Thursday, August 14, 2014

သတိပဋ္ဌာန် ကျင့်စဉ်


သတ္တဝါတွေ စင်ကြယ်ဖို့အတွက် သတိပဋ္ဌာန်ဆိုတဲ့ ကျင့်စဉ်ဟာ
တစ်ခုတည်းသော လမ်းကြောင်းပါပဲ။

လူ့လောကမှာ ကြုံတွေ့နေရတဲ့ သောကတွေ ပရိဒေဝတွေ ကျော်
လွှားချင်တယ်ဆိုရင်လည်း ဒါဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။

ရံဖန်ရံခါ ဖြစ်စေ နေ့စဉ်နဲ့အမျှ ဖြစ်စေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ
ဒေါမနဿတွေ စိတ်မချမ်းမြေ့မှုတွေ ကျော်လွှားချင်တယ် ချုပ်ငြိမ်းချင်တယ် ဆိုရင်လည်း ဒါဟာတစ်ခုတည်းသော လမ်းကြောင်းပါပဲ။

နိဗ္ဗာန်ရောက်တဲ့ လမ်းကြောင်းကြီးကို တွေ့ချင်တယ်ဆိုလည်း ဒါဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။

နောက်ဆုံးမှာ နိဗ္ဗာန်ကို ကိုယ်တွေ့ သိမြင်ပြီးတော့ နေနိုင်ဖို့ဆိုတာလည်း ဟောဒီကျင့်စဉ်ဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲလို့ မြတ်စွာဘုရားက မဟာသတိပဠာန်သုတ်ကို နိဂုံးချုပ် ဟောကြားသွားတော်မူပါတယ်။ 

- ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment