Sunday, June 29, 2014

ဝိပဿ နာ ရှုပွားရခြင်း အကျိုးများ


ဖြစ်ပျက်မြင်လို့ မြင်တဲ့အတိုင်း ကိလေသာ အ၀င်မခံဘဲ တစ်စိုက်မတ်မတ် မလျှော့သောဇွဲနဲ့ ကြိုးစားသွားမယ်ဆိုရင်တော့ မနက်အားထုတ်၊ ညနေရ။ ညနေအားထုတ်မနက်ရဆိုပြီး ဘုရားဟောတော်မူချက်ရှိပါတယ်။
ဖြစ်ပျက်မြင်နိုင်တဲ့ဉာဏ် အခြေခံရှိဖို့တော့ လိုအပ်တာပေါ့။ ဖြစ်ပျက်မြင်လျက်အားထုတ်ရင် (၇)ရက်အတွင်း သို့မဟုတ် (၇)လအတွင်း သို့မဟုတ် (၇)နှစ်အတွင်းရမယ်လို့ ဟောတော်မူချက်လဲ ရှိပါတယ်။ မဟာသတိပဋ္ဌာနသုတ်မှာ ဟောတော်မူခဲ့ပါတယ်။
ဒီဘ၀ ဖြစ်ပျက်မြင်နေအောင်ရှု၊ အမြဲမပြတ် ကြိုးစားရှုနေလို့ရှိရင် ရှုနေတဲ့ လောကီမဂ်ဉာဏ်လေး ပေါ်နေပါတယ်။ ရှုနေတဲ့အခိုက်မှာ မဂ်ဉာဏ်ပေါ်နေတယ်။ ဒီဉာဏ်လေးနဲ့သာ သေသွားမယ်ဆိုရင် နောက်ဘ၀ နတ်ပြည်ရောက်ပြီး ဆက်လက် တရားအားထုတ်လျက်သား ဖြစ်နေမယ်။ လူ့ဘ၀က ၀ိပဿနာဉာဏ်က နတ်ပြည်အထိ ဆက်ဖြစ်နေပြီး ဟိုနတ်ပြည်ရောက်တော့လဲ ဆက်လက် အားထုတ်လျက်ဖြစ်သွားတော့ နတ်ရဲ့ဉာဏ်က လူထက်အဆများစွာ လျဉ်မြန်ထက်မြက်သဖြင့် ခဏချင်းနဲ့ပဲ အဲဒီမှာ မဟာသောတာပန် တည်သွားပါလိမ့်မယ်။ နတ်ဖြစ်မှန်းမသိခင် သောတာပန်တည်ပါလိမ့်မယ်။ နတ်ဖြစ်မှန်းသိလိုက်တော့ သောတာပန်တည်ပြီး ဖြစ်နေပြီတဲ့။ နတ်ဖြစ်မှန်းသိတာက နောက်ကျသေးတယ်၊ သောတာပန်ဖြစ်တာက အရင်ဦးနေတယ်တဲ့။ ဒါကြောင့် ဒီဘ၀ ဖြစ်ပျက်မဂ်ကိုက်အောင် ရှုနေတဲ့ ၀ိပဿနာဉာဏ်လေးနဲ့သာ သေနိုင်အောင် ကြိုးစားလိုက်မယ်ဆိုရင် နောက်ဘ၀ ကျိန်းသေ မဟာသောတာပန်ဖြစ်မယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဒေါက်တာအရှင်ပါရမီ

မိုးကုတ်ဝိပဿနာ  ဓမ္မကဗျာ

လက်ရှိခန္ဓာ၊ မတွယ်တာနဲ့၊ နောင်လာဘ၀ မတောင့်တဘဲ ကြောင့်ကြဇွဲဖြင့် အမြဲမပြတ် ၀ိပဿနာ လေ့လာကြိမ်ဖန် အာစိဏ္ဏကံ ဖြစ်ကြောင်းမှန်မှူ ထိုသည့်သူကား အယူမလွဲ ကတိမြဲ၏။

မီးစွဲလောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိင်းယှဉ်၍ မဂ္ဂင်သန္ဓေ တည်မြဲနေအောင် မသေခင်က ပြင်ဆင်တောက်လျှောက် မေ့မပျောက်နှင့် ချွေးပေါက်ယိုစီး သေခါနီးဝယ် အပြီးမုချ မဂ္ဂင်ရလိမ့်။
ကိစ္စမလျှော် အကြောင်းပေါ်၍ မတော်တဆ မဂ်မရဦး ဘ၀အစွန် တမလွန်တွင် ထူးချွှန်အံ့လောက် နတ်ပြည်ရောက်၍ သောတာပန်စစ် ဧကန်ဖြစ်မည် မလစ်ဝိဿနာ အကျိုးတည်း။

Shared from Ma Myint Sandar (FB)

No comments:

Post a Comment