ရေကန်တကန် မှာ.. ရေသွင်းတဲ့  ပိုက်က ၆ လုံးရှိတယ်။
ရေသွင်းတဲ့  ပိုက် တွေ က ..အကုသိုလ် ၀င်ပေါက် ခြောက် ပေါက် လို့ ဆိုပါစို့ ။
ကန် ထဲ က ရေ တွေ က ဘ၀အဆက်ဆက် က မိမိတို့ သိုလှောင် ထားခဲ့တဲ့ အကုသိုလ့် ကိလေသာ တွေ လို့ ဆိုပါစို့ ။
ကန် ထဲ က အကုသိုလ် ကိလေသာ တွေ ကို ကုန် စေချင် ရင်..
အရင် ဆုံး... အကုသိုလ် ၀င် ပေါက် ၆ ပေါက် ကို ပိတ်ပစ် ရမယ်...
အကုသိုလ် ၀င် ပေါက် တွေ ကို ဖွင့် လျက် နဲ့  အကုသိုလ် ကိလေသာ တွေ ကို ခပ် ထုတ် နေ ရင် တော့..အချိန် ကုန်လူပန်းရုံ ပဲရှိမယ်။
လူတွေ ။ ပုတုဇဉ် အများက ဒီအတိုင်းလုပ် နေကြတယ်။
အကုသိုလ် ၀င် ပေါက် တွေ ကို ပိတ် ပစ် ပြီး လို့  အကုသိုလ် တွေ ထပ် မ၀င် တော့ မှ.. ကန် ထဲ ကရှိ ပြီးသာ အကုသိုလ် ကိလေသာ တွေ ကို ကုန်စင် အောင် ခပ် ထုတ်ရမယ်။
ဖြေးဖြည်းခပ် ထုတ် ရင် အကုသိုလ် ကိလေသာ တွေ ဖြည်းဖြည်းပဲ ကုန် မယ်...
မြန်မြန် ခပ်ထုတ်ရင် အကုသိုလ်ကိလေသာ တွေ မြန် မြန် ကုန် မယ်။
လုံးဝခပ် မထုတ် ပဲ ထားရင် တော့ ဒီအတိုင်းပဲ ရှိနေ မယ်။ ထပ် တော့ တိုးမလာတော့ ဘူး။
အကုသိုလ် အ၀င် မရှိ တော့ ဘူးဆိုရင် ခပ် ထုတ် ချင် တဲ့  အချိန်.. ခပ် နိုင် သလောက် ခပ် ထုတ် သွားရင် တနေ့ ကျ ရင် အကုသိုလ်ကိလေ သာ တွေ လုံးဝကုန် စင် သွားမယ်..
.
တခုတော့ ရှိတယ်... ဒီ လို ခပ်ထုတ် လို့  ရနိုင် တာ လူ့  ဘ၀ တခုထဲ မှာပဲ ရှိတယ်။ ခပ်ထုတ်ခြင်းဆို တာ ၀ိပဿနာ တရားကို အားထုတ်ခြင်းကို ဆိုလိုတယ်။
မိမိသက် တမ်းဘယ်လောက် ရှိလဲ ဆို တာဘယ်သူမှမသိနိုင်ဘူး။ အ ချိန်ရှိ ခိုက် မြန်မြန်ကုန် အောင် ခပ်ထုတ်သင့်  တယ်။
ဗြဟ္မာ့ ပြည် မှာတ၀င်းဝင်း၊ ၀က် စကျင်းမှာ တရှုံ့  ရှုံ့  ဆို တာ မြတ်စွာဘုရားဟောခဲ တာရှိတယ်။ ..မိမိပြု ခဲ့  တဲ့  ကောင်းမှု ကုသိုလ်အရှိန်ကြောင့် 
ဗြဟ္မာ့  ဘုံ မှာရောက် နေလင့်  ကစား... ကုသိုလ်ကံ အရှိန်ကုန်တဲ့  အခါ..၀က် စကျင်းမှာတရှုံ့ ရှုံ့  ဖြစ် နေတဲ့  ၀က် မလေးအကြောင်း သာဓကရှိတယ်။
ဝိပဿတာ တရားကို ကျင့်  ကြံပွားများအားထုတ်လို့ အကုသိုလ်ကိလေ သာ တွေ ကုန် စင် သွားပြီ ဆိုရင် တော့ ... မွေး၊ အို။ နာ၊သေ၊ ဘ၀တွေ အဖန် တလဲလဲဖြစ်ရခြင်းမှ
လုံးဝ လွတ်မြောက် ခြင်းကို ရ ပြီ ပေါ့ ။
Shared from U Ko Ko Aung
ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။
ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလိုက်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။
ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။
မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေးဆပ်ခဲ့ရခြင်းကြောင့် ယင်းအလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီကတည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။
ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရောရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁ အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက်သည် လူတို့နှစ် ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့် ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏ အကျဉ်းချုပ်ကိုသာဖော်ပြမည်။
သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ
ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ
သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ
ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ
မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ
တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ
မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ
မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ
ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။ ထို့ပြင် ငရဲကြီးတစ်ထပ်တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။
အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေးငယ်နေချေသေးသည်။
တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊ သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့ ကြိမ်းသေရောက်ရသည်။
ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။
ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။ အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။
ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင် ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။ အားလုံးအမှားကိုယ်စီရှိကြချေသည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။ အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများအားဖြင့်) ငရဲဘုံနှင့် အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။
မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့်နည်း။
မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ မိမိကိုယ်တိုင်သာဖန်တီးသည်။ မည်သည့်တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွားမည်ဘုံ ကိုယ်တိုင်သာ ဖန်တီးသည်။
ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။
မိမိ ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင်မှာ သေခါနီး (စုတိခါနီး) မိမိထားသော စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည် စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန် ဒုက္ခတိဘုံများသို့ရောက်ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။
သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင် ပြုဖူးသည့် ကုသိုလ်ကံတစ်ခုထင်ခြင်းကြောင့်လည်း သုခတိဘုံများသို့ ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါနီးဖြစ်ပေါ်သော စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး ပါမည်။)
ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည် နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။ ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။
ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကုသိုလ် မည်သည်တို့က အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ သုံးသပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင် များပြားလှသည်။ ဒုက္ခများ အင်မတန် ထူပြောလှသည်ဟုပင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲမကြောက်။ အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ် မဟောကြားပဲထားထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့် ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။
ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။
ထောက်ပြစရာအချက်ကျန်သေးသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။
မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ် မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံးအမကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။ သို့သော် မြင်နိုင်ကြလော။ အာရုံ၏အမှန်ကိုမြင်နိုင်ကြလော။ မှားမှန်းသိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု သိပေသော်ငြားလည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။ အနီးစပ်ဆုံး မိမိရုပ်၊ နာမ်တွင်ဖြစ်တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊ ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင်ရန် ဝေးလှချေသေး၏။
အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။
နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။ သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသားအရေအတွက်မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း ၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။
မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ်တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။ ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ်ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့် မိမိရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး တရားပွားများကြင့်ကျံကာ သံသရာလောကမှ လွတ်မြောက်စေရန် လမ်းညွန်ဟောကြားခဲ့ချေသည်။
စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။
By International news for myanmar
…အခုလက်ရှိရထားတဲ့ အခြေအနေကို တန်ဖိုးရှိရှိ သုံးပါ။ အချိန်ဟာ ရွှေထက်တန်ဖိုးရှိတယ်။ ရွှေကျင်ဖို့သွားတဲ့လူတွေဟာ ရွှေအတုံးလိုက် အခဲလိုက် မတွေ့ရဘူး။ သဲတွေ နုံးတွေကို ဆေးရင်း ဆေးရင်းနဲ့ နဲနဲချင်း နဲနဲချင်းရွှေကိုရတာ…၊ အင်မတန် အဖိုးတန်တယ်။ အဲဒီလိုပဲ ကိုယ့်ဘ၀မှာ ရှိသမျှအချိန်ကလေးတွေကို တစ်ချက်ပဲဖြစ်ဖြစ်၊ တစ်ကြိမ်ပဲဖြစ်ဖြစ် အသက်ရှုတာ လေးကို သတိကပ်လိုက်ခြင်းအားဖြင့် ရလိုက်တဲ့ ဒီတည်ငြိမ်အေးချမ်းတဲ့ ပစ္စပ္ပုန်တည့်နေတဲ့ စိတ်ကလေးကို ရွှေလေးတွေ လိုပဲတန်ဖိုးထားလိုက်ပါ။
…သတိပဋ္ဌာန်တရားကို နေ့စဉ်စွဲစွဲမြဲမြဲ အချိန်မရွေး နေရာမရွေး ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာကို သိပြီးတော့ ကြည့်ပြီးတော့
လုပ်သွားမယ်ဆိုရင် ပိုပြီးတော့ သတ္တိရှိတဲ့လူ၊ ပိုပြီးတော့ ယုံကြည်မှုရှိတဲ့လူ၊ သူ့ကိုယ်ပိုင်ဥာဏ်နဲ့ အမှား အမှန်၊ အကောင်းအဆိုးကို
ဝေဖန်နိုင်တဲ့လူ၊ ဘယ်ဟာ တန်ဖိုးရှိတယ်၊ ဘယ်ဟာ တန်ဖိုးမရှိဘူးဆိုတာကို ကိုယ့်ကိုယ်ပိုင် ဥာဏ်နဲ့ ကိုယ့်ဟာကိုယ် အတည်ပြုနိုင်တဲ့လူ ဖြစ်လာမှာပဲ။
…တကယ်ရေရှည် စိတ်ပါလက်ပါ ရိုးရိုးသားသား ကြိုးစားသွားမယ်ဆိုရင် အသိဥာဏ်တွေဟာ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ ဖြစ်လာပြီး စိတ်ပိုင်း၊ နာမ်ပိုင်း၊ အသိဥာဏ်ပိုင်းမှာ အထွတ်အထိပ် ရောက်တဲ့သူ ဖြစ်နိုင်ပါတယ်။
…လူအများဟာ ဘ၀ကို Doing နဲ့ပဲ တိုင်းတာလေ့ရှိတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကလည်း ဒီ Doing ကို ကြည့်ပြီးတော့ပဲ လူကို
အသိအမှတ်ပြုတယ်။ သူက ဘာလုပ်နေတာ၊ သူက ဘယ်သူ၊ သူက ဆရာဝန်၊ သူက အင်ဂျင်နီယာ၊ သူက တရားသူကြီး၊ သူက ကျောင်းဆရာ စသည်ဖြင့် ရာထူးအဆင့်အတန်းကို ကြည့်ပြီးတော့ လူကို တိုင်းတာတယ်။ အသိအမှတ်ပြုတယ်။
…ဒီ Doing တစ်ခုတည်းနဲ့ ဘ၀ကို တိုင်းတာတဲ့သူဟာ Doing ကို မလုပ်နိုင်တဲ့အခါမှာ သူ့ဘ၀ကို တိုင်းတာစရာ ဘာမှ မရှိတော့ဘူး။ သူ့ဘ၀ဟာ အသုံးမ၀င်တော့ဘူး။ အဓိပ္ပါယ်မရှိတော့ဘူးလို့ ခံစားရမယ်။
…Being ဆိုတဲ့ တရားအားထုတ်မှုကို လုပ်သွားရင်းနဲ့ Doing ဆိုတဲ့ စားဝတ်နေရေး၊ လူမှုရေးအလုပ်တွေပါ လုပ်သွား နေရမယ်။ ဒီနှစ်ခုကို ခွဲပြီးတော့ မထားသင့်ဘူး။ အဲဒီလို Being နဲ့ နေသွားရင်းနဲ့ကို Doing လုပ်သွားတဲ့လူဟာ သူလုပ်တဲ့ ကိစ္စတွေဟာ သူ့အတွက် ပိုပြီးတော့ အကျိုးရှိမယ်။ သူတစ်ပါးအတွက်လည်း ပိုပြီး အကျိုးရှိမယ်။ သူတစ်ပါးကို ထိခိုက်မယ့်ကိစ္စကို ဘယ်တော့မှ မလုပ်ဘူး။
…တရားနဲ့ ပတ်သက်ပြီးတော့ သိလို့ စိတ်အေးချမ်းမှုရတဲ့အခါကျတော့လောကီနဲ့ပတ်သက်ပြီးတော့ မသိရတာတွေ၊ မရတာတွေကို စိတ်က ဘယ်လိုမှ သဘောမထားတော့ဘူး။ အဲဒါတွေထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့အရာကို ရထားပြီဖြစ်လို့။
…တကယ် တရားရဲ့အေးချမ်းမှုကို သိလာတဲ့အခါ ငါ့ဘ၀ဟာ ပြည့်စုံနေပါတယ်လို့ ခံစားရပါလိမ့်မယ်။ တရားကို မသိရင် ရုပ်ပိုင်းက ဘယ်လောက်ပဲပြည့်စုံနေ၊ ပြည့်စုံနေ၊ ပြည့်စုံနေတယ်လို့ မခံစားရပါဘူး။ ချို့တဲ့နေတယ်လို့ပဲ ခံစားရမှာပဲ။ နောက်ထပ် လိုနေသေးတယ်လို့ပဲ ခံစားရမှာပဲ။
…တရားနဲ့နေပြီး စိတ်အေးအေးချမ်းချမ်းနေတဲ့သူဟာ စိတ်မအိုဘူး။ အသက်တော့ ကြီးလာနေတာမှန်တယ်။ ဒါပေမယ့် ငါ အများကြီး လုပ်နိုင်သေးတယ်။ ကောင်းတာတွေ အများကြီး လုပ်အုံးမယ်၊ အဲသလို ရည်ရွယ်ချက် ထားလိုက်တော့ စိတ်ထဲမှာတော်တော်အားရှိတယ်။ အဲဒီစိတ်ရဲ့အားကြောင့် ခန္ဓာကိုယ်လည်း အားရှိတယ်၊ ဒါကြောင့် ကောင်းတာတွေ အများကြီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးထားပါ။ စိတ်ချမ်းချမ်းသာသာ ကြည်ကြည်လင်လင်နဲ့ မဂ္ဂင်၇ှစ်ပါးတရားကို နှလုံးသွင်းပြီးတော့၊ အားထုတ်ပြီးတော့ နေပါ။ အဲသလိုဆိုရင် အိုတာပါ နှေးသွားလိမ့်မယ်နော်။
…သတိနဲ့ ကိုယ့်စိတ်ကိုယ်ကို သိနေတာ ဘယ်လောက်အကျိုးများတယ် ဆိုတာသိရတဲ့အတွက် ဒီအလုပ်ကိုဒီဘ၀မှာလည်း သေသည်အထိ လုပ်မယ်။ နောက်ဘ၀မှာလည်း ဆက်လုပ်မယ်။
…တစ်နေ့ထက်တစ်နေ့ ပိုပြီး သတိနဲ့နေတာ များလာဖို့ သတိလက်လွတ်နေတာ တစ်နေ့ထက်တစ်နေ့ နဲသွားဖို့၊ စိတ်ကို ပိုပြီးသိလာဖို့၊ စိတ်အေးချမ်းမှု ပိုရှိလာဖို့၊ ပိုပြီးတော့ လွတ်လပ်တဲ့သူ ဖြစ်လာဖို့ ရည်ရွယ်ချက်ထားပြီးတော့ နေ့စဉ် ကြိုးစားနေပါ။ တကယ်လုပ်ရင် တိုးတက်ပါတယ်။ မှန်မှန်တိုးတက်နေရင် တစ်နေ့မှာ ကိုယ်မှန်းထားတာ ဖြစ်မယ်။
…ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲ အရေးကြီးပါတယ်။ နှေးတာက အရေးမကြီးပါဘူး။
…လူ့ဘ၀မှာ အနှစ်သာရဟာ အသိဥာဏ်ပါ။ စားဝတ်နေရေးဆိုတာ မလုပ်မဖြစ်လို့ လုပ်ရတာပါ။ စားဝတ်နေရေးအတွက် အသက်ရှင်နေရ တာ မဟုတ်ပါဘူး။ စားဝတ်နေရေး အသင့်အတင့် ပြည့်စုံပြီဆိုရင် ဒီ့ထက် အရေးကြီးတဲ့အလုပ် ရှိသေးတယ်။
…လူ့ဘ၀ကိုလည်း ရတယ်။ တရားကိုလည်း နာခွင့်ရတယ်။ တရားအားထုတ်ဖို့ပဲ လိုတော့တယ်။ အဲဒီတော့ အချိန်မရှိ ဘူးလို့ မပြောပါနဲ့။ ရသမျှ အချိန်ကို ကုတ်ကတ်ယူပြီးတော့ သတိပဋ္ဌာန်တရားကို လုပ်ကြပါ။
…Don’t forget, “ Beginning is half done and half-won ”. Make a start today.
…စမိပြီးဆိုရင် တစ်ဝက်ပြီးသလိုပဲ၊ တစ်ဝက် အနိုင်ရသွားတယ်။ အဲဒါကို မမေ့ပါနဲ့၊ ဒီနေ့ စလုပ်လိုက်ပါ။
..အပိုင်း (၁၀) ဆက်လက် မျှဝေပေးပါမည်...
Shared from Ma Sai Mon
ဇူလိုင်ထိ မိုးကို မရွာနိုင်ဘူး၊ ဗာရာဏသီဟာ ရာသီအကျဉ်းထောင်ထဲမှာ လှောင်ပိတ်နေခဲ့ပါရော၊ ငယ်ငယ်က သင်ခဲ့ရတဲ့ ပိဋကတ်စာပေထဲမှာ မဇ္ဈိမဒေသရဲ့ ပူတဲ့ရာသီနဲ့ အိုက်တဲ့ ရာသီကို ခွဲခြားပြထားတာ မှတ်သားဖူးတယ်။ ခုတော့ ကိုယ်တိုင်ခံပေါ့။ ရာသီပူအိုက်မှုကြောင့် စာလည်း မဖတ်ဖြစ်၊ စာလည်း မရေးဖြစ်၊ ဘာတွေ လုပ်နေလဲဆိုတော့ အင်း တစ်ကိုယ်လုံး မိတ်ဖုလေးတွေ တရွရွဖြစ်နေတာကို စောင့်ကြည့်ကုတ်ခြစ်ပေါ့။
ရှုတတ်ရင် ဘာဝနာပဲ။ ရွာမှာတော့ အမေ့ကို အဲဒီလို ခပ်တည်တည်ပြောခဲ့တယ်။ သားရဟန်းစကားဆိုတော့လည်း အမေက ခေါင်းတညိတ်ညိတ်ပေါ့။ သားရဟန်းကိုယ်တိုင်ကတော့ သံသရာက မလွတ်ချင်သေးဘူး။ သံသရာက လွတ်ချင်တယ်ဆိုတာက သံသရာကို ပူလောင်တယ် လို့ သိမြင်သွားမှကိုး၊ လောလောဆယ်တော့ ရဟန်းဘ၀ဆိုတာက ဘာပြောပြော ငြိမ်းချမ်းနေတာ သေချာတယ်။ သာသနာ့ဝန်ထမ်းဘ၀ရဲ့ စာသင်စာချ သမဏသုခလေးကို ခပ်အေးအေး ခံစားမိတော့ နိဗ္ဗာန်ဆုမတောင်းဖြစ်သေးဘူး။
ဒါကြောင့်ပဲ မစိုးရိမ်ဆရာတော်ကြီးက မဟာစည်ဆရာတော်ကို “ နိဗ္ဗာန်ရောက်ကြောင်းတရားထက် နိဗ္ဗာန်လိုချင်အောင် အရင်ဟော” လို့ ပြောပြမိန့်မှာခဲ့ဖူးတာကို အမှတ်ရပြီး ပြုံးမိသေးတော့တယ်။ မစိုးရိမ်ဆရာတော်ကြီးက “ခက်သကွယ် နိဗ္ဗာန်မလိုချင်ဘဲ နိဗ္ဗာန်လိုချင်တယ်ထင်နေကြတယ်”လို့ ရွတ်လိုက်သေးတာပါ။
အင်း ထားပါ၊ ပြော ချင်တာက ဒီတစ်ပတ်အတွင်း ဖတ်မိတဲ့ သတင်းတွေထဲက မှတ်သားမိတဲ့ သတင်းအပိုင်းအစလေးတစ်ပုဒ်ပါ။ ဟောလိဝုဒ်က လူငယ်မင်းသားချောလေး အော်လန်ဒိုဘလွန်းတစ်ယောက် အောစတေးလျသူ မိုဒယ်လ် ဒကာမလေး မီရင်ဒါ ကာရ်နဲ့ လက်ထပ်တော့မယ်လို့ ဆိုပါတယ်။
မိုဒယ်လ်ဒကာမလေးခမျာ စေ့စပ်လက်စွပ်လေး တစ်ပြပြနဲ့ ခပ်ကြွကြွလေးဖြစ်နေခဲ့ပါသတဲ့။ အော်လန်ဒိုဘလွန်းဆိုတဲ့ ဒကာမင်းသားလေးက အင်္ဂလန်ခရစ်ယန်ဘုရားကျောင်းထွက်တစ်ယောက်ပါ။ အသက်နှစ်ဆယ်ကျော်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်ခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓဘာသာဝင်မိုဒယ်လ် ဒကာမလေးနဲ့ ငြိသွားခဲ့တာပါ။ မိုဒယ်လ်ဒကာမလေးရဲ့ စကားအတိုင်းပြောရရင်တော့ “တရားဓမ္မအသိ လေးတွေ မျှဝေကြရင်း သံသရာတိုးတိုးဖော်တွေ ” ဖြစ်သွားကြတာပါ။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဗုဒ္ဓဘာသာဝင်စုံတွဲက ခရစ်ယန်လိုမင်္ဂလာဆောင်ကြမယ်ဆိုတာပါ။ နှစ်ဘက်မိဘတွေကို ငဲ့ကွက်သောအားဖြင့်တဲ့။ ယုံကြည်ကိုးကွယ်မှုနဲ့ ဓလေ့ထုံးစံဆိုတာကို ကွဲကွဲပြားပြား နားလည်နေကြတဲ့သဘောလို့ မြင်မိပါတယ်။
ရွြှေုပည်ကြီးမှာဆိုရင်တော့ မင်္ဂလာသတို့သား မောင်အော်လန်(Orlando)က တိုက်ပုံအင်္ကျီ၊ မောင့်ကျက်သရေခေါင်းပေါင်းနဲ့ မိန့်မိန့်ခန့်ခန့်ကြီး ပြုံးလို့၊ မင်္ဂလာသတို့သမီး မမိရင်( Miranda) က ပိုးချိတ်ထဘီ၊ ဇာပုဝါလေးခြုံကာ ငုံ့ငုံ့ရှက်ရှက်လေး ပြုံးလို့။ အင်း ဒါက မြန်မာဆန်မိတာပါ၊ ဗုဒ္ဓဘာသာကို အခြေခံထွန်းကားလာရတဲ့ မြန်မာမှုဓလေ့ထုံးစံဟာ ယုံကြည်ကိုးကွယ်မှု ဘာသာတရားနယ်နိမိတ်ကို ကျော်လွှားသွားပါပြီ။ မြန်မာမှုကို မြတ်နိုးတဲ့ မြန်မာဝတ်စုံနဲ့ ခရစ်ယန်သတို့သားသတို့သမီးတွေကို မြင်ဖူးတွေ့ဖူး ကြည်နူးဖူးပါတယ်။
ခုလည်း ဗုဒ္ဓဘာသာဝင် ဟောလီဝုဒ်စုံတွဲက ခရစ်ယန်ဘာသာဝင်မိဘတွေကို ငဲ့ညှာပြီး အနောက်တိုင်းရိုးရာ အတိုင်း ခရစ်ယန်လို မင်္ဂလာဆောင်ကြမှာပါတဲ့။ အနောက်တိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေဆိုတာကလည်း ခရစ်ယန်အငွေ့အသက်တွေနဲ့ အဆင့်တက်မြင့်မား လာရတာပဲမဟုတ်လား။
လွန်ခဲ့တဲ့နှစ်က သူအိန္ဒိယထွက်မလာခင်လေးမှာ ခရစ်ယန်ဓမ္မတက္ကသိုလ်က ဖိတ်ကြားလို့ နွေးနွေးထွေးထွေးစကားဝိုင်းလေးတစ်ခုတက်ခဲ့ရပါတယ်။ သူက အထူးဧည့်သည်တော်ပါ။ ခရစ်ယန် ဓမ္မတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ ခရစ်ယန်အသင်းတော်က ပုဂ္ဂိုလ်တွေရဲ့ အတွေးကို သူဖတ်လိုက်ရ ပါတယ်။ ညီလာခံကြီးတွေ၊ စီမီနာကြီးတွေမှာ ပြောခွင့်မရတဲ့ စကားလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောကြဖို့ဆိုပြီး စီစဉ်ထားတဲ့ စကားဝိုင်းလေးပါတဲ့။
သူ့ကိုတော့ ခရစ်ယန်ဓမ္မတက္ကသိုလ်မှာ ဆီမီနာလို ဟောပြောပွဲလို အစုအမှုလေးတွေ ရှိတိုင်း ဖိတ်ကြားလေ့ရှိပါတယ်။ သူကလည်း ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ ထင်းထင်းကြီး ရောက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်လောက်ဆီက ခရစ်ယန်ဓမ္မတက္ကသိုလ်ရဲ့ ဘုရားရှိခိုးကျောင်းထဲမှာ ခရစ်ယန်ကျောင်းသူကျောင်းသားတွေကို ဗုဒ္ဓတရားတော်တွေကို ပို့ချပေးဖို့ ဖိတ်ကြားခံခဲ့ရဖူးတော့ ရင်းနှီးကျွမ်းဝင်နေခဲ့ကြတာပါ။ မင်္ဂလာတရားတော်နဲ့ သိင်္ဂါလောဝါဒကို အခြေခံပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ လူမှုကျင့်ဝတ်တွေ မျှဝေပေးခဲ့ဖူးပါတယ်။ ခရစ်ယန်ကျောင်းသူ ကျောင်းသားလေးတွေရဲ့ ရင်ထဲမှာ ဗုဒ္ဓဓမ္မအသိတွေ ပွင့်လင်းပြီး ဘာသာတရားအချင်းချင်း အပြန်အလှန်နား လည်မှုတွေကို တည် ဆောက်နိုင်ခဲ့ကြပါတယ်။
စကားဝိုင်းလေးမှာ ဖိတ်ကြားထားတဲ့ဧည့်သည်တွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခရစ်ယန်ဗုဒ္ဓဘာသာစုံတွဲတွေပါပဲ။ နိုင်ငံဝန်ထမ်းအငြိမ်းစားကြီးတွေပါ။ ဒိုင်ယာရီမှတ်တမ်းစာအုပ်လေးက ရွှေပြည်ကြီးမှာ ကျန်နေခဲ့လို့ နာမည်တွေကို အပြည့်အစုံမမှတ်မိတော့ဘူး။
ဝန်ကြီးဌာနတစ်ခုက ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားဗုဒ္ဓဘာသာဒကာကြီးနဲ့ ဇနီးခရစ်ယန်အမျိုးသမီးကြီး၊ ခရစ်ယန်အသင်းတော်မှာ တာဝန်ကြီးကြီးယူခဲ့ဖူးတဲ့ ခရစ်ယန်အမျိုးသားကြီးနဲ့ ညွှန်ကြားရေးမှူးအငြိမ်းစား ဗုဒ္ဓဘာသာဒကာမကြီး၊တပ်မတော်က ဗိုလ်မှူးအငြိမ်းစား ဗုဒ္ဓဘာသာဒကာကြီးနဲ့ ဆရာဝန်ခရစ်ယန် အမျိုးသမီးကြီး၊ အမျိုးသားရော အမျိုးသမီးရော ညွှန်ကြားရေးမှူးအငြိမ်းစားဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဒကာကြီးနဲ့ ခရစ်ယန်အမျိုးသမီးကြီးစုံတွဲ လေးတွဲပါ။ ကျန်တာတွေကတော့ တက်ရောက်နားထောင်ဆွေးနွေးကြသူတွေပေါ့။
ဘာသာမတူ အယူကွဲပြားတဲ့ ဇနီးမောင်နှံတွေက အိမ်ထောင်သက် လေးဆယ်ကျော်အောင် မိသားစုဘ၀ကို ဖြတ်သန်းခဲ့ကြဖူးသူတွေပါပဲ။ သူတို့ ဘယ်လို ဖြတ်သန်းခဲ့ကြသလဲ။ ဘယ်လို နားလည်မှုတွေကို တည်ဆောက်ခဲ့ကြသလဲ၊ ပွားစည်းလာတဲ့ သားသမီးတွေကို ဘယ်လို ထိန်းကျောင်းပြီး ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုကို ဘယ်လို အခွင့်အလမ်းပေးခဲ့ကြသလဲ၊ ဆိုတာတွေ ပြောပြကြတာ စိတ်ဝင်စားဖွယ်ရာပါ။
အဲဒီပြောကြတဲ့အထဲမှာ မြန်မာမှုဓလေ့နဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှုအကြောင်းတွေကိုလည်း တို့ထိ ဆွေးနွေးကြပါသေးတယ်။ အားလုံးက အခိုင်အမာဗုဒ္ဓဘာသာ၊ အခိုင်အမာခရစ်ယန်တွေချည်းဖြစ်ပေမယ့် မြန်မာမှုကို လေးစားမြတ်နိုးတဲ့ နေရာမှာတော့ တူညီကြပါတယ်။ ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားကြီးရဲ့ ဇနီးခရစ်ယန်အမျိုးသမီးကြီးပြောပြတဲ့ အကြောင်းအရာလေးက အမှတ်ထားစရာပါပဲ။
သူမရဲ့ နှစ်ဘက်ဘိုးဘွားတွေက အခိုင်အမာခရစ်ယန်ကြီးတွေပါတဲ့။ ဒါပေမယ့် အဘိုးနှစ်ယောက်ရဲ့ သဘောထားကတော့ ကွဲပြားပါတယ်။ အဘိုးတစ်ယောက်က အနောက်ယဉ်ကျေးမှုကို ယိမ်းပါတယ်။ြုမန်မာမှုပွဲလမ်းသဘင်တွေဟာ ခရစ်ယန်ဘာသာနဲ့ မဆိုင်ဘူး၊ ဗုဒ္ဓဘာသာနဲ့သာဆိုင်တယ်ဆိုတဲ့ အမြင်ကို ကိုင်စွဲပြီး သားသမီးတွေ မြေးမြစ်တွေကို မြန်မာမှုပွဲလမ်းတွေနဲ့ ခပ်ကင်းကင်းနေစေပါသတဲ့။ အဘိုးတစ်ယောက်ကတော့ မြန်မာမှုကို မြတ်နိုးပြီး ၊မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ခံကျင့်သုံးပါတယ်။ သားသမီးမြေးမြစ်တွေကိုလည်း သင်္ကြန်ပွဲတော်လို၊ သီတင်းကျွတ်ဆီမီးထွန်းပွဲ တော်လိုမျိုးတွေမှာ ၀င်ရောက်ဆင်နွှဲကြဖို့ တိုက်တွန်းလေ့ရှိပါသတဲ့။
ခရစ်ယန်ဘာသာကို ကိုးကွယ်ယုံကြည်လိုက်တာနဲ့ မြန်မာတစ်ယောက်အဖြစ်ကို မေ့ပစ်စရာမလိုဘူး၊ မြန်မာ့ယဉ်ကျေးမှုကို မျက်ကွယ်ပြုလိုက်တာမျိုးမဖြစ်စေရဘူးဆိုတာပါပဲ။ အဲဒီအဘိုးကိုယ်တိုင် ပို့ပေးလို့ ရွှေတိဂုံစေတီတော်ကြီးကို သူမ မကြာခဏ ရောက်ခဲ့ဖူးပါသတဲ့၊ အဲဒီအဘိုးကပဲ ရှေးမြန်မာကြီးတွေ တည်ဆောက်သွားခဲ့တဲ့ မြန်မာမှုလက်ရာယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်းကိုလည်း တခမ်းတနားရှင်း ပြတတ်ပါသတဲ့။ သူမပြောတာက ခရစ်ယန်ဘာသာကို ကိုးကွယ်လိုက်တာနဲ့ ဂျေရုဆလင်မြို့ သားတစ်ယောက်ဖြစ်သွားဖို့ မလိုဘူးဆိုတာပါပဲ။
ခုလည်း ဟောလိဝုဒ်မင်းသားလေးနဲ့ မိုဒယ်မလေးတို့ရဲ့ ယုံကြည့်ကိုးကွယ်မှုက ဗုဒ္ဓဘာသာဆိုပေမယ့် မိဘဘိုးဘွားတွေရဲ့ ယဉ်ကျေးမှုအစဉ်အလာ ခရစ်ယန်မူဟန်အတိုင်း မင်္ဂလာဧည့်ခံပွဲကျင်းပကြပေမပေါ့။ ယုံကြည်ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုအစဉ်အလာဆိုတာက ဒီနေ့ခေတ်ဂလိုဘယ်လိုက်ဇေးရှင်း စိုက်ခင်းကြီးထဲမှာ အကန့်အကန့်နဲ့ လှအောင်ပွင့်ရပေမပေါ့။
ဓမ္မဂင်္ဂါ
၂-၀၇-၂၀၁၀
ဘလော့ဂ်၏ ယနေ့ဗုဒ္ဓဘာသာခေါင်းစီးအောက်တွင် ရေးခဲ့သော သတင်းဆောင်းပါးအဟောင်းဖြစ်ပါသည်။
ရေးသူ- ဇော်ဝင်းကို
၁၉၇၅ ခုနှစ်၊ ပေါင်းလောင်းမြစ်ကမ်းဘေး......။
ထိုင်နေတဲ့ လူစုကတော့ ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော် (ပျဉ်းမနား)ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့..... ဆရာဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်........။
ဆရာဗန်းမော်တင်အောင်ကို 'ဦးလေးဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး' လို့ပဲ ကျွန်တော်တို့ လူငယ်တွေက ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာဒဂုန်တာရာကိုပါ 'ဦးလေး' လို့ ကျွန်တော် ခေါ်ဖြစ်တော့တယ်။
လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့) ဘက်က အဲဒီအချိန်မှာ စကား ဆက်တိုက်ပြောနေသူက ကျွန်တော်....။
ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်.......။
ဒါပေမယ့် တူတယောက်က ဦးလေးတယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အသည်းအမည်းကြီးကြီး၊ အညှိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။
ကျွန်တော်ပြောနေတာကတော့ အဲဒီကာလအတွင်းကထွက်ခဲ့တဲ့ ဦးလေး ဦးတင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' နဲ့ ပါတ်သက်လို့ပါ။ အဲဒီစာအုပ်ထဲမှာ ဦးလေးက 'ဓနရှင်လောက' စာအုပ်ရေးသူနဲ့ ပတ်သက်လို့ ကောက်ချက်တခုချမိတယ်။ ဒါကို ကျွန်တော်က သဘောမတူဘူး။ ကျွန်တော့်ဘက်က ထောက်ခံတဲ့ သမိုင်းအချက်အလက်တခုကိုလဲ ကျွန်တော်ရထားတယ်။ အဲဒီအချက်နဲ့ နွယ်ပြီး 'မြစ်ဧရာပေါ်ဝယ်' ကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ အချက်အလက်ကတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ တခြားအချက်အလက် အချို့ပေါ် အခြေခံပြီး ဦးလေးဦးတင်အောင်အပေါ် ကျွန်တော်ဆွဲပြလိုက်တဲ့ ကောက်ချက် ကတော့ (ခုပြန်တွေးရင်) ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေခဲ့တယ်။ ကျွန်တော့် စကားလုံးတွေကလဲ ရုပ်ဝတ္ထုများသာ ဖြစ်ခဲ့ရင် တဖက်သား အပိုင်းပိုင်း ပြတ်သွားလောက် အောင် စူးရှခဲ့တယ်။ ကြားဇာတ်ဆောင်သဘောတရား....၊ ဓနရှင်ပေါက်စ ကျောရိုးမဲ့မှု...၊ လစ်ဘရယ်ဒီမိုကရက်...၊ ပန်းခင်းကို မြင်းစီးပြီးကြည့်...။ အို... အဲဒီအချိန်က အရင့်သီးတကာ့ အရင့်အသီးဆုံး ဆဲရေးစကားတွေနဲ့ ကျွန်တော် တလုံးပြီးတလုံး ပစ်ပေါက်....။
ဦးလေးဦးတင်အောင်ဟာ ခေါင်းကို စိုက်ထားတယ်။ ကျွန်တော့်စကားလုံးတွေ ရင့်သီးသထက်ရင့်သီးလာတာနဲ့အမျှ ဦးလေးရဲ့ ခါးဟာ ပိုမိုပြီး ကိုင်းကျလာတယ်။ နောက် ပုခုံးနှစ်ဖက်ဟာ သိမ့်ခနဲ့ သိမ့်ခနဲ.....။ ဟော- ဦးလေး ငိုနေပြီ။ မျက်လုံးမှာ မျက်ရည်တစမှ မတွေ့ရပေမယ့် ရင်ထဲက ငိုနေပြီ။
(၁)
ဦးလေးနဲ့ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ်အိပ်ခဲ့၊ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေး ငြင်းခုန်ခဲ့၊ လက်ချင်းတွဲလို့ မရဏတရားကို ရင်ဆိုင်ခဲ့ဖူးတာပဲ။ ကိုယ့်ဦးလေး ဘာဖြစ်နေပြီဆိုတာ ကိုယ်သိတာပေါ့။ ဒါပေမယ့် ကျွန်တော့်စကားကို ရပ်မပစ်ဘူး။ ကျွန်တော့် စကားလုံးတွေဟာ ကျွန်တော်တို့ နှစ်ယောက်လုံး ကြုံခဲ့ဖူးတဲ့ လှိုင်းလုံးတွေလို တ၀ုန်းဝုန်း။ နောက်ဆုံး ကျွန်တော် လက်ညှိုးငေါက်ငေါက်ထိုးပြီး ဦးလေးကို ပြောလိုက်တယ်။
"ဦးလေးမှာ အဲဒီလို ရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အရေးမရှိဘူး" လို့။
ဦးလေးရဲ့ခါးဟာ ဆတ်ခနဲမတ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်ဝေနေပေမယ့် ထူးခြားတဲ့ အလင်းရောင်တခုနဲ့ ရွှန်းတောက်နေရဲ့.....။
ဦးလေးက သူ့အံကပ်ကို ချွတ်လိုက်တယ်။ ကျွန်တော်တို့ကို ပြတယ်။ ကြိုးပြာ ပေါ်ပလင် လက်ရှည်အင်္ကျီရဲ့ လက်တွေကို ပင့်ပြီး အရိုးရိုးပြိုင်းပြိုင်းကျနေတဲ့ သူ့လက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ပြီးတော့မှ သွားတွေကြိုးကြဲက လေထွက်နေပေမယ့် အင်မတန်ပီပြင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ (ဒေါသသံတော့ လုံးဝ မပါဘူး။ ဒါပေမယ့် အင်မတန်လေးနက်သလောက် ဆွေးမြေ့တဲ့ အသံ နဲ့.....။)
"ကိုဇော် သိပါတယ်ဗျာ၊ ကျွန်တော် ဘာအတွက် ဘယ်လောက်လုပ်ကိုင်ခဲ့တယ်၊ ဘာတွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘာတွေကို စွန့်လွှတ်ခဲ့ရတယ်ဆိုတာ ကိုဇော်အသိဆုံးပါ။ ကျွန်တော် စွန့်လွှတ်ခဲ့တဲ့ ဒီအသွေးအသား၊ ကျွန်တော်ဆုံးရှုံးခဲ့တဲ့ ဒီခွန်အား၊ ကျွန်တော်ပေးဆပ် ခဲ့ရတဲ့ ဒီဘ၀ အစိတ်အပိုင်းတွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျွန်တော့်ကို မပေးနိုင်တော့ဘူးလား......" တဲ့။
တခြားလူတွေ အားလုံး ငြိမ်ကြည့်နေကြတယ်။ သူတို့ အားလုံးရဲ့ မျက်ရည်တွေဟာ ဦးလေးကို လေးစားစွာ၊ ပြီးတော့ ၀မ်းနည်းစွာ။ ပေါင်းလောင်းမြစ်ရေစီးသံ တရှဲရှဲအကြားမှာ ကျွန်တော့ ဘေးကလူတွေရဲ့ ပင့်သက်ချသံကို ကျွန်တော်ကြားနေရတယ်။
ကျွန်တော်ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် အံတချက်ကြိတ်ပြီး စိတ်ထဲက ဦးလေးကို ပြန်ပြောလိုက်တယ်။ 'ကျွန်တော်အမှန်ကို ပြောတာဘဲလေ' လို့။
(၂)
၁၉၇၈ ခုနှစ်၊ ဆိတ်ဖလူးနံ့သင်းတဲ့ အခန်းလေးတခုအတွင်းမှာ...။
ကျွန်တော် ရုတ်တရက် လန့်နိုးလာတယ်။ ဒီဇင်ဘာလရဲ့ အအေးရှိန်ထဲမှာပေမယ့် ကျွန်တော့်တကိုယ်လုံး ချွေးတွေရွှဲလို့။ အပြင်မှာတော့ ပေတံတွေ တချောင်းပြီးတချောင်း ကျိုးသံကြားရဲ့။ အရှေ့အရပ်က တခုခုပြိုလဲကျသံ။ နောက်- အနောက်ဘက် လေဟုန်ပြင်းပြင်း တိုက်ခတ်စ ပြုနေတာကိုလဲ အသံအရရော...........................
ကျွန်တော် ရုတ်တရက် ထထိုင်လိုက်တယ်။ ပြီးတော့ အော်ခေါ်လိုက်တယ်။
"ဦးလေး....ဦးလေးဦးတင်အောင်" လို့။
ပေါင်းလောင်းမြစ်တနေရာမှာ ကျွန်တော်အမှားကြီးတခုကို ကျူးလွန်ခဲ့မိပြီ။ ပြန်လည် ရုတ်သိမ်းလို့ မရနိုင်တဲ့ နှုတ်လွန်မှုကြီးကို ကျွန်တော်ကျူးလွန်ခဲ့မိပြီ။ အချက်အလက် အမှန် တချို့တလေအပေါ် အခြေခံပြီး ကောက်ချက်အမှားကြီးတွေကို ကျွန်တော်ဆွဲခဲ့မိပြီ။ ဦးလေးရေ.... ကျွန်တော့်ကို ခွင့်လွှတ်ပါ။
အလွန်ကြမ်းတမ်းတဲ့ ဘ၀ထဲကို အလွန် အသက်ငယ်စွာ ရောက်ရှိခဲ့တဲ့ ကျွန်တော့်ကို ဦးလေးတို့ ၀ိုင်းပြီး ဖေးမကူညီခဲ့ကြတယ်။ လမ်းကြောင်းတည့်မတ်ပေးခဲ့ကြတယ်။ ၀မ်းစာ ဖြည့်တင်းပေးခဲ့ကြတယ်။ နေရာတကာမှာလဲ 'အဲဒီတုန်းက ကျွန်တော်တို့အထဲမှာတော့ သူက အငယ်ဆုံးလေ' ဆိုပြီး ရှေ့တန်းတင် ပေးခဲ့ကြတယ်။ ဦးလေးကို ပြန်ခြောက်ခဲ့ပြီ။
စကားတတ်စ ကလေးငယ်က သူတတ်လာတဲ့ အဆဲစကားနဲ့ ဆဲပြတာကို မနာနိုင်ကြဘဲ 'ဟယ်.... ဒီလူကလေး ဆဲတောင် ဆဲတတ်နေပြီဟဲ့' လို့ ချစ်စိတ်ကို အရင်းခံပြီး ခွင့်လွှတ်ခဲ့တဲ့ လူကြီးမိဘတွေလို အတူနေရစဉ် ဘ၀ကြမ်းက (စကားလုံးအကြီးကြီးတွေနဲ့) ကျွန်တော် သင်ဆဲ ဆဲခဲ့တာမှန်သမျှ မနာနိုင်ကြတာကို အခွင့်ကောင်းယူပြီး လူပုံအလယ်မှာ ဦးလေးကို ကျွန်တော် စော်ကားမိခဲ့ပြီ။ အကျင့်စာရိတ္တအရ မနှိုင်းယှဉ်သာအောင် ဖြူစင် သန့်ရှင်းတဲ့၊ ရိုးသားမှုမှာ စံနမူနာဖြစ်တဲ့၊ ဆင်းရဲပင်ပန်းခံရာ စွန့်လွှတ်ရာမှာ သူမတူတဲ့၊ ပြီးတော့ ယုံကြည်ရာကို တည်ငြိမ်စွာ စူးတစိုက် ရှိခဲ့တဲ့ ဦးလေးကို ကျွန်တော်က..... ကျွန်တော်လို ကောင်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုတ်ချမိခဲ့ပြီ။
ကျွန်တော် ကျွန်တော်ယုံကြည်ရာမှန်သမျှကို တိုင်တည်ပြီး အလေးအနက် ဆုံးဖြတ် လိုက်မိတယ်။
"ဦးလေးနဲ့ ပြန်တွေ့တွေ့ချင်း ဦးလေးကို ငါတောင်းပန်မယ်" လို့။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ဦးလေးမရှိတော့ပြီဆိုတာ၊ ဦးလေးကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးဆိုတာ၊ ဦးလေးကို ဘယ်တော့မှ တောင်းပန်လို့ မရနိုင်တော့ဘူးဆိုတာ အဲဒီတုန်းက ကျွန်တော် မသိခဲ့ပါဘူး။
(၃)
ဆရာဗန်းမော်တင်အောင်ကို ကျွန်တော် ဝေဖန်ခဲ့ရာမှ အချက်အလက်အချို့တော့ မှန်ပါရဲ့၊ ဒါပေမယ့် အောက်ပါနည်းနာဆိုင်ရာ အမှားတွေကို ကျူးလွန်မိတယ်လို့ ကျွန်တော် ပြန်သုံးသပ်မိပါတယ်။
၁။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အကျကောက်ဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
လူတယောက်ကို ဝေဖန်တော့မယ်ဆိုရင် အဓိကနဲ့သာမည ကို ခွဲခြားဖို့ လိုပါတယ်။ အသေးအဖွဲ အမှားလေးတွေကို မှန်ဘီလူးနဲ့ ပြူးပြဲရှာပြီး အဲဒီလက်ရာတခုလုံးရဲ့ သာလွန် ကောင်းမွန်ချက်တွေကို မျက်ကွယ်ပြုပစ်တာ၊ အသေးအဖွဲ အမှားကလေးတွေကို ပုံကြီးချဲ့ပြီး၊ အားကောင်းချက်များကို ဖုံးကွယ်သွားစေတာဟာ 'အကျကောက်ဝေဖန်ရေး' လို့ အမည်ပေးရ မယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' ကို ဝေဖန်ရာမှာ အဲဒီဝတ္ထုထဲက အသေးစိတ် အချက်အလက် တခုနှစ်ခုကို အကျကောက်ပြီး သူ့ဝတ္ထုရဲ့ ဦးတည်ချက်၊ သူ့ဝတ္ထုရဲ့ ၀ိဥာဉ်၊ သူ့ဝတ္ထုရဲ့ အားကောင်းချက်တွေကို ဖုံးလွှမ်းပစ်မိ ခဲ့တယ်။
၂။ ကျွန်တော့်ရဲ့ ဝေဖန်ရေးဟာ 'အဆောတလျင် ယေဘူယျပြုခြင်း' အမှားကို ကျူးလွန်ခဲ့တယ်။
ဝေဖန်ရေးဟာ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုပေါ်မှာ အခြေပြုတာပါ။ ဒါကြောင့် ဝေဖန်ရေး လုပ်တော့မယ်ဆိုရင် ယုတ္တိဗေဒနည်းကျ ဆင်ခြင်စဉ်းစားမှု ရှိဖို့လိုပါတယ်။ ယုတ္တိဗေဒမှာ 'အဆောတလျင် ယေဘူယျပြုခြင်း' (Hasty Generalization) ဆိုတဲ့ ဆင်ခြင်ပုံ အမှားတမျိုး ရှိတယ်။ ခြုံယူဆင်ခြင်မှုစနစ်နဲ့ ဆင်ခြင်ရာမှာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံသထက် ပြည့်စုံအောင်မစုဆောင်းဘဲ၊ ရရာအချက်အလက်တချို့ အပေါ် အခြေပြုပြီး အမြန်အဆန် ကောက်ချက်ဆွဲလိုက်တဲ့ အမှားမျိုးပါ။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ တခြား ပြုစုပြီး စာပေတွေ၊ သူ့ဖြတ်သန်းမှု အစဉ်အလာတွေ၊ သူ့ရဲ့ အထင်အရှားဖြစ်တဲ့ သဘောတွေကို ထည့်သွင်းမစဉ်းစားမိခဲ့ဘူး။ အချက်အလက်တွေကို ပြည့်စုံသထက် ပြည့်စုံအောင် မစုဆောင်းမိခဲ့ဘူး။
၃။ ကျွန်တော်ရဲ့ဝေဖန်ရေးဟာ 'ဆန္ဒစွဲကျတဲ့ ဝေဖန်ရေး' ဖြစ်ခဲ့တယ်။
ကောက်ချက်ကို အရင်ဆွဲပြီးမှ အဲဒီကောက်ချက်ကို ထောက်ခံဖို့ အချက်အလက်တွေ ရှာတာဟာ ဆန္ဒစွဲကျတဲ့စဉ်းစားမှု ( Subjective thinking) ပါ။ ဝေဖန်ရေးမှာလဲ 'ဒီလူ၊ ဒီစာရေးဆရာဟာဖြင့် ဒီလိုမျိုး ဖြစ်တယ်။ ဒါကြောင့် သူ့မှာတော့ ဒီလိုအမှားမျိုး ရှိမှာပဲ' လို့ ကြိုတင် ဆုံးဖြတ်ထားမိတာမျိုး ရှိတတ်တယ်။ အဲဒါ ဆန္ဒစွဲကျတဲ့ ဝေဖန်ရေးပါ။ ကျွန်တော့်အနေနဲ့လဲ (အဲဒီအချိန်က ဆရာဗန်းမော်တင်အောင်ကို အားမလိုအားမရနဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေခဲ့တယ်။ အဲဒီ ကြိုတင်သတ်မှတ်ထားချက်အရ အဲဒီကြိုတင် သတ်မှတ်ထားချက်ကို အထောက်အကူပြုမဲ့ အချက်အလက်တွေကိုသာ လိုက်ရှာနေမိတယ်။ အမှားတွေ့တယ် ထင်လိုက်တာနဲ့ အဲဒီအချက်အလက်အပေါ်မှာ အခြေပြုသလို ပုံဖမ်းပြီး မူလကောက်ချက်ကို ချပြလိုက်တာပါဘဲ။
၎။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အတ္တဗဟိုပြုဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
အဲဒီအချိန်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို သိပ်မှန်၊ သိပ်ဟုတ်၊ သိပ်ပြတ်သားတယ် လို့ ထင်နေခဲ့တယ်။ တခြားသူတွေကိုလဲ.... လူတယောက်မှားတယ်လို့ ထင်ရင်လဲ 'မှားရကောင်းလား၊ ငါ့လောက်မှ မမြင်ရကောင်းလား' လို့ ဒေါသ ထွက်မိပြန်ရော။ ပြီးတော့ 'အကြောင်းပြလိုက်မယ်' ဆိုတဲ့ စိတ်တွေ ကဲနေတာကြောင့် 'နည်းနည်း မမှားလိုက်နဲ့၊ ငါနဲ့တွေ့သွားမယ်' ဆိုတဲ့ မာန်မာနတွေ ကဲနေမိခဲ့တယ်။ ဒီလို အတ္တဗဟိုပြုစိတ်နဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ တကယ်တော့ ကျွန်တော့် ဝေဖန်ရေးဟာ ဆရာဗန်းမော်တင်အောင်ကို ကူညီလိုစိတ်က ပေါ်လာတာ မဟုတ်ဘဲ ကျွန်တော်ရဲ့ အတ္တကို အစာကျွေးရာက ပေါ်ပေါက်လာတဲ့ အတ္တဗဟိုပြုဝေဖန်ရေး (Self-centered Criticism) သာ ဖြစ်ခဲ့ပါတယ်။
(၄)
ကျွန်တော် ကြားဖူးခဲ့တယ်။ ရွယ်တူသူငယ်ချင်းတယောက်က ပြောတာလား၊ ကိုယ့်ထက်အသက်အရွယ် ကြီးသူတယောက်က ပြောတာလား၊ မမှတ်မိဘူး။ ပြောသူရဲ့ ကိုယ်ပိုင်စကားလား၊ သူကိုယ်တိုင် တနေရာရာက ကြားဖူးဖတ်လို့ ထပ်ဆင့်ကိုးကားတာလား ဆိုတာလဲ မသိဘူး။ မှတ်မှတ်ရရတော့ ကြားဖူးတယ်။
'အမှန်ကို ပြောသလို အပြောလဲ မှန်ရတယ်' တဲ့။
အမှန်ကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိသလို တာဝန်လဲ ရှိပါတယ်။ အမှန်လို့ တထစ်ချ မဆိုနိုင်ရင်တောင်မှ မှန်တယ်ထင်ရာကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။ မှန်တယ်ထင်ရာကို ပြောရဲတဲ့ သတ္တိကိုလဲ ကြိုဆိုသင့်ပါတယ်။
ဒါပေမယ့် ဘယ်အချိန်ပြောရမှာလဲ။ ဘယ်လိုပြောရမှာလဲ။ ဒါကတော့ သေသေချာချာ စဉ်းစားရမယ့် ကိစ္စပါ။ ပြောသူက ဘယ်သူလဲ။ အပြောခံရသူက ဘယ်သူလဲ။ ပြောသူရဲ့ ဖြတ်သန်းမှုက ဘယ်လိုလဲ။ အပြောခံရသူရဲ့ ဖြတ်သန်းမှုနဲ့ အစဉ်အလာက ဘယ်လိုလဲ။ အဲဒီ အခြေအနေ အရပ်ရပ်နဲ့ အချက်အလက်ပေါင်းများစွာကို သုံးသပ်ပြီးမှ ဘယ်လိုပြောမလဲ ဆိုတဲ့ နည်းနာကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။
အပြောခံရသူက အစဉ်အလာကြီးမားရင် သတိထားပြောရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ အပြောခံရသူရဲ့ အနေအထားကို ထည့်သွင်းတွက်ချက်ဖို့ပါ။ အပြောခံရသူဟာ နုနယ်သေးတဲ့အချိန်မှာ ရေနွေးပူနဲ့ လောင်းပစ်တာမျိုး၊ မိတ်ဆွေအချင်းချင်းကို ပြောရမှာကို ရန်သူလို ရန်စွယ်ငေါငေါ ပြောတာမျိုးလဲ မှန်ကန်တဲ့ပြောနည်းလို့ ဆိုနိုင်မှာ မဟုတ်ဘူးပေါ့။
အထူးသဖြင့် စာပေနယ်မှာ စာပေသမားအချင်းချင်း ပြောကြဆိုကြတာဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။ ကိုယ်မှန်တယ် ထင်ရုံမျှနဲ့၊ ကိုယ့်ဘက်က ပိုင်နိုင်ပြီလို့ ထင်ရုံမျှနဲ့ နှုတ်စွမ်းအားရှိသမျှ တဆုံးတဆ ပြောလိုက်ကြတော့မှာလား။ အလွန်အကျွံ ဒေါသတကြီးနဲ့ ပြောကြဆိုကြတော့မှာလား။
(၅)
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကျော်အတွင်းမှာ မဂ္ဂဇင်းတွေ အပြိုင်းအရိုင်း ပေါ်လာကြပါတယ်။ တချို့က ဟုန်းကနဲတောက်၊ ဟုပ်ကနဲပျောက်၊ တချို့က တအုပ်နဲ့ ဇာတ်သိမ်း၊ တချို့ကလဲ စိုက်လိုက်မတ် အောင်လံလွှင့်လို့။
ဒီမဂ္ဂဇင်းတွေထဲမှာ လူငယ်ဝေဖန်ရေး ဆောင်းပါးရှင်တွေလဲ အများအပြား ပါဝင်ရေး သားလာကြတယ်။ သူတို့ အများစုဟာ ရဲရဲတွေး၊ စူးစူးနစ်နစ်ခွဲခြမ်းစိတ်ဖြာပြီး ထက်ထက် မြက်မြက်ရေးတာကြောင့် စာပေလောကမှာ 'စာပေဝေဖန်ရေး' ဆိုတဲ့ ကဏ္ဍကလေးဟာ အုံးအုံးကျွတ်ကျွတ်နဲ့ပါပဲ။
အစပိုင်းမှာတော့ စာပေလောကသား အချင်းချင်းရော၊ စာဖတ်ပရိသတ်တွေကပါ ဒီစာပေဝေဖန်ရေး ဆောင်းပါးတွေကို ရွှင်လန်းတက်ကြွစွာနဲ့ ကြိုဆိုကြတယ်။ 'ဘယ်ဆောင်းပါး မှာတော့ ဘယ်စာရေးဆရာ၊ ဘယ်စာအုပ်ကို ဘယ်လိုဝေဖန်ထားလေရဲ့' ဆိုပြီး စာပေသမား အချင်းချင်းလဲ လက်တို့ သတင်းပေးကြရဲ့၊ စာဖတ်ပရိသတ်တွေကလဲ စိတ်ဝင်တစား ရှာဖွေ ဖတ်ရှုကြရဲ့။
ဒါပေမယ့် တဖြေးဖြေးနဲ့ စာပေဝေဖန်ရေးဆိုတဲ့ ဆောင်းပါးတွေမှာ စကားလုံးမီးရှူး မီးပန်းလွှတ်တာတွေ များသထက် များလာတယ်။ အချက်အလက်ကို အသေအချာ မစုဆောင်းဘဲ 'မြန်မြန်ပြော၊ များများပြော၊ မှားမှားမှန်မှန်ပြော' ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အစဉ်အလာရှိတဲ့ စာရေးဆရာကြီးတွေကို 'တမင်ဖြိုလိုက်မဟဲ့' ဆိုတဲ့ စိတ်မျိုးနဲ့ ဝေဖန်တာတွေ မကြာခဏ တွေ့လာရတယ်။ နာမည်တက်စ လူငယ်စာရေးဆရာတွေကို အညွန့်ချိုးသလို ပစ်ပစ်ခါခါ ဝေဖန်တာမျိုးလဲ အများအပြား ဖတ်လာရတယ်။ စာပေဝေဖန်ရေးဟာ စာဖတ်ပရိသတ်အတွက်၊ စာပေသမား အချင်းချင်းအတွက် အင်အားဖြစ်ရမယ့်အစား ကြောက်စရာ လန့်စရာ ဖြစ်လာတယ်။ သူတို့တွေရဲ့ ဆောင်ပါးတွေမှာသာမက သူတို့ရဲ့ 'အင်တာဗျူး' ဆိုတာတွေမှာပါ သူတို့ အတ္တတွေဟာ အငွေ့တထောင်းထောင်းနဲ့။
(၆)
ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ ချောင်ထိုးထားခဲ့တဲ့ ကလောင်ကို ကောက်ကိုင်လာ မိတာဟာ မေးခွန်းတခု မေးချင်လို့ပါ။ ကိုယ်တိုင်ကျူးလွန်ခဲ့မိတဲ့ အမှားတခုကို တမြေ့မြေ့ ပြန်လည်သုံးသပ်ရင်း စာပေဝေဖန်ရေးဆောင်ပါးရှင်တွေကို ရင်းနှီးခင်မင်စွာ မေးချင်လို့ပါ။
မိတ်ဆွေရောင်းရင်းများခင်ဗျာ။ စာပေညီအကိုတော်များခင်ဗျာ-
"အမှန်ကို ပြောတယ်ပဲထားပါတော့၊ အပြောရောမှန်ကြပါရဲ့လား....."
ဇော်ဝင်းကို။
{ထုတ်ဝေသူ- "ပြည်သူ့ဘက်တော်သားများ" ရဲ့ ဗန်းမော်တင်အောင်-တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။ }
Reference Link: http://mayaonlinemagazine.blogspot.com/2008/09/blog-post_25.html
ဆောင်းပါး by ပဥာက်
အကြောင်းအ၇ာ တစ်ခုခုကြောင့် လဲပြိုကျသူ ၊နာကျင်ကြေကွဲသူ ၊လေလွင့် ၇ူးသွပ်သွားသူ ၊အထီးကျန်မူ့နဲ့ သိမ်ငယ်သွားသူ၊
နောက်ဆုံး ကိုယ့်ကို အဆုံးစီ၇င်သွားတဲ့ သူတွေကို တွေ့တဲ့အခါ ခင်ဗျားတို့အနေနဲ့ " ငါသာဆို၇င် ..ဒီလို မလုပ်ဘူး..
မဖြစ်ဘူး..မနေဘူး..အ၇ူးံမပေးဘူး..ကျွန်တော်တို့ ဒီလိုပြောခဲ့ကြပါလိမ့်မယ်။ သတ်၇ှိသတ်မဲ့ ဆုတ်ကိုင်ပြလို့ ရတဲ့အရာ
မှန်သမျှဟာ ကိုယ်ပိုင်ခံနိုင်၇ည်အစွမ်း ဟာ အနည်းနဲ့အများ ပါ၇ှိနေပြီးသားပါ။ ဥပမာ ဆိုပါစို့ဗျာ...လူနှစ်ယောက်မှာ
စိတ်ဓာတ်ခိုင်မာသူနဲ့ စိတ်ဓာတ်ပျော့သူ ၇ှိသလို ။၊အကိုင်းအခတ်၊ အ၇ွတ်အလတ် ၊ပင်စည်ဖွံ့ဖြိုးကြီးထွားတဲ့ သစ်ပင်နှင့်
အကိုင်းအခတ် ၊ အ၇ွက် အလတ်နှင့်ပင်စည်သေးသွယ်သောသစ်ပင် ။ လူချင်းအတူတူ ၊ သစ်ပင်ချင်းအတူတူ ဆိုပေမယ့်
ပိုင်ဆိုင်၇တဲ့ ပုံသဏ္ထန် ၊ ဖြတ်သန်း၇တဲ့ အခြေနေချင်း မတူညီပါဘူး.။ ဆိုပါစို့ဗျာ..ခင်ဗျားအနေနဲ့ ပင်စည်ကြီးထွားတဲ့
သစ်ပင်တစ်ပင်ကို ခင်ဗျားလတ်နဲ့ အလွယ်တကူ ဆွဲနူတ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီသစ်ပင်ဟာ ခင်ဗျားပေးတဲ့
ဒဏ်ချက်ကို ခံနိုင်တဲ့ ခံနိုင်၇ည်၇ှိ နေပါတယ်။ အကယ်ရှ်ျ့ သေးသွယ်တဲ့ သစ်တစ်ပင်ကို ခင်ဗျားအနေနဲ့ နူတ်ယူ
ချိုးဖြတ်နူတ်ယူလိုက်ဖို့ဆိုတာလွယ်လွယ်ကူကူ ပါပဲ..ဘာလို့လဲဆိုတော့ ခင်ဗျားပေးလိုက်တဲ့ ဒဏ်ချက်ထက်ကျော်လွန်ရ်ျ့ သူ့
မှာ ခံနိုင်၇ည်မ၇ှိလို့ပါ။ တခြားအ၇ာဝတ္ထုတွေလဲ ဒီလိုပါပဲ အတိုင်းအတာတစ်ခုကျော်လွန်၇င် သူတို့၇ဲ့ ဖြစ်တည်မူ့ဟာ
ပျက်စီးတတ်တာပါပဲ။ခင်ဗျားအနေနဲ့ေ၇က၇ားအိုးမှ ခွက်တစ်ခုထဲကို ဖြည့် ဌဲ့ လိုက်ပါ..ခွက်ဟာသူ့၇ဲ့ ခံနိုင်၇
်ည်ထက်ကျော်လွန်သွား၇င် လျှံကျသွားမှာပါ။ သူ့၇ဲ့ခံနိုင်၇ည်ကျော်လွန်သွား၇င်အ၇ာအားလုံးဟာ အတူတူပါပဲ။
လူ......။ လူဟာ နူးညံ့သော စိတ်ခံစားချက်၇ှိပါတယ်။ သိမ်မွေ့နတ်နဲပြီး စိတ်ဝင်စားစ၇ာအကောင်းဆုံးဟာ လူ့
စိတ်ပါပဲ။ ကြမ်းတမ်းလွန်းတဲ့လူသတ်သမားတွေ ၊ တိုက်ပွဲတိုင်း အောင်မြင်သိမ်ပိုက်နိုင်တဲ့ စစ်သူ၇ဲတွေ ၊စင်ပေါ်တတ်
လတ်ဝှေ့ထိုးသတ်နေသူတွေ ၊ဒီလို အပြင်ပန်းသဏ္ထန်အ၇ ကြမ်းတမ်း၇ဲ့၇င့်ပြတ်သားနိုင်တဲ့ စိတ်၇ှိတယ်လို့ ထင်ပါလိမ့်မယ်။
တကယ်တော့ နူးညံ့သောစိတ်နှလုံးသားဟာ လူတိုင်းမှာ၇ှိပါတယ်။ ဒီလိုလူတွေဟာ ဘယ်လောက်ပဲ သူတို့ ကြမ်းတမ်း၇ဲ၇င့်
ပြတ်သားနိုင်ပါစေ သူတို့၇ဲ့နှလုံးသားခံစားချတ်ကို အကြောင်းအ၇ာတခုခုက ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်တဲ့အခါမှာ
သူအန်တုသမျှ ၊ သူထင်ထားသမျှ အ၇ာ၇ာ ၇ိုက်ချိုးခံလိုက်၇၇င် ခံနိုင်၇ည်အားလုံးဟာ အ၇ည်ပျော်ကျသွားမှာပါ။
ကြမ်းတမ်းလွန်းတဲ့ လူသတ်သမားတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက လူသတ်လာတာမဟုတ်ပါဘူး။
သူဖြတ်သန်းလာတဲ့ ဘဝကို ခါးသီးလွန်းတဲ့ အကြောင်းအ၇ာတစ်ခုက သူ့ခံနိုင်၇ည်ကို ၇ိုက်ချိုး လိုက်တာပါ။ စစ်ပွဲတိုင်းကို
အောင်မြင်သိမ်းပိုက်ပြီး အ၇ာ၇ာကိုအောင်မြင်နေတဲ့ စစ်သူ၇ဲတစ်ယောက်ကို ဘယ်လိုမှပြုပြင်လို့မ၇တဲ့ အ၇ူံးကို ၇င်
ဆိုင်လိုက်၇တဲ့အခါမှာ သူထင်ထားသမျှ ၊သူယုံကြည်ထားသမျှ ၊ သူ၇င်ဆိုင်ခဲ့သမျှ အ၇ာအားလုံး ၇ိုက်ချိုးခံလိုက်၇၇င်
ကိုယ့်ကိုယ်ကို အဆုံးစီ၇င်လိုက်တဲ့သူ ၊ သုံ့ပန်းဘဝနဲ့ စိတ်ဓာတ်ကျ၇င်း စိတ်နျလုံးနာကျင်၇င်း သေဆုံးသွားသူ ၊၇
ူးသွပ်သွားသူ အဖြစ်နဲ့ ခံနိုင်ရည်အားလုံး မဲ့သုဉ်းသွားတာပါပဲ။ လူတစ်ယောက်ဟာ သူထင်ထားသမျှ ၊ ယုံကြည်ခဲ့သမျှ ၊
မျှော်လင့်ခဲ့သမျှ ၊ ၇ည်၇ွယ်ထားခဲ့သမျှကို ၇ိုက်ချိုးဖျတ်ဆီးခံလိုက်၇၇င် လူတစ်ဦးတစ်ယောက်စီ၇ဲ့ ခံနိုင်၇ည်
အပေးမူတည်ပြီး လဲပြို ပျက်စီးသွားတတ်တာပါပဲ။ စီးပွားေ၇းအ၇ ၊ လူမူ့ေ၇းအ၇ ပျက်စီးသွားတဲ့သူတွေ အများကြီးပါ။
ဒါဟာ လူတစ်ယောက်ကို လောဂဓံက လူတစ်ယောက်ကို တိုက်ခိုက်လိုက်တဲ့ လောဂဓံ ၇ဲ့၇ိုက်ချက်ပါ ။ ဒါဟာ အပြစ်ဖွဲလို့မ
၇တဲ့ ကိုယ့်အတိတ်ကံ၇ဲ့ အ၇ိပ်အမည်းအစက်။
ဒီနေ၇ာမှာ တစ်ခုပြောချင်ပါတယ်။ လောဂဓံ၇ိုက်ချက်ကြောင့်မဟုတ်ပဲ လူတစ်ဦးတစ်ယောက်က ၇ိုက်ချိုးလိုက်တဲ့ မိမိ၇ဲ့
စိတ်နှလုံးခံစားချက်ပါ ။ ဆိုခဲ့ပြီးသလို ..လူတစ်ယောက်၇ဲ့ စိတ်ဟာ အ၇မ်းနတ်နဲသိမ်မွေ့တဲ့စိတ်ပါ။သာမန်လူတစ်ယောက် ၊
မိမိနဲ့ ဘာ၇န်ငြိုးမှမ၇ှိသူ ၊သာမန် ဘဝကိုအေးချမ်းစွာ ဖြတ်သန်းသူ ၊ ဘဝကို သူခံနိုင်၇ည်၇ှိသလောက်၇ုန်းကန်းနေသူ၊
သူ့လမ်းသူလျှောက် ပုံမှန်ဘဝကိုဖြတ်သန်းသူ ၊ ၇ိုးသားစွာ မိသားစုကို ချစ်မြတ်နိုးစွာ လုပ်ကျွေးပြုသူ ၊ စတဲ့......ဒီလို
သူတွေ၇ဲပ ဘဝကို ခင်ဗျားက ဝင်ေ၇ာက်ပြီး သူမသိတဲ့ ပျော်၇ွင်မူ့တွေ ၊ အိမ်မတ်တွေ ၊ အနာဂတ်တွေ ၊ မျှော်လင့်ချက်တွေ
၊ ၇ည်၇ွယ်ချက်တွေ ၊ ယုံကြည်မူ့တွေ မပေးပါနဲ့ ။ အချစ်ဆိုတဲ့ စကားလုံးကို ပေါ့ပေါ့ ပျက်ပျက်သုံးပြီး မဝင်ပါနဲ့ ။ ခင်ဗျာမှာ
မသေချာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုယ့်စိတ်သာယာမူ့တစ်ခုနဲ့ သူ့ဘတ်ကို မဝင်ပါနဲ့။ ခင်ဗျား သဘောထားသလို သူ့ဘတ်က
သဘောထား၇င်တော့ အခြေအနေကတမျိုးပေါ့။ သူကြင်မှကိုယ်ကြင်၊ သူတစ်ကျပ်ဖိုးဆိုကိုတစ်ကျပ်ဖိုး ၊
ချင်းစိမ်းနဲ့မိတ်သလင်..ဆိုတဲ့စိတ်နဲ့ တစ်ဖတ်သားက ခံယူ၇င်တော့ ဘာမှမဖြစ်လာပါဘူး။ တစ်ဖတ်သားက မိမိ၇ဲ့ တုန့်ပြန်မူ့ကို
၇ိုးသားစွာသတ်ဝင်ယုံကြည်သွား၇င်တော့ ခင်ဗျား၇ဲ့ သဘောထားတွေက သူ့အတွက် နတ်ဆိုး၊သူ့၇ဲ့ ပုံမှန်ဖြစ်တည်မူ့ ဘဝကို
ချေဖျတ်စီးလိုက်မယ့် လူ့စိတ်မဲ့သူ။ ခင်ဗျား၇ဲ့ တွေ့၇ာလူ ပြောတတ်တဲ့ အချစ်တွေ ၊ သံယောဇဉ်တွေ ၊ အိမ်မတ်တွေ ၊
အနာဂတ်တွေ ၊ မျှော်လင့်ချက်တွေ ၊ ၇ည်၇ွယ်ချက်တွေ ၊ က သူ့ကို ယုံကြည် ခိုင်မာစေခဲ့၇င် ၊ ချစ်ခင်နှစ်သတ်မြတ်နိုးစေခဲ့၇င် ၊
တွယ်တာနှောင်၇စ်ပတ်စေခဲ့၇င် ခင်ဗျား၇ဲ့ ဆိုးဝါး အောက်ကျလွန်းတဲ့ အဆုံးသတ် တုန့်ပြန်မူ့တွေက သူထင်ထားသမျှ
.မဟုတ်တော့တဲ့ ခင်ဗျား၇ဲ့ ထိုးနှက်ချက်က သူ့အတွက် ဆောက်တည်၇ာမဲ့ လဲပြိုသွားစေလိမ့်မယ်..။
ခင်ဗျား..လို့အသုံးနူန်းနေ၇ာမှာ စာဖတ်စဉ်အချိန်တွက်ပါ။ သူ..ဆိုတဲ့နေ၇ာမှာ ခင်ဗျား၇ဲ့ နှလုံးသားတွေ
နစ်ဝင်ပေးထားဖို့တော့လိုပါတယ်..။ဒီနေ၇ာမှာတင် '' ငါသာဆို၇င် ဒီလို ဘယ်တော့မှမဖြစ်ဘူး "လို့
တွေး၇င်တွေးနေလောက်ပါပြီ။ ခံနိုင်၇ည်နဲ့ ကိုယ်ကြုံတွေ့နေ၇တဲ့ ပစ္စုပ္ပန်ကာလ ပေါ်မှာမူတည်ပြီး ခင်ဗျား ဒီနေ၇ာမှာ
တွေးချင်သလို တွေးနိုင်ပါတယ်။ ဒါမှမဟုတ် စာေ၇းသားသူဟာ စိတ်ပျော့သူအဖြစ် သတ်မှတ်လို့လည်း၇တယ်.။ဒီနေ၇ာမှာ
ခင်ဗျား အမြင်ကို ကြိုတ်သလို သဘောထားကွဲလွဲခွင့်၇ှိပါတယ်။
""လူတစ်ယောက်ကို ချစ်၇တာ လွယ်ပါတယ် ၊ အကြာကြီး ချစ်တတ်ဖို့သာ ခတ်တာပါ "" ဆိုတဲ့
ကိုတာယာမင်းဝေ၇ဲ့ စကားကိုသုံးချင်ပါတယ်။ အချစ် ဆိုပြီး လူတွေ မြတ်မြတ်နိုးနိုး သုးံစွဲနေပေမယ့် အချစ်ဟာဘာလဲ..အဖြေကို
ဘယ်သူမှ တိတိကျကျ ပေးလို့မ၇ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အချစ်ဟာ ဘယ်လိုပါဆိုပြီး ကိုယ်ထင်ကြေးနဲ့ကိုယ်
မှန်နေတတ်ပါတယ်။ ကျွန်တော့် အထင် အချစ်ဆိုတာ အဖြေတွေ အများကြီး၇ှိတဲ့ ပုစ္ဆာတစ်ပုဒ်။ ဒီပုစ္ဆာကို ခင်ဗျာအနေနဲ့
ကြက်ခြေခတ်ပဲဖြစ်ဖြစ် ၊ အမှန် ခြစ်ပဲဖြစ်ဖြစ် ခင်ဗျား၇ဲ့ မှတ်ချက်ဟာ မှန်ပါတယ်..။
လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ စကားကို လွယ်လွယ်မပြောခင် ၊ အဖြေမပေးခင် ၊ ဝန်မခံခင်
စဉ်းစားသင့်ဖို့လိုပါတယ် ။တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီး၇င် စဉ်းစားတွေးပေးဖို့လိုပါတယ်.။ကိုယ်ပြောမယ့်တစ်ဖတ်သား၇ဲ့
ဘဝအခြေအနေ ဖြတ်သန်းနေမူ့ နောက်ကြောင်းကို ခင်ဗျားနေနဲ့၇င်ဆိုင်၇ဲမှ ဆုံးဖြတ်ပါ။ ခင်ဗျားက အပျော်သဘောပျင်းပြေ
စိတ်ဖြေ လောက်သဘောထားသလို တစ်ဖတ်လူကလည်း ငါလဲသူ့လိုပဲ အပျင်းပြေ၇ုံလောက်ဆိုပြီး သဘောထား၇င်တော့
ဘာမှမဖြစ်ပါဘူး။ ဒါပေမယ် ဒီလိုကြိမ်ဖန်များစွာပြုလာ၇င် ယောက်ျားပဲဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် ကြာလာ၇င် ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတတ်လာတော့ဘူး..။မိန်းကလေးအတွက် ပိုဆိုးပါတယ်..။ သေချာတာတော့ ဒီလိုလူတွေအတွက်တော့
ကိုယ့်စိတ်ဓာတ် နဲ့ အတူ ကိုယ့်နှလုံးသာကို ကိုယ့်လတ်နဲ့ ကိုယ်ကျင့်တ၇ားတွေ ကိုစုတ်ဖြဲလိုက်တာပါပဲ။
ခင်ဗျားအနေနဲ့ အ၇ာအားလုံးကို ဆုံးဖြတ်ထား၇င် ဘာအကြောင်းနဲ့မှ နောက်မဆုတ်သင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်
ဘာမဆို၇င်ဆိုင်မယ် ဆိုခဲ့ပြီးမှ ၊ နားလည်မူ့တွေတည်ဆောက်လာခဲ့ပြီးမှ ၊ သံယောဇဉ်တွေ ခိုင်မာလာခဲ့ပြီးမှ ၊
ယုံကြည်မူ့တွေအမြစ်တွယ်လာပြီးမှ ၊ အနာဂတ်ကို နှစ်ယောက်ပုံဖော် စိတ်ကူးခဲ့ပြီးမှ ၊ အတူတူ ချစ်ကြီးခဲ့ပြီးမှ ၊
၇ိုင်း၇ိုင်းပြော၇၇င် ခင်ဗျားတို့ အတူတူ ကျုးလွန်ခဲ့ပြီး၇င် ခင်ဗျားအနေနဲ့ ကျောခိုင်မသွားသင့်ပါဘူး။ ယောက်ျားပဲ ဖြစ်ဖြစ်
မိန်းမပဲဖြစ်ဖြစ် မလုပ်သင့်ပါ ။ အမုန်းဆုံးက live together စနစ်ပါ..။လုံးဝ ၇ူတ်ချ ခြင်းတော့မဟုတ်ပါ။ခေတ်လူငယ်
တစ်ယောက်အနေနဲ့ ဒီအမြင်ကို ဆိုပါတယ်..။ဒါပေမယ့် အတူတကွနေလာပြီးမှ တစ်ယောက်နဲ့တစ်ယောက် ဘာမှမဖြစ်သလို
တစ်လမ်းဆီထွက်သွားခြင်းဟာ စတ်ဆုတ်စ၇ာကောင်းပါတယ်..မြန်မာ့ ယဉ်ကျေးမူ့ကို စော်ကားတဲ့အပြုအမူ ။ဒီလိုလူတွေအတွက်
ဆိုလိုနေခြင်း မဟုတ်ပါဘူး။ ချစ်ခြင်းတ၇ားကို ၇ိုးသားစွာချစ်ခင်မြတ်နိုးသူတွေအတွက်ပဲ ဆိုလိုပါတယ်။ဒီလိုအခြေအနေအဆင့်ထိ
ေ၇ာက်ခဲ့ပြီးမှ ခင်ဗျားအနေနဲ့ ပြေးထွက်မသွားပါနဲ့။ ခင်ဗျားအနေနဲ့ စောဒက တတ်ချင်တတ်ပါလိမ့်မယ်။ ကံကြမ္မာက
အခြေအနေမပေးတာတို့ ၊ေ၇ွးချယ်စ၇ာ လမ်းမ၇ှိတော့တာတို့ ၊ လူမျိုးမတူလို့ ၊ ဘာသာကွဲလို့ ဆိုတာတွေပေါ့။ခင်ဗျား အနေနဲ့
ဆင်ခြေတွေ မြင်းခြေတွေ ပေးပါလိမ့်မယ်။ ဟုတ်ပါတယ်။
ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒါတွေအစကတည်းက သိထားပြီး၇င်လည်း ပြီးမယ် ၊ ဒါတွေ မသိထားလဲ ခင်ဗျား၇င်ထဲမှာ
အချစ်ဆိုတာ မြတ်နိုးတတ်၇င် ဒါတွေကိုမမြင်တတ်ပါဘူး ဆိုတာလည်း သိဖို့လိုပါတယ်။
ကံကြမ္မာ ဆိုတာကြီးက ခင်ဗျားကို ဘာမှပေးမှမဟုတ်ဘူးဆိုတာ သိဖို့လိုသလို ခင်ဗျားကပဲ ကိုယ့်ကံကြမ္မာကို
ကိုယ်သာဖန်တီးနိုင်၇မယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မူ့ ၇ှိပါ။ တူနှစ်ကို ၊တဲအိုပျက်မှာနေ၇နေ၇ ၊ ထမင်း၇ည်ပဲအတူ
လျှက်၇လျှက်၇..ဆိုတဲ့ေ၇ှးစကားပုံအတိုင်း ဒီခေတ်ကြီးမှာ ဒီလောက်အ၇ည်အချင်းမဲ့ သူတွေမ၇ှိပါဘူး။ ဒီစာဖတ်နေစဉ်မှာပဲ
ခင်ဗျားဟာ ဒိလို အ၇ည်အချင်းမဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံပါတယ်။ ဘာလို့လဲဆိုတော့
ကွန်ပျူတာခလုတ်ပေါ်မှာ ခင်ဗျား လတ်ချောင်းတွေ တင်ထားပြီဆိုကတည်းက ခင်ဗျားမှာ အသိပညာ ၊အတတ်ပညာ ၊
အ၇ည်အချင်း ၇ှိသင့်သလောက်၇ှိနေပါပြီဆိုတာ သေချာနေလို့ပါ။ လူမျိုးစွဲ ၊ဘာသာစွဲ ၊အဆင့်အတန်းခွဲ ၊ ဝါဒခွဲ ၊
အစွန်းေ၇ာက်အစွဲ ၊ ဂုဏ်၇ှိန်ဓနခွဲ ၊ ဒါတွေက ပိုပြီး အကျည်းတန်ပါတယ်..ေ၇ှး၇ိုးစွဲ ခေတ်အမြင်မ၇ှိ
အသိတ၇ားကိုနောက်ပြန်ဆွဲပြီး အသိအမြင်၇ှိပြီးအသိတ၇ားမဲ့သူတွေ၇ဲ့ေ၇ှး၇ိုးစွဲ အယူအဆပါပဲ။ သေချာတွေးကြည့် ခင်ဗျားနဲ့
ကျွန်တော် ဘာတွေ ဘယ်လောက်ပဲ ကွဲကွဲ သေဆုံး၇တာချင်းအတူတူပါပဲ။ ခင်ဗျားနဲ့ကျွန်တော် သေပြီး၇င် တွေးထင်ထားသမျှ
ဘာမှ မသတ်ဆိုင်တော့သလို ..ခင်ဗျား ပြောဆိုခဲ့တဲ့စကားတွေလဲ ပြန်ကြားနိုင်မှာ မဟုတ်တော့ပါဘူး။ မသေခင်မှာ
ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကိုယ်ကျင့်တ၇ားတွေ ထိန်းသွားတတ်၇င်ေ၇ှ့ဆတ်၇မယ့်သံသ၇ာ ခ၇ီးအတွက် ၇င်အေး၇ပါသေးတယ်။
ချစ်ပြီး ၊ဆုံးဖြတ်ပြီးနောက်ပိုင်း စဉ်းစားတွေးတတ်ဖို့ဆိုတာ စကားခံပြောထားပါတယ်နော်။ သစ်ပင်တစ်ပင်ဟာ
သူရဲ့သစ်၇ွက်တွေပဲခြွေခြွေ ၊ အကိုင်းအခတ်တွေပဲ ချိုးချိုး ၊ ပင်စည်ပဲ ခုတ်ခုတ် ၊အပွင့်အဖတ်ပဲ ချေချေ နောက်ထပ်
နောက်တခါပန်းတွေဖူးဝေနိုင်ပါသေးတယ် ၊အ၇ွက်တွေ စိမ်းနိုင်ပါသေးတယ် ၊အကိုင်းအခတ်တွေ ထိုးထွတ်နိုင်ပါသေးတယ်။သူ့၇ဲ့
ေ၇သောက်အမြစ်ကို ခင်ဗျားဆွဲယူ နူတ်လိုက်တာနဲ့ သူ့ဘဝဟာ အ၇ာ၇ာ ခန်းခြောက်သွားပါပြီ ၊။
အချိန်မှီပြုပြင်သူတစ်ယောက်မ၇ှိ၇င် သူ့အတွက် သေသွားပါပြီ။ ခင်ဗျားနေနဲ့ တစ်ထစ်ချ အချိန်မှီပြုပြင်သူပေါ်လာမယ်လို့
ယုံကြည်ပါသလား။ အချိန်မမှီခင်လည်း သူသေသွားနိုင်ပါသေးတယ်။ လူတစ်ယောက်၇ဲ့ ခန္ဓာပေါ်မှာ ခင်ဗျားအနေနဲ့
ဒဏ်၇ာ၇စေခဲ့၇င် အသည်းခိုက်အောင်နာကျင်၇ုံ ပါ။ သွေးထွတ်၇ုံ ပါ။ ဂ၇ုစိုက် ဆေးထည့်၇င် ပျောက်ကင်းနိုင်ပါတယ်။
လူတစ်ယောက်၇ဲ့ေ၇သောက်မြစ်ဟာ စိတ် ပါပဲ။သူ့ကိုတော့ ဆွဲမနူတ်လိုက်နဲ့..သစ်ပင်နဲ့သေတာချင်းအတူတူ လူနှလုံးသားဟာ
နာကျင်ခံစားကြေကွဲ၇င် လူဖြစ်၇ူံးခြင်းနဲ့ ဘဝကို စုတ်ပြတ်သပ်သွားစေနိုင်ပါတယ်။ ခင်ဗျားအနေနဲ့လူတစ်ယောက်၇ဲ့စိတ်ကို
နာကျငကြေကွဲစေလိုက်တာနဲ့ သူထင်ထားတဲ့အ၇ာတွေ ၊ခင်ဗျားပေးခဲ့တဲ့ မျှော်လင့်ချက်တွေ ၊ယုံကြည်မူ့တွေ ၊သံယောဇဉ်တွေ
ခိုင်မာ ခဲ့သမျှ အိုဗျာ..သူ့မမှာ ဘာဆိုဘာမှ ဖြေသိမ့်စ၇ာ မ၇ှိတော့၇င် သူ့၇ဲ့ခံနိုင်ေ၇ဟာ
အဆုံးသတ်သွားစေပါလိမ့်မယ်။အပြစ်မ၇ှိလို့ အပြစ်၇ှာ ၊ေ၇ှာင်ကွင်း ထွက်ပြေး၇င် ခင်ဗျားဟာ
စိတ်ဓာတ်အောက်တန်းစားလူ့အန္ဒ(ဓ) ၊တစ်ယောက်အဖြစ် သတ်မှတ်လိုက်တာပါပဲ။ ခင်ဗျား အနေနဲ့ ငါလုပ်တာ
ဘယ်သူမှမသိဘူးဆိုပြီး ခင်ဗျား ၇ဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ နှလုံးသားကို ဖုံးကွယ်ထားနိုင်ကောင်း ထားနိုင်ပါလိမ့်မယ် ။
၇ချင်၇မှာပါ။ ဒါပေမယ်လို ...ဘဝမှာ အောက်ကျဆိုး၇ွားတဲ့ အ၇ိပ်မည်းဟာ ..ဒီလို
ငါလုပ်ခဲ့ဖူးပါလားဆိုပြီး..အမြဲခြောက်လှန့်နေပါလိမ့်မယ်။ အဒီလိုပဲ တဖတ်သားတစ်ယောက်ကလည်း ခင်ဗျား၇ဲ့
စတ်ဆုတ်စ၇ာကောင်းတဲ့စိတ်ဓာတ်ကို သိသွားပါပြီ။ ( ၇ှတ်တတ်၇င် လဲသေဖို့ကောင်းပါတယ် ) ခင်ဗျားအတွက်ကောင်းတာ
တစ်ခု၇ှိတယ်..တစ်ဖတ်သူက ၇ိုးသားစွားသစ္စာ ၇ှိ၇ှိ ချစ်နေသူဖြစ်လို့ ခွင့်လွတ်နေမှာပါ..။ဒါပေမယ်လို့ နောက်တစ်ကြိမ်
ခင်ဗျားမှာ ဖြူစင်တဲ့ ၇င်ခွင်မှာ နောက်တစ်ကြိမ် ပြန်ခိုလှုံ၇ဖို့ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး ။
ခင်ဗျားကလည်း မာန တစ်ခွဲသားနဲ့ " ငါလည်း ထွတ်ပြီး၇င် လှည့်မကြည့်တတ်ဘူးလို့ " ပြောနိုင်ပါတယ်။
ဟုတ်ပါတယ်။ဒါပေမယ် နောက်တစ်ခါ လာခြင်းမလာခြင်းဟာ ဘာမှ ထူးခြားတဲ့ ဖြစ်စဉ်အဖြစ် ပြောင်းလဲလာမှာမဟုတ်တော့ဘူး။
ခင်ဗျား ကျော ခိုင်းသွားပြီးဆိုကတည်းက ခင်ဗျားနောက်မှာ အ၇ိပ်တစ်ခုက အမြဲ၇ှိနေတော့မှာပါ။ ခင်ဗျားကြောင့်
နာကျင်ကြေကွဲနေသူတွေ၇ဲ့ မနတ်ဖြန်တွေဟာ ခင်ဗျားနဲ့ အတူဖြတ်သန်းလာတဲ့ နေ့၇က်တွေနဲ့ နည်းနည်းမှမတူတော့တာတော့
သေချာပါတယ်..သူ့စိတ်မှာ ပျော်၇ွင်မူ့တွေ ဟာ အတုအေ၇ာင်တွေအဖြစ် စိတ်ထဲကို နာနာကျင်ကျင်
စူးနစ်ဝင်ေ၇ာက်သွားပြီလေ။စိတ်နှလုံး နာကျင်ကြေကွဲခြင်း၇ဲ့ ဝေဒနာဟာ လောကမှာ အပူလောင်ဆုံး ၊နာကျင်၇ခတ်ဆုံး ၊
မွန်းကြပ်ဆုံးပါ ဝေဒနာပါ။
ခံနိုင်၇ည် ၇ှိသရ်ျ့ ခင်ဗျားအတွက် အ၇ာ၇ာဟာ ချောမွေ့နေဦးမှာပါ ။တခြားသူအတွက် ခင်ဗျား၇ဲ့
ေ၇ွးချယ်မူ့ဟာ မှန်ကောင်းမှန်ပါလိမ့်မယ်..ဒါပေမယ် သူ့အတွက်တော့ ကမ္ဘာပျက်လောက်အောင် နာကျင်စေခဲ့ပါပြီ။
ပျက်စီးသွားပါပြီ။ ခင်ဗျား မ၇ှိ၇င် ၇ူးလောက်အောင် ခံစားပြီး ချစ်တဲ့သူ ကိုစွန့်ခဲ့ပြီ်း ခင်ဗျားမ၇ှိလည်း ဖြစ်နေတဲ့
သူတွေအတွက်ေ၇ွးချယ်လိုက်၇င် အမှားကြီး မှားသွားပါပြီ။ သူတို့တွေက သူတို့ခံစားချက်နဲ့ထပ်တူကျနေသမျှ သူတို့အတွက်
လိုအပ်နေသမျှ ခင်ဗျား ဟာ တန်ဖိုး၇ှိမှာပါ..တစ်ချိန်ကျ၇င်...တော့..။
လောကမှာ ဘယ်သူ အောက်တန်းကျကျ၊ ၇က်စက်စက်၊ လမ်းဘေးသူတောင်းပဲဖြစ်ဖြစ်အဆိုး၇ွားဆုံးဟာ
မိမိလတ်တွဲဖော် ၊ မိမိနှင့်ထပ်တူထပ်မျှ ချစ်သူအပေါ် ၊မိမိအိမ်ထောင်ဖတ်အပေါ် ဖောက်ပြန်ခြင်းဟာ
စတ်ဆုတ်၇ွံ၇ှားစ၇ားအကောင်းဆုံး..စိတ်ဓာတ်အောက်တန်းကျဆုံး..လူ့တိ၇ိစ္ဆာန်..လူ့အန္ဒ(ဓ)ကိုယ်ကျင့်တ၇ားမဲ့ဆုံး
၊အ၇ှတ်ကင်းမဲ့ဆုံးပါ။ ဒီလိုလူဟာ အပြင်ပုံပန်းအ၇ သူ့လုပ်၇ပ်ဟာ အများတွက်ဖြစ် ၊တစ်ဦးတစ်ယောက်တွက်ဖြစ်စေ ၊
သမ္မတပဲလုပ်လုပ် ၊ ခေါင်းဆောင်ပဲလုပ်လုပ် သူဟာ အနှစ်သာ၇ ကင်းမဲ့သူ..လူ့ကျင့်ဝတ်နဲ့
ကိုယ်ကျင့်တ၇ားစည်းမစောင့်သူဖြစ်တာပါပဲ။ ယောက်ျားပဲဖြစ်ဖြစ် ၊မိန်းမပဲဖြစ်ဖြစ် ဒီလိုလုပ်၇ပ်နဲ့ အပြုအမူမျိုး ဟာ
အောက်တန်းကျတဲ့လူ ၊အဆင့်တန်းမဲ့တဲ့လူ ၊ သာယာမူ့တွေ့၇င် ဖောက်ပြန်တတ်သူဖြစ်နဲ့ ကိုယ့်စိတ်ဓာတ်ကို
အေ၇ာင်ဆိုးလိုက်တာပါပဲ။ သွေးသားနဲ့တည်ဆောက်ထားတာချင်းအတူတူ စောင့်ထိန်း၇မယ့်အ၇ှတ် ၊အသိ၊ သတိ၊
ကိုယ့်လတ်တွဲဖော်ကို သစ္စာ စောင်ပသိစွာ ချစ်ခင်ပြီး စောင့်တတ်တဲ့ အသိတ၇ား၇ှိဖို့လိုပါတယ်။ ခင်ဗျား၇ဲ့ အပြုအမူတွေကို
လုပ်၇က်ကောင်းတွေနဲ့ ဖုံးဖိထားနိုင်ပါတယ်။ မေ့မထားဖို့၇ာက မမြင်၇တဲ့တစ်နေ၇ာမှာ စိမ်းစိမ်းကြီး စိုက်ကြည့်နေတဲ့
မျက်ဝန်းတစုံက ခင်ဗျား ကိုကြည့်နေပါလိမ့်မယ်။ကိုယ့်စိတ်ကို ခြောက်လှန့်နေပါလိမ့်မယ်ဆိုတာ သိပါ။ ခင်ဗျားဆတ်၇မယ့်
သံသ၇ာဆိုတဲ့ ခ၇ီး၇ှည်ကြီးထဲကို ကိုယ့်လတ်နဲ့ ကိုယ်တိုင်အိတ်ထ်ဲကောက်ထည့်လိုက်တာပါပဲ။ ခံနိုင်၇ည်၇ှိနေသရ်ျ့ ခင်ဗျား
အိတ်ထဲကနေ သူ့အလိုလို ဘယ်တော့မှ ထွတ်ကျလာမှာမဟုတ်သေးပါဘူး ။ဒီအဖြစ်ပျက်တွေ
မေ့ချင်မေ့သွားမယ်။လှောင်၇ယ်ချင်၇ယ်နေလိမ့်မယ်။ သိထားသင့်တာက ကိုယ့်၇ဲ့နောက်မှာ ဒီအဖြစ်အပျက်တစ်ခုနဲ့လုပ်၇ပ် ၊
နာကျင်ကြေကွဲသွားသူ၇ဲ့ မျက်ဝန်းတွေ က ကိုယ့်စိတ်၇ဲ့နောက်ကျောမှာ အမြဲ ကပ်ပါနေလျက်ပါ။
အ၇ိပ်ကောင်းတဲ့သစ်ပင်ကို အ၇ွက်လောက်ပဲ ခူးခူး အကိုင်းလောက်ပဲချိုးချိုး သူရဲ့ေ၇သောက်မြစ်ကို
မခုတ်ဖြတ်မိပါစေနဲ့။ဒီသစ်ပင်ဟာ တခြားသူတွေအတွက် အ၇ိပ်ခိုလှုံ၇ာ ဖြစ်နေလို့ပါ။ အမောဖြေ၇ာ အ၇ိပ်ဖြစ်
အားကိုးနေလို့ပါ။ဒီအပင်ကိုသေစေလိုက်တာဟာသူ့အပြင်သူ့အပေါ်အားကိုးနေတဲ့တခြားသူတွေပါအားလုံးအ၇ိပ်မဲ့စေတာနဲ့အတူတူပါပဲ။
မျက်မမြင်တစ်ယောက်က ခင်ဗျားကို အားကိုးတကြီးနဲ့ တန်ဖိုးထားချစ်ခင်နေချိန်မှာ ခင်ဗျားအနေနဲ့ လမ်းမှာထား၇စ်ေ၇ာက်စေပြီး
ထွတ်မသွားသင့်ပါဘူး။ ထွတ်မသွားပါနဲ့ သူဟာ ခင်ဗျားကို အ၇ာအားလုံးထတ် တန်းဖိုးထားချစ်ခင်နေလို့ပါ။သူဟာယုံကြည်နေမှာပါ။
စာဖတ်သူအနေနဲ့ ဒီလိုထား၇စ်ခံ၇သူနေ၇ာကနေ ကြည့်ပြီး ""
ငါသာဆို၇င်မဖြစ်ပါဘူး...မလုပ်ပါဘူး..မနေပါဘူး..ပျင်းတောင်ပျင်းသေးတယ် ""လို့ ဆိုနေလောက်ပြီ။ စာေ၇းသူ
ပြောခဲ့ပြီးပါပြီ...သူလိုလူတွေ ဘာကြောင့် ဒီလို စိတ်နာကျင်သွားကြသလဲဆိုတာအားလုံး..။ လူ့၇ဲ့ စိတ်ဟာ
ကစားဖို့မဟုတ်ပါဘူး။ကိုယ့်ကြောင့်လူ့စိတ်ဟာ အကောင်းဘတ်ပြောင်းလဲလာ၇င်တော့ ဝမ်းသာစ၇ာပါ..အဆိုးဘတ်ကို
ပြောင်းလဲသွား၇င်တော့ သူဟာ လုံး ဆိုးသွမ်း၇က်စက်သူ လဲဖြစ်သွားနိုင်သလို လမ်းဘေးလဲေ၇ာက်သွားနိုင်ပါတယ်။စာေ၇းသူ
ပြောချင်တာက နာကျင်သူတစ်ယောက်ကို လှောင်၇ယ်ဖို့ ထတ် ပြုလုပ်သူကိုသာ လှောင်၇ယ်သင့်ပါတယ်။ ခင်ဗျားအနေနဲ့
ကိုယ်တိုင်မလုပ်မိဖို့လည်း လိုပါတယ်..။ခဏလောက် သူ့နေ၇ာကနေ မွန်းကြပ်မူ့ နာကျင်မူ့တွေ ခံစားကြည့်ပါ။
ခံနိုင်၇ည်မဲ့သွားတဲ့ သူ၇ဲ့အထင်အမြင်အယူအဆတွေကိုလေ။
ဆုတ်ကိုင်ပြလို့၇တဲ့ အ၇ာဝတ္ထုမှန်သမျှဟာ သူခံနိုင်၇ည်နဲ့သူ ၇ှိပြီးသားပါ။ ခင်ဗျားအနေနဲ့ ဘာမှမဖြစ်ဘူးဆို
ကိုယ့်ခံနိုင်၇ည်ထတ်ကျော်လွန်တဲ့ ထိုးနှက်ချက်ဒဏ်ကို မတွေ့ကြုံသေးလို့ပါ။ ခြွင်းချက်အနေနဲ့ ခင်ဗျားမှာေ၇ွးချယ်စ၇ာ
လမ်းမ၇ှိတော့ဘူးဆို၇င် တစ်ဖတ်လူ နာကျင်သတ်သာအောင် ၊ဆွေးနွေးတိုင်ပင် ၇ှင်းပြသင့်ပါတယ်။ တစ်ဖတ်သူက
ဒီအခတ်အခဲကို နှစ်ယောက်အတူကျော်နိုင်ဖို့မဖြစ်တော့ဘူးဆို ခင်ဗျားကို ခွင့်လွတ်စွာ အေးအေးချမ်းချမ်း အပြုံးလေးနဲ့
ေ၇ှာင်ဖယ်သွားပါလိမ့်မယ်..။ သူ့အပေါ်သစ္စာမဲ့ချင်တိုင်း မုသားတွေမသုံးဖို့တော့လိုပါတယ်..ဖြေသိမ့်စ၇ာတခုခုတော့
ပေးသင့်ပါတယ်..။မိမိဟာ ဘယ်လို လူစားလဲဆိုတာ မိမိ၇ဲ့ ကိုယ်ကျင့်တ၇ားကပဲ ပေးပါတယ်။ ခင်ဗျာအနေနဲ့ ကျွန်တော့ကို
မုန်းနေလောက်ေ၇ာပေါ့..ဘာမဟုတ်တဲ့စကားတွေ နားထောင်နေ၇တယ်ဆိုပြီး ။ကဲဗျာ..တော်ကြစို့..ကျွန်တော်တို့အားလုံး
သူတစ်ပါး၇ဲ့ စိတ် ခံနိုင်၇ည်အားထတ်ကျော်လွန်ပြီး နာကျင်မူ့ ကြေကွဲမူ့တွေ မပေးတာ အကောင်းဆုံးပါ ..၇င်ထဲမှာ
၇ိုးသားတဲ့အဖြူေ၇ာင် အချစ်တွေမပါပဲနဲ့ ထာဝ၇နဲ့ သစ္စာ ဟာ ဘယ်တော့မှ မပျက်စီးတတ်တဲ့မေတ္တာတ၇ားတွေဆိုတာ
သိတတ်တန်ဖိုးထားတတ်၇င် အချစ်ဆိုတာ တကယ့်ကို ဖြူစင်အေးချမ်းစေတဲ့ စကားလေးပါဗျာ.........။
( မှတ်ချက်။ ။သူငယ်ချင်းနျစ်ယောက်၇ဲ့အဖြစ်ပျက်လေးပါ..တစ်ယောက်ကမိန်းကလေး..သူတို့ ချစ်ကြသူတွေ
သစ္စာမဲ့သွားကတည်းက အေးအေးလေးနေတတ်တဲ့ကောင်မလေး အခုတော့
တစ်ယောက်ပြီးတစ်ယောက်တွဲ..နောက်တစ်ယောက်ကတော့ သူ့မိဘ တွေတောင် ဖုန်းမဆတ်..ပိုက်ဆံမပို့တော့ပဲ အ၇က်ခွတ်ထဲခေါင်းနစ်နေတဲ့ကောင်းလေး
မပျက်စီးစေချင်ပါဘူး၊ နောက်ပြီး..ကျွန်တော်
ကြုံဖူးလို့လားလဲ မဟုတ်ပါ..ချစ်သူနဲ့က အ၇ာ၇ာ အဆင်ပြေပါတယ်..ယုံကြည်မူ့နဲ့နားလည်မု့တွေ သူ ချစ်သလို ကိုလဲ
ချစ်ကြပြီးသား..စာေ၇းသား၇ိုင်းစိုင်းခဲ့၇င် စာဖတ်သူပေါင်း လတ်အုပ်၇ှိခိုး တောင်းပန်အပ်ပါတယ်...၊)
Shared from Ma Moenge Aung
ဦးသောင်းတင် တစ်ယောက် မနက်စာ စားနေရင်း ညက အိမ်မက်ကို ပြန်တွေးနေမိသည်။ တကယ်တော့ ပြန်တွေးသည် ဆိုတာထက် စိတ်ထဲကို အလိုလို ရောက်နေသည်ဆိုလျင် ပိုမှန်မည်။ အိမ်မက်က တိုတိုလေးပါပဲ။ မေ့လို့မရနိင်လောက်အောင် ရှင်းရှင်းလင်းလင်း မက်ခဲ့ခြင်းဖြစ်သည်။ ရှင်းလင်းလွန်းသဖြင့် စိုးရိမ်စိတ်လည်း အနည်းငယ် ဝင်မိသည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သတိပေးတာ မမှားနိင်လောက်ဘူး ဟု တွေးမိသဖြင့် ရေနွေးကြမ်းတစ်ခွက် သောက်ပြီး ရွှေတူးခြင်း စတင်နေပြီဖြစ်သော ခြေရင်းခြံဘက် ကူးလာခဲ့သည်။
သူ ကျင်းအနီးကိုရောက်တော့ ခြံရှင် မိုးကျော် အပါအဝင် အလုပ်သမားများမှာ လုပ်ငန်းဝင်ခွင်ဖို့ ပြင်ဆင်နေကြပြီ။ နေရာအနှံ့ ရွှေထွက်လေ့ရှိသော သူတို့ရွာသည် ရွှေထွက်နှုန်းများသည့် ချောင်းကမ်းဘေးတွင် တည်ရှိသည်။ အခြားနေရာတို့ထက် ရွှေပါဝင်မှု ပိုများသော ချောင်းကမ်းစပ်တွင် တည်ရှိသည့် ခြံတိုင်းလိုလို ရွှေတူးလေ့ ရှိကြသည်။ ဦးသောင်းတင်၏ ခြံတွင်လည်း သူ၏သားအကြီး ထွန်းထွန်းက ဦးဆောင်ကာ ရွှေတူးနေသလို ခေါင်းရင်းခြံတွင်လည်း တူးနေသဖြင့် ခြံ ၃ ခြံ တပြိုင်ထဲ တူးနေသလို ဖြစ်နေ၏။ သူတို့ ၃ခြံမှာ ချောင်းအစပ်တွင် တစ်ဆက်တည်း ရှိသောကြောင့် တိုင်ပင်ပြီး တစ်ပြိုင်တည်း တူးကြခြင်းလည်း ဖြစ်၏။
ဤနေရာတွင် ရွှေတွင်းတူးခြင်း၏ လုပ်ငန်းသဘာဝ အနည်းငယ်ကို ဖော်ပြရလျင် ရွှေတွင်းတူးရန် ပျမ်းမျှ လူ ၁၀ ယောက်ကျော်လိုအပ်သည်။ ပထမဆုံး အပေါ်ယံမြေလွှာများကို ဖယ်ရှားပစ်ရမည်။ ၄င်းကို ခေါင်းပေါင်းကျင်းသည်ဟု ခေါ်လေ့ရှိသည်။ ခန့်မှန်းခြေအားဖြင့် မြေအနက် ၁၀ပေနီးပါးခန့်ကို တူးဖယ် ပစ်ရသည်။ မြေသယ်သော ဂေါ်တောင်းများဖြင့် တူးပြီးသော မြေကြီးကို ဖယ်ရှားပစ်ကြသည်။ မြေသားများ၊ သဲအလွှာများ ကုန်ဆုံးပြီး ကျောက်ခဲနှင့် သဲ ရောထားသော မြေအလွှာရောက်မှ ရွှေရှာဖို့ စတင်ပြင်ဆင်ရသည်။ ထိုကျောက်ခဲနှင့် သဲ ရောထားသော မြေမျိုးတွင်သာ ရွှေကြောများ ရှိတတ်သည်။
ထိုရွှေကြောသို့ရောက်လျင်တော့ လူသုံးလေးယောက်ခန့်မှ သံဒိုင်ကိုင်ကာ မြေဆွကြရသည်။ သံဒိုင်ဆိုသည်မှာ နှစ်ဖက် ချွန်ထားသော သံချောင်းအပိတ် ဖြစ်သည်။ ထို သံဒိုင်ဖြင့် တွင်းထဲမှ မြေသားများကို ကျစ်လစ်မှု လျော့စေရန် တူးဆွ ပေးရသည်။ ထိုကဲ့သို့ တူးဆွထားသော မြေကြီးများကို ပို့စက်ကိုင်သူတစ်ယောက်မှ မြေသားနှင့် ကျောက်ခဲများ ပြိုကျစေရန် ရေအားဖြင့် မှုတ်ထုတ်ပေးရသည်။ ပို့စက်ဆိုသည်မှာ ချောင်းထဲမှ ရေများကို စုပ်ယူကာ တွင်းထဲသို့ ပို့ပေးသော စက်ကို ခေါ်ခြင်းဖြစ်သည်။
ထိုစက်မှ ထွက်လာသော ရေများကို ရေပိုက်မှ အရှိန်ကောင်းကောင်းထွက်စေကာ မြေသားများကို တိုက်စားပစ်သည်။ ရေစီးနှင့် မျောလာသော မြေနှင့် ကျောက်ခဲများကို လူ သုံးလေးယောက်ခန့်မှ ကျောက်ခဲများရွေးထုတ်ကာ မြေကြီးနှင့် သဲများကို ပေါက်ပြားများဖြင့် မုန်စုပ်စက်ဆီ ဆွဲကာ ပို့ပေး၏။ ရွေးထုတ်ထားသော ကျောက်ခဲများကိုလည်း ဘေးနားတစ်နေရာသို့ စုပုံထားကြသည်။ ကျောက်ခဲများ ဖယ်ထုတ်ပြီးရေစီးဖြင့် ကျလာသော သဲမြေများကို လူတစ်ယောက်က လက်ဖြင့်ယက်၍ မုန်စုတ်စက်ဆီသို့ ပို့ပေးရသည်။
မုန်စုပ်စက်ကို တူးနေသောတွင်းထဲတွင် သစ်သားတိုင် သုံးချောင်းကို ဖိုခနောက်ဆိုင် ဆိုင်ကာ ကြိုးဖြင့် ဆိုင်း၍ တွဲလောင်း ကျနေအောင် ချိတ်ဆွဲထားရ၏။ မုန်စုပ်စက်ဆိုသည်မှာ ဝင်ရောက်လာသော သဲမြေများကို ကျင်းအပေါ်သို့ ပိုက်မှတစ်ဆင့် မှုတ်တင်ပေးသော စက်ဖြစ်သည်။ ပိုက်မှတစ်ဆင့် ကျင်းပေါ်ရောက်လာသော သဲနှင့်ရေများကို ဇလားခေါ် လေးထောင့် ပုံးထဲ ကျဆင်းစေပြီး ထိုမှတစ်ဖန် ရေတံလျှောက်ကို ဖြတ်သန်းပြန်သည်။ ရေတံလျှောက်တွင် ရွှေဖမ်းကော်ဇော၊ သပွတ်အူ၊ အုန်းဆံကြိုး စသည်ဖြင့် ကန့်ထားသော နေရာ တို့ကို ဖြတ်သန်းစေ၏။
လေးလံသော ရွှေသတ္တု၏ သဘာဝအရ၊ ၄င်း ရွှေဖမ်းကော်ဇောနှင့် အုန်းဆံကြိုး တားထားသော နေရာတို့တွင် ရွှေမှုန်များနှင့် သဲ၊ ကျောက်ခဲအသေးအချို့ ကျန်ရစ်ခဲ့သည်။ ၄င်းကို ရွှေသဲစာ ဟုခေါ်၏။ ယင်းရွှေသဲစာများကို စုစည်းပြီး တိုင်ကီပိုင်းအပြတ်တွင် ထည့်ကာ စုဆောင်းထားကြသည်။ ထို့နောက်မှ တစ်ရက်စာ တစ်ရက်ဖြစ်စေ၊ ၂ရက်၃ရက် စုစည်း၍ဖြစ်စေ ရွှေသဲစာကိုထုတ်ယူကာ “အင်” ဟုခေါ်သော ရွှေကျင်သည့် သစ်သားပြား ဝိုင်းကလေးဖြင့် ရေပေါ်တွင် လျှပ်တိုက်ပြီး ကျင်ယူကာ ရွှေမှုန်များကို ကဲ့ယူရသည်။
အင်ထဲတွင် ရှိနေသော သဲနှင့် ကျောက်ခဲသေးလေးများမှာ ရေဖြင့် လွှင့်ပါသွားကြပြီးသောအခါ ရွှေမှုန်များနှင့် အမည်းရောင် သဲ(ရွှေချီး) အနည်းငယ်သာ ကျန်ရစ်တော့သည်။ ၄င်း ရွှေမှုန်များကို စုဆောင်းပြီး ပြဒါးဖြင့် ဖမ်းလိုက်သောအခါ အဖြူရောင် ရွှေအခဲလုံးလေးကို ရရှိသည်။ ရလာသော အဖြူရောင် ရွှေအခဲလေးကို မီးဖုတ်လိုက်ပါက လူသားတို့ မက်မောသော ရွှေကို ရရှိပါတော့သည်။
လုပ်ငန်းစတင်သည်မှာ သိပ်မကြာသေးသဖြင့် ခေါင်းပေါင်းကျင်းသည့် အဆင့်မှာပဲ ရှိနေကြသေးသည်။ ဦးသောင်းတင်ကို မြင်သဖြင့် ရွှေတူးနေသော လုပ်သားများကို ကြီးကြပ် ညွှန်ကြားနေဟန်ရှိသည့် မိုးကျော်က နှုတ်ဆက်လိုက်သည်။
“ ဦးလေး ဘာလိုလို့လဲ ”
ပစ္စည်းတခုခု လာငှားသည် ထင်သဖြင့် မေးလိုက်၏။
“ မဟုတ်ဘူးကွ ပြောပြစရာ ရှိလို့ ”
“ ဟုတ်ကဲ့ ဦးလေး ”
“ ဒီလိုကွ ငါညက အိမ်မက်မက်တယ် အိမ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ် ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က စကား လာပြောတယ်ကွာ ဘယ်လိုပြောလဲဆိုတော့ ”
“ ဟုတ်ကဲ့ ”
“ညောင်ပင်ကို မခုတ်စေနဲ့... အဲဒီအပင်မှာ မှီခိုနေရတဲ့သူတွေ ရှိတယ်တဲ့ မင်းတို့က ညောင်ပင်ကို ခုတ်လိုက်ရင် အဲဒီညောင်ပင်မှာ အမှီပြုပြီး နေကြသူတွေက ဘယ်မှာ သွားနေရမလဲတဲ့ အဲဒီလိုပြောပြီး အဝတ်ဖြူ ဝတ်ထားတဲ့သူလည်း ပျောက်သွားတယ်.. သူလည်း ပျောက်သွားရော အိပ်မက်ကနေ ငါလည်း လန့်နိုးလာရော ”
မိုးကျော်တို့ ခြံ အစွန်ဘက်က အလွန်ကြီးမားသော နှစ်ပေါင်းရှည်ကြာ ရှိနေခဲ့သည့် ညောင်ပင်ကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။
“ ဟုတ်လား ဦးလေး ”
“ အေးကွ အဲဒါ ဖြစ်နိင်ရင်တော့ မခုတ်စေချင်ဘူး ”
ရပ်ရွာထဲတွင် သက်ကြီးဝါကြီးသူ ဖြစ်သလို ဘုရားတရားနှင့် နေလေ့ရှိသူ ဦးသောင်းတင်၏ စကားကို အလေးအနက်ထားကာ မိုးကျော် တစ်ယောက် စဉ်းစားသွားရတော့သည်။
“ ကျနော်တို့က ဒီတစ်ကွက်လုံး တူးဖို့ မှန်းထားတာဆိုတော့ မကြာခင် တူးသွားရင်းနဲ့ ညောင်ပင်ဆီကို ရောက်သွားမှာပဲ အဲဒီအခါကျ ခုတ်မှ ဖြစ်မှာလေ ”
“ အေးလေ.. အိမ်မက်ဆိုတော့လည်း အတင်းတိုက်တွန်းဖို့ မကောင်းဘူးဖြစ်နေတယ်။ ဒီတော့ စဉ်းစဉ်းစားစားနဲ့ လုပ်စေချင်တယ် ”
“ ဟုတ်ကဲ့ပါဦးလေး ”
မိမိ၏ ကိုယ်ပိုင်လုပ်ကွက်မဟုတ်သဖြင့် ဦးသောင်းတင် တစ်ယောက် တားမြစ်ဖို့ မစွမ်းသာသောကြောင့် အိမ်ဘက်ကို ပြန်လျှောက်လာခဲ့သည်။ ထိုအိပ်မက်မက်ပြီး ၁၀ ရက်ခန့် ကြာမြင့်သွားသောအခါ ဦးသောင်းတင် ကိုယ်တိုင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့၏။ မိုးကျော်ကိုယ်တိုင်လည်း သတိမရခြင်းလား သို့မဟုတ် အလေးအနက် မထားခြင်းလား တစ်ခုခုကြောင့် ဖြစ်မည်ထင်သည်။ ခြံအနောက်ဘက် ချောင်းကမ်းစပ်အထိ ရွှေတူးရင်း ထို ညောင်ပင်ကို ခုတ်လိုက်ကာ အမြစ်ပါ တူးပစ်လေတော့သည်။
ထို့နောက် ညောင်ကိုင်း တစ်ကိုင်းကို လှေပေါ်တင်ကာ ချောင်းဟိုဘက်ကမ်းကူးပြီး “နေခဲ့ကြတော့”ဟု ရယ်ရယ်မောမော ပြောကာ ညောင်ကိုင်းကို တဖက်ကမ်းတွင် ချန်ထားခဲ့ကြောင်း ပြန်ကြားရသည်။ အပင်ကို ခုတ်ပြီးခဲ့လျင်တောင် ဒီလောက်အထိ ပေါ့ပျက်ပျက် မလုပ်သင့်ဟု တွေးမိသဖြင့် ဦးသောင်းတင် သက်ပြင်းချမိသည်။
ထိုသို့ဖြင့် ၂၀၀၉ ဇန်နဝါရီလဆန်း ပိုင်းက မက်ခဲ့သော အိမ်မက်သည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြောင်းထင်လာတော့သည်။ တိုက်ဆိုင်သည်ဟု တွေးယူ၍ မရနိင်လောက်အောင် ဆန်းကျယ်သော အဖြစ်အပျက်တို့သည် ဆင့်ကာ ဆင့်ကာ ပေါ်လာလေပြီ။
၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၄ ရက်
လူတစ်စုအတွက် ကံဆိုးမိုးမှောင် ကျစေမည့် ထိုနေ့သည် သာမန်နေ့တစ်နေ့သာ ဖြစ်သည်။ ကြမ္မာဆိုးရဲ့ စီရင်ချက် ချခံထားရသော ရွှေတူးသမား လူတစ်စုကတော့ မနက်ခင်း လုပ်ငန်းခွင် ဝင်ချိန်ထဲက သီချင်း တအေးအေး ဖြင့် ရှိနေခဲ့သည်။ မကြာမီ ရောက်လာတော့မည့် နာရီပိုင်းတွင် အဆိုးရွားဆုံး အခြေအနေ ဖြစ်လာမည်လို့ သူတို့ ထင်မထားခဲ့ပေ။ ယခင်လို သာမန်နေ့ တစ်နေ့ဟုသာ ထင်မှတ်ထားသဖြင့် သံဒိုင်ကိုင်သူ၊ ကျောက်ခဲရွေးသူ ပို့စက်ကိုင်သူ မုန်စက် ကိုင်သူ စသည်ဖြင့် ကိုယ်စီ ဆိုင်ရာ လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နေခဲ့ကြသည်။
သူတို့သတိမပြုမိသော ထူးခြားချက် တစ်ခုကတော့ ကောင်းကင်တွင် ကျီးငှက်တို့ အနည်းငယ် ပြိုနေခြင်းဖြစ်သည်။ အလုပ်ထဲတွင် အာရုံရောက်နေသဖြင့် ထိုသည်ကို သတိမထားမိကြပေ။ ထိုသို့ဖြင့် ထမင်းစားနားပြီးနောက် နေ့လည်ပိုင်းလုပ်ငန်းခွင် ပြန်စဖြစ်သည်။ သူတို့၏ ဘေးကပ်လျက် နှစ်ခြံမှလည်း တပြိုင်ထဲ ရွှေတူးနေကြသဖြင့် မုန်စုပ်စက်သံ၊ ပို့စက်သံတို့ဖြင့် ထိုပတ်ဝန်းကျင် တစ်ခုလုံး သက်ဝင် လှုပ်ရှားနေ၏။ နေ့လည် နှစ်နာရီ ခန့်တွင် ခေါင်းရင်းဘက် ခြံမှ ဦးသောင်းတင်၏ သား ထွန်းထွန်း ရောက်လာသဖြင့် တွင်းထဲဆင်းကာ ကြီးကြပ်နေသော ကျင်းပိုင်ရှင် မိုးကျော်မှာ သူငှားထားသော ပေါက်ပြားကို ပြန်ပေးရန် သတိရပြီး တွင်းပေါ်သို့ တက်လာခဲ့သည်။
“ ထွန်းထွန်းရေ မင်း ပေါက်ပြား တစ်ခါတည်း ယူသွားလိုက်ကွာ ငါမအားတာနဲ့ လာမပေးဖြစ်သေးတာ ”
“အေးအေး ယူသွားလိုက်မယ်။ ဒါနဲ့ ဒီနေ့လည် မြေတွေ တော်တော်ပြိုတယ်ဗျ၊ အခြေအနေ သိပ်မကောင်းဘူး အလုပ်ခဏနား ထားရင် ကောင်းမယ်။ ဒီမနက် ဟိုဘက်ကျင်းက လူတစ်ယောက် ပြုတ်ကျတယ်တဲ့ တိုက်ဆိုင်တာက ကျွန်တော့်ကျင်းက လူတစ်ယောက်လည်း အစောတုန်းက ကျင်းနှုတ်ခမ်းကနေ ပြုတ်ကျသွားသေးတယ် ဒါပေမဲ့ ဘာမှတော့ မဖြစ်လိုက်ကြဘူး နည်းနည်းပါးပါး နာကျင်တာလောက်ပါဘဲ ကျနော်စိတ်ထဲ သိပ်မကြည်တာနဲ့ လုပ်ကွက်တောင် ခဏ နားထားလိုက်တယ်”
ထွန်းထွန်းပြောသည်မှာလည်း မှန်သည်။ ယနေ့သည် ယခင်နေ့များထက် ပို၍ မြေပြိုနေသည်။ ရွှေတွင်းတူးရာတွင် ဘေးနံရံများ ပြိုကျခြင်းသည် ဖြစ်ရိုးဖြစ်စဉ် ဆိုသော်လည်း ယနေ့ ပြိုကျနေသော ပမာဏ ပိုများသလို ပြိုနှုန်းမှာလည်း ပြင်းထန်နေ၏။
“ အေးအေး အခုပဲ နားခိုင်းလိုက်တော့မယ် ”
မိုးကျော် တစ်ယောက် သူ၏အလုပ်သမားများကို အလုပ်သိမ်းရန် ပြောဖို့ လှည့်ထွက်စဉ်မှာပင် ဖြစ်ရပ်ဆိုးကြီး ကျရောက်လာတော့သည်။ ခြံနှစ်ခြံကြား ကာရံထားသော အုတ်တံတိုင်းနှင့် နီးသောအခြမ်းမှ မြေတွင်း ဘေးနံရံမှာ ရုတ်တရက် ဝုန်းခနဲ ကြောက်မက်ဖွယ် အသံဖြင့် ပြိုကျသွားတော့သည်။ ဖြစ်ရပ်မှာ မြန်ဆန်လွန်းသဖြင့် ကျင်းထဲတွင် အလုပ်လုပ်နေသော လုပ်သားများထဲမှ ထွက်ပြေးချိန် မရလိုက်သည့် မုန်စုပ်စက် ကိုင်သူနှင့် ပို့စက်ကိုင်သူ နှစ်ယောက်မှာ မြေဖို့ပြီးသား ဖြစ်သွားတော့၏။
ပြိုကျသွားသော မြေသားများ နေရာတွင် ရှိနေသည့် အုတ်တံတိုင်းကြီးပါ အက်ကွဲပြိုကျလာကာ မှုန်စုပ်စက် ချိတ်ဆွဲထားသော တိုင်ကြီးအား ရိုက်ချိုးပြီးနောက် မြေဖို့ထားခြင်းခံရသော လုပ်သား ၂ယောက် အပေါ်သို့ ထိုအုတ်တံတိုင်းမှာ ထပ်မံ ပိကျသွားသည်။ ထိုသူ နှစ်ယောက်အတွက်မှာ လွတ်လမ်း မရှိတော့ပေ။ ပြိုကျသွားသည့် အုတ်တံတိုင်းကြောင့် ထောက်တိုင်တစ်ချောင်း ရိုက်ချိုးခံလိုက်ရသော မုန်စုပ်စက်မှာ ညောင်ပင်ရှိခဲ့ဖူးသည့် ဘက်သို့ ထွက်ပြေးသော လူနှစ်ယောက်ကို လွှဲရိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုလုပ်သားနှစ်ယောက်၏ ခြေထောက်ကို မုန်စုပ်စက် ပိမိသွားလေတော့သည်။
အခြားတစ်ဖက်သို့ ထွက်ပြေးကြသည့် လူတစ်ချို့မှာတော့ ထွက်ပြေး လွတ်မြောက်သွားကြသည်။ တဒင်္ဂအတွင်း ဖြစ်ပျက်သွားသော ထိုအဖြစ်အပျက်ကို ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိင်သော်လည်း ဆက်လက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များကတော့ အံ့သြဘနန်း ဖြစ်ကာ ထိုဒေသတွင် ယခုချိန်ထိတိုင် ပြောမဆုံးနိုင်အောင် ဖြစ်ရလေတော့သည်။
ကျင်းထဲတွင် မုန်စုပ်စက် ပိမိနေသဖြင့် ထွက်ပြေးလို့မရ ဖြစ်နေရှာသည့် မြေပြင်ပေါ် ထိုင်ရက်သား ရှိနေသူ နှစ်ယောက်အနက် တစ်ယောက်မှာ အနည်းငယ်နိမ့်သော မြေပြင်ပေါ်တွင် ရှိနေပြီး နောက်တစ်ယောက်မှာ နည်းနည်းမြင့်သော မြေပြင်ပေါ် ရောက်နေလေသည်။ မြေကြီးဖို့ခံလိုက်ရပြီး အပေါ်မှ အုတ်တံတိုင်း ထပ်မံ ဖိခံလိုက်ရသော လူနှစ်ယောက်အား လတ်တလောတွင် မကယ်တင်နိုင်တော့သော်လည်း ယခု မုန်စုပ်စက်ဖိခံထားရသူ နှစ်ယောက်ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ရန် အားလုံးက အပူတပြင်း ၀ိုင်းဝန်း ကြိုးစားကြလေသည်။
တွင်းပြိုကျသံ ကြားရသည့် အနီးအနားမှ လူများလည်း ရောက်ရှိလာကြသည်။ တစ်ယောက်စကား တစ်ယောက်နားဖြင့် သိသွားကြသော ရွာထဲမှ လူတော်တော်များများလည်း ထပ်ရောက်လာကြပြန်သည်။ ထို့နောက် အားကောင်းမောင်းသန် ယောက်ျားကြီးတစ်ချို့က မုန်စုပ်စက်၏ လက်ကိုင်ကွင်းနေရာကို မဒမတိုင် အလုံးကြီးကြီးဖြင့် လျှိုကာ ဟိုဘက်သည်ဘက် ၈ ယောက်ခန့် သယ်မ ကြသည်။
သို့သော် အခါတိုင်း ပုံမှန်အားဖြင့် လူလေးငါးယောက်ခန့် မ လို့ရသည့် ထိုမုန်စက်မှာ တုပ်တုပ်မျှ မလှုပ်ပေ။ ထို့ကြောင့် အနီးအနားရှိ ဝိုင်းကြည့်နေသူများပါ တွင်းထဲဆင်းလာကာ တဖက်ကို ၁၀ယောက်ကျော်ခန့် ဝိုင်းမ ကြသည်။ လူအားလုံး တစ်ညီတစ်ညာတည်း ညာသံပေးကာမုန်စုပ်စက်ကြီးကို ၀ိုင်းမလိုက်ကြစဉ်……..
