Thursday, August 7, 2014

တရားရှာ ဒီမှာတွေ့မလားလို့...


အ၀ိုင်းကလေး လည်သလား...? လည်ရင်လည်တယ်မှတ်...
မှန်ပါ့ဘုရား...
အရင်လည်တဲ့အ၀ိုင်းနှင့် အခုလည်နေတဲ့အ၀ိုင်းတူသလား...?
မတူပါဘုရား....
အေး ဒါကို ခွဲခြားသိရမယ် တို့ပရိသတ်တို့ရဲ့...အရင်လည်ခဲ့တာနှင့်အခုလည်နေတာ မတူဘူးနော်....အရင်လည်ခဲ့တဲ့အ၀ိုင်းက ဖြစ်ပြီးလို့ပျက်သွားပြီ၊အခုဟာကနောက်အ၀ိုင်းတစ်ခုအသစ်ဖြစ်နေတာ....သူကောမပျက်ဘူးလား၊ပျက်မှာလား...?
ပျက်မှာပါဘုရား...
ဒီလိုဖြစ်တာ ဘာသဘောဆောင်....?
ဖြစ်ပျက်သဘောပါ ဘုရား...
ဒီလို အ၀ိုင်းလေးလည်တဲ့အကြောင်းတွေမရှိဘူးလား၊ရှိလား...?
ရှိပါတယ်ဘုရား...
ဘာကြောင့် ဘာဖြစ်...?
အကြောင်းကြောင့် အကျိုးဖြစ်ပါတယ်ဘုရား...
ယေဓမ္မာ ဟေတုပ္ပဘ၀ါ...ယေဓမ္မာ ထိုထိုအကျိုးတရားတို့သည် ဟေတုပ္ပဘ၀ါ အကြောင်းကင်းပြီးမဖြစ်ပါဘူး၊အကြောင်းကြောင့်သာ ထိုအကျိုးတရားတို့ ဖြစ်တော်မူပါသတဲ့တဲ့...အခုဒီလို အ၀ိုင်းလည်နေတာလည်း လည်စေတဲ့အကြောင်းတွေရှိလို့ ဒီလိုအ၀ိုင်းနေတဲ့အကျိုးဖြစ်တာမလား...?
မှန်ပါ့ဘုရား...
MPTက ဘုရားဟောနှင့်ကောကိုက်ရဲ့လား..?
ကြိုက်ညီပါတယ် ဘုရား...
ဒီလို ကြိုက်ညီတဲ့ MPTကိုအမျှပေးဝေကြရအောင်....
တစ်မိနစ် ၂ကျပ်၊၂ကျပ်၊၂ကျပ် ယူတော်မူကြပါကုန်သော်....ကုန်ပြီ၊ကုန်ပြီ၊ကုန်ပြီ...
တစ်မိနစ် ၄ကျပ်၊၄ကျပ်၊၄ကျပ် ယူတော်မူကြပါကုန်သော်...ကုန်ပြီ၊ကုန်ပြီ၊ကုန်ပြီ...

Credit to: Thet Pai Soe (FB)

No comments:

Post a Comment