လည်း မလျှော့သေး။ ဘုန်းစ ကံစ ရှိသူများကို မြင်နေသူပီပီ အာဇာနည်ဖြစ်နိုင်သည့် ကလေးငယ်များကို ယခုခေတ် တိုင်အောင်ပင် ၀ိဇ္ဇာတို့တန်ခိုးဖြင့် ခိုးယူမွေးမြူနေကြပြန်သည်။
        ၁၉၃၆ ခုနစ် ဧပြီလထုတ် သူရိယမဂ္ဂဇင်းတွင် ရန်အောင်ဆိုသူက ဆောင်းပါး တစ်ပုဒ် ရေးခဲ့ဖူးသည်။ အကျဉ်းချုပ်မှာ…….
        ဆင်ပေါင်ဝဲမြို့၌ ကိုဘိုးစိန်နှင့် မငွေအုန်းတို့၏ မွေးကင်းစ ကလေးကို ၀တ်ဖြူစင်ကြယ်နှင့် လူတစ်ယောက်က ခိုးယူပျောက်ကွယ်သွား၏။ မမွေးမီကလည်း ..ငါလာယူမယ်.. ဟု အိပ်မက်ပေးထားနှင့်သည်။ ၁၅ နှစ်ကြာလျှင် မိဘများအား ပြည်မြို့အနောက်ဘက် မိုးဦးတောင်သို့ လိုက်ခဲ့ရန် လူကြုံဖြင့် မှာလိုက်၏။ လိုက်သွားကြသောအခါ တောင်ပေါ်၌ မိမိတို့၏သားငယ်ကို မင်းညီမင်းသား ၀တ်စုံဖြင့် မြင်းဖြူကြီး စီးနေသည်ကို တွေ့ခဲ့ရသည်ဆို၏။ ဖိုးဦးတောင်ကား ဘိုးဘိုးအောင်၏ နနးစိုက်ရာတည်း။
        တစ်ဖန် ထိုနှစ် သြဂုတ်လထုတ် ယင်းမဂ္ဂဇင်း၌ပင် ဗန္ဓရသိန်းဆိုသူက ရေးပြန်၏။ ဖိုးဦးတောင်ခြေ ရွာသာယာရွာ (ရသယာရွာ) မှ ကိုတင်-မရွှေကျင်တို့ကလည်း မွေးစကလေးများ နှစ်ကြိမ်တိုင်တိုင်ပင် ပျောက်ခဲ့ဖူးသည်ဆို၏။ ၁၂၅၇ ခုနစ် တစ်ကြိမ်၊ ၁၂၆၀ ပြည့်နှစ် တစ်ကြိမ်၊ ရှေးနည်း အတိုင်းပင် မိဘများအား အလွမ်းပြေ ခေါ်ပြသဖြင့် သွားရောက်ကြည့်ရှုကြရာ စာရေးသူကိုယ်တိုင် လိုက်ပါသွားခဲ့သည်။ သားငယ်နှစ်ဦးစလုံး မြင်းဖြူကြီးစီးပြီး မင်းညီမင်းသားကဲ့သို့ ဆော့ကစားနေကြသည်ကို တွေ့ခဲ့ရသည်ဟု ဆိုပြန်သည်။ ထိုကိစ္စကို အစိုးရကိုယ်တိုင်ကပင် အရေးယူခဲ့ဖူး၏။
        ယုံကြည်နိုင်လောက်သော အခြေခံ မရှိသူတို့က ရူးသည်ဟုပင် ဆိုကောင်းဆိုကြမည်။ ..စကားများကျွန်း.. စသည့် ရွာများမှလည်း ကလေးများ ယင်းသို့ပင် ထူးထူးဆန်းဆန်း အခိုးခံနေကြရသည်။
        ညောင်ရမ်းမင်းသားလေးကမှစ၍ ယနေ့ကျအောင်ပင် ဘိုးဘိုးအောင်တို့ ခြေပုန်းခုတ် နေကြသည်မှာတော့ အမှန်ပင်။ အဘယ်ရည်ရွယ်ချက်ဖြင့် ဤသို့ ကြိုးစားပမ်းစားလုပ်နေသနည်း။ ရှင်းပါ၏။
        သာသနာပြုမည့် အာဇာနည် ပုဂ္ဂိုလ်ထူးတစ်ဦး မုချလာလိမ့်မည်။ ဒါကို သူတို့မြင်ကြ၏။ ထိုပုဂ္ဂိုလ်ကို အတ္တသာသနာတန်ခိုး သာသနာပြု ၀ိဇ္ဇာဂိုဏ်းဝင်ထဲမှ ဖြစ်ပေါ်စေချင်၏။ ယနေ့လည်း ကမ္မဋ္ဌာန်းလောကသို့ ၀င်ရောက် ထိုးဖောက်နေသည်။ တောတွင်းတစ်နေရာမှ စီမံကိန်းကြီးတစ်ရပ်ကား ကြီးကျယ်လှပေ၏။
        သင်္ကန်းဝတ် မင်းတြားကြီးများ
        ယနေ့ ဂိုဏ်းဆရာတို့လောက၌ အချို့သင်္ကန်းဝတ်များပင် ရာဇပလ္လင်.. ကနက္ကဒဏ် ရွှေထီး စသော မင်းခမ်းမင်းနားတို့ဖြင့် မင်းစည်းစိမ်ကြီးနေကြသည်ကို စာရှုသူတို့ မြင်ဖူးကြပါလိမ့်မည်။ သာသနာတော်၏ အဆောင်အယောင်များမဟုတ်။ လှူသူရှိ၍ သုံးစွဲနေကြခြင်းမဟုတ်။ ဗုဒ္ဓရာဇာ စကြာဓာတ် ဆင်နေကြခြင်းပင်တည်း။
        သူတို့ကိုယ်သူတို့လည်း သာသနာပြုနေသည်ဟု ထင်နေရှာကြ၏။
        မမြင်ရသော တောထဲက တန်ခိုးရှင်တို့ကလည်း ဤသို့ပင် ထင်နေရှာကြ၏။
        တန်ခိုးကြီးရာကြီးရာ အဆင့်ဆင့်ခိုင်းသည့်အတိုင်း လုပ်နေကြရသည်။
        ဘာမျှ မသိရှာကြ။
        ထိုဘာမျှ မသိရှာကြသော ပုဂ္ဂိုလ်များကိုပင် မသေချာသော လောကီကျိုး မျှော်ကိုးလွန်းသူ အချို့က ဘာမျှမပြောပလောက်သော ပဉ္စလက် မျက်လှည့်တန်ခိုး အထူးအဆန်းကလေးများကို မြင်ကြရသဖြင့် တန်ဖိုးမဖြတ်နိုင်သော ဘ၀ကြီးကို ရနေပါလျက် မဟာယာန ကိုယ်စားလှယ်တို့၏ ခြေတော်အစုံ၌ ခိုလှုံမိမှားကြရှာလေ၏။
        စကြာမင်းဟုခေါ်သော ပုဂ္ဂိုလ်ထူးတစ်ပါး အမှန်ဖြစ်ပေါ်လာမည်ကို တိတိကျကျ ပိုင်ပိုင်နိုင်နိုင် မသိကြောင်းထင်ရှားနေပေသည်။
        မည်သို့ဖြစ်စေ မြန်မာပြည်တွင် စကြာကိန်းကြောင့် မယူတိမ်းနေကြသူတွေ များလှချေ၏။ ရှင်ပိလိန္ဒ၀စ္ဆကဲ့သို့ စစ်မှန်မြင့်မြတ်သော လမ်းစဉ်သို့ သက်ဝင်နိုင်ကြပါစေခလို။

ကမ္ဘာကို ချုပ်ကိုင်မည့်သူ…  (ရေးသူ == ဌေးလှိုင်) စာအုပ်မှ ထုတ်နှုတ်ပြီး ရိုက်ကူးမျှဝေပါသည်။
မေတ္တာဖြင့်
ခိုင်ခိုင်

Saturday, July 30, 2011

Cry For One Day

ကမ္ဘာကို ဖျက်ဆီးခဲ့သူများ


          ဤနေရာ လူသားတို့၏ စိတ်ဓာတ်အပူလှိုင်းတို့ကြောင့် ကမ္ဘာကြီး ပျက်စီးခဲ့ရပုံနှင့် အပူလှိုင်းတို့၏စွမ်းအား ရှေ့သွားဖြစ်ရပ် မှတ်တမ်းဟောင်း ကမ္ဘာဦး သမိုင်းကို ပြန်လည်သုံးသပ်ကြဦးစို့။
          ထိုအကြောင်းကို (စက္က၀တ္တိသုတ်၌) မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း အကျဉ်းချုပ်၍ ပြခြင်းဖြစ်ပါသည်။
          တစ်ရံရောကာလက လူသားတို့၏ သက်တမ်းသည် အနှစ်ရှစ်သောင်း ရှည်ခဲ့သည်။ ထိုခေတ်ကလူများ ရုပ်ရည်လှပ ချမ်းသာကြကုန်၏။ မင်းလည်း တရားသဖြင့် ကာကွယ်စောင့်ရှောက်သည်။ သို့ရာတွင် လူဆင်းရဲတို့အား ထောက်ပံ့ကြေး (အမတော်ငွေ) ပေးရိုးအစဉ်ကိုမူ မပြုကျင့်မိ။ ဆင်းရဲသားဦးရေ များလာခဲ့သည်။ မစားလောက်၍ဟု ဆိုကာ ခိုးလာကြသည်။ ..ခိုးတာကိုပင် တရားသည်..ဟု ထင်မြင်လာကြ၏။
          မင်းက ခိုးသူအား ဖမ်းဆီးသည်။ ..မစားလောက်၍ ခိုးပါသည်..ဆိုသဖြင့် ပထမသော် ကရုဏာကြေးနှင့် ပညာပေး၍ လွှတ်ပစ်ခဲ့၏။ ရမှန်းသိ.. ခွင့်လွတ်မှန်းသိ၍ ခိုးလာကြပြန်ရာ မတတ်သာသည့်အဆုံး နှိပ်ကွပ်သတ်ဖြတ်၍ နှိမ်နင်းယူရ၏။ ပညာပေး ဆုပေးစနစ်ဖြင့် မရတော့၍ ဒဏ်ပေးစနစ်ကို ကျင့်သုံးလာရ၏။
          ..ဒေါသလှိုင်း..တို့ ပြန့်ပွားလာသောအခါ ..အာဏာ..ကို ကျောပေးလာကြပြန်သည်။ ..လက်နက်ဆန်း..များ ထွင်ကာ အုပ်စုဖွဲ့၍ မိုက်လာကြ၏။ သူခိုးမှ ဓားပြ၊ ဓားပြမှ သူပုန် ဖြစ်လာကြသည်။ ပစ္စည်းရှင်ကိုလည်း ခြေရာပျောက် လက်စတုံး အဆုံးစီရင်လိုက်ကြသည်။
          မစားလောက်၍ ခိုးလုတိုက်၊ လွယ်လွယ်နှင့် ခိုးလုတိုက်၍ မရသော် သတ်၊ ..အဒိန္နာဒါန..နှင့် ..ပါဏာတိပါတ ကာယကံ.. ဒုစရိုက် အပူလှိုင်းတို့ တစ်ကမ္ဘာလုံး ဂယက်ထလာ၏။ ထမင်းတစ်လုတ်အတွက် ထိုသို့ပင် လုပ်ရသည်ဟု ထင်မြင်၍ ထိုဟာသည်ပင် တရားသည်ဟု ယူဆကာ လက်ယဉ်လာကြ၏။ နေရာများစွာ.. အုပ်စုများစွာ ပြန့်ပွားလာသဖြင့် ထိုခေတ် လူသားတို့၏ အသက်အဆင်းများ သိသိသာသာကြီး ကျဆင်းသွားသည်။
          ခိုးလောက်.. သတ်လောက်သည်အထိ အားထုတ် စုဆောင်းရသော စိတ်ပူ.. နှုတ်ပူ.. အလုပ်ပူတို့သည် အဘယ်မှာလျှင် အရုပ်မဆိုးဘဲ.. အသက်မတိုဘဲ ရှိပါချိမ့်မည်နည်း။    
          ကာယကံမြောက် မပြုလုပ်ရဲသူတို့မှာလည်း များစွာကြောက်ရွံ့ထိတ်လန့်ကာ ထိုသူတို့၏ ..သောကအပူလှိုင်း.. များ လုသူသတ်သူတို့ထံ လွှမ်းမိုးလာကုန်၏။ အလုခံရ.. အသတ်ခံရသူတို့၏ ပူပန်စိတ်၊ နာကြည်းစိတ်၊ လုသူ သတ်သူတို့၏ ကြမ်းကြုတ်စိတ်၊ ထိုစိတ်ညံ့ စိတ်ရိုင်း အပူလှိုင်းတို့သည် တစ်ကမ္ဘာလုံး အပြန်အလှန် ရိုက်ခတ်ကာ အသက်ရှစ်သောင်းတမ်း ရှိသူတို့၏ သားသမီးများ လက်ထက်တွင် အသက်တမ်းခေါက်ရိုးကျကာ လေးသောင်းမျှသာ ရှည်ကြလေတော့သည်။ ရုပ်အဆင်းလည်း ခေါက်ချိုးအိုစာ၍ လာကြကုန်၏။
          အသက် လေးသောင်းတမ်းတွင် ဒဏ်ပေးစနစ်ကို ကြောက်၍ခိုးလျက် ..မခိုးပါ..ဟု လိမ်လည်သော ၀ါဒကြီး ခေတ်စားလာ၏။ လက်နှီးစုတ်၌ တစ်စုံတစ်ခု ပေကျံလျှင် မသိသာလှသော်လည်း စင်ကြယ်ဖြူလွသော ပိတ်ဖျင်စ၌ကား မကြည့်ချင်လောက်အောင် စက်ဆုပ်တင်ကျံ၏။ ထို့အတူ မုသားစကားသည် ကြီးပွားလိုသူအတွက် ရှောင်ကြဉ်နိုင်ရန် အလွန်အရေးကြီးလှသည်။
          ယနေ့ကမ္ဘာပေါ်၌ တစ်ပြည်နှင့်တစ်ပြည် အယုံအကြည်မရှိရာမှ (၀ါ) သိပ္ပံနည်းကျ လိမ်လည်ခဲ့ကြရာမှ စာပင်ချုပ်သော်လည်း ကတိမတည်၊ ယုံကြည်မှုမရ။ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံဖြစ်ကာ ..ကမ္ဘာစစ်..သို့ပင် ဦးတည်နေကြပေပြီ။
          မြတ်စွာဘုရားက သားချစ်ရာဟုလာအား…
          ..မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင် မပြောနဲ့။ လိမ်ဝံ့တဲ့လူ မလုပ်ရဲသော အကုသိုလ်ဟူ၍ မရှိတော့နိုင်။ မှောက်ထားသော ရေခွက်မှာ ရေတစ်စက်မျှမကျန် ဘာမျှမရှိတော့သကဲ့သို့ ထိုလိမ်ဝံ့သူ၌ အရည်အချင်းကောင်းဟူသမျှ ဘာမျှ မရှိနိုင်တော့..ဟု ဟောတော်မူခဲ့ဖူး၏။
          လိမ်လည်မှု၊ အရိယာအား ပြစ်မှားစွပ်စွဲမှု၊ မိတ်ဆွေအား ပြစ်မှားဖျက်ဆီးမှုနှင့် ကျေးဇူးကန်းမှုတို့သည် ဤကမ္ဘာပေါ်၌ အကြီးလေးဆုံးသော အပြစ်ကြီးများ ဖြစ်ကြောင်း အသုရိန်နှင့် သိကြားမင်းတို့၏ ..၀ါဒပြိုင်ပွဲ.. ၌ အတည်ပြုခဲ့ကြဖူး၏။ ထို့ကြောင့် လေးသောင်းသက်တမ်းရှိ လူများ၏ သားသမီးများ လက်ထက်တွင် ..မုသာဝါဒအပူလှိုင်း.. ကြီးက သက်တမ်းကို ထက်ပိုင်း ချိုးချလိုက်သည်။ နှစ်သောင်းမျှသာ အသက်ရှည်တော့၍ ရုပ်ရည်လည်း အိုစာလာကြရသည်။
          ဆက်၍ စဉ်းစားကြဦးစို့။ အလောင်းတော်ကြီးများသည် ကံငါးပါးတွင် အခြားကံများကို သံသရာတစ်လျှောက်လုံး၌ ကျူးလွန်မိသောအခါ ရှိခဲ့ဖူး၏။ မုသားဆိုခြင်းကိုကား မည်သည့်ဘ၀တွင်မှ မကျူးလွန်ခဲ့စဖူး။ ထို့ကြောင့်လည်း မုသားရှောင်ခြင်း၊ ကတိတည်ခြင်းသည် ပါရမီ (အထွတ်အထိပ် ရောက်ကြောင်းတရား) ဆယ်ပါးတွင် သစ္စာပါရမီအဖြစ် တစ်ခုပါဝင်လေသည်။ ထို့ကြောင့်လည်း ဖြစ်လေရာဘ၀တိုင်း၌ သူ့ပတ်ဝန်းကျင်သည် သူ့ကို မလွန်ဆန်ရဲ။ သူ့အား သစ္စာတုံ့ ကတိတုံ့ပေးသောအားဖြင့် သူပြောသမျှ သြဇာကိုက်၍ လိုက်နာ ကြရသည်ချည်းပင် မဟုတ်ပါလော။
          အာဏာတည်၍ ဖြစ်လိုသော အရာမှန်သမျှ သက်ရှိသက်မဲ့မရွေး အတိအကျ ဖြစ်ပေးကြရလေသည်။ ကတိတည်ခြင်း၊ မုသား ရှောင်ကြဉ်ခြင်းသည် ဤမျှ တန်ဖိုးကြီးလေသည်။ ..မှန်ကန်ခြင်းသည် ကမ္ဘာ၏အသက်၊ ကမ္ဘာ၏တန်ဖိုး.. ဖြစ်ရာ သစ္စာဆိုလျှင် လောင်နေသောမီး၊ စီးနေသောရေ များပင်လျှင် ငြိမ်းစဲရပ်တန့် ပေးကြရလေသည်။ ပညတ်တော်မဟုတ်၊ သဘာဝဓမ္မပင်တည်း။
          ယခုမူ ကျွန်ုပ်တို့သည် ..အထက်လူနှင့် အောက်လူ.. လည်သလို လှည့်နေကြ၏။ သို့သော် အမှန်တရားကိုကား လှည့်စား၍မရ။ လုပ်ငန်းခွင်၌လည်း ကတိကို အလေးမမူကြတော့။ ဆယ်နာရီမှ ရုံးတက်၍ လည်သလို အချိန်မစေ့မီ လစ်ထွက်ခြင်းများ ကျင့်သားရကာ အရေးမကြီးလှဟု ထင်လာကြသည်။ အပြစ်မရှိဟု မြင်လာကြသည်။ ..သဗ္ဗညုတဥာဏ်..တော်ဖြင့် အမှန်အတိုင်း ထွင်ဖောက်သိမြင်၍ တားမြစ်သည်ကိုပင် လေးနက်သည်မထင်။
          ..မုသာဝါဒါ မ၀ရမဏိ..သည် လူတိုင်း နားမဆံ့အောင် ကြားသိပြီးဖြစ်၍ အလွန်ရိုးတာလှသော တရားကြီး ဖြစ်၏။ ရိုးတာလွန်း၍ မလေးမခန့် ပြုမူခဲ့ကြရာ ယခုမူ မုသားက ကျွန်ုပ်တို့အား တရားစီရင်ပါလေပြီ။ စားရမဲ့ ၀တ်ရမဲ့၊ ငတ်များ ငတ်လေတော့မလား။ ကိုယ့်ကို သူက မယုံ။ ကိုယ်က ယုံကြည် အားကိုးရမည့်သူလည်း မရှိတော့ပြီ။
          မုသားကပင် ဆင့်ပွား၍ ယနေ့ တစ်ကမ္ဘာလုံး ..ထမင်းလုံးတစ္ဆေ.. ခြောက်ခံနေရပြီ။ သောကလှိုင်းတို့လည်း အိမ်တိုင်းတွင် ရိုက်ခတ်နေ၏။ သို့သော် ကျွန်ုပ်တို့ကား လိမ်နေကြတုန်း။ အထက်လူအား အပြစ်မှန်သမျှဖိ၍ ပြစ်ဖို့တင်နေကြတုန်း။ ကံဆိုးသူတို့သည် မင်းဖြစ်၍ ထိုခေတ်ကို ကိုယ်စားပြုကြရရှာ၏။ ဒါရ၀မ်.. မင်းစေကလေးကမှအစ လူများစု၏ အလိမ်ခံရဆုံးမှာလည်း သူပင်တည်း။ လိမ်သမျှကို ယုံမိသည့် အခါမျိုးတွင် ကောင်းမည်ထင်ကာ လိုက်လျောလုပ်ပေးမိ၍ ဒုက္ခရောက်ကြရာ အလိမ်သမားတို့ပင် ခံကြရသည်။ အလိမ်သမားတို့က ပိသုဏ၀ါစာ (ကုန်းတိုက်)၊ ဖရုသ၀ါစာ (ဆဲရေး) စသည်တို့ဖြင့် ပြန်လည်ကန်တော့ခြင်းကို ခံယူရသူမှာလည်း သူပါပင်။
          မုသားကြောင့် အနှစ်.. နှစ်သောင်းခေတ်တွင် မတရားကုန်းချောမှုကြောင့် အနှစ်တစ်သောင်း။ တစ်သောင်းတမ်း၌ အရုပ်ဆိုးသူများ ပေါများလာရာ လှသူတို့ထင်ပေါ်၍ သူတစ်ပါးမယား၌ ကျူးလွန်မှု ဒုစရိုက် ပေါ်ခဲ့ပြန်သည်။ အနှစ်ငါးထောင်မျှသာ ကျန်တော့၏။ ရုန့်ရင်းကြမ်းတမ်းသော အပြောအဆို၊ အကျိုးမဲ့ အဖျင်းစကားများပြောမှု နှစ်မျိုးကြောင့် နှစ်ထောင့်ငါးရာမျှ ကျန်ရှိရာတွင် သူတစ်ပါးဥစ္စာကို လိုချင်တပ်မက်မှု (အဘိဇ္ဈာ)၊ သူတစ်ပါး ပျက်စီးစေလိုမှု (ဗျာပါဒ) နှစ်မျိုးကြောင့်တစ်ဖန် တစ်ထောင့်ငါးရာ ယုတ်လျော့သွားခဲ့သည်။ ထိုသူတို့၏ သားသမီး လက်ထက်၌ အနှစ်တစ်ထောင်သာ ကျန်ရှိတော့သည်။
         