“ ဖြောင်း”
“ ဟာ ”
အံ့အားသင့်ဖွယ်ရာ အခြေအနေဖြစ်သည်။ စုစုပေါင်း လူနှစ်ဆယ်ကျော် ဝိုင်း မ နေကြသော မုန်စုပ်စက်မှာ အနည်းငယ်မျှ ကြွ မလာဘဲ လျှိုထားသော မဒမ တိုင်သာ အသံမြည်ပြီး ကျိုးထွက်သွားသဖြင့် စိုးရိမ်တကြီး ဝိုင်းကြည့်နေကြသူများ ထံမှာ “ဟာ” ခနဲ တအံ့တသြ အော်သံများ ထွက်ပေါ်လာ၏။ ဤမုန်စုပ်စက်ကို လူ ၆ ယောက်ခန့် မ လျင်ရနိင်သော်လည်း ယခုတော့ စက်က အပေါ်သို့ မြောက်တက်မလာဘဲ လုံးပတ် ထွာဆိုင် နီးနီးရှိသော မဒမတိုင်သာ ကျိုးသွားခဲ့ရသည်။ ရွှေတွင်းတို့ရဲ့ သဘာဝ သည် ၁၅ ပေခန့် နက်သော်လည်း ကျယ်ကျယ်ဝန်းဝန်း ရှိသည့်အပြင် အတက်အဆင်း ပြုလုပ်ရန် နေရာ ပါရှိသည်။ ထို့ကြောင့် လူ ၂၀ ကျော် တွင်းထဲဆင်းကာ သစ်သားတိုင် လျှို၍ သယ်မ နိုင်လောက်သည်အထိ နေရာ ကျယ်ဝန်းခြင်း ဖြစ်သည်။
ရွှေတွင်းတူးရာတွင် မရှိမဖြစ် လိုအပ်သည်မှာ ရေစုပ်စက် ဖြစ်သည်။ ပို့စက်မှ ပို့လွှတ်ထားသော ရေများအပြင် ချောင်းကမ်းနား နီးသဖြင့် မြေကြီးထဲမှ လျင်မြန်စွာ စိမ့်ထွက်လာသော ရေများကို စုပ်ထုတ်ရန် ရေစုပ်စက်ကို တစ်နေ့လုံး၊ တစ်ညလုံး မောင်းထားရသည်။ ရေစုပ်စက်ကို မောင်းမထားပါက နောက်တစ်နေ့ မနက်တွင် ကျင်းတစ်ခုလုံး ရေအပြည့် ဖြစ်နေတတ်သောကြောင့် တစ်ညလုံး ရေစုပ်စက်ကို မောင်းထားရလေသည်။
ယခု ပြိုကျသွားသော တွင်းထဲသို့ ရေစုပ်စက်ပါ နစ်မြုပ်သွားသဖြင့် ရေမစုပ်နိုင်တော့ သောကြောင့် မြေကြီးထဲမှ စိမ့်ထွက်လာသော ရေများမှာ တွင်းထဲတွင် တဖြည်းဖြည်း များလာပြီး မုန်စုပ်စက်နှင့် အဖိခံထားရသော လူနှစ်ယောက်ကိုပါ နှစ်မြုပ်စ ပြုနေပြီဖြစ်သည်။ ထို့ကြောင့် လူအင်အားဖြင့် ဖယ်ရှား၍ မရနိုင်သော မုန်စုပ်စက်ကို ထပ်မံဖယ်ရှားရန် ခြံထဲတွင် ရပ်ထားသော ဂျစ်ကားကို မိုးကျော်ကိုယ်တိုင် အလျင်အမြန် စက်နှိုးလိုက်သည်။ ထို့နောက် ကားကို ကျင်းနှုတ်ခမ်းအနီးတွင် ရပ်လိုက်ပြီး ဂျစ်ကားနောက်ပိုင်း၌ ကွင်းဆက်သံကြိုးရှည်ကြီး၏ တစ်ဖက်ထိပ်ကိုချိတ်ပြီး သံကြိုး အခြားတစ်ဖက်ထိပ်တွင် ကျင်းထဲမှ မုန်စုပ်စက်ကို ချိတ်လိုက်ကာ စတင်ဆွဲတော့သည်။
ဂျစ်ကားမှာ တဖြည်းဖြည်း ရှေ့သို့ တိုးသွားသဖြင့် ချည်ထားသော သံကြိုးမှာ တင်းလာသည်။ သို့သော် မုန်စုပ်စက်ကတော့ နဲနဲမျှ မလှုပ်ချေ။ ထို့နောက် စက်အရှိန်မြှင့်ကာ ရှေ့သို့ထပ်တိုးပြန်သည်။ ထိုအခါ မုန်စုပ်စက်နှင့် ချိတ်ထားသော သံကြိုးမှာ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် အလယ်မှ “ထောင်း” ခနဲမြည်ကာ ပြတ်ထွက်သွားသည်။ သံကြိုးကြီးပါ ပြတ်ထွက်သွားသဖြင့် ကျင်းပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့သြ တုန်လှုပ်သွားတော့သည်။ ထိုအချိန် ရေများကတော့ လျင်မြန်စွာ တက်လာနေလေပြီ။
စက်ပိမိနေသော မောင်ဒွန်း နှင့် ကျော်ခိုင် မှာ နာကျင်မှု အပြင် တက်လာသော ရေများနှင့် ဖယ်ရှားမရသေးသော မုန်စုပ်ကြောင့် မျက်နာငယ်လေး ဖြစ်ကာ ကြောက်လန့်၍ တုန်ယင်နေရှာ၏။ နိမ့်သည့် နေရာတွင်ရှိနေသော ကျော်ခိုင်မှာ ရင်ဘတ်လောက် ရေမြုပ်နေပြီး မောင်ဒွန်းမှာ ခါးလောက်အထိ မြုပ်နေပေပြီ။ တစ်ဘက်ကျင်းမှ ထွန်းထွန်းတို့ အုပ်စုက တက်လာသော ရေများကို စုပ်ထုတ်ရန် ရေစုပ်စက်ကို ယူလာခဲ့ကြသည်။ ထို့ပြင်အနီးရှိ နောက်လုပ်ကွက်တစ်ခုမှ ရေစုပ်စက် တစ်လုံးပါ ထပ်ယူကာ စက် နှစ်လုံးဖြင့် ရေစုပ်ရန် ပြင်ဆင်ကြသည်။
ရေစုပ်စက်များ ရောက်လာသည်ကို မြင်မှ မောင်ဒွန်းနှင့် ကျော်ခိုင်မှာ မျှော်လင့်ချက်ကလေးကြောင့် နဲနဲ ရွှင်ပျလာသည်။ ရေစုပ်စက်ကို တပ်ဆင်ပြီးနောက် စက်နှိုးကြသည်။ အံ့သြဖွယ်ရာပင် ရေစုပ်စက် နှစ်လုံး စလုံးမှာ မည်သို့မှ နှိုး၍ မရတော့။ ထိုစက်များမှာ ယူမလာခင်အထိပင် မောင်း၍ ရနေသော လက်ရှိ အသုံးပြုနေသည့် စက်အကောင်းများ ဖြစ်သည်။ ထိုအချိန်တွင် တွင်းထဲမှ ရေများမှာ များသထက် များလာနေပြီ။
ထိုရေစုပ်စက်များ ပျက်နေသည် ထင်သဖြင့် အနီးအနားရှိ ရွှေတွင်းများမှ ရေစုပ်စက်များ သွားယူလာကြပြန်သည်။ ထိုစက်များမှာလည်း လည်ပတ်နေရာမှ ဖြုတ်လာခဲ့ကြခြင်း ဖြစ်သည်။ တစ်လုံး ယူလာသည်။ စက်နှိုးသည် မရပြန်။ အချိန်များ တရွေ့ရွေ့ ကုန်သွားသလို ရေများလည်း ပို၍ပို၍ တက်လာလေပြီ။ ထို့နောက် နောက် ထပ် ရေစုပ်စက်များ အပြေးအလွှား သွားယူလာကြပြန်သည်။ သို့သော် မည်သို့ပင် ကြိုးစားသော်လည်း စက် နှိုး၍မရပေ။
တခြားလူများကလည်း ထိုနှိုးမရသေးသော စက် များကို ကိုယ်စီကိုယ်စီ နှိုးဖို့ ကြိုးစားကြသည်။ တွင်းထဲမှ လူနှစ်ယောက်၏ အသက်မှာ ရေစုပ်စက် တစ်လုံးခန့် ကောင်းလာခြင်းနှင့် သက်ဆိုင်နေပြီ။ သို့သော်စက် ၄လုံး ကို အနားတွင်ထား၍ ကြိုးစားသော်လည်း တစ်လုံးမှ စက်နိုးလို့မရ ဖြစ်နေခဲ့သည်။ ထို့နောက် ဦးသောင်းတင်၏ ရေတွင်းတွင် အသုံးပြုနေသော ရေမော်တာလေး သွားယူလာကာ နှိုး ကြည့်ပြန်သည်။ ဒီတကြိမ်တွင်တော့ စက် လည်ပတ်သံ ထွက်လာသဖြင့် ပတ်ဝန်းကျင် လူများအားလုံး ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။ ဒါ ပထမဆုံး စက်လည်ပတ်သံလည်း မဟုတ်လား။
သို့သော် ထိုရေမော်တာမှာ နိုး၍ ရပြန်သော်လည်း ကျင်းထဲမှ ရေများကို မည်သို့မှ စုပ်ယူ၍ မရပေ။ မည်သို့ပင် ကြိုးစားသော်လည်းမရနိင်ခဲ့ပါ။ စက်လည်နေသော်လည်း ပိုက်ထဲကို ရေမတက်လာပေ။ အံ့သြခြင်းနှင့် ကြောက်ရွံ့ထိတ်လန့် ခြင်းသည် အနီးအနားမှ လူများသို့တိုင် ကူးစက်ပျံ့နှံ့သွားတော့သည်။ ရေစုပ်စက် ၄ လုံး၊ ရေမော်တာ တစ်လုံးဖြင့် ရေထုတ်ရန် ကြိုးစားသော်လည်း မရနိုင်တော့သဖြင့် ကြံရာမရသည့်အဆုံး ကျင်းပတ်ပတ်လည်တွင် ရှိနေသော ယောက်ျားအားလုံးတို့မှာ ရနိုင်သမျှသော ရေပုံး ရေခွက် တို့ဖြင့် တွင်းထဲမှ ရေများကို အားကြိုးမာန်တက် ခပ်ထုတ်ကြသည်။
သို့သော်လည်း အချိန်နောက်ကျနေခြင်း ၊ ထွက်လာသော ရေပမာဏက ပိုများနေခြင်းကြောင့် ရေခပ်ထုတ် နေလျက်နှင့် ပို၍ပို၍ များလာသည်မှာ အနည်းငယ် နိမ့်သည့် မြေနေရာတွင် ပိမိနေသည့် ကျော်ခိုင်၏ မေးဖျား သို့တိုင် ရောက်လာသည်။ သူတို့ နှစ်ယောက်မှာ မြေပြင်ပေါ်ထိုင်လျက်သားနှင့် တက်လာသော ရေထုကို ကြည့်ကာ မျက်ရည်များ စီးကျလာကြသည်။ ကူရာကယ်ရာ မဲ့သော အဖြစ်ကြောင့် ဝမ်းနည်းကြခြင်း ဖြစ်မည်။ ရပ်ကွက်ထဲမှ လာရောက်ကြည့်ရှုနေသော အမျိုးသမီး တစ်ချို့ပါ စိတ်မကောင်းစွာနှင့် ငိုကြွေးနေကြလေသည်။ ထိုအချိန်တွင် ကျင်းပြိုသည့် အတွေ့အကြုံကို သိပ်မကြာခင်က ကြုံတွေ့ထားဖူးသော ဒေါ်သိန်းရှင် ဆိုသည့် အမျိုးသမီးက
“ဘက်ဟိုးသွားခေါ် … ဘက်ဟိုးသွားခေါ်”
ဟု အော်ဟစ် သတိပေးလေသည်။ ထိုအချိန်မှ လူသုံးလေးယောက်က မြေတူးစက်ခေါ် ဘက်ဟိုး ရှိနေသော ရွာထိပ်ရှိ ကုမ္ပဏီရှိရာဘက်သို့ အပြေးအလွှား သွားခေါ်ကြလေသည်။ ဘက်ဟိုးသွားခေါ်နေသည့်အချိန်တွင် ရေခပ်ထုတ်နေသူများကလည်း အားမလျှော့ဘဲ ခပ်ထုတ်နေကြဆဲ ဖြစ်လေသည်။ သို့သော် စိမ့်ထွက်သော ရေနှင့် ခပ်ထုတ်သော ရေမှာ အင်အား မမျှသဖြင့် မြေနိမ့်သည့် နေရာတွင် ရောက်နေသော ကျော်ခိုင်မှာ တစ်ဖြေးဖြေးနှင့် လည်ပင်း၊ ထို့နောက် ဦးခေါင်းတစ်ခုလုံး မျက်စိရှေ့မှောက်တွင်ပင် နှစ်မြုပ်သွားတော့သည်။
ရေအောက်သို့ရောက်သွားသော ကျော်ခိုင် အသက်ရှူနိုင်ရန်အတွက် လူအချို့က ပိုက် တစ်ချောင်း လှမ်းပေးလိုက်ကြသည်။ သို့သော်လည်း မကြာခင် ထိုပိုက်လုံးမှာ ရေပေါ်သို့ ပေါ်လာသောကြောင့် ကျော်ခိုင်တစ်ယောက် ရေအောက်တွင် သေဆုံးသွားသည်ဟု ယူဆရတော့သည်။ မျက်စိ ရှေ့တွင် ကူကယ်ရာမဲ့ ဖြစ်နေသော သူနှစ်ယောက်ကို ကြည့်ရင်း လူတိုင်းရင်ထဲတွင် ဖျစ်ညစ်ခံထားရသကဲ့သို့ ခံစားရပြီး ကမ္ဘာငယ်ပျက်သလို ဆူညံ ပွက်လောရိုက်အောင် ဝမ်းနည်းစွာ ငိုကြွေးကြသည်။
မိမိ၏ ကံကြမ္မာကို သိသွားသောကြောင့် မောင်ဒွန်းမှာ စိတ်လျှော့လိုက်ဟန်ဖြင့် အနည်းငယ် တည်ငြိမ်လာသည်။ ထို့နောက် ရေခပ်ထုတ်နေသူများကို စကား လှမ်းပြောလိုက်သည်။
“ ငါ့ကို အရက် တစ်ခွက်ပေးပါ ”
သေခြင်းတရားကို ရင်ဆိုင်ဖို့ သူရွေးချယ်သော အားကိုးရာ ဖြစ်မည်ထင်သည်။ သို့မဟုတ် နောက်ဆုံးချိန်ထိ နှစ်သက်သော အရာကို ပြုကျင့်သွားခြင်းလည်း ဖြစ်နိင်သည်။ အရက်တခွက်ကို ခပ်မြန်မြန် မော့သောက်ပြီးနောက် ကမ်းပေးသော ဆေးပေါ့လိပ်ကို မြန်မြန် ဖွာရှိုက်လိုက်သည်။ ထိုဆေးလိပ် တစ်ဝက်ခန့် အရောက်တွင် မောင်ဒွန်း ရေအောက်သို့ စုန်းစုန်းမြုပ်သွားတော့သည်။ သူအသက်ရှူရန် ပေးထားသော ပိုက်လည်း ခဏအကြာတွင် ရေပေါ်သို့ ပေါလောမျော နေတော့သည်။
အိမ်ခြံစည်းရိုးများကို ချိုးဖျက်ပြီး ဝင်ရောက်လာသော မြေတူးစက်ရောက်လာချိန်သည် ထိုသူနှစ်ယောက် ရေအောက်သို့ နှစ်မြုပ်သွားပြီး အနည်းငယ် ကြာသည့်အချိန်တွင်သာ ဖြစ်လေသည်။ ထို့နောက် ချက်ချင်းပင် ရေအောက်ထဲမှ မုန်စုပ်စက်ကို ဘက်ဟိုးဖြင့် ကုပ်ဆွဲ တင်လိုက်သည်။ မည်သို့မှ ဖယ်ရှားမရခဲ့သော မုန်စုပ်စက် မြေပြင်ပေါ် ရောက်လာချိန်တွင်မှ မောင်ဒွန်းနှင့် ကျော်ခိုင်တို့ကို ဆယ်ယူနိင်တော့သည်။ ရေမြုပ်သွားသည်မှာ သိပ်မကြာသေးသော မောင်ဒွန်းအား အသက်ရှင်လို ရှင်ငြား မျှော်လင့်ချက်ဖြင့် ရေအန်ထွက်လာအောင် ပြုစုကြသော်လည်း မောင်ဒွန်းမှာ အသက်ရှင်မလာတော့ပေ။
ထိုမြေတူးစက်ဖြင့်ပင် အုတ်တံတိုင်းကို ဖယ်ရှားကာ မြေဖို့ခံထားရသော လုပ်သားနှစ်ယောက်ကိုလည်း ဂရုတစိုက် ရှာဖွေကာ တူးဖော်ကြလေသည်။ ထိုနှစ်ယောက်လုံးမှာလည်း မြေကြီးအောက်တွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည်ကို တွေ့ရှိရ၏။ ထိုသို့ဖြင့် စုစုပေါင်း လူ ၄ ယောက် အသက်ဆုံးရှုံးသွားရသော တွေးတော၍မမှီနိင်ဖွယ်ရာ ရွှေကျင်းပြိုသည့် ဖြစ်ရပ်သည် ယခုတိုင် ထိုဒေသ၌ ပြောစမှတ်အဖြစ် တွင်ကျန်နေလေတော့သည်။
ထိုညတွင် ၄င်း ရွှေကျင်းအနီးတစ်ဝိုက်၌ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဆွဲဆွဲငင်ငင် အူနေကြသော ခွေးအူသံကို တစ်ရွာလုံးက တုန်လှုပ်ချောက်ခြားစွာ ကြားရလေသည်။
ထိုဖြစ်ရပ် ဖြစ်ပွားပြီး ညနက်သန်းကောင် အချိန်များတွင် လူလေးဦး၏ ပုံသဏ္ဍာန်များကို ထိုအနီးတစ်ဝိုက်ရှိ ပတ်ဝန်းကျင်မှ လူတစ်ချို့က မကြာခဏ တွေ့ရကြောင်း ပြောကြလေသည်။ ထိုစကားကို ကောလဟာလ အဖြစ် သတ်မှတ်ရလျင်တောင် အမှုအခင်းများ အားလုံးပြီးစီးချိန် ၄င်းရွှေတွင်းကို ပြန်လည်လုပ်ခွင့်ရပြီး လုပ်ငန်းပြန်စသောအခါတွင်မူ ယခင်က ရှိခဲ့သော ရွှေထွက်ကောင်းလှသည့် ရွှေကြော တစ်ကြောလုံး ပျောက်ကွယ်သွားသော ဖြစ်ရပ်ကိုတော့ ဆန်းကြယ်မှုအပေါ် အံသြဖွယ်ရာ ထပ်ဆင့်လိုက်သော ဖြစ်ရပ်ဟု သတ်မှတ်ရမည် ထင်ပါသည်။
။.........................................................................။
နာမည်များ လွဲပြောင်းထားသည်မှ လွဲ၍ ဤဖြစ်ရပ်သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြည်နယ်တစ်ခု၌ အမှန်တကယ် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဖြစ်ပါသည်။ ထိုအဖြစ်ဆိုးကို အစမှ အဆုံးတိုင် တွေ့မြင်ခဲ့သူကိုယ်တိုင် ပြန်ပြောပြထားသည်ကို အပိုအလိုမရှိ ဆီလျော်အောင် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းလေးကို နေ့စွဲအတိအကျ ပြန်ရှာပေးပြီး ခရေစေ့တွင်းကျ ပြောပြပေးသော သူငယ်ချင်း ဖြစ်သူကို ကျေးဇူးတင်ရှိပါတယ်။
www.myitkyoeinn.com
Credit to: မြစ်ကျိုးအင်း
Reference: www.moba4all.org
မနက်ခင်းမိုးလင်းလို့  နေ့ သစ်ရဲ့  နံနက်ခင်းစတင်တယ်ဆိုရင်ပဲ Morning Honey လို့  message ပို့ တတ်တဲ့ မေ့ရဲ့  ချစ်သူ...
အိပ်ရာက မထပဲ ပြန်ခိုးအိပ်တတ်တဲ့ အကျင့်ကို သိနေတဲ့ ပုံစံနဲ့  ၅ မိနစ်အကြာမှာ Lazygirl getup now ဆိုတဲ့ အမိန့် သံ ဆန်ဆန် message ကို နေ့ တိုင်းပုံမှန်ပို့ တတ်သူ...........
မနက်စာ စားဖို့ ကို နေ့ တိုင်း သတိပေးတတ်တဲ့ ချစ်သူ............
တစ်နေရာထဲ လုပ်နေရတဲ့ အလုပ်မဟုတ်ပဲ အလျင်သင့်သလို သွားလာနေရတဲ့ အလုပ်ချိန်တိုင်းမှာ ဘယ်သွားသွား ဘယ်ရောက်ရောက် အသိပေးတတ်သူ.............
ဘယ်လောက်ပဲ အလုပ်တွေများများ ပျင်းရိပြီး ကိုယ့်ဆေးသောက်ချိန်ကို မေ့ချင်ယောင်ဆောင်နေတတ်တဲ့ မေ့ကို မမေ့မလျော့ ဆေးသောက်ဖို့  နေ့ စဉ် အချိန်မှန်သတိပေးတတ်သူ........
ထမင်းစားချိန်တိုင်းမှာ မတည့်စာတွေ တောက်လျှောက်ရွတ်ပြကာ သုံးဆောင်ဖို့ ကို တားမြစ်တတ်သူ....
တစ်ခါတစ်လေ သူ့ အပေါင်းအသင်းတွေနဲ့  ဝိုင်းကောင်းချင်တယ် မေ့ဆီက မများစေနဲ့ နော်ဆိုတဲ့ စကားတစ်ခွန်းကြားရဖို့  အတွက် ကြိုတင်ခွင့်ပန်တတ်သူ..........
သူ့ ဆီက လာသမျှ messages အကြိမ်တိုင်းကို ပြန်လည်ဖြေကြားဖို့  ပျင်းရိလှတဲ့ မေ့ကြောင့် စိတ်ပူပြီး အလောတကြီးဖုန်းခေါ်တတ်တဲ့ မေ့ချစ်သူ
မေ အိပ်ရာဝင်ခါနီး ဖုန်းခေါ်ရမယ်လို့  ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကြောင့် ဘယ်လိုပဲ ခရီးလွန်လွန် ရောက်ရာအရပ်က ဖုန်းခေါ်ပြီး မေအိပ်တဲ့အထိ စကားပြောလေ့ရှိတဲ့သူ
ခုတော့.........................
မေ ဘယ်မှာ ရှာရမှာလဲ ချစ်သူ....
ဘယ်လို အကြောင်းကြောင့်များ ပုန်းရှောင်နေလဲချစ်သူ
ဘာလို့ များ မေ့ခေါ်သံကို မကြားနိုင်တော့လဲ ချစ်သူ..
ပြန်လာပါတော့ ချစ်သူ..
အရင်လို ဂရုစိုက်မှုလေးတွေ မေ တမ်းတနေတယ်
မေ့ကို ငဲ့ကြည့်လိုက်ပါ ချစ်သူ
မေ အရမ်းလွမ်းနေတယ်.....
မေ နေ့တိုင်း ငိုကြွေးနေတယ်ချစ်သူ
ကြားနိုင်တယ်ဆိုရင် ပြန်လာခဲ့နော်
ဒါပေမဲ့...................
