Wednesday, August 6, 2014

သင် ဆရာဖြစ်တဲ့အခါ (သို့) အကြီးအကဲ ဖြစ်တဲ့အခါ


တပည့်တွေအပေါ် မလိုအပ်ဘဲ တစ်သွေး တစ်သံ တစ်မိန့်နဲ့ မခိုင်းပါနဲ့။
တပည့်တွေကို ခိုင်းတဲ့အခါ အရာရာကို အမိန့်နဲ့ မသုံးဘဲ ညင်သာစွာခိုင်းပါ။
တပည့်တွေရဲ့ အခက်အခဲ ပြဿနာတွေကို ရှင်းပြခွင့်ပေးပါ။
တပည့်တွေက မလုပ်သင့်လို့ မလုပ်ချင်တာတွေကို အတင်းမခိုင်းပါနဲ့။
တစ်ခါတစ်ရံ အဆင်မပြေတာလေးတွေ ကို အသုံးမကျဘူး၊ သုံးစားမရဘူးလို့ ထပ်ခါထပ်ခါ မပြောပါနဲ့။
အိမ်၊ တခြားသူတွေနဲ့ ဖြစ်လာတဲ့ပြဿနာတွေကို တပည့်တွေအပေါ် မပေါက်ကွဲပါနဲ့။
တပည့်တွေအပေါ် မေတ္တာထားပါ။
တပည့်တွေရဲ့ အောင်မြင်မှုအပေါ် မုဒိတာပွားပါ။
တပည့်တွေရဲ့ အဆင်မပြေမှု၊ အခက်အခဲတွေအပေါ် ကရုဏာ ထားပါ။
တပည့်တွေ အနေရခက်အောင် မလိုအပ်ဘဲ ဒေါသတွေ ထွက်မနေပါနဲ့။
တပည့်တွေ အထင်သေးစေလောက်အောင် လောဘတွေ အရမ်းတက်မပြပါနဲ့။
တပည့်တွေ အပြစ်ပြောရလောက်အောင် မောဟတွေ အရမ်းမများပါနဲ့။
တပည့်တွေကို လုပ်အားပေးနိုင်သလောက်သာ စေခိုင်းရပါမယ်။
တပည့်တွေကို လုပ်အားခကို အပြည့်အဝပေးရပါမယ်။
တပည့်တွေ မကျန်းမာတဲ့အခါ ပြုစုရပါမယ်။
တပည့်တွေကို အခါအားလျော်စွာ အထူးကျွေးမွေးပြုစုရပါမယ်။
တပည်တွေရဲ့ ရပိုင်ခွင့်ကို အပြည့်အဝ ပေးရပါမယ်။

ဒါတွေ ကျင့်ကြံနိုင်ပြီဆိုရင် ဆရာကောင်း၊ လူကြီးလူကောင်း တစ်ယောက်ဖြစ်လို့ လူများရဲ့ မြတ်နိုးချစ်ခင်မှုတွေရပြီး အစစအရာရာ အောင်မြင် အဆင်ပြေမှာပါ။

အပေါ်က အချက်တွေက မိမိအတွေ့အကြုံအရ ရေးထားတာပါ။ အောက်ဆုံးက ငါးချက်က မြတ်စွာဘုရားဟောထားတာပါ။
မေတ္တာများစွာဖြင့်
@@@သာသနာနွယ်

No comments:

Post a Comment