သဘောတရား လက်သစ်များ
          ထို့နောက် ဤကမ္ဘာပေါ်၌ ..ဘာမျှမရှိ..ဟူသော ..ဒုန်းတိုက်ဝါဒ.. သစ်ကြီးတစ်ခု ခေတ်စားလာပြန်သည်။ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် ဘာမျှမထူး။ မိဘ၀တ္တရား လှူမှုတန်းမှုအပို။ သေလျှင်ပြီးပြီ။ လောကကြီး တစ်ခုလုံးကို ထွင်းဖောက်သိမြင်သူ၊ အကျင့်မှန်ရှိသူ ဟူ၍ မရှိနိုင်။ ဘာပဲလုပ်လုပ် ဘာမျှမထူး။ မသေခင် စားရ၊ ၀တ်ရ၊ ဇိမ်ခံရပြီးရော ၀ါဒကြီးဖြစ်၏။ ..ရုပ်ကြမ်းဝါဒ..ကြီးပင်တည်း။ ထိုရုပ်ကြမ်းဝါဒ.. ဘာမျှမရှိ ၀ါဒကြီး လက်ခံကျင့်သုံးလိုက်ကြသောအခါ သက်တမ်းငါးရာမျှသာ ကျန်တော့သည်။ ရုပ်ကြမ်းဝါဒကြီးက သက်တမ်းငါးရာနှင့် ရုပ်အဆင်းလှပခြင်းများကိုပါ မျိုဝါးပစ်လိုက်သည်။
          ထို ..မထူးဝါဒ.. ဘာမျှမရှိဝါဒကြီး၏ နောက်ကွယ်တွင် ...ကာမဂုဏ် နှေင်ကြိုးမဲ့ဝါဒ..ကြီး ..နွားသိုးကြိုးပြတ်ဝါဒ..ကြီး ဆက်၍ လိုက်ပါလေတော့သည်။ ထိုဝါဒကား ဘာမျှမရှိဝါဒက ပေါက်ဖွားပေးလိုက်သော ၀ါဒဖြစ်သည့်အတိုင်း ..တိရိစ္ဆာန်ဝါဒ..ကြီးပင် ဖြစ်သည်။
          အမိ.. အဒေါ် စသည် ကတ္တားမခြားခြင်း (အဓမ္မရာဂ)၊ ပိုင်ဆိုင်သူ အပေါ်၌ပင် အလွန်အကျူး ဆက်သွယ်ခြင်း (၀ိသမလောဘ)၊ လိင်တူချင်း ဖောက်ပြန်မှု (မိစ္ဆာဓမ္မ) သုံးမျိုးပင် ဖြစ်သည်။
          ထိုဝါဒကြီး ပေါ်ပေါက်လာသောအခါ ထိုသူတို့သည်လည်း အသက်အဆင်း ဆုတ်ယုတ်ကုန်၏။ ထိုသူတို့၏ သားသမီးများလည်း ဆုတ်ယုတ်ကုန်၏။ ၂၅၀-၂၀၀ မျှသာ အသက်ရှည်ကြတော့သည်။
          ..တိရိစ္ဆာန်ဝါဒ..ကြီးကို သိမီလိုက်သူတို့က ထိုအတိုင်းလည်း ကျင့်သုံးကာ ဘိုးဘွားတို့၏ ဘာမျှမရှိဟူသော ၀ါဒကြီးတွင် ပြန်လည်ဖြည့်စွက် ပြင်ဆင်သောအားဖြင့် ..လူချင်းအတူတူဝါဒ..ကြီးကို အမည်သစ်တပ်၍ ၀ါဒတစ်ရပ် ချခဲ့ကြပြန်၏။ ထိုအခြေခံဝါဒအရ မိဘ.. သက်ကြီး.. ရွယ်ကြီးတို့၌ အလေးအမြတ်လုပ်ရန်မလို။ ရဟန်းသူမြတ်တို့အား အရိုအသေပေးလျှင် အပိုဟူသော ခံယူချက်ပင်တည်း။ ထိုအတိုင်းကျင့်သုံး၍ လက်တွေ့အကောင်အထည် ဖော်လာကြရာ သားသမီးများလက်သို့ သက်တမ်းတစ်ရာမျှသာ အမွေပေးခဲ့နိုင်ကြတော့၏။
          သက်တမ်းတစ်ရာခေတ်သို့ ရောက်သောအခါ ထိုသူတို့၏ သားသမီးများသည် ပို၍ ခေတ်မီတိုးတက်ကာ ဘိုးဘွားမိဘတို့၏ အယူအဆဟောင်း မှန်သမျှ အိတ်သွန်ဖာမှောက် စွန့်ပစ်ကာ မိဘဘိုးဘွားတို့ မတွေ့ခဲ့သော ..တကယ့် လူ့တိရိစ္ဆာန်ဝါဒကြီး..ကို ထူထောင်လိုက်ကြတော့သည်။ ထိုခေတ်တွင် ကောင်းတာမှန်သမျှ ဘာမျှ လက်ကျန် မရှိတော့ပေ။ သားအမိချင်း ဖြစ်စေကာမူ တကယ့်တိရိစ္ဆာန်ကဲ့သို့ပင် ပြုမူကာ အချင်းချင်း သတ်ဖြတ်လာကြသည်။ သားသမင် အမှတ်ဖြင့် အချင်းချင်း ရိုက်သတ်ကြသော ဆယ်နှစ်တမ်း ခေတ်ကြီးပင်တည်း။
          ဤကား မြတ်စွာဘုရား ဟောကြားတော်မူသော အကုသိုလ် စိတ်ဓာတ်အကြောင်းခံ၍ ..စိတ်ပူ.. နှုတ်ပူ.. အလုပ်ပူ.. တို့ကြောင့် အသက်အဆင်းများ ယုတ်လျော့ခဲ့ရပုံ ဖြစ်၏။
          ထို့ကြောင့် (၀ါ) ဒုစရိုက်အပူလှိုင်းတို့သည် ထိုမျှလောက် အစွမ်းထက်လှသောကြောင့် လူသားတို့၏ဘ၀ကို မြင့်တက်စေနိုင်သော သုစရိုက်တရားတို့ကိုသာလျှင် ကိုင်းကျွန်းသဖွယ် မှီတွယ်အားထားရာ ပြု၍နေကြရန် အမှန်ကို မြင်တော်မူသည့်အတိုင်း ထုတ်ဖော်တော်မူခဲ့လေသည်။ ကမ္ဘာကို ဖျက်ဆီးပစ်နိုင်သည်မှာ ထိုအပူလှိုင်း ဒုစရိုက်များသာ ဖြစ်ကြောင်း သိစေတော်မူလိုရင်း ဖြစ်သည်။ ကမ္ဘာကို ဖျက်ရာ၌ လူသားတို့၏ ကိုယ်.. နှုတ်.. စိတ်.. လက်နက်သည်သာလျှင် အထက်မြက်ဆုံးဖြစ်ကြောင်း သိသာလှပေသည်။
          ယနေ့ ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်ကာ ကမ္ဘာ့အိမ်ပေါက်စေ့ ဒုက္ခတွေ့လျက် အပျက်၊ ထို့ထက်အပျက်သို့ ရှေးရှုနေသည်မှာ အဘယ်သူပြုလုပ်၍ ဖြစ်နေရပါသနည်း။
          သင်နှင့် ကျွန်ုပ်တို့၏ နေ့ရှိသမျှ နေ၀င်မှနေထွက်၊ နေထွက်မှနေ၀င် တွင်တွင်ကြီး ထုတ်လွှတ်နေသော လောဘ.. ဒေါသ.. မောဟ အပူရှိန်များကြောင့် ဒုစရိုက်ခွေးသွားစိတ်များ လည်ပတ်နေ၍ပင် မဟုတ်ပါလော။
          ထို့ကြောင့် ယနေ့ ကမ္ဘာကြီးကို ပြုနိုင်၊ ဖျက်နိုင်၊ မှောက်လှန်နိုင်သူမှာ အခြားမဟုတ် …သင်နှင့် ကျွန်ုပ်…။

