Saturday, August 9, 2014

အရူပဈာန်စိတ်အပိုင်းမှ ကောက်နုတ်ချက်


သာသနာပကာလမှာ အရူပဈာန်တွေကို ရအောင်အားထုတ်ကြတာက ရုပ်တရားကို မလိုချင်တော့လို့ ကျင့်ကြံကြတာ။

သာသနာတွင်းကာလမှာတော့ ရုပ်တရားချည်းသက်သက်ကို မလိုချင်တော့ဘူးဆိုတာမျိုး မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ရုပ်ရော၊ နာမ်ရောဟာ လိုချင်စရာမကောင်းတဲ့ အနိစ္စတွေ ဖြစ်နေတယ်ဆိုတာကို သိထားကြလို့ပဲ။

ဒါပေမယ့် သာသနာတွင်းကာလမှာလည်း အရူပဈာန်တွေရအောင် အားထုတ်ကြတာမျိုးရှိတယ်။ ရည်ရွယ်ချက်တွေကတော့... အဘိညာဉ်တန်ခိုးတွေ ရချင်လို့... နောက်တော့... ရဟန္တာဆိုရင် နိရောဓသမာပတ် ၀င်စားနိုင်အောင်လို့ ကျင့်ကြံကြတာ။ နိရောဓသမာပတ် ၀င်စားမယ့် process မှာကိုက နေ၀သညာနာသညာယတနဈာန် (အမြင့်ဆုံး အရူပဈာန်အဆင့်) အရင်ဖြစ်ပြီးမှ နိရောဓသမာပတ် ၀င်စားလို့ရတာ။

နေ၀သညာနာသညာယတနဈာန်နဲ့ ရမယ့် အရူပဗြဟ္မာဘုံကို... အနိမ့်ဆုံးအနေနဲ့ သောတာပတ္တိမဂ်ဥာဏ်လောက် ရထားပြီးမှပဲ ရောက်ခဲ့မယ်ဆိုရင် ကိစ္စသိပ်မရှိဘူး။ ဒါပေမယ့် သောတာပန်မှ ဖြစ်မထားသေးဘဲနဲ့ နေ၀သညာနာသညာဘုံကို ရောက်သွားခဲ့မယ်ဆိုရင် မဂ်မရနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ တရားနာနိုင်တဲ့ နားမရှိတော့လို့။ ရုပ်တရားကြီး မရှိတော့လို့ တရားမနာနိုင်တဲ့အတွက် မဂ်ဥာဏ်လည်း အဲဒီဘုံမှာ မရနိုင်တော့ဘူး။ ဒါကြောင့် ရပ်ပြစ်ရှစ်ပါးထဲမှာ ထည့်ထားရတဲ့ မနေအပ်၊ မရောက်အပ်တဲ့ဘုံ ဖြစ်နေတာ။

ဒီနေ့ ဆရာတော် ဦးဂရုဓမ္မ သင်ကြားသော အဘိဓမ္မာသင်တန်း (Aug 9, 2014) အရူပဈာန်စိတ်အပိုင်းမှ ကောက်နုတ်ရေးသားထားပါတယ်။

Favorite Collections

(Aug 9, 2014: Sat)

No comments:

Post a Comment