သူ မပြန်လာနိုင်တော့ဘူး
သူ
ဘယ်
တော့
မှ
ပြန်
လာ
လို့ 
မ
ရ
တဲ့
လမ်း
ကို
သွား
ခဲ့
ပြီး
မေသဇင်
Reference: moba4all.org
(၁)
နံနက်စောစော (၇) နာရီခန့် သူမ သင်တန်းသွားခါနီး ဈေးကို ဝင်လိုက်သည်။ ဈေးက ပျားပန်းခပ်မျှ လူတွေနဲ့ လှုပ်ရှားအသက်ဝင်နေသည်။ တဂွိဂွိမြည်နေသော ဗိုက်ကို ပွတ်ရင်း သူမ တစ်ခုခုဝယ်ဖို့ စဉ်းစားလိုက်သည်။ ထိုစဉ် မွှေးပျံ့သော ခေါက်ဆွဲကြော်ရနံ့က နှာခေါင်းကို ဆောင့်ပြီး ဝင်လာသည်။ သွားရည်မြိုချလိုက်ပြီး ပိုက်ဆံ (၅၀၀) တန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူမ ဆိုင်နားသွားလိုက်သည်။ သူမ ခေါက်ဆွဲကြော်စောင့်နေတုန်း ကိုရင်လေးတစ်ပါး ထိုဆိုင်ရှင်ဆီ အလှူလာခံသည်။ ထိုကိုရင်လေး၏ ပုံပန်းသွင်ပြင်မှာ မသားနားလှပေ။ ခေါင်းပေါ်မှ ဒက်တွေ အနာတွေ နှင့် သင်္ကန်းမှာမူ ဟောင်းနွမ်းလွန်းလှသည်။ သို့သော် သူမ မျက်စိထဲတွင် ဈေးသည်အဒေါ်ကြီးဆိုင်ရှေ့မှာ မျက်လွှာကိုချလျှက် အလှူခံနေပုံမှာ ကြည်ညိုစရာကောင်းလှသည်။
ထိုအဒေါ်ကြီးက တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတစ်ချက်ရွဲ့ကာ “ကန်တော့ပါသေးရဲ့ ကိုယ်တော်” လို့ ခပ်ဆတ်ဆတ်ပြောလိုက်သည်။ ဘာရယ်မဟုတ် သူမဈေးသည်အဒေါ်ကြီး၏ ဈေးဗန်းထဲ အကြည့်တစ်ချက်ရောက်မိသည်။ ထောင်တန်ပေါင်းများစွာ….။ ။ သူမရဲ့ ခေါက်ဆွဲကြော်ထုပ်လေးကိုရတော့ အချိန်မဆိုင်းဘဲ ကိုရင်လေးနောက် အပြေးလိုက်ကာ သူမ လှူလိုက်သည်။ ဈေးထဲမှာဖြစ်လင့်ကစား ဖိနပ်ကို ချွတ်ပြီး လက်အုပ်ချီကာ သူမ ရိုသေလေးစားစွာ လှူလိုက်သည်။ ကြည်နူးပီတြိဖစ်မှုက ခန္ဓာကိုယ် အနှံ့မှာ ပျံ့နှံ့သွားသည်။ သင်တန်းကို စိတ်ရောက်သွားတော့ သူမ ကပျာကယာ (၁၀၀) တန် ပေါင်မုန့်တစ်ခု ဝယ်စားပြီး ရေနှင့်မျှောကာ ဘတ်စ်ကားဂိတ်ဆီသို့ ဦးတည်လိုက်သည်။
(၂)
သင်တန်းချိန်နောက်ကျနေပြီ ဖြစ်သောကြောင့် သူမ မှတ်တိုင်မှ ဆင်းဆင်းချင်း သင်တန်းကို အပြေးတစ်ပိုင်း သွားရသည်။ သင်တန်းကို ရောက်သွားတော့ သူမ ထိုင်နေကျ နေရာမှာ ထိုင်နေသော စုသက်စံကို တွေ့လိုက်သည်။ ပြုံးဖြီးဖြီးမျက်နှာပေးနဲ့ သူမကို ကြည့်နေတော့ သူမ တော်တော်အမြင်ကပ်သွားသည်။ သူမရဲ့ မူပိုင်လိုဖြစ်နေသော ရှေ့ဘက်ကျကျခုံ နေရာမှာ ထိုင်ရလေခြင်းဟု သူမ အခံရခက်သွားသည်။ စိတ်ထဲမှ “ကောင်မစုတ် သူများနေရာ လုတဲ့ ဟာမ” လို့ ပျစ်ပျစ်နှစ်နှစ်ဆဲပြီး နောက်တန်းမှ ခုံကို အသံမြည်အောင် တမင်လုပ်ပြီး ထိုင်လိုက်သည်။ စုသက်စံက နောက်လှည့်ဖြစ်အောင် လှည့်ပြီး ငါးခူပြုံးပြုံးပြပြန်တော့ သူမ မျက်စောင်းထိုးလိုက်သည်။
စာသင်ချိန်တစ်ချိန်ပြီးသွားတော့ စုသက်စံက လုပ်နေကျအတိုင်း စလာပါတော့တယ်။ ရှေ့ဆုံးတန်းမှာ ထိုင်နေရာက နောက်ဘက်ကိုလှည့်ပြီး သူမ ဝတ်လာတဲ့ နာရီအသစ်ကို မမြင်မြင်အောင် လက်ကိုမြှောက်ကာ “ဒီနာရီကလေ…မနေ့က ဒယ်ဒီက ဝယ်ပေးတာ…သုံးသိန်းတောင် ပေးရတယ် မလှဘူးလားဟင်…ပြီးတော့ ဒီမှာ ဒီလိုနာရီမျိုးက အရမ်းရှားတာ သိလား…နင်တို့ ဘယ်သူတွေဒီလိုများဝတ်တာ မြင်ဖူးလို့လဲ…ငါ့ဒယ်ဒီက အစတုန်းက ၅ သိန်းတန်ဝယ်ပေးမလို့ဟ..ငါ တားလို့ ဒီနာရီလေးပဲ ဝယ်ပေးတာ..နာရီလေးက ဒီရွှေကြိုးက တကယ့်အစစ်လေ…ဂျပန်မိတ်ဟ” ဟု တရစပ် ပြောလိုက်သည်။ နောက်တန်းမှ အေးမိတို့ အုပ်စုကလည်း ပါးစပ်ထဲ ယင်ကောင်ဝင်မတတ် ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြတယ်။
သူမ စိတ်ထဲမရိုးမရွဖြစ်လာပြီး “အံမယ်လေး…အံမယ်လေး တံတွေးတောင် ဒီထိ စင်တယ်ဟ စက်သေနတ်ပစ်တာကျနေတာပဲ…အာပုတ်နံ့တထောင်းထောင်းနဲ့ ဟွန့်” လို့ တစ်ဖက်လှည့်ကာ ကြားအောင် အော်ပြောလိုက်သည်။ အတွေးပေါက်သွားသော အေးမိတို့အုပ်စု တဝါးဝါးတဟားဟားရယ်ကြတော့သည်။ စုသက်စံ ရှက်သွားပုံရသည်။ ရုတ်ချည်း ရှေ့ဘက်လှည့်သွားပြီး စာကြည့်ချင်ယောင်ဆောင်တော့သည်။ သူမလည်း အောင်နိုင်သူ အပြုံးလေးနဲ့ ကျိတ်ရယ်လိုက်သည်။
(၃)
မြေနီကုန်း လှည်းတန်း အေဘီစီ ရောက်တယ်ဟေ့………………
သူမ အသင့်ရောက်လာသော ဘတ်စကားပေါ်ကို တိုးတက်လိုက်သည်။ ကံကောင်းထောက်မစွာ ကားအလယ် ထိုင်ခုံနှစ်ခုံတန်းမှ တစ်နေရာ လပ်နေသည်။ သူမ အပြေးလေးဝင်ထိုင်လိုက်သည်။ သူမ အိတ်ထဲမှာ အဆင်သင့်ထည့်လာသော ဝတ္ထုတိုစာအုပ်လေးကို ထုတ်ပြီး ဖတ်နေလိုက်သည်။
တံတားဖြူမှတ်တိုင်နားရောက်တော့ ကားပေါ်ကို အဘွားအိုတစ်ယောက် တက်လာပြီး သူမတို့နား လာရပ်သည်။ အဘွားအိုက တုန်တုန်ချိချိဖြင့် သူမတို့ ခုံလက်တန်းကို အားကိုးတကြီး ဆွဲကိုင်ထားသည်။ ဘတ်စကားတစ်ချက်ခုန်သွားတိုင်း ဘုရား ဘုရား ဟု တ နေရှာသည်။ ဘတ်စကားက ရှေ့မှတ်တိုင်ရောက်သောအခါ လူများပြုံပြီး ဆင်းကြသဖြင့် အဘွားအိုခမျာ လူအုပ်ထဲညှပ်ပြီး မပါသွားစေရန် သူမထိုင်နေသော ထိုင်ခုံလက်တန်းအား အတင်းဆွဲထားသည်။ သူမ စိတ်ထဲ မသိုးမသန့်ဖြစ်သွားသည်။ လှည်းတန်းမှတ်တိုင်ကို ရောက်ဖို့ အဝေးကြီးလိုအုံးမည်လေ။ နေရာမှလည်း မဖယ်ပေးချင်မိ။ ဖယ်ချင်းဖယ် ဘေးနားမှာ ထိုင်နေသော ဦးလေးကြီးက ဖယ်ပေးသင့်သည်။ ဘေးနားမှာ ထိုင်နေသော အသက် (၄၀) ဝန်းကျင် ယောကျာင်္းကြီးကို အားကိုးတကြီး ကြည့်တော့ ဘာမှ မဖြစ်သလို မျက်နှာပေးနှင့်။ ပိုက်ဆံအိတ်ကြီးကို တင်းတင်းကိုင်ကာ ဘာမထီမျက်နှာထားနှင့်။
အဘွားအိုကို ဂရုပြုမိစေရန် အလို့ငှာ “အဟမ်း အဟမ်း” ဟု သူမ ချောင်းဟန့်လိုက်သည်။ ထိုလူကြီးက သူမကို စောင်းကြည့်သည်။ အဘွားအိုကို မြင်သွားသည်။ ပြီးတော့ ဘာမှမဖြစ်သလို တစ်ခြားဖက်ကို လှည့်သွားတော့သည်။ “ဒီလူ တော်တော်ပင် စာနာစိတ်မရှိပါလား လူမဆန်ပါ့လား” ဟု သူမ သူမ အတော် ဒေါဖောင်းသွားသည်။ ပိုကျယ်အောင် ချောင်းဟန့်လိုက်သည်။ ထိုလူကြီးက ပြန်စောင်းကြည့်တော့ သူမ မျက်စောင်းထိုးလိုက်သည်။ ထိုလူကြီးက မျက်လုံးအပြူးသားနဲ့သာ သူမကို စိုက်ကြည့်နေသည်။
သူမ အဘွားအိုဘက်ကို လှည့်မိတော့ အဘွားအိုမှာ တုန်တုန် ချိချိနဲ့ နောက်မှတ်တိုင်မှာ ဆင်းတော့သည်။ စပယ်ယာက “ဟာ…..အဘွား အဘွား မြန်မြန်ဆင်းဗျာ ဒီမှာ အချိန်နဲ့ လုပ်နေတာဗျ….ခရီးသည်တွေ တက်လို့မလွယ်ကူဘူး…အဘွားက အပေါက်ဝမှာ ပြူတစ်ပြူတစ်နဲ့”…အော်တော့သည်။ အဘွားအိုခမျာ လဲကျမှာလည်း ကြောက် စပယ်ယာကိုလည်း အားနာပြီး ချွေးစေးပြန်နေပုံရသည်. မျက်နှာမကောင်းစွာ တုန်တုန်ချိချိနှင့် ခြေလှမ်းတွေမှားကာ အပေါက်ဝမှ ကို့ယို့ကားယား ဆင်းလေးတော့သည်။ သူမကတော့ အဘွားအိုရဲ့ ကျောပြင်ကို ငေးကြည့်မိရုံမှ တပါး…………….
(၄)
သူမ တစ်နေ့တာအတွင်း မှတ်မှတ်ရရဖြစ်နေသော မှတ်တမ်းများ ရေးအပြီး ဒိုင်ယာရီစာအုပ်လေးကို စားပွဲပေါ်မှာ တင်ထားလိုက်သည်။ ထို့နောက် သူမ အနားယူရန် အိပ်ရာဝင်တော့လေသည်။ ည (၁၂) နာရီထိုး သံချောင်းခေါက်လေပြီ။
ဒိုင်ယာရီစာအုပ်မှ စာရွက်လေးများက ညည့်လေပြေကြားမှာ ဖြည်းဖြည်းချင်းလှုပ်ရှားနေသည်။ စာအုပ်လေးအဖုံးပေါ်က ရောင်စုံလိပ်ပြာလေးများ ရုတ်တရက် တလဲ့လဲ့ အရောင်တောက်လာသည်။ စာအုပ်လေးက သူ့သခင်မလေး အိပ်နေတာကို တစ်ချက်ကြည့်ရင်း သက်ပြင်းများအခါခါချမိသည်။ သူ့သခင်မလေး၏ လုပ်ရပ်များသည် သူ့အတွက် ပဟေဋ္ဌိဆန်လွန်းနေသည်။
သူ့သခင်မလေးက အလှူအကြောင်း သူ့စာရွက်လေးများပေါ်မှာ မှတ်တမ်းတင်သောအခါ သူ့သခင်မလေးကို နူးညံ့လွန်းသည့် နတ်သမီးအလား သူထင်မိသည်။ သူ့သခင်မလေး၏ အပြုအမူလေးက သူ့ စိတ်နှလုံးကို အေးချမ်းသွားစေသည်။ စဉ်းစားကြည့်ပါအုံး။ ပိုက်ဆံတွေ အများကြီးရှိတဲ့ ဆိုင်ရှင် အဒေါ်ကြီးက လှူဖို့တန်းဖို့ကို လက်တွန့်နေတဲ့အချိန်မှာ သူ့သခင်မလို နွမ်းနွမ်းပါးပါး ကောင်မလေးတစ်ယောက်က ရက်ရက်ရောရော လွယ်လွယ်ကူကူ လှူတန်းနိုင်သည်လေ။ ပိုက်ဆံတွေ အများကြီး ပိုင်ဆိုင်နေတဲ့သူက ပိုင်ဆိုင်လေ ပိုလောဘတက်ပြီး အနည်းငယ်သော ပမာဏကိုပင် မဆုံးရှုံးလိုခြင်းလော။ သူ မတွေးတတ်တော့ပေ။ ဘာပဲပြောပြော ဒီအချက်တစ်ချက်ကြောင့်ပင် သူ သူ့သခင်မလေးအား အရမ်းလေးစား ချစ်ခင်မိသည်။
သခင်မလေး နှင့် သူငယ်ချင်းမ အကြောင်းကြားရတော့ သူ သခင်မလေးအား အံ့သြမိသည်။ သူ နူးညံ့သည်ဟု ထင်ထားသော သခင်မလေးက ငါးစိမ်းသည်လိုပင် ကက်ကက်လန် ရန်စွာတတ်ပါပေကော။ ညစ်ပတ်ကြမ်းကြုတ်သော စကားလုံးများနှင့် ရန်တွေ့တတ်သော သူများအား မနာလိုဖြစ်တတ်သော သူ့သခင်မလေးက ထိုနံနက်လေးကပင် ကိုရင်လေးတစ်ပါးအား ရိုသေလေးစားစွာ အရုဏ်ဆွမ်း ကပ်လှူခဲ့သည်ကို သူမေ့ချင်ချင်ဖြစ်သွားသည်။ သူ့ သခင်မလေး တစ်ချိန်ကရေးဖူးသော “ဆိုးသွမ်းသော သူများတွင် ဆိုးကွက်ချည်းရှိသည်မဟုတ် ကောင်းကွက်လည်း ရှိတတ်သည်…ကောင်းသောသူများတွင်လည်း အနည်းအကျဉ်းတော့ ဆိုးကွက်များရှိတတ်သည်” ဟူသော စာကြောင်းကို သတိရကာ ခေါင်းတဆတ်ဆတ်ညိမ့်မိသည်။
သခင်မလေးရဲ့ ဘတ်စကားပေါ်မှ အတွေ့အကြုံကို တွေးမိသောအခါ သူ ရယ်ချင်စိတ်ပေါက်သွားသည်။ သူ့သခင်မလေး စိတ်က ရယ်ချင်စရာပင်။ ကြည့်ပါအုံး..သူမကကျတော့ အဘွားအိုအတွက် နေရာဖယ်ပေးဖို့ တွန့်တိုနေမိပြီး သူများကိုကျတော့ ဖယ်ပေးစေချင်လေသည်။ သူမ မျက်ချေးတော့ မမြင်ဘဲ သူများ မျက်ချေးကိုတော့ မြင်အောင် ကြည့်တတ်သည်။ သူမအတွက် လှည်းတန်းရောက်ဖို့ အဝေးကြီးလိုသေးတယ် ဆိုသော ဆင်ခြေလှလှလေးနဲ့ ကာကွယ်ထားတာကတော့ တွေးတတ်တယ်လို့ပဲ ပြောရမလား။ သူ့သခင်မလေးလိုဘဲ ထိုလူကြီးကလည်း ဆင်ခြင်လှလှလေးနဲ့ နေရာမှ မဖယ်ပေးတာ ဖြစ်နိုင်သည်ဟု သူတွေးမိသောအခါ တဟားဟား ရယ်မိတော့သည်။သန်သန်မာမာလူနှစ်ယောက်က တုန်တုန်ချိချိလူတစ်ယောက်ကို ကူညီပေးဖို့ အရေးကြုံသောအခါ တစ်ယောက်နှင့် တစ်ယောက် တွက်ကပ်နေပုံမှာ သူ့အတွက် အတော်ပင် အသည်းယားစရာကောင်းနေသည်။
အဘွားအကြောင်း သူ စိတ်ရောက်သွားသောအခါ ရင်ထဲဆို့သွားသည်။ ဘတ်စကားပေါ်တွင် ထိုင်စရာခုံမရှိ ချည့်နဲ့သော လက်အစုံဖြင့် ထိုင်ခုံလက်တန်းကို တင်းစွာ ဆုပ်ကိုင်ထားသော အဘွား…ကားတစ်ချက်လှုပ်တိုင်း မည်မျှအားငယ်ကြောက်ရွံ့နေရှာမည်နည်း။ ထိုထိုလူလူ ကပျာကယာ ဆင်းသောအခါ ဝင်တိုက်သွားလျှင် အဘွား၏ တုန်ချိချိ ကိုယ်လုံးလေး မည်မျှ ယိမ်းယိုင်သွားရှာမည်နည်း။ ကားစပါယ်ယာ၏ ဖေးမကူညီမှုမရှိဘဲ ငမ်းငေါက်ပြောဆိုသံကြား မည်မျှ ဝမ်းနည်းရှာမည်နည်း။ အဘွားတစ်ယောက် စာနာနားလည်မှုမရှိသော လူများကိုပဲ အပြစ်တင်နေမည်လား…ဘဝ၏ဆည်းဆာအချိန်ကို အတော်ပဲ စိတ်ပျက်နေမည်လား…ဒါမှမဟုတ် ကမ်းလင့်မည် နွေးထွေးသော လက်များကိုပဲ မျှော်လင့်နေမည်လား…..။ သူ စိတ်မသက်သာစွာပင် အကြိတ်အနယ်တွေးနေမိသည်။
ဒေါင်…ဒေါင်.. ဒေါင်…နံနက် (၅) နာရီ အချက်ပေး သံချောင်းခေါက်သံ သဲ့သဲ့ လွင်ပျံ့လာသည်။ စာအုပ်လေးအဖုံးမှ လိပ်ပြာရောင်စုံများ လင်းနေရာမှ မှောင်သွားသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တီ…တီ…တီ…တီ…တီ……
နှိုးစက်သံအကြား သူမ အိပ်ယာမှ အပျင်းဆန့်ကာ လူးလဲထလိုက်သည်။ နှိုးစက်ကို စာပွဲပေါ်ကို တင်တော့ ဒိုင်ယာရီစာအုပ်လေးက သူမ မနေ့က ရေးထားသည့် တစ်နေ့တာမှတ်တမ်းစာမျက်နှာမှာ ပွင့်လျက်သားရှိနေသည်။ သူမ ခေါင်းတစ်ချက်ကုတ်ရင်း အံဆွဲထဲကို စာအုပ်ပစ်ထည့်ကာ ရေချိုးရန်ပြင်တော့သည်။
ဝါလေး (PIC)
၂.၅၀ (နံနက်)
၁၆.၇.၂၀၁၁ (စနေ)
Reference: www.moba4all.org
သင်တကယ်လို့များ အပျိုကြီး လူပျိုကြီးလုပ်ဖို့ ရည်ရွယ်ထားရင်တော့ ဒီစာလေးကို ဖတ်စေချင်ပါတယ်။ တကယ်လို့များ သင်ကဒီအကြောင်းအရာအားလုံးကို ကြိုတင်စဉ်းစားတွေးတောပြီးမှ တကယ်ကို အပျိုကြီး၊ လူပျိုကြီးလုပ်ဖို့ စိတ်ကူးထားလျှင်တော့ သင့်ဆန္ဒအား ကန့်ကွက်ဖို့ မရည်ရွယ်ပါ။ သို့မဟုတ်ပါက သင့်အတွက် တွေးတောရန်နှင့် ပြန်လည်ဆင်ခြင်ရန်အချိန်ရှိနေပါသဖြင့် အချက်အလက်များအား ရေးသားဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
ကျွန်မငယ်စဉ်ကလည်း အပျိုကြီးပဲလုပ်ချင်ပါသည်။ ဘာလို့ဆို ကျွန်မသည် အတ္တကြီးသော လူသားတစ်ယောက်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ယောက်ျားယူသောလူများသည် အစွမ်းအစမရှိသော ယောက်ျားလုပ်စာကို ဇိမ်လေးနှင့်ထိုင်စားချင်သူများသာ ယူချင်ကြသည်ဟု ကျွန်မကလေးစိတ်နှင့်တွေးတောခဲ့ဖူးပါသည်။ နောက်တစ်ချက်ကတော့ ယောက်ျားယူပြီး ယောက်ျားတစ်ယောက်၏ တာဝန်များကို မယူချင်သောကြောင့်လည်း ယောက်ျားယူဖို့ကို ခေါင်းထဲ တစ်ခါမှ မတွေးတောခဲ့ပေ။ ဒါကြောင့်လည်း ရည်းစားနှင့်ပြတ်သွားသောအခါ ကျွန်မ အင်မတန်ပျော်ရွှင်ပါသည်။ အနှောင်အဖွဲ့ ဆိုသည့်စည်းထဲ ကျွန်မမ၀င်လိုပေ။
ဒါပေမဲ့ အသက်ရွယ်ရလာသော အခါတွင် ကျွန်မအတွေးအခေါ်များအပြည့်အ၀မှန်ပါရဲ့လားဟု ကျွန်မ ပြန်လည်ဆင်ခြင်စဉ်းစားခဲ့ပါသည်။ ယောက်ျားမယူသော အကျိုးသည် ယောက်ျားတာဝန်များကို မယူဘဲ ဇိမ်နှင့် နေနိုင်စားနိုင်ပါသည်။ သို့သော် အထီးကျန်ခြင်းဝေဒနာကိုတော့ အသက်အရွယ်ရလာလေ ပိုပိုပြီးခံစားရလေဖြစ်နိုင်ပါသည်။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ ဟိုသွားလိုက် ဒီသွားလိုက်နှင့် ပျော်စရာကောင်းပြီး မသိသာသော်လည်း အသက်အရွယ်ရလာသော အခါတွင် သူငယ်ချင်းတိုင်းကလည်း ကိုယ်စီကိုယ်ငှ မိသားစုတာဝန် အိမ်ထောင့်တာဝန်များနှင့် အရင်လိုဟေးလားဝါးလား ကိုယ့်အားအဖော်ပြု ပေးနိုင်တော့မည်မဟုတ်ပေ။ ထိုအခါတွင် သင်သည် တဖြေးဖြေးအထီးကျန်ခြင်းဆိုသည့်ဝေဒနာကို စတင်ခံစားရတော့မည်ဖြစ်ပါသည်။
အသက်အရွယ်ရလာလေ သင့်မိသားစုထဲက အစ်ကို၊အစ်မ၊ညီ၊ညီမတွေကလည်း ကိုယ်စီကိုယ်စီ အိမ်ထောင်တစ်ခု ဘ၀တစ်ခုကို တည်ဆောက်ကြသောအချိန်တွင် သင်သည် အလိုလိုကို ဘေးကိုရောက်မှန်းမသိရောက်လာမည်ဖြစ်သည်။ မိသားစုအရေးနှင့် သင့်အရေးယှဉ်လာသောအခါတွင် သင်သည် ဒုတိယနေရာသို့ရောက်သွားမှာ မလွဲဧကန်ဖြစ်လေသည်။ ဒါသည် ဓမ္မတာတစ်ခုပင်ဖြစ်ပါသည်။ ဒီအတွက်နှင့် သင်ငြိုငြင်ဒေါသထွက်နေဖို့မလိုပေ။
ဒီထက်အသက်တွေတဖြေးဖြေးကြီးလာလို့ သူကိုယ်တိုင် အိုမင်းမစွမ်းဖြစ်လာသော အချိန်တွင် သင့် အပေါ်နားလည်သော စာနာသော သင့်မိသားစုဝင်များအင်မတန်မှကိုရှားပါးသွားမည်ဖြစ်ပါသည်။ တူ၊တူမများ၊ ညီအစ်ကို မောင်နှမများနှင့် သူငယ်ချင်းများကလည်း သင့်မိသားစုဝင်များဖြစ်သည့် သား၊သမီးအရင်းအချာတွေ လောက်တော့ သင့်အား စိတ်ရှည်ဂရုစိုက်ပေးနိုင်လိမ့်မည်မဟုတ်ပေ။ သင်အားငယ်တဲ့အချိန်အားပေးဖို့၊ သင်မျက်ရည်ကျသောအချိန်တွင် သင့်မျက်ရည်တွေကိုသုတ်ပေးဖို့၊ သင်အထီးကျန်တဲ့အချိန်တွင် ဘေးမှာ အဖော်ပြုပေးဖို့ သင့်ဘ၀အတွက် လက်တွဲဖော်တစ်ဦးတော့ အမှန်တကယ်လိုအပ်လာမှန်းသင်ကောင်းစွာ သိရှိလာမည်ဖြစ်ပါသည်။ ဒီအချိန်သည် သင့်အတွက် အရာရာနောက်ကျသွားသော အချိန်မဖြစ်ရန်လည်း အရေးကြီးပါသည်။
ကျွန်မ အသိအဒေါ်တစ်ယောက်ဆိုလျှင် ငယ်ငယ်တုန်းကတော့သူ့သမီးကို အိမ်ထောင်ပြု မှာအင်မတန်စိုးရိမ်ကာ အပျိုကြီးပဲလုပ်ခိုင်းလေသည်။ အခု ထိုအဒေါ်ကအသက်ကြီးလာသောအခါတွင် ထိုသမီးအတွက် သူအင်မတန်မှ ပူပန်လာပါသည်။ သူမရှိသောအချိန်တွင် သူ့သမီးအား လောကကြီးအလယ် တွင် တစ်ယောက်ထဲထားခဲ့ဖို့ကို သူတွေးမိတိုင်း ညညအိပ်မပျော်တဲ့အထိဖြစ်လာလေသည်။ တကယ်လို့များ သူ့သမီးငယ်ငယ်ရွယ်ရွယ်တုန်းက အိမ်ထောင်ပြုပေးခဲ့လျှင်ကောင်းသာဟု ပြောပြီး အမြဲစိတ်မကောင်းဖြစ်ရ လေသည်။ တကယ်လို့များအိမ်ထောင်ပြုခဲ့မယ်ဆို အခုဆို သူ့မိသားစု သူ့ယောက်ျား၊သူ့သားမီးတွေနဲ့ သူစိတ်ချစွာထားနိုင်လိမ့်မည်ဟု တွေးရင်းအမြဲစိတ်မကောင်းဖြစ်ရလေသည်။ ဒီလိုတွေပြောလို့ အိမ်ထောင်ပြု ဖို့ကို ချက်ချင်းလက်ငင်းတိုက်တွန်းတာမျိုးတော့မဟုတ်ပေ။ အချိန်တန်အရွယ်ရောက်လျှင်တော့ စဉ်းစားသင့်သည့် အရာဖြစ်သည်။ သမီးကညာ အခါမလင့်ဆိုသည့် စကားပုံကလည်း ဒါကြောင့်လည်း ပေါ်ပေါက်လာတာဖြစ်မည်ထင်ပါသည်။ အိမ်ထောင်ပြုခြင်းသည် ကောင်းကျိုးရှိသလို ဆိုးကျိုးများစွာလဲရှိနိုင်ပါသည်။ လင်ဆိုးမယားတဖားဖားတို့၊ ကုန်ရှုံးလျှင်တစ်ခေါက် လင်ကုန်ရှုံးရင်တစ်သက်လုံး မှောက်ဆိုသည့် စကားပုံများလည်း ရှိသဖြင့် မိမိရွေးချယ်သည့်လူ လူရွေးမမှားဖို့လည်း လိုအပ်ပါသည်။