စတုတ္ထ ကမ္ဘာစစ်
          တတိယကမ္ဘာစစ် မည်သည့်အချိန်တွင်ဖြစ်မည်ကို ကျွန်ုပ်တို့မသိပါ။ သို့ရာတွင် စတုတ္ထကမ္ဘာစစ်တွင်ကား လူတို့သည် တစ်ဦးနှင့်တစ်ဦး ကျောက်လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ကြရလိမ့်မည်။
                             (အဏုမြူဖခင် အိုင်းစတိုင်း)

ကမ္ဘာကို ချုပ်ကိုင်မည့်သူ…  (ရေးသူ == ဌေးလှိုင်) စာအုပ်မှ ထုတ်နှုတ်ပြီး မျှဝေပါသည်။ 

Wednesday, July 27, 2011

စေတနာသည် လူတိုင်းနှင့် တန်ပါသလား?

နုပ်        မင်းတို့အိမ်တွေမှာ အများဆုံး ကပ်ထားတဲ့ စာတစ်ကြောင်း ရှိသေးတယ်။ ဘာတဲ့၊ စေတနာသည် လူတိုင်းနဲ့ မထိုက်တန်တဲ့ ဟုတ်လား။

သန်း     ဟုတ်တယ် ဘုရားတပည့်တော် တွေ့ဖူးတယ်။ ဒါမမှန်ဘူးလား ဘုရား။

နုပ်        ဘယ်မှန်မလဲ။ ဒီစာတမ်းရဲ့ အဓိပ္ပါယ်ကို အကျယ်ချဲ့လိုက်ရင် ကျေးဇူးသိတတ်သူအပေါ်မှာသာ ပေးကမ်းစွနဲ့ကြဲရမယ်၊ စေတနာထားရမယ်၊ ကျေးဇူးမသိတတ်တဲ့ သူအပေါ်မှာ ပေးကမ်းစွန့်ကြဲခြင်းမပြုရ၊ စေတနာ မထားရလို့ ဆိုလိုတာပဲ။ ဒီစာတမ်းကို ရေးခဲ့တဲ့သူဟာ ခံစားချက် ရှိခဲ့လိမ့်မယ်။

          ဘယ်လိုခံစားချက်လည်းဆိုတော့ သူဟာ တခြားသူကို မျှော်လင့်ချက်ထားပြီး ကူညီခဲ့လိမ့်မယ်။ ကူညီလိုက်တဲ့သူက သူမျှော်လင့်တဲ့အတိုင်း ကျေးဇူးမဆပ်တဲ့အခါ ပေါက်ကွဲပြီး စေတနာသည် လူတိုင်းနဲ့မတန် ဆိုတဲ့စကားကြီး ထွက်လာတာပဲ။ ဘာမှ မကုန်ဘဲ ကောင်းမြတ်တဲ့ စေတနာဟာ ဘာဖြစ်လို့ လူတိုင်းနဲ့မတန်ရမှာလဲ။

          မြင့်မြတ်သူဆိုတာ သူတစ်ပါးကို ကူညီခွင့်ရလို့ ကူညီတဲ့အခါ ဘယ်တော့မှ မျှော်လင့်ချက်မထားရဘူး။ သူတစ်ပါးစေတနာကို ကြည့်စရာမလိုဘူး။ ကိုယ့်စေတနာ ကိုယ်ကြည့်ရမယ်။ ဘုရားအလောင်းမျောက်မင်းကို ကြည့်ပါလား။ ဘာမျှော်လင့်ချက်မှမထားဘဲ ပုဏ္ဏားကို ချောက်ထဲက ကယ်ဆယ်ခဲ့တယ်။

