Sunday, June 8, 2014

ကြောင်ချစ်သူတို့က ခွေးချစ်သူများထက် ဥာဏ်ပိုကောင်း


အမေရိကန်က တက္ကသိုလ် ကျောင်းသား အယောက် ၆၀၀ ပါဝင်တဲ့ စစ်တမ်း ကောက်ယူမှု ရလဒ် ဖြစ်ပါတယ်။ ယင်း ကြောင်ကို ချစ်ပြီး မွေးသူ များဟာ ခွေး ချစ်သူ၊ မွေးသူ များထက် ပိုမို ဥာဏ်ရည် မြင့်မားကြောင်း သိရ ပါတယ်။

အမေရိကန် Carroll University မှ ပရော်ဖက်ဆာ ဖြစ်သူ Denise Guastello မှ ဦးဆောင်လို့ ပြုလုပ်ခဲ့တဲ့ သုတေသန ဖြစ်ပါတယ်။ စစ်တမ်းမှာ ပါဝင်တဲ့ လူအယောက် ၆၀၀ စလုံးရဲ့ ပညာရေး မှတ်တမ်းတွေ၊ ဥာဏ်စမ်း စမ်းသပ် ချက် တွေကို စုစည်းလို့ အဖြေ ထုတ်ကြည့် လိုက်တဲ့ အခါ Cat lover များရဲ့ ဥာဏ်ရည် ဥာဏ်သွေးက Dog lover တို့ထက် ပိုမို မြင့်နေ ပါတယ်။ တစ်နည်း အားဖြင့် ခွေး ချစ်သူများက ကြောင် ချစ်သူ များထက် ဥာဏ်ရည် နိမ့်တယ် လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ခွေးဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ ကြောင်နဲ့ ခွေး တိရစ္ဆာန် စုစုပေါင်း အရေအတွက် အားဖြင့် အားလုံးရဲ့ ၆၀ ရာခိုင်နှုန်း ရှိပြီး ကြောင်မွေးသူ အရေအတွက်ဟာ ၁၁ ရာခိုင်နှုန်း ရှိပါတယ်။ ၂ မျိုးစလုံးကို မွေးနဲ့သူနဲ့ လုံးဝ မမွေးသူ အရေအတွက် ကတော့ ၂၈ ရာခိုင်နှုန်း ရှိကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment