တစ်ယောက်ရဲ့အမှားနဲ့  အခြားတစ်ယောက်ရဲ့ အမှားတော့ တူချင်မှတူမှာပေါ့……
ကိုယ့်အမှား နဲ့ သူ့ အမှားမတူရင်သာနေမယ်…… ကိုယ့်မှာရော သူ့မှာရော အမှားကတော့ ရှိနေတာပါပဲ။
'အမှား'ချင်းမတူကြပေမဲ့ 'အမှားရှိ' ခြင်းကတော့ တူကြပါတယ်။ 'အပြစ်'ချင်း မတူကြပေမဲ့ 'အပြစ်ရှိ' ခြင်းကတော့ တူကြပါတယ်။
အမှားရှိခြင်းအတူတူ သူတစ်ပါးရဲ့ အမှားကို လက်ညှိုးထိုးပြီး အပြစ်မပြောသင့်ပါဘူး။ အပြစ်ရှိခြင်းအတူတူ သူတစ်ပါးရဲ့ အပြစ်ကို မကဲ့ရဲ့သင့်ပါဘူး။ အမှားရှိခြင်းအတူတူ သူတစ်ပါးရဲ့ အမှားကို နားလည်စာနာပေးသင့်ပါတယ်။ အပြစ်ရှိခြင်းအတူတူ သူတစ်ပါးရဲ့ အပြစ်ကို သည်းခံခွင့်လွှတ်ပေးသင့်ပါတယ်။
**ကိုယ့်မှာ နားလည်စာနာမှု့ ၊ ခွင့်လွှတ်သည်းခံမှု့ ရှိတယ်.... မရှိဘူး၊ ရှိရင်လည်း ဘယ်လောက်အတိုင်းအတာအထိ မြင့်မားတယ်… မမြင့်မားဘူးဆိုတာကို သူတစ်ပါးရဲ့ အပြစ်တွေကို ထိပ်တိုက် မြင်တွေ့ကြားသိရတဲ့အခါ -----
ကိုယ်ဘယ်လို တုန့်ပြန်သလဲ…
ကိုယ်ဘယ်လို စိတ်ထားသလဲ ဆိုတာကို သတိပြုလေ့လာကြည့်ရင် ကိုယ့်ရဲ့နားလည်စာနာမှု့စွမ်းရည် အဆင့်အတန်းကို အမှန်အတိုင်း သိနိုင်မှာပါ။
ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားမယ်ဆိုရင် ဘယ်သူ့အပေါ်မှာမှ နားလည်မပေးနိုင်စရာ ခွင့်မလွှတ်နိုင်စရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် နားလည်မှု့  နဲ့ ခွင့်လွှတ်မှု့  ဆိုတာ ကိုယ်ချင်းစာတရား အားကောင်းသူတွေရဲ့ နှစ်သက်မြတ်နိုးဖွယ်ရာ အဖိုးတန် ရတနာတွေပါပဲ။ ။
အရှင်ဆန္ဒာဓိက
ရွှေပါရမီတောရ
No comments:
Post a Comment