          ဒါကြောင့် ပုဏ္ဏားက ကျေးဇူးကန်းတဲ့အခါမှာလည်း စိတ်မဆိုးဘဲ သွေးစက်ချပြပြီး အိမ်တိုင်ယာရောက် လိုက်ပို့ခဲ့တာပေါ့။ ဒါ မင်းတို့
ငါတို့ အတုယူရမယ့် အချက်ပဲ။

          နဂိုကတည်းက ဘာမျှော်လင့်ချက်မှ မထားဘဲ ကူညီခဲ့ရင် တစ်ဖက်လူက ကျေးဇူးသိလည်း ၀မ်းမသာဘူး။ လောဘမဖြစ်ဘူး။ တစ်ဘက်လူက ကျေးဇူးကန်းလည်း ၀မ်းမနည်းဘူး။ ဒေါသမဖြစ်ဘူး။ ကိုယ့်စေတနာ မပျက်တော့ဘူးပေါ့။ အရင်ကတည်းက ငါ့အပေါ် ကျေးဇူးသိတတ်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ ကူညီခဲ့ရင်…

          ကိုယ်မျှော်လင့်တဲ့အတိုင်း တစ်ဖက်လူက ကျေးဇူးသိရင် ကိုယ့်စေတနာမပျက်သေးလို့ တော်သေးတာပေါ့။ အကယ်၍ တစ်ဖက်လူက ကျေးဇူးကန်းရင် ကိုယ်ထားခဲ့တဲ့ စေတနာဟာ ပျက်သွားတော့ အလကားဖြစ်တာပေါ့။ တစ်ခုစဉ်းစားရမှာက ကျေးဇူးကန်းသူ တစ်ယောက်နဲ့ ကြုံလိုက်ရတာနဲ့ နောက်ထပ် ဘယ်သူ့အပေါ်မှ အကူအညီမပေးတော့ဘူး။ မပေးကမ်းတော့ဘူးဆိုရင် ဒါနပါရမီ မဖြစ်တော့တဲ့အတွက် ကိုယ်လည်းနစ်နာတာပဲဆိုတာ သတိထားသင့်တယ်။

          ဒါ့ကြောင့် ဒီစာတမ်းကို ဗုဒ္ဓအလိုကျပြောင်းရင် စေတနာသည် လူတိုင်းနှင့်တန်သည်ပေါ့။

[typed from Ko Aung Aung Oo’s Post]

စကားတစ်ခွန်းအတွက် အသက်ထွက်

Boy: ဟေး
Girl (To Herself): အိုး..သူ့ငါ့ကို စမ်းတာလား
သူဘာဖြစ်ချင်တာပါလိမ့်နော်....တွေးကြည့်ရင်

စကားပြောချင်ရုံသက်သက်ပဲလား..ဒါမှမဟုတ် ငါ့ကိုချစ်နေတာများလား
ဒါပေမယ့် သူပြောသမျှက..ဟေး ဆိုတဲ့တစ်လုံးထဲ..
ငါပြန်နှုတ်ဆက်လိုက်ရင်ကောင်းမယ်ထင်တယ်
သူ့ကိုဘာမှပြန်မပြောပဲနေရင် မကောင်းဘူးထင်တယ်
နောက်ထပ် (၃)မိနစ်လောက် ထပ်စောင့်ကြည့်ရင်ကောင်းမလား
ငါမာနကြီးတယ်လို့များထင်သွားမလား..ဟင်အင်းမဖြစ်နိုင်ပါဘူး..
ဟေး ဆိုတဲ့စကားတစ်လုံးနဲ့ ငါနဲ့ရင်းနှီးဖို့ကြိုးစားနေတာများလား
ဒါမှမဟုတ်..သူသက်သက်နောက်နေတာလား
အတည်ပြောတာဆိုရင်တော့...မဆိုးဘူး
အို သူချစ်ချစ်မချစ်ချစ်ကွာ..ဂရုမစိုက်တော့ဘူး..
သူငါ့ကိုချစ်တယ်လို့ ဘယ်သူကပြောနေလို့လဲ ဟဟ
ငါ တစ်ခုခုပြန်ပြောကြည့်လိုက်မယ်..
ဟိတ် လို့ပြောရင်ကောင်းမလား ဟေးလို့ပြောရင်ကောင်းမလား မသိဘူး
ဟေးကို အသံပြတ်ပြတ်ပြောရင်ကောင်းမလား ဆွဲပြီးပြောရင်ပိုကောင်းမလား.အာမဟုတ်သေးပါဘူး
ငါရည်ရွယ်ချက်နဲ့ပြန်နှုတ်ဆက်တာ သူမသိလောက်ပါဘူး
မတော်တဆ ပြန်နှုတ်ဆက်တဲ့ သဘောပဲဟာ
အိုခေ..ဒီလောက်ဆို ငါရပြီ
အသက်ကို ပြင်းပြင်းရှူသွင်း ပြင်းပြင်းရှူထုတ်လိုက်စမ်း...
Girl: Heyy =P
( Y (2) လုံးနှင့်ဟေးလိုက်သည် )

မှတ်သားချက် : ယောက်ကျားလေးများသည် ဆုံးဖြတ်ချက်မြန်ဆန်သူများဖြစ်သည်။




အမျိုးသားကောင်းများသို့ အိတ်ဖွင့်ပေးစာ



Dear Boys !!



ွGoogle ရဲ့သုတေသနပြုချက်အရ ..မြန်မာနိုင်ငံက Online ယောက်ကျားလေးများသည် ဓါတ်ကြိုးပေါ်မှာငှက်များနှင့်
တူနေကြောင်း (ဓါတ်ကြိုးပေါ်ကငှက်တွေလည်း online မှာပဲလေ)။ မိန်းခလေးခင်တာနဲ့ ဓါတ်လိုက်ဖို့ ကြိုးစားကြကြောင်း ၊ Google ရဲ့ထပ်မံတွေ့ရှိချက်မှာ မြန်မာနိုင်ငံရှိ ယောက်ကျားလေးအများစုသည် English စာ အားနည်းနေကြောင်း။ အကြောင်းမူ မိန်းခလေးတစ်ယောက်က Adds လုပ်တယ်ဆိုတာနဲ့ရီးစားစကားပြောဖို့ဆင်ကြံကြံခြင်း ကိုတွေ့ရှိရကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံမှ ယောက်ကျားအပေါင်း သူတော်ကောင်းတို့ သိစေရန်အတွက် Goolge ကြေငြာစာတမ်းကို
ုအောက်ပါအတိုင်း ထုတ်ပြန်ပေးလိုက်ရပါကြောင်း....

မိန်းခလေးတစ်ယောက်က သင့်ကို Adds လိုက်ပြီဆိုရင်
အဲ့ဒါက သင့်နဲ့သူငယ်ချင်းဖြစ်ချင်တယ်လို့ ဆိုလိုတာပါ..Girlfriend ဖြစ်ချင်တာမဟုတ်ပါဘူး
ဒါကြောင့် မိန်းခလေးတစ်ယောက်က သင့်ကို Adds လိုက်တာကို  “A Friend Request ”လို့ခေါ်ပါတယ်
အဲ့ဒါကို ချစ်ရေးဆိုတာ “A Proposal “ မဟုတ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

့Yours ever,
Linn Yone



Russian ဟာသ ( Bus ကားပေါ်မှာ )




Bus မှတ်တိုင် တစ်ခု မှာပေါ့ အသက် 80ကျော် မိန်းမကြီးတွေ ရပ်စောင့်နေကြတယ်။ အဲအချိန်မှာ Bus ကားတစ်စင်း ကရောက်လာတယ်။ အဲဒါနဲ့ တက်သွားကြတာပေါ့ အဲကားက တော်တော်ကြပ်နေတယ် လူတွေက အပြည့်ပဲ ။ ထိုင်စရာနေရာမရှိတော့ဘူး ။ မိန်းမကြီးတွေ ကအသက်လဲ ကြီးပြီ လေ မတ်တပ်ရပ်ပြီးလိုက်ခဲ့တာပေါ့။ ကား ပေါ်မှာ ကောင်လေးတစ်ယောက်ပါတယ် ငယ်ငယ် လေးပေါ့။ သူက မျက်စိမှိတ်ပြီး လိုက်ခဲ့ တာလေ ။ အဲဒါနဲ့ လက်မှတ်စစ်က သူ့ကို စိတ်ပူသွားတယ် ဒီကောင်လေးပေါ့ သူဆင်းမဲ့ မှတ်တိုင်ကျော်သွားလိမ့်မယ်ပေါ့ ။အဲဒါနဲ့ လက်မှတ်စစ်ကနေ " ခရီးသွား ဧည့်သည် များခင်ဗျား အိပ်မလိုက်ကြပါနဲ့ ဆင်းမဲ့ မှတ်တိုင် ကျော်သွားပါလိမ့်မယ် " လို့ သတိပေးတာပေါ့ အဲမှာ ကောင်လေးက လက်မှတ်စစ်ကိုပြောလိုက်တယ် " ကျွန်တော် မအိပ်ပါဘူး ဗျ" ။ " အဲဒါဆို ဘာလို့ မျက်စိမှိတ်ထားတာလဲ" လို့ လက်မှတ်စစ်က မေးလိုက်တယ်။ ကောင်လေးပြောလိုက်တာ မှတ်သားထိုက်ပါပေတယ် အားလုံး မှတ်ထားကြ သိလား။


