Thursday, August 14, 2014

သေခါနီး တရားရရန် ဆင်ခြင်နှလုံးသွင်းနည်း .........


မြတ်စွာဘုရား သခင်သည် သတ္တ၀ါများအပေါ်လွန်ကဲမြင့်မြတ်သော ကရုဏာတော်ဖြင့် မသေခင် စိတ်ချရသော တရားထူးကို ဟောကြားတော်မူ ရုံမက အကယ်၍ အဆင်မပြေလို့ အကြောင်း အမျိုးမျိုးကြောင့် စိတ်မချ ရသေးသော် သေခါနီး နုလုံးသွင်းဆင်ခြင်၍ သေနည်းကို မိန့်မြွက်ဟော ကြား တော်မူခဲ့ပါတယ် .......

ဘယ်လိုဟောကြားတော်မူသလဲ ???

ဆိုတော့ ......

(က) မကျန်းမာသောအခါဖြစ်စေ၊သေခါနီးရင်ဖြစ်စေ၊ရောဂါဝေဒနာ (ဒုက္ခဒဏ်ချက်တစ်ခုခု)ပေါ်လာမယ် ...။
အဲဒီပေါ်လာတဲ့ ဒုက္ခဝေဒနာကို (ဖြစ်ပျက်ရှုပေး)

(ခ) အော် .... နှိပ်စက်တဲ့တရားပါလား ? နှိပ်စက်တာဧကန်ဖြစ်လို့ ဘ၀ရဲ့ ဒုက္ခတရား(ဒုက္ခကြီးပါပဲ) ...။

(ဂ) ဒီဒုက္ခတရား ဒုက္ခသစ္စာဟာလဲ မမြဲပါဘူး ...။ (ဖြစ်ပြီး ပျက်သွားတာပဲ)

(ဃ) အားလုံးဖြစ်ပေါ်လာသမျှ တရားတွေဟာ ပျက်ရတာချည့်ပဲ ...။

(င) ဘာပဲလာလာပျက်မှာချည့်ဘဲ၊အဖြစ်နဲ့အပျက်ကလွဲရင် ဘာမှမရှိပါကလား? (ဖြစ်ပျက်-ဖြစ်ပျက်)လို့ ရှုနေရမယ် ...။

(စ) ဖြစ်ပြီးပျက်သွားတဲ့ ဖြစ်ပျက်အစဉ်မှာ (ဥာဏ်ရောက်နေရမယ်) ...။

(ဆ) ဒီလိုဥာဏ်ရောက်နေတော့ ဝေဒနာချုပ်သွားတယ် ...။
(ဝေဒနာချုပ်တာ ဒုက္ခချုပ်တာပဲ) "ဝေဒနာ နိရောဓ တဏှာနိရောဓော"

(ဇ) ဝေဒနာချုပ်တဲ့နောက် (တဏှာအလိုလိုသေတယ်) ဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒီတွင်ပဲပြတ်၊ ပြတ်တော့ "ဒုက္ခနိရောဓနိဗ္ဗာနံ"လာ ဒါပဲ...။

(ဈ) ဒုက္ခဝေဒနာလာသမျှ (ဖြစ်ပျက်သာရှု) ဖြစ်ပျက် အနိစ္စနောက် မဂ်ဥာဏ် လိုက်ရမယ်၊ ဒီလို ဖြစ်ပျက် နဲ့ မဂ်နဲ့ မပြတ်အောင် ဥာဏ်လိုက်သွားရင် မသေ ခင်ကလေးမှာ သောတာပတ္တမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် ဆိုတဲ့ (သုံးမဂ်ကျအောင်) ရနိုင်တယ် ...။

သတိ .......။ အားမကိုးထိုက်ကြဘူးလား ???

အနိစ္စ - ဒုက္ခ - အနတ္တ

နာမ်ရုပ်တရား ၊ ဤနှစ်ပါးလည်း ၊ ရှည်လျားကာလ ၊ မတည်ကြဘဲ ၊ ခဏဖြစ်လျက် ၊ ခဏပျက်၍ ၊ နှိပ်စက်ခြင်းရာ ၊ လိုမပါငြား ၊ ဘဘာဝအား ၊ ဤသုံးပါးကြောင့် ၊ ဖြစ်ပွားသမျှ အနိစ္စ သည် ၊ ဒုက္ခ - အနတ္တ ချည့်သာတည်း ..........။

( ၀ဏ္ဏကျော်ထင် - ဦးဘိုးစိန် )

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~

နှလုံးသား၏ ဓမ္မသံစဉ်

No comments:

Post a Comment