စိန်ကဲခတ်ရတာကလွယ်ဦးမယ် လူကဲခတ်ရတာက ပိုခက်သည်ဆိုသည့်စကားအတိုင်း လူကဲခတ်ရတာ အင်မတန်မှခက်ပါသည်။ တစ်နဲ့တစ်ပေါင်းရင် နှစ်ဆိုသည့် ပုံသေနည်းမျိုးလဲ မရှိသဖြင့် ကိုယ်ဘယ်လောက် ကောင်းတဲ့လူကိုရွေးထားရွေးထား အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်သည်ဆိုတာကိုတော့ မည်သူမှ အပ်ချမတ်ချသေချာမပြောနိုင်ပေ။ ဒါပေမဲ့လည်း အကောင်းဆုံးမဖြစ်ရင်တောင် အဆိုးဆုံးမဖြစ်အောင်တော့ သင်ထိန်းသိမ်းလို့ရနိုင်ပါလိမ့်မည်။ ဒါကြောင့်လည်း သင့်ရဲ့အနာဂတ်အတွက် ကြိုတွေးကြည့်ရင်း အကောင်းဆုံးပုံဖော်ဖန်တီးနိုင်ဖို့ အချက်အလက်များအား တင်ပြခြင်းသာဖြစ်ပါသည်။ တိုက်တွန်းခြင်းမဟုတ် သလို ကန့်ကွက်ခြင်းလည်း မပြုပါ။ သင်စိုက်ပျိုးသော အပင်ရဲ့ အသီးအပွင့်သည် သင်နဲ့သာဆိုင်ပါသည်။ ဘာပင်မှမစိုက်ရင်တော့ ဘာသီးမှ သင်စားရမှာမဟုတ်သလို။ ဘယ်အပင်အမျိုးစားစိုက်မလဲ ဆေးဖက်ဝင်တဲ့ အပင်စိုက်မှာလား ဒါမှမဟုတ် အဆိပ်ပင်စိုက်မှာလားဆိုတာကလည်း သင့်ရဲ့ရွေးချယ်မှုနှင့် ပြုစုပျိုးထောင်မှု ပေါ်တွင် အများကြီးသက်ရောက်နိုင်ပါသည်။ ပျော်ရွှင်စရာဘ၀လေးတွေပိုင်ဆိုင်ဖို့ ကျွန်မစဉ်းစားမိသလောက် လေးရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။ အမှားအယွင်း တစ်စုံတစ်ရာပါခဲ့လျှင်လည်း ခွှင့်လွှတ်နားလည်ပေးရန် တောင်းပန်လိုက်ပါသည်။
ပန်းရတု။
Shared from ပန်းရတု(အချစ်အကြောင်းပြောကြည့်ရအောင်)
သာသနာဆိုတာမြတ်စွာဘုရားအဆုံးအမ တရားတော်တွေကိုခေါ်ဆိုတာဖြစ်ပါတယ်။
သာသနာပြုတယ်ဆိုတာ လူတစ်ယောက်ရဲ့စိတ်ထဲမကောင်းမှု့တွေပျောက်ပြီး ကောင်းတဲ့စိတ်တွေရောက်လာအောင်ဟောပြောပြသပေးတာကိုခေါ်တာပါ။ သာသနာနဲ့ပတ်သက်ပြီးအမျိုးအစားခွဲကြည့်မယ်ဆိုရင်
၁။ သာသနာနှင့်ကြုံသော်လည်းမကြိုက်သောသူ
၂။ သာသနာကိုကြိုက်သော်လည်း မကြုံသောသူ
၃။ သာသနာနှင့်ကြုံလည်းမကြုံ၊ ကြိုက်လည်းမကြိုက်သောသူ
၎။ သာသနာနှင့်ကြုံလည်းကြုံ၊ ကြိုက်လည်းကြိုက်သောသူ ဆိုပြီး၎မျိုးရှိပါတယ်။
သာသနာနှင့်ကြုံသော်လည်း၊ မကြိုက်သောသူဆိုတာ ဗုဒ္ဓဘာသာဖြစ်ပြီး ၀ိပသနာတရားကို နာကြားအားထုတ်ခြင်းမပြုတဲ့သူတွေကိုပြောတာပါ။ ဒါန၊ သီလ၊ သမထဆိုတဲ့လောကီကုသိုလ်များကတော့ သာသနာပမှာလည်းရှိပါတယ်။ အချိန်မရွေးလည်းလုပ်လို့ရပါတယ်။ ၀ိပသာနာ တရားကတော့ သာသနာငါးထောင်အတွင်းမှာသာရနိုင်ပါတယ်။ပြီးတော့ ၀ိပသာနာတရားဆိုတာ ညဏ်ပညာအရာသာဖြစ်ပြီး သားရေး၊ သမီးရေး၊ စီးပွားရေးနှင့်တွဲပြီး ရှုပွားလို့ရပါတယ်။ သမထလို အလုပ်မရှုပ်ပါဘူး။
နံပါတ် ၂ အမျိုးအစားကတော့ တစ်ယောက်ပဲရပါတယ်။ သူကတော့ မြတ်စွာဘုရား ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကိုးကွယ်တဲ့ ကာဋ္ဌဒေ၀ီလရသေ့ကြီးပါ။ ဒီရသေ့ကြီးဟာ သမထကမဌာန်းတွေအားထုတ်လိုက်တာ ရှိသမျှ ဈာန်တွေ။ အဘိညဏ်တွေအကုန်ရပြီး မြေလျှိုး၊ မိုးပျံ၊ ကိုယ်ပျောက် စတာတွေအကုန်လုပ်နိုင်ပါတယ်။ ဘုရားမပွင့်သေးတဲ့ကာလဆိုတော့လည်း သူ့ကိုအမြတ်ဆုံးလုပ်ပြီးကိုးကွယ်ကြပါတယ်။တစ်နေ့တော့ နတ်ပြည်ရဲ့ဆိတ်ငြိမ်ရာနေရာမှာရောက်နေတုန်း နတ်သား၊ နတ်သမီးတွေ တခဲနက်အော်တဲ့အသံကြားလို့မေးကြည့်တော့ လူပြည်မှာဘုရားအလောင်းမွေးဖွားပြီးဆိုတာတွေ့သွားတယ်။ဒါကြောင့် ချက်ချင်းအဘိညဏ်တန်ခိုးနဲ့ သုဒ္ဓေါနမင်းကြီးနန်းတော်ထဲကြွသွားပြီး ဘုရားအလောင်းကို သွားကြည့်တော့ မင်းကြီးကိုယ်တိုင်မွေးကာစ နီတာရဲဘုရားအလောင်းကိုယူပြတာပေါ့။ ရသေ့ကြီးရှေ့လည်းရောက်ရော မင်းကြီးကဘုရားအလောင်းရဲ့ လက်ကလေးနှစ်ဘက်ကိုကိုင်ပြီး ရသေ့ကြီးကို ဦးတော်လုပ်ပေးဖို့ကြိုးစားတဲ့အခါ ဘုရားရဲ့ခန္ဓာကိုယ်ဟာ ရသေ့ကြီးရဲ့နဖူးထိပ်နားထိ အလိုလိုမြောက်တက်သွားတယ်။ ငါ့ကို ရှစ်ခိုးရမယ်လို့မပြောသော်လည်းပြောသကဲ့သို့နဖူးထက်မှာသွားတည်တာပါ။ ရသေ့ကြီးလည်း ခြေအစုံကိုတရိုတသေဆုတ်ကိုင်ရင်း ဘုရားတစ်ကယ်ဖြစ်မဖြစ်ကို တန်ခိုးနဲ့ဆင်ခြင်တယ်။ ဘုရားတစ်ကယ်ဖြစ်မယ်ဆိုတာလည်းမြင်ရော တရိုတသေ ရှစ်ခိုးတာနဲ့တစ်ပြိုင်နက် ဘုရားအလောင်းဟာလည်း မင်းကြီးရင်ခွင်ထဲပြန်ကျသွားတယ်။ အဲဒီအချိန်ကျမှ ရသေ့ကြီးဟာ အားပါးတရ ရယ်ခြင်းကိုပြုသလို ရှိုက်ကြီးတငင်ငိုခြင်းကိုလည်းပြုတယ်။
မင်းကြီးကအမေးရှိတဲ့အခါ ရသေ့ကြီးက `မင်းကြီးသားတော်ဟာ ဘုရားစစ်စစ်ဧကန်ဖြစ်လိမ့်မယ်။သင်နဲ့တကွဝေနေယျအများစုဟာ သင့်သားဘုရားရဲ့ဝိပသာနာတရားတွေကိုနာကြားကြရပြီး မဂ်ဖိုကိုရကြလိမ့်မယ်။ သံသရာတစ်လျှောက်လုံး အပယ်ဘေးကနေတစ်ကယ်ဝေးကြရမယ်။ သင်တို့လိုဝေနေယျတွေအတွက်ဝမ်းသာလွန်းလို့ငါရယ်ခြင်းဖြစ်ပြီး၊ သင့်သားဘုရားဖြစ်တဲ့အချိန်မှာငါကတော့ ရုပ်တရားမရှိဘဲ၊နာမ်တရားသာရှိတဲ့အရူပဗြဟာဘုံကိုရောက်နေပြီးကမ္ဘာပေါင်း၈သောင်း၎ထောင်ဒီအတိုင်းဘဲအချိန်ကုန်ရတော့မယ်။သင့်သားဘုရားရဲ့သစöာတရားကိုနာကြားခွင့်မရတော့ဘ၀သံသရာမှာဘုရားသာသနာကိုမမှီလိုက်ရတဲ့အတွက်အရှုံးကြီးရှုံးရပြီ။ အဲဒီအတွက်ငိုခြင်းဖြစ်ပါတယ်´ လို့ရှင်းပြပါတယ်။
တတိယမြောက်အမျိုးအစားကဖြစ်တဲ့ သာသနာနဲ့မကြုံလည်းမကြုံ၊ မကြိုက်လည်းမကြိုက်တဲ့ သူတွေကတော့အပါယ်ဘုံသားတွေဖြစ်ပါတယ်။သူတို့ဟာသာသနာကိုသာသနာမှန်းတောင်မသိတဲ့အတွက် သာသနာနဲ့မကြုံဘူးလို့ဆိုနိုင်ပါတယ်။ဒါကြောင့်ကြိုက်ရမှန်းလည်းမသိနိုင်တော့ပါဘူး။
နောက်ဆုံးလေးခုမြောက် သာသနာနဲ့ကြုံလည်းကြုံ၊ ကြိုက်လည်းကြိုက်သူကတော့ ဒါန၊သီလ၊သမထတင်မက ၀ိပသာနာဘာဝနာကိုပါပွားများအားထုတ်နေကြသူတွေပါ။သာသနာနှစ် ၂၄၀၀ကျော်ကျန်သေးတယ်ဆိုပေမဲ့ ဒီနေ့သေရင်နက်ဖြန်သာသနာဟာ ကိုယ်နဲ့မဆိုင်တော့ပါဘူး။ ဒါကြောင့် အသေမဦးခင်၊ ညဏ်ဦးအောင် ကြိုးစားပါလို့တိုက်တွန်းထားတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို လိုက်နာသင့်ကြပါတယ်။
လူဟာ ငါစွဲဒိဋ္ဌိမပျောက်ဘဲ လောဘ၊ ဒေါသ၊ မောဟ စတဲ့မည်သည့်စိတ်နဲ့ဘဲဖြစ်ဖြစ်သေသွားမယ်ဆိုရင်အပါယ်လေးဘုံကို ကျိန်းသေကျပါတယ်လို့အမှာရှိထားပါတယ်ဆိုတာကို သတိပြုစေချင်ကြပါတယ်။
နောင်မှနောင်တရပြီး တန်ဖိုးကိုသိရတဲ့အရာ ၃မျိုးရှိပါတယ်။
၁။ ကျန်းမာရေးတန်ဖိုးကိုကို မကျန်းမာတဲ့အချိန်မှသိရပါတယ်။
၂။ တိုင်းပြည်လွတ်လပ်ရေးတန်ဖိုးကို သူ့တစ်ပါးကျွန်ဖြစ်မှ သိနိုင်ပါတယ်။
၃။ လူဘ၀တန်ဖိုးကိုတော့ ငရဲပြည်ရောက်မှ သိနိုင်ပါတယ်။
ဒါကြောင့် မြန်မာဗုဒ္ဓဘာသာဝင်တိုင်း စတုတ္တမြောက်သာသနာဝင်ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေ။
မှတ်ချက်။ ။ အရှင်ဇ၀န(မေတ္တာရှင်) ၏ ၀ိပသာနာတရားတော်မှ ထုတ်နုတ်တင်ပြခြင်းဖြစ်ပါသည်။
Posted by Golden Myanmar
Shared from Ma Moenge Aung
Beauty is serene and at the same time exhilararing; it increases one's sense of being alive.
အလှတရားဟာ ငြိမ်သက်အေးချမ်းမှုရှိတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ကို ရွှင်လန်းစေတယ်။ရွှင်မြူးစေတယ်။ပြီးတော့ အသက်ရှင်နေထိုင်တယ်ဆိုတဲ့ ခံစားမှုကိုလည်း ပိုပြီးအားကောင်းစေတယ်။
အလှအပကို မမြင်ရ မခံစားရတဲ့နေ့ စာ ခြောက်သွေ့တဲ့နေ့ပဲဖြစ်တယ်။လောကကြီးကို ကြည့်တဲ့အခါမှာ လွတ်လပ်တဲ့စိတ်နဲ့ ကြည့်တတ်ဖို အင်မတန်အရေးကြီးပါတယ်။ လှတဲံစိတ်နဲ့ကြည့်မှ လှတာကို မြင်နိုင်မှာပါ။ လှပပြီးအေးချမ်းတဲ့နေရာမှာ လမ်းလျှောက်ရတာဟာ ကျမ်းမာရေးအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။ ကျန်းမာမှုဟာ လှပမှုအတွက်အရေးပါဆုံးအချက်လည်းဖြစ်ပါတယ်။ လှပတဲ့ရှုခင်းလေးတစ်ခုကိုပြောပြမယ် သူငယ်ချင်းတို့က စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်နော် ။ ကျွန်မတို့မြို့လေးရဲ့ဆောင်းနံနက်ရှုခင်းလေးတစ်ခုပါ။
အရင်ကဆို မေမေရယ်၊ဖေဖေရယ်၊ကျွန်မရယ် က နံနက်စောစောကို လမ်းလျှောက်ထွက်တတ်ကြတယ်လေ။ ကျွန်မတို့မြို့ကိုရေပေးတဲ့ရေကန် တွေ ရှိတဲ့ တောင်မြင့်မြင့်လေးမို့ရေကန်တောင် လို့ခေါ်ကြတယ်။ အဲဒီကိုမနက်စောစော လမ်းလျှောက်ထွက်ရတာဟာ သိပ်ကို စိတ်ကြည်နူးစေပါတယ်။
အဲဒီနေရာလေးဟာ ကုန်းလေးပေါ်တက်သွားရပြီး မြို့ကိုပေးတဲ့ရေကန်လေးတွေ နံပါတ်အလိုက်ရှိနေပါတယ် ။ ဆောင်းမနက်စောစောဆိုတော့ နှင်းလေးတွေကဖွဲဖွဲကျနေတဲ့ အချိန်လေးပေါ့ နှင်းကလေးတွေကျနေတဲ့ အချိန် ကန်ရေပြင်ကြည်ကြည်လေးမှာ ရေငွေ့လေးတွေထလို့လေ။ ရေကန်လေးဆီကို လာတဲ့ စမ်းချောင်း သေးသေးလေးရဲ့ အကွေ့အကောက်လေးတွေကိုကျော်ပြီး စီးလာတဲ့ရေ သံလေးရယ်၊ အိပ်တန်းကထလို့ အစာရှာကြ တဲ့ငှက်ကလေးတွေရဲ့ ဘာသာဘာဝအော်သံကလေးတွေကိုကြားနေရပြီး တောတန်းစိမ်းစိမ်းတောင်တန်းပြာပြာကြားကနေ နှင်းမှုန်ကလေးတွေကိုဖြတ်ပြီး စထွက်လာတဲ့အခါ နေရောင်ခြည်နုနုလေးရယ်၊ ကိုသူငယ်ချင်းမြင်ယောင်ကြည့်လိုက်ပါ။အဲဒါတွေဟာ တကယ့်လောကထဲက သက်ရှိပန်းချီကား လေး ပါပဲ။
တကယ့်ကိုစိတ်ကြည်နူးဖို့ကောင်းပါတယ်။ နောက်အဲဒီနေရာမှာ များသောအားဖြင့် မြင်ရ တတ်တာက တရုတ်အဖိုးအိုအဖွားအိုတွေဟာ ဒုတ် ဓါးတွေနဲ့ သိုင်းကစားကြတာ၊ စိတ်ကိုလွတ်လွတ်လပ်လပ်ထားလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုနေကြတာ၊ကလေးတွေ ပျော်ပျော်ရွှင်ရွှင်ကြက်တောင်ရိုက်ကစားနေကြတာကို ကြည့်ပြီးကိုယ်ကိုယ်တိုင်တောင် အလိုလိုနေရင်းပျော်ရွှင်လာပါတယ်။ ရေကန်တောင်ဥယျာဉ်ဆိုတော့ ပန်းပင် သစ်ပင်ကလေးတွေနဲ့လည်းရှုခင်းကလှပနေတာဆိုတော့လေ။ တရုတ်အဖွားတစ်ယောက်ကပြောပါတယ် အခုလို နံနက်ခင်းလမ်းလျှောက်ရတာဟာ ဒီနေရာကိုရောက်ရင် နှစ် ၂၀လောက်အသက်ပြန်ငယ်သွားသလိုခံစားရပါတယ်လို့ပြောပြပါတယ်။ အဲဒီအလှတရားတွေကိုကြည့်တတ်ဖို့ဆိုတာကတော့ ချစ်တတ်တဲ့မျက်စိနဲ့ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ အလုပ်လုပ်တဲ့အခါမှာ အလုပ်နဲ့ပတ်သက်တဲ့ သဘာဝအလှကို ခံစားမှုရှိမှသာ အဲဒီအလုပ်ကို လုပ်ရတာပျော်ရွှင်နိုင်မှာပါ။ ဘယ်လိုအကြောင်းအရာကိုဖြစ်ပါစေ သူ့သဘာဝ နဲ့သူ့အလှကို နက်နက်နဲနဲ ခံစားတတ်မှ သူ့အကြောင်းကို သိမယ် သူနဲ့နေရတာပျော်မယ်။ အဲဒါဟာကိုယ့်ဘ၀ရဲ့အဓိပါယ်ဖြစ်လာပါမယ်။ ချစ်တတ်တဲ့ စိတ်နဲ့ကြည့်မှသာ အလှအပကိုမြင်နိုင်မှာပါ။ အလှအပကို မြင်နိုင်မှ အလှအပကို
ဖန်တီးနိုင်မှာပါ။ အပြစ်ရှာချင်တဲ့သူဟာ အလှအပကိုမမြင်နိုင်ပါဘူး။ မလှတာကိုပဲမြင်နိုင်မှာပါ။ သူ့အတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။
အခုခေတ်မှာ ရုပ်ရည်လှပတာကို ပိုပြီး အလေးထားလာကြတာကိုတွေ့ရပါတယ်။ စိတ်ထားနဲ့ အကျင့်စာရိတ္တကို အလေးထားတာနည်းလာပါတယ်။ လူတစ်ယောက်ကိုမြင်ခါစမှာ
ရုပ်ရည်ကိုပထမမြင်ရတယ်။ ဒါပေမယ့် ရေရှည် ဆက်ဆံလာတဲ့အခါမှစိတ်ထားကိုမြင်လာတယ်။
ငယ်တယ်ချောတယ်ဆိုတာက ကလေးဆန်တဲ့အလှနုနယ်တဲ့အလှဖြစ်ပါတယ်။ အသက်နည်းနည်းကြီးသွားတဲ့အခါ ပိုပြီး ကျက်သရေရှိလာတာရှိပါတယ်။ပိုပြီးခန့်ညားလာတယ်။
တည်ငြိမ်အေးချမ်းတဲ့မျက်နှာဖြစ်လာတယ်။ ဥာဏ်ပညာရင့်ကျက်လာလို့ ပိုပြီးခိုင်မာတဲ့ ရင့်ကျက်တဲ့ ရုပ်ရည်ဖြစ်လာတယ်။ အားလုံးကိုနားလည်လက်ခံနိုင်တဲ့ နူးညံ့တဲ့ စိတ်ထား ရှိလာလို့ နူးညံ့တဲ့မျက်နှာနဲ့အမူအရာဖြစ်လာပါတယ်။ ဘ၀အတွေ့အကြုံ များလာလို့ သတိနဲ့နေတတ်လို့ ကိုယ့်စိတ်ကို ကိုယ်ကော်ငးကောင်းသိနိုင်တဲ့စိတ်နေသဘောထား ရင့်ကျက်လေးနက်လာတဲ့အခါမှာစိတ်ရဲ့ရင့်ကျက်မှု လေးနက်မှု သဘောထားပြည့်ဝမှုဟာ မျက်နှာမှာ ပေါ်လွင်လာပါတယ်။
ဒါကြောင့် အသက်ကြီးလေ အသိဥာဏ် ရင့်ကျက်လေဖြစ်အောင်သတိနဲ့နေတဲ့အလေ့ အကျင့် လုပ်တဲ့သူဟာ အသက်ကြီးလေ ကျက်သရေရှိလေ ခန့်ညားလေဖြစ်လာနိုင်ပါတယ်။ ရင့်ကျက်တဲ့အလှဟာပိုပြီးတော့ ကျက်သရေရှိပါတယ်။ ဒါကြောင့်အသက်ကြီးသွားရင် ရုပ်ရည်မလှမပဖြစ်သွားမှာ သိပ်စိုးရိမ်စရာမလိုတော့ပါဘူး။ စိတ်လှလာရင် စိတ်ရဲ့ရောင်ပြန်ဟပ်မှုကြောင့် ရုပ်ရည်လည်းလေးလေးနက်နက်ကျက်သရေရှိလာပါမယ်။ လှပခန့်ညားလာပါမယ်။ အိုမှာကြောက်တာကတော့လူတိုင်းနီးပါးဖြစ်ပါတယ်။ အခုခေတ်မှာ အိုတာကို ဖုံးတဲ့နည်းတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဘယ်လောက်ဖုံးဖုံး မရနိုင်တဲ့ အဆင့်ကိုရောက်လာမှာပါပဲ။
ရုပ်ကို သိပ်တွယ်တာတဲ့သူအားကိုးတဲ့သူဟာ ရုပ်ကြောင့်စိတ်ဆင်းရဲမှာပဲ၊ဒါကြောင့်အသက်ကြီးလေ စိတ်ကိုပိုပြီး ဦးစားပေးလေဖြစ်မှ စိတ်ချမ်းသာမယ် အသက်ဘယ်လောက်ကြီးကြီး စိတ်အိုမသွားအောင်နေတတ်ရင် အသက်ကြီးလာလေ ဘ၀ဟာ ပိုပြီးလေးနက်လေ ကျေနပ်စရာကောင်းလေဖြစ်လာမယ်။ သတိနဲ့၊ နေတဲ့စိတ်ဟာ ဘယ်တော့မှမအိုပါဘူး၊ တဖြေးဖြေးပိုရင့်ကျက်လာတာပဲ၊ရင့်ကျက်တာနဲ့ အိုတာမတူပါဘူး။ တည်ငြိမ်အေးချမ်းပြီးတော့ ကြည်လင်နေတယ်၊ စိတ်ထားက နူးညံ့ပြီး ခိုင်ခန့်နေတယ်၊စိတ်ဓါတ်ကလွတ်လပ်နေတယ်၊မျက်နှာမှာ မေတ္တာ၊ဂရုဏာပေါ်နေတယ်၊ အဲဒါမှ အင်မတန်လေးနက်တဲ့ လှပတဲ့သဘောတစ်မျိုးပါပဲ၊
တည်ငြိမ်အေးချမ်းတဲ့မျက်နှာကို မြင်ရရင် စိတ်ချမ်းသာတယ်၊ရိုးသားဖြူစင်တဲ့ မျက်နှာကို မြင်ရရင် စိတ်ချမ်းသာတယ်၊စိတ်ချမ်းသာမှုကိုပေးနိုင်လို့လှတယ်။
များသောအားဖြင့်လူတွေက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတတ်ကြတာလေ။ ပတ်ဝန်းကျင်ကို သေသေချာချာသတိမထားမိကြဘူး။ ကြည့်သာကြည့်တယ် သေသေချာချာမမြင်ကြဘူးလေ။ မမြင်တော့ လောကကြီးဘယ်လောက်လှပတယ် အံ့သြစရာကောင်းတယ်ဆိုတာကိုမခံစားတတ်ဘူးပေါ့။ မနက်စောစောနိုးတိုင်းနိုးတိုင်း လောကကြီးဟာ အင်မတန်အံ့သြစရာ ကောင်းပါလားဆေိုတာခဏလေးဖြစ်ဖြစ်ခံစားကြည့်ရင် သိပ်ကော်ငးမှာပဲ။ အရာရာတိုင်းဟာ သိပ်အံ့သြစရာကောင်းပါတယ်။ အံ့သြတတ်တဲ့စိတ်ပျောက်သွားရင် ဘ၀တစ်ခုလုံးဟာခြောက်ခမ်းသွားပြီးဘာမှစိတ်ဝင်စားစရာမရှိတော့ပါဘူး။ ပိုက်ဆံကိုပဲ စိတ်ဝင်စားတဲ့သူရဲ့ဘ၀ဟာ တော်တော်ကို တန်ဖိုးနိမ့်ပါတယ်။
သဘာဝကိုမချစ်တတ်တဲ့သူ၊တန်ဖိုးမထားတတ်တဲ့သူ၊သဘာဝအလှတရားကို မခံစားတတ်တဲ့သူတွေများလာရင် လောကကြီးပျက်စီးသွားမယ်လေ။ သဘာဝအလှတရားဟာ ကြည့်လို့မ၀အောင်လှပါတယ်။ အဲဒါတွေကို မြင်တတ်၊ခံစားတတ်ရပါမယ်။ ဒီလိုခံစားတတ်မှ လူရဲ့စိတ်ဟာ အသက်ဝင်နေမှာပါ။ ဒီလိုသဘာဝအလှကို ခံစားတတ်မှ သူ့ကို တန်ဖိုးထားမယ် ၊ထိန်းသိမ်းမယ်လေ။ အခုခေတ် လူတွေဟာ သဘာဝရေမြေ၊သစ်ပင်တောတောင်တွေကို တန်ဖိုးထားရမှန်း မသိကြလို့ ဖျက်ဆီးနေကြတာတွေ့နေရပါတယ်။ သဘာဝလောကကြီးပျက်စီးသွားရင်ဘယ်မှာသွားနေကြမလဲ။
အလှအပကို မသိနိုင်မခံစားနိုင်လို့ရှိရင် ဒီလောကကြီးကို ညစ်ပတ်အောင်လုပ်မယ်၊ ဒီလောကကြီးပျက်ဆီးစေမယ့် အပြုအမူမျိုးလုပ်မယ်၊ ၀တ်တာ၊စားတာ၊ပြောတာ၊ဆိုတာ ကအစ ဆုတ်ယုတ်သွားမယ်၊ပျက်စီးသွားလိမ့်မယ်နော။အဲဒီတော့ လောကကြီးကို တိုးတက်စေချင်ရင် လူတွေကို သေသေသပ်သပ် လှလှပပနေတတ်၊ ထိုင်တတ်၊ပြောတတ်ဆိုတတ်အောင် သင်ပေးဖို့ လိုတယ်။သာမန်လူတွေဟာ အပေါ်ယံအလှတရားတွေကို ခံစားရတဲ့ အရသာကိုများသောအားဖြင့် ကြိုက်ကြပါတယ်။ ဥာဏ် အဆင့်မြင့်သူ၊ စိတ်နေသဘောထားတည်ငြိမ်သူတွေကတော့ ဥာဏ်နဲ့ လေးလေးနက်နက်သိတဲ့အရသာကို ပိုပြီးနှစ်သက်ကြပါတယ်။
I am here to contribute beautiful to the world.
ဒီလောကကြီးမှာ ငါ လူဖြစ်နေတာ လောကကို လှပတာတွေပေးဖို့ပါတဲ့။
May your world always be as beautiful as you make it for others.
သူတစ်ပါးအတွက် လောကကို လှပအောင် လုပ်ပေးနိုင်သလောက်သင့်လောကလည်း အစဉ်အမြဲလှပပါစေ။
Shared from Ma Sai Mon