" ကားပေါ်မှာ အမေအရွယ် မိန်းမကြီးတွေ မတ်တပ်ရပ်လိုက်လာတာ မမြင်ရက်လို့ မျက်စိမှိတ်လိုက်လာတာပါ " တဲ့


မိုင်လင်းယုန်
[Reference: Myanmar Friends Group Wesbite]

Sunday, July 24, 2011

“တကယ့်မေတ္တာစစ်ဟူသည် ဘယ်သိပ္ပံဆရာကမှ တိုင်းတာလို့မရတဲ့ အစွမ်းသတ္တိ သီးခြား ရှိနေတဲ့နေရာလေးပါ“

တစ်ခါက…
ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသက်လေ့ရှိပါ တယ်..
.နောက်နေ့ နွားသက်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ်။ အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့
 နွားငယ်လေး တစ်ကောင်ပါလာတယ်။ နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့ 
လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့ မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့ နွားတွေရဲ့ အရိုးအနံ့ ရတော့နွားမကြီးလည်း 
မိမိကို သက်တော့မယ်ဆိုတာသိတော့ မောင်းလို့မရတော့ဘူးတဲ့။ 

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန် ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ 
နွားသားလေးက ဘာမှမသိရှာဘူးလေ။ တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့ လူတွေအားလုံးက
 နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့နှာဖျားအသားတွေပြတ်သွားတော့တယ်။ သွေးတစက် စက်နဲ့ နွားမကြီးလည်း 
ကြောက်အား လန့်အားပြေးတော့တာပေါ့။ 

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့ နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေးအော် လိုက်တော့
 နွားမကြီးလည်းဆက်မပြေးတော့ဘူး နွားသားလေးကို ရပ်စောင့်နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမား တွေကပါလာတော့
 နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက် ဆက်ပြေးပြန်ေ၇ာ အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်း 
ဆက်အော်ပြန်တော့ နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေ ပြန်တယ်။အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့
 ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။ သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွား
 တော့တာပေါ့။ 

အဲဒါနဲ့ နွားသား လေးကိုဝိုင်းဖမ်းကြတော့တယ်။ နွားသက်ကုန်းမှာ နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက် ကြတယ်။ 
သားလေးရဲ့ မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။ သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသက်ခံရမယ်ဆိုတဲ့
အသိကိုပါ မေ့ပြီး သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသက် သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာလေရဲ့။ နွားမကြီးကလည်း သားလေးရှိရာကို တဖြေး 
ဖြေးလှမ်းလျှောက်လာပြီ သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေ တော့တယ်။ အဲဒီအချိန်မှာ
 နောက်မှာရှိတဲ့ နွားသက်သမားတွေက သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြ တော့တယ်။ ဒါကို မြင့်မိုရ်ဦးရဲ့နောက်ဆုံး
 ရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ သိမယ်ပေါ့နော်။မြင်းမိုရ်ဦးကတော့ သူ့မေတ္တာကို သက်သေပြလျှက်နဲ့ ကွယ်ပျောက် သွားပြီလေ......

ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ……….

ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့ "မာတာယထာ နိယံပုတ၊္တ မာယုသာ ဧကပုတ္တ မနုရက္ခေ" လူမိခင်များသာမကဘူး 
တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို အသက်နဲ့လဲပြီး ကာကွယ်ကြတယ်။ မိမိလည်းသက်ရှိထင်ရှား ရှိနေချိန် နောက် အခွင့်လည်းသာနေချိန်မှာ
 စာဖက်သူများအနေနဲ့ မိမိရဲ့ မိခင်မေတ္တာ (မိဘမေတ္တာ)တွေကို အတက်နိုင်ဆုံး ဆပ်ခွင့်ရနေမယ်ဆိုလျှင်ဖြင့်..........

မိဘကျေးဇူး ဆပ်နိုင်ပါစေ…

လို့တောင်းဆုပြုလျှက်…..



[Reference: from a forward mail]

