Thursday, August 14, 2014

ကမ္မဋ္ဌာန်း (၁၁) ပါး၏ သတ္တိ


၁။ မီးပုံတိုက်တောင် မလောင်နိုင်အောင်အေး၏။ ဘုရားရှင်ကို နေ့စဉ်တွေ့မြင် ပူဇော်နိုင်ခြင်းသည် ဗုဒ္ဓနုဿတိ၏ သတ္တိ။

၂။ အပုပ်နံ့ အမွှေးနံ့ဟူသမျှ မပေါ်အောင် သိမ်မွေ့၏။
သာသနာတော်အတွင်း တစ်ရှုစာအချိန်၏ အကျိုးကြီးမြတ်ပုံကို သိခြင်းသည် အာနာပါန၏ သတ္တိ။

၃။ ဆဲဆိုရိုက်နှက် သတ်ဖြတ်မည့်သူကိုပင် မေတ္တာကြီး၏။ မချိတလိ မချိမဆန့်နှိပ်စက်သူများကို ချစ်ခင်နိုင်ခြင်းသည် မေတ္တာ၏ သတ္တိ။

၎။ ခန္ဓာ အာယာတန ရုပ် နာမ်ဓမ္မတို့၏ ဖြစ်ပျက်ပုံ ထင်းလင်းပွင့်၏။ ၃၁ ဘုံ သတ္တ၀ါမျိုးစုံ တမှုံတမွှားမကျန်ရ သဘာဝရုပ်နာမ် အမှန်မြင်ခြင်းသည် ၀ိပဿနာ၏ သတ္တိ။

၅။ အ၀တ်မရှိ ထောင်သောင်းတွေ့သည်ဖြစ်စေ မတုန်လှုပ်၊ ၀ိသဘာဂ အကုန်ပြသော်လည်း ကာမဂုဏ်မကြွခြင်းသည် အသုဘ၏ သတ္တိ။

၆။ မျက်စိကမ္ဘာလောက်ပြုး၍ ခြောက်သော်လည်း မကြောက်။ စားဝတ်နေ ပေါကြွယ်ဝ ကျန်းမာသော်လည်း မာန်ကျခြင်းသည် မရဏဿတိ၏သတ္တိ။

၇။ ဒုက္ခိတသတ္တ၀ါလိမ္မာသည် မိုက်သည်မဟူ ရင်၌ဖြစ်သော သားရတနာပမာ သနားလှပါ၏။ ဒုက္ခိတတို့က မိမိအပေါ်ဆိုးလေလေ သနားလေလေဖြစ်ခြင်းသည် ကရုဏာ၏ သတ္တိ။

၈။ စားဝတ်နေရေး ပညာကောင်း ပရိတ်သတ်ကောင်းသူများ တွေ့လေလေ ၀မ်းသာလေလေ ဖြစ်၏။ ဣဿာမစ္ဆရိယ ကွာ၏။ ကလေးလှလေ၀လေ အမေ၀မ်းသာလေဖြစ်ခြင်းသည် မုဒိတာ၏ သတ္တိ။

၉။ လေငြိမ်ရာ ဆီမီးပမာ လက်နဲ့ကိုင်ထားသော အရာကဲ့သို့ တည်သောစိတ်၊ ဆင်းရဲသူချမ်းသာသူ တူအောင်လုပ်မရ၊ ကံအကြောင်းပြ၊ စိတ်ထား ညီမျှစေခြင်းသည် ဥပေက္ခာ၏သတ္တိ။

၁၀။ သစိတ္တက အာပတ်မရှိ။ ရဟန္တာကဲ့သို့ သိက္ခာပုဒ် အပြည့်ရှိ၏။ ရဟန္တာဖြစ်ရမည်ဟု ယုံကြည်နိုင်ခြင်းသည် သီလာနုဿတိ၏ သတ္တိ။

၁၁။ အရေးကြုံလေ သက်လုံကောင်းလေ အနေအေး စိတ်အေးလေ၏။ အချိန်မရွေး စုတိကျသည်နှင့် ပရိနိဗ္ဗာန်စံဝင်လိုစိတ်အသင့်ရှိခြင်းသည်
ဥပသမာနုဿတိ၏ သတ္တိ။

န၀ဓုတင်္ဂါစာရ မဟာထေရ်မြတ်

ကျော်နန္ဒအောင်၏ ရှိလို့ချမ်းသာတာ ရှိလို့ဆင်းရဲတာ နှင့် န၀ဓုတင်္ဂါစာရဆရာတော် ဆောင်းပါးမှ

Shared from ဓမ္မစာပေများ (FB)

No comments:

Post a Comment