Saturday, August 9, 2014

အဘိဓမ္မာ သင်ယူရခြင်း၏ အကျိုးတရား


(၁) ခက်ခဲ ၊ နက်နဲသော ပရမတ္ထတရားများကို သိခွင့် ရခြင်း ၊

(၂) ဗုဒ္ဓဝါဒ ကို အပြည့်အစုံ နားလည်ခြင်း ၊

(၃) {အကုသိုလ် ၊ ကုသိုလ် } တို့၏ သဘောသဘာဝကို ပြည့်စုံစွာ နားလည်သဘောပေါက်၍ မိမိဘဝကို ပိုင်နိုင်စွာ အသုံးချတတ်ခြင်း ၊

(၄) ခန္ဓာ ၅-ပါး အကြောင်း အပြည်အစုံ နားလည်၍ ခန္ဓာဥာဏ်ရောက် တရားအားထုတ်မှု ကို များစွာ ကျေးဇူးပြုခြင်း ၊

(၅) အမြင့်မြတ်ဆုံး ပညာပါရမီကုသိုလ် ရရှိ၍ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် ၊ နိဗ္ဗာန် ကို လျင်လျင်မြန်မြန် မျက်မှောက်ပြုနိုင်ခြင်း။

ကူးယူရေးသားခြင်း။ ။
သဒ္ဓမ္မဇောတိကဓဇ
ဆရာမ ဒေါ်Khin Thandar Oo
ငွေလှရတနာ အဘိဓမ္မာ (ဒုတိယဆင့်)
(ဝီထိ ၊ ဝီထိမုတ် ၊ ရုပ်) မှတ်စု စာအုပ်မှ ကူးယူရေးသား၍ ဓမ္မဒါနပြု ဖော်ပြ အပ်ပါသည်။


အဘိဓမ္မာ သင်ယူရခြင်း၏ ရည်ရွယ်ချက်

အဘိဓမ္မာသင်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ဘဝတိုးတက်ရေး နှင့် ဘဝလွတ်မြောက်ရေး အတွက် ဖြစ်သည်။

လောကတွင် လူတော် ၊ လူကောင်း များစွာ လိုအပ်သည်။

လူတော်ဖြစ်ရန်အတွက် မျက်မှောက် ၊ တမလွန် ၂-ဖက်မြင် သဘောတရားဆိုင်ရာ အသိပညာကို တတ်သိ နားလည်ရမည်။

အဘိဓမ္မာသည် လူတော် တစ်ယောက်ဖြစ်ရေး၌ လုံးဝ တာဝန်ယူသည်။

လူကောင်းဖြစ်ရန်အတွက် စိတ်ကြည်လင် သန့်ရှင်း ဖြူစင်စေသော ၊ ကောင်းတာကိုချည်း လုပ်လိုသော ယုံကြည်ချက် "သဒ္ဓါတရား" ရှိရမည်။

အဘိဓမ္မာသည် လူကောင်းတစ်ယောက် ဖြစ်ရေး၌ လုံးဝ တာဝန်ယူသည်။

တော်လည်းတော် ၊ ကောင်းလည်းကောင်း သည့် လူတော် ၊ လူကောင်း အဖြစ် ပါရမီကုသိုလ်များကို ဖြည့်ဆည်းပြီး တစ်ဘဝထက် တစ်ဘဝ ၊ တစ်ဆင့်ထက် တစ်ဆင့် ရင့်သည်ထက် ရင့်လာခြင်း ကို "ဘဝတိုးတက်သည်" ဟု ခေါ်သည်။

ဘဝတိုးတက်မှ ပါရမီကုသိုလ်များ ပြည့်လာ၍ ဘဝလွတ်မြောက်ရေး နိဗ္ဗာန်ရှိမည် ဖြစ်သည်။

ကူးယူရေးသားခြင်း။ ။
သဒ္ဓမ္မဇောတိကဓဇ
ဆရာမ ဒေါ်Khin Thandar Oo
ငွေလှရတနာ အဘိဓမ္မာ(ဒုတိယဆင့်)
(ဝီထိ ၊ ဝီထိမုတ် ၊ ရုပ်) မှတ်စု စာအုပ်မှ ကူးယူရေးသား၍ ဓမ္မဒါနပြု ဖော်ပြအပ်ပါသည်။

No comments:

Post a Comment