နားလည်ပါပြီ

“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
မင်းလမ်းဘေး ၀က်သားတုတ်ထိုးဆိုင်တွင် သက္ကသိုလ်ကျောင်းသူ၊သား သူငယ်ချင်းတအုပ် ကြာဆံကြော်နှင့်ဝက်သားတုတ်ထိုး ထိုင်စားနေကြသည်။
ပိန်ညောင်ညောင်နှင့် အိုးမဲကဲ့သို့ညစ်ပေသော အရောင်များ ပေကျံလျက် ဟောင်းနွမ်းလှသောအ၀တ် ၀တ်ဆင်ထားသော ကောင်လေးတယောက် ၏အသံကို ဘရ်သူမှ ဂရုမစိုက်မိကြ …။
“တယ် .. ဒီကောင်လေး လာပြန်ပြီလား။ နောက်တစ်ခါလာရင် ဒီဓါးနဲ့ ခုတ်ပစ်မရ် ပြောထားတာကို … သွား … သွား …”
 ****************
အများပိုင် ပန်းခြံလေးတစ်ခုအတွင်းတွင် စုံတွဲတစ်တွဲ ပူးကပ်ထိုင်နေသည်။
“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဟားဟားဟား …..”
“ခိခိခိ …”
ကောင်လေးရော ကောင်မလေးပါ ပြိုင်တူရီမောလိုက်ကြသည်။
“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဟ ဟ ဟ …. ဘာကြီးတုန်းဟ …”
“ခစ်ခစ် … ဟုတ်ပါ့ … ဘာကြီးလဲနော် …”
****************
သီချင်းများမြိုင်နေအောင် ဖွင့်ထားသည် လမ်းဘေး လဖက်ရည်ဆိုင်တစ်ခုရှိ စားပွဲဝိုင်းတစ်ခုအနီးတွင် …
“အစ်ကိုရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ … … …”
“အစ်ကိုရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဘာ … ဘာပြောတာလဲ .. ငါ့နားကောင်းကောင်းမကြားဘူးကွ … ဘာပြောတာလဲ?”
“အစ်ကိုရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …” ကောင်လေး နည်းနည်းကျယ်ကျယ်အော်ပြောလိုက်သည်။
“အာာ … ငါတောင်မရှိလို့ အကြွေးဝင်သောက်နေတာ .. ဟဟ .. မရှိဘူးကွ …”
ဆိုင်ရှင်က လှမ်းမြင်သွားပြီး …
“ဟဲ့ကောင်လေး … မင်းတို့ကို ဒီဆိုင်ထဲ မ၀င်တောင်းရဘူးပြောထားတရ်လေ … ထပ်ဝင်လာရင် ရဲနဲ့ဖမ်းခိုင်းမရ် .. ထွက်သွား .. အနှောက်အယှက်သိပ်ဖြစ်တာပဲ … အကြွေးသောက်တဲ့လူနဲ့ … တောင်းစားနေတဲ့သူနဲ့ … ကျက်သရေကိုတုံးတရ် …”
****************
လူစည်ကားနေသော ဈေးလမ်းမတစ်နေရာတွင် ကောင်လေးထိုင်နေသည်။
““ဦးလေးတို့ အဒေါ်တို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဦးလေးတို့ အဒေါ်တို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ ……………………….”
အကြိမ်ကြိမ်အော်ပြီး တောင်းနေပေမယ့် ဘရ်သူမှသူ့ကိုဂရုမစိုက်။ တစ်ချို့က မြင်သလိုတောင်မရှိ။ အမျိုးသမီးကြီး ၁ဦးက သူ့ရှေ့တွင်ရပ်လိုက်သည်။ ၁၀ တန်အစုတ်တစ်ရွက် သူ့ရှေ့ကျလာသည်။ ကောင်လေးမော့မကြည့်ပဲ … ပိုက်ဆံကိုကိုင်ပြီး ကန်တော့လိုက်ရင်း …
“ကျေးဇူးတင်ပါတရ်ဗျာ … ကျေးဇူးတင်ပါတရ် … ဒီထက်မက ကျန်းမာချမ်းသာပါစေ။ ပိုပြီး လှူနိုင်တန်းနိုင်ပါစေ။ စည်းစိမ်ဥစ္စာတိုးပွားပါစေ …”
ကောင်လေးစကားပင် မဆုံးမီ … ထိုအမျိုးသမီးက …
“အမလေး … မင်းပေးတဲ့ဆုကိုမလိုပါဘူး။ သူတောင်းစားက ပေးတဲ့ဆုနဲ့ ပြည့်နေဦးမရ်။ ငါ့ကိုယ်ငါ ကျန်းမာချမ်းသာနိုင်ပါတရ် .. ဟွန့် .. ဘရ်လို သူတောင်းစား ကလေးလဲမသိပါဘူး။ ဟဲ့ .. မိသန်း မြန်မြန်လာလေ .. ဘာငေးနေတာလဲ …”
*****************
လူများရှုပ်ရှပ်ခတ်နေသော ကားဂိတ်တစ်ခုသို့ ကောင်လေး လမ်းလျှောက်လာသည်။ ကားပြတင်းပေါက်တွေ နားသွားရပ်ပြီး ထုံးစံအတိုင်း …
“ဦးလေးတို့ အဒေါ်တို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
ကားတွေ တစ်စီးပြီးတစစီး ထွက်သွားချိန်။ ၂၀၀ တန်တစ်ရွက် ကားပြတင်းပေါက်မှ လှမ်းပစ်ပေးလိုက်တာ မြင်တော့ ကောင်လေးပြေးသွားကောက်ရန်ပြင်လိုက်သည်။ ထိုစဉ် နံဘေးမှ ငုံးဥပြုတ်သည်က မြင်သွားပြီး ကောင်လေးထက်အရင်ပြေးယူသည်။
“ဲအဲ့ဒါ ကျနော့ကိုပေးတာပါဗျာ … ကားပေါ်က အမကြီးတယောက်က ပစ်ပေးခဲ့တာပါဗျာ .. ကျနော့ကို ပြန်ပေးပါဗျာ …”
“မင်းဘာတွေလျှောက်ပြောနေတဲာ … ခရီးသည်က ငါ့ဆီက ငုံးဥပြုတ်၁ထုပ် ၀ရ်ထားတာ။ ကားထွက်သွားလို့ ငါ့ကိုပိုက်ဆံပစ်ပေးခဲ့တာ။ သွားစမ်းပါ . သူတောင်းစားက သူတောင်းစားလို မနေဘူး .. ဈေးသည်ပိုက်ဆံလိုက်လုနေတရ် … သွား …”
**************
နေ့လည် မွန်းတည့်ချိန်ကျော်နေပြီ။ လမ်းလျှောက်ရင်း ဗိုက်ကဆာလာသည်။ ဆက်လျှောက်နေရင်း လမ်းထောင့်တနေရာ အမှိုက်ပုံတစ်ခုတွင် ကောင်လေး ၃ယောက် ဂုန်နီအိတ်ကြီး၁ခုစီနှင့် အမှိုက်ပုံကြီးကို တုတ်နှင့်ထိုးဖွနေကြသည်။ ကောင်လေးလဲ ထို၃ယောက်နည်းတူ ရေသန့်ဗူးခွံများ သံစများ လိုက်ကောက်နေရင်း … အတန်ကြာတော့ … ထို၃ယောက်မှ …
“ဟိတ်ကောင် … မင်းဒါဘာလုပ်နေတာလဲ …”
“ဘာဖြစ်လို့လဲကွ … ငါလဲမင်းတို့လိုပဲ ဒီမှာ ပလတ်စတစ်တွေ ဗူးခွံတွေ ရှာနေတာလေ … မင်းတို့လဲ ဒိုင်ပြန်သွင်းရောင်းနေတာပဲ မဟုတ်လား”
“အေး … ဒါက ငါတို့စားကျက်ကွ။ မင်းလုပ်ချင်တိုင်း လာလုပ်လို့မရဘူး။ မင်းအခု ကောက်ရထားတဲ့ ဗူးတွေ အကုန်ထားခဲ့ပြီး မင်းထွက်သွားတော့ …”
“ဟေ့ကောင် .. ဒါတော့ မတရားဘူးကွ … ဒါငါ့အတွက် ငါအပင်ပန်းခံပြီး ရှာထားလို့ရခဲ့တာပဲ။ မင်းတို့ကို အလကားမပေးနိုင်ဘူး …”
“ပြောနေကြာတရ်ကွာ … ဟေ့ကောင်တွေ … ငါတို့နယ်ချဲ့လာတဲ့ မိတ်ဆွေအသစ်လေးကို လက်ဆောင်နည်းနည်းပြန်ပေးလိုက်ရအောင် .ဟဲဟဲ …”
သူ့နောက်တွင်ရှိသော ကျန်၂ယောက်က မိုက်ကန်းကန်းပုံစံဖြင့် ဒုတ်များကိုင်ပြီး ရှေ့တိုးလာသည်။
“အိုကေ ဟေ့ကောင် .. ငါတောင်းပန်ပါတရ်။ ငါရှာထားတဲ့ ဗူးတွေ အိတ်တွေအကုန်မင်းတို့ ယူလိုက်ဟုတ်ပြီလား။ ငါ့ကိုတော့ ဘာမှမလုပ်ပါနဲ့ကွာ … ငါအခုသွားပါ့မရ် …” ပြောပြီး ကောင်လေး လှည့်ထွက်လာခဲ့သည်။
“သူတောင်းစားက ဘိုဆန်နေသေးတရ် .. အိုကေ တွေဘာတွေနဲ့ … ဆိုးတော့မဆိုးဘူးကွ … ဒီကောင်ရှာထားတာ ပုလင်းတွေ ဗူးတွေပဲကွ …”
ကော်လေး စိတ်ပျက်နေသည်။ တစ်နေကုန် ကောက်ရထားသမျှ ရေသန့်ဗူးတွေ ပုလင်းတွေကတ်ထူစက္ကူတွေ အကုန်ကုန်ပြီ။ အဟောင်းဆိုင်မှာ ဒိုင်ပြန်သွင်းရင်း ညနေစာအတွက် စီစဉ်ခဲ့သမျှ အခုတော့ ….. ….။
******************
“၅၅ ကျပ်ပဲရမရ် …”
“ဗျာ .. ၅၅ကျပ်ပဲရတရ်? ဦးလေးရယ် ပိုပေးပါဦး။ ကျနော် တစ်ညနေလုံး စုဆောင်းခဲ့ရတဲ့ သံဗူးတွေ ရေသန့်ဗူးတွေ …”
“အေးလေ … ရေသန့်ဗူး ၁၀ ခု ကို ၁ခု ၂ကျပ်ပဲရတရ်လေ။ သံဗူးက ၉ခုဆိုတော့ .. ငါက ၃ကျပ်နှုန်းနဲ့ပေးထားတာလေ … ပြီးတော့ မင်းစက္ကူကတ်ထူတွေနဲ့ သတင်းစာအဟောင်းတွေက ပြန်ရောင်းတောင်မရဘူး။ ဒါတောင်ငါက ၈ကျပ်ပေးလိုက်တာ … မင်းက မကျေနပ်သေးဘူးလား”
“ကဲဗျာ … ပေးပါတော့ဗျာ … ကျနော် ဗိုက်ဆာနေပြီ …”
ဈေးကလဲနှိမ်လိုက်တာ။ စမူဆာကြော် တစ်ခု ၅၀ ပေးနေရတဲ့ ခေတ်မှာ ဒီပိုက်ဆံနဲ့ ဗိုက်ပြည့်ဖို့ ဘာသွားစားရမလဲဗျာ …???
ကောင်လေးလက်ထဲတွင် ၆၅ ကျပ်ကို ကျစ်ကျစ်ကို ဆုပ်ကိုင်လျက် … ခေါင်းငုံ့လျက် …  စိတ်ပျက်စွာ …. …. …။
**************
အင်မတန်ခမ်းနား ထည်ဝါသော အိမ်ကြီးတစ်လုံးအတွင်း … ထမင်းစားဝိုင်း တစ်ခုတွင် သားအဖ နှစ်ယောက်မျက်နှာချင်းဆိုင်ရှိနေကြသည်။ အရသာ အင်မတန်ကောင်းမွန်ပုံ ရှိသော အစားသောက်များ ပြည့်နေသော ဟင်းလျာများ နှင့် စားသောက်နေကြသည်။ သားဖြစ်သူက စားပွဲဝိုင်းပေါ်ရှိ ဟင်းလျာများကို တစ်ခုချင်းကြည့်နေရင်း ဖြည်းညင်းစွာ စားသောက်နေသည်ကို ဖခင်ဖြစ်သူက မြင်သောအခါ …
“စားလေသား … စားမကောင်းလို့လား”
“မဟုတ်ပါဘူး ဖေဖေ … အရသာကောင်းမွန်ပါတရ်”
“ကဲ … ဒါဖြင့် ဘာကြောင့်မှိုင်တွေနေတာလဲ .. ပြောပါဦး မင်းရဲ့ မဟာလုပ်ငန်းအတွေ့အကြုံကြီး အကြောင်း”
“အာာ … တကရ့်လုပ်ငန်းအကြီးစားပဲ ဖေဖေ။ ကျွန်တော်ဖြင့် အခုထမင်းစားချင်စိတ်တောင် ကုန်နေတရ်”
“ဘရ်လိုကြောင့်လဲသား … ဒါသားဆန္ဒပဲလေ။ ဖေဖေ အတင်းကြပ်ခိုင်းစေခဲ့တာမှ မဟုတ်တာ”
“ဟုတ်ပါတရ် ဖေဖေ။ ဒီလိုအကြံပေးခဲ့တဲ့ ဖေဖေ့ကိုလဲ ကျေးဇူးတင်ပါတရ်။ ကျွန်တော် ဖေ့ဖေ့လုပ်ငန်းအကြောင်း နားလည်သွားပါပြီဖေဖေ”
“ဒီလိုပဲပေါ့ သားရယ်။ တကရ်တော့ သားအသက်ရွယ်နဲ့ ဒီအကြောင်းတွေ စိတ်ဝင်စားတရ် ကိုယ်တိုင်ခံစားကြည့်ရင်ဘယ်လိုနေမလဲလို့ သားပြောတော့ ဖေဖေဖြင့် အံ့သြမဆုံးနိုင်ဘူး တကရ် …”
“ဟုတ်တရ် ဖေဖေ။ ဒါတောင် ကျွန်တော် ဒီနေ့တစ်ရက်ပဲ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေက အပေါ်ယံလောက်ပဲရှိသေးတရ်လို့ ထင်ပါတရ်။ ကျွန်တော်သိလိုက်ရတရ်။ တစ်နေကုန်လဲ ဗိုက်ဆာလိုက်တာ။ ခြေထောက်ကလဲ ညောင်း နေကလဲပူ။ တကိုယ်လုံးလဲ ချွေးတွေနဲ့ နံစော်နေတော့တာပဲ။ ဒါတောင် ညထိမနေလိုက်ရလို့ပေါ့ဗျာ။ မဟုတ်ရင်တော့ ကျွန်တော် ဘရ်မှ ခေါင်းချရမှန်းမသိမှာ မဟုတ်ဘူး …”
“အင်း …. ငါ့သားက အသက်၁၂နှစ်ပဲရှိသေးတာ။ ဒီအကြောင်းတွေကို စိတ်ဝင်စားပြီး ကိုယ်တိုင် လက်တွေ့ဝင်ခံစားပြီးပြီ။ အခုလဲ ဖေဖေလုပ်နေတဲ့ “လမ်းဘေးလေလွင့် ကလေးငယ်များ ပြုစုပျိုးထောင်ရေး” စီမံကိန်းမှာ ပါဝင်လေ့လာချင်တရ်ဆိုတော့ ဖေဖေ ၀မ်းသာပါတရ် သား .. သားအတွက် ဖေဖေ သိပ်ပြီး ဂုဏ်ယူပါတရ် သား …”
***********
သူငယ်ချင်းတို့ ရင်ထဲ တွေးစရာ တစ်ခုခုကျန်ခဲ့ဖို့ မျှော်လင့်ပါတရ်။ ကျွန်မ မယ်ဆိုင်-တာချီလိတ် နယ်စပ်မှာ နေတုန်းက Ban-Na-Na ဆိုတဲ့ ထိုင်းNGO လေးတစ်ခုကို သွားရောက်လေ့လာခွင့်ရခဲ့ပါတရ်။ လမ်းဘေး လေလွင့် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းကို စိတ်ဝင်စားလို့ နယ်စပ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးလုပ်ငန်းကို လေ့လာခဲ့ပါတရ်။ အဲ့ဒါတွေ နဲ့စပ်ဆက်ပြီး ကျွန်မရလာတဲ့ အတွေးတစ်ချို့ပေါင်းစပ်ပြီး ဒီအကြောင်းလေးကို ပြန်ရေးပြီး ဝေမျှပေးချင်လို့ ဖြစ်ပါတရ်။ နောက်ပိုင်းကျရင် ဒီအကြောင်းနဲ့ စပ်ဆက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတရ်။ ကျွန်မကို အားပေးပြီး အကြံဥာဏ်ပြုတဲ့ သူငယ်ချင်များ အားလုံးကို ကျေးဇူးတင်ပါတရ်။

(ATM)
[Reference: Myanmar Friends Group Website]

အချစ်အကြောင်း (4) မျိုး

  လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ အတိုင်း ကိုယ့်ချစ်သူပေါ်မှာ ချစ်တဲ့အချစ်တွေလည်းအမျိုးမျိုးရှိကြမှာပါ..

       ဘယ်သူမဆို ကိုယ့်ချစ်သူကိုကိုယ်သာ အချစ်နိုင်ဆုံးထင်တတ်ကြမှာပါ ... ခုလည်းအဲ့လိုချစ်ကြတဲ့ အချစ်တွေအကြောင်းကိုနည်းနည်းပြောပြချင်ပါတယ် ဟေဇွန်ဖတ်ဖူးတဲ့စာအုပ်လေးထဲကပေါ့ သူငယ်ချင်းတချို့လည်းသိပြီးသားဖြစ်မှာပါ
   အချစ်မှာ လေးမျိုးရှိတယ်တဲ့
(1) Ego Love
(2) One sided Love
(3) Bind Love
(4) True Love ဆိုတာရယ်
 (1) Ego Love  ဆိုတာကတော့ ကိုယ်ကပဲ ရယူချင်တယ်  ပိုင်ဆိုင်ချင်တယ် ဆိုတဲ့ အချစ်မျိုးပေါ့ ဘယ်သူနဲ့မှလည်းစိတ်မချဘူး တစ်ယူသန်ပေါ့နော် ဒါကြောင့်ချစ်သူနဲ့ အဆင်ပြေနိုင်ဖို့ခက်ခဲပါလိမ့်မယ်
(2) One sided Love ဆိုတာကျ Ego Love နဲ့ ပြောင်းပြန် ကိုယ်ကပဲ ကိုယ့်ချစ်သူကိုပေးဆပ်ချင်တယ် အနစ်နာခံချင်တယ် အသေးအမွှားလေးက အစ လိုက်လုပ်ပေးတယ် တစ်ခါတစ်လေကျ အဲ့လိုမျိုးကြောင့် တစ်ဖက်လူကမနေတတ်ဖြစ်ပြိး ကိုယ့်ချစ်သူနဲ့သိပ်အဆင်မပြေနိုင်ပါဘူး
(3) Bind Love ဆိုတာကျတော့ အချစ်အတွက် အသက်ပဲသေသေဆိုတာမျိုး ဘာမဆိုလုပ်လိုက်မယ်ဆိုပြီးစိတ်ရူးပေါက်တဲ့အချစ်မျိုး ဒါပေမဲ့ အဲ့ဒီအချစ်မျိုးတွေဟာ ရေရှည်မတည်မြဲနိုင်ပါဘူး ကောက်ရိုးမီးလိုပဲ ဖြစ်တတ်တာများပါတယ်
(4) True Love ကတော့ ရယူခြင်းတွေ ပေးဆပ်ခြင်းတွေ မရှိဘူး ကိုယ်သူ့ကိုချစ်တာ တစ်ခုတည်းပဲ အသည်းကွဲတာတွေဘာတွေလည်းမရှိဘူး သူနဲ့မပေါင်းရလည်းကိစ္စမရှိဘူး သက်ဆုံးတိုင်သူ့ကိုပဲ စိတ်ထဲမှာထားတယ်ဆိုတာ မျိုးပေါ့

ကဲ ခုလောက်ဆို သူငယ်ချင်းတွေလည်း ကိုယ့်ချစ်သူကိုဘယ်လိုအချစ်မျိုးတွေနဲ့ ချစ်ကြလည်းဆိုတာ စဉ်းစားကြည့်ပေါ့နော် ကိုယ်နဲ့အဆင်ပြေတဲ့အချစ်မျိုးကိုလည်း ကိုယ့်ချစ်သူနဲ့တိုင်ပင်ကြည့်ကြပေါ့

ချစ်သူတိုင်းပေါင်းဖက်နိုင်ပါစေ...............

hay zun naing