Sunday, June 29, 2014

ဝိပဿ နာတရား အားထုတ်စေရန် အရေးတကြီး တိုက်တွန်းဆုံးမစာများ (၃)


ဖြစ်ပျက်နဲ့ မဂ်ကြားမှာ ကိလေသာ ကြားမခိုရင် မနက်အားထုတ် ညနေရမယ်။ ညနေအားထုတ် မနက်ရမယ်တဲ့။ ဘုရားကိုယ်တိုင် အာမခံထားတာလို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ဟောကြားထားပါသည်။
အားထုတ်နေတုန်း ကိလေသာ ကြားခိုခဲ့ရင် ကိစ္စတစ်ခုခု နောက်ယှက်ဖို့ ၀င်လာခဲ့မယ်ဆိုရင် ဒေါသစိတ်ကလေး ဖြစ်ခဲ့မယ်ဆိုရင် အဲဒီဒေါသစိတ်ကလေးကို အရူခံအဖြစ် ရူလိုက်ရင်၊ ဖြစ်ပျက်ရူလိုက်ရင် ကိလေသာကြားခိုတာကို တားလိုက်တာပဲမို့ ပူစရာမလိုဘူးတဲ့။ ဘာပဲလာလာ အရူခံအဖြစ် ဖြစ်ပျက်ရူလိုက်ရင် ကိလေသာ မဖြစ်တော့ရင် နိဗ္ဗာန်ကို မြင်မယ်တဲ့။
ဒါကတော့ ကိလေသာကို ကြားမခိုစေတဲ့ နည်းပဲ။ ကြားမခိုအောင် ဖြေရှင်းတဲ့ နည်းပဲ။
ဒါပေမယ့် ဆရာတော်ဘုရားကြီးက ဒိဋ္ဌိကို အသိနဲ့ အရင်ဖြုတ်ပြီးမှ ဝိပဿ   နာကို ရှုပါတဲ့။ အရှေ့နဲ့ အနောက် မလွဲစေနဲ့တဲ့။

အမေကို သတ်မယ်၊ အဖေကို သတ်မယ်၊ ရဟန္တာကို သတ်မယ်၊ မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်မယ်၊ သံဃာကို ဂိုဏ်းခွဲမယ်၊ အဲဒီလို အကုသိုလ်မျိုးတွေ ကျူးလွန်ပြီးရင်တော့ ဒီအကုသိုလ်ကံတွေ ပယ်ဖျောက်ဖို့အတွက် ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတွေ ဘယ်လောက်ပဲ ပြုပြု၊ ဘယ်လောက်ပဲ ပွားပွား၊ ဒီဘ၀ ဈာန် မဂ်ဖိုလ် မရနိုင်တော့ပါဘူးတဲ့။ ကုသိုလ်တော့ ဖြစ်တယ်ပေါ့လေ။ (ငရဲကို တန်းသွားရလို့။ ငရဲကို ကျကိုကျမှာမို့)

ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက အဲဒီ ကံငါးပါးသာ မကျူးလွန်ထားရင် အရင်တုန်းက ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ဘယ်လောက်ပဲ ခိုးဆိုးလုယက် ကံငါးပါးက လွဲလို့ ဆိုးချင်တဲ့ နည်းနဲ့ဆိုးတဲ့... ဒိဋ္ဌိသာ ဖြုတ်ပြီးရင် တရားအားထုတ်တော့ မကြာဘူး ရပြီတဲ့။

ဘုရားလဲမရှိလို့ ဘုရားသွေးစိမ်းတည်အောင် မလုပ်နိုင်ဘူး။ သံဃာသင်းကွဲအောင်လုပ်တာ သံဃာအချင်းချင်းသာ လုပ်နိုင်တယ်တဲ့။ ရဟန္တာသတ်ဖို့လဲ ရှားလို့မဖြစ်နိုင်ဘူးတဲ့ အမိအဖသတ်ဖို့လည်း မရှိနိုင်တာမို့ ဗုဒ္ဓဘာသာဝင်တိုင်း သံဝေဂဉာဏ် တကယ်ရပြီး လွတ်မြောက်ချင်ရင် လူတိုင်းရနိုင်ပါတယ်လို့ ကြားနာဖူးသည်။

ဘုရားရဲ့ သားသမီးအရင်းတွေ ဖြစ်ဖို့ဆိုတာက ... တရားထိုင်ကြရမယ်။
တရားထိုင်မှ ဘုရားရဲ့ သားသမီးရင်းတွေ ဖြစ်ကြမှာနော်။
တစ်ဝမ်းကွဲထက်စာရင် အရင်းက ပိုကောင်းတာပေါ့၊ မဟုတ်ဘူးလား။

* ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ - သြဝါဒတရားတော်များ စာအုပ်မှ -

* Donated by - Ukyaw Kyawsoe . 13.9.2013
* * * * *

နိဗ္ဗာန် ဥပမာ (မိုးကုတ်ဆရာတော်ကြီး)

...ခုနက ဥာဏ်က မြင်တယ်၊ အရင်တုံးကတော့ aဖာက်ပြန် ပျက်စီးတဲ့ဖက် နေတယ်၊ နောက်တော့ ဒီဖောက်ပြန်ပျက်စီးတာကြီး မလိုချင်တော့လို့ ဖောက်ပြန်ပျက်စီးတာဟာ ပျောက်ထွက်သွားတယ်၊ မဖောက်ပြန်ဘဲနဲ့ ခိုင်မြဲတာကြီး လာပေါ်လာတယ်။ နိဗ္ဗာန် လာပေါ်တယ် ဆိုကြပါစို့…။

…နိဗ္ဗာန်လာပေါ်တော့ ဘယ်လိုပေါ်သတုံးဆိုတော့ ဓာတ်ရှင်များ ပြသလိုပဲ မှတ်လိုက်တာပေါ့။ အရင်တုံးကတော့ ပိတ်ကားကြီးပေါ်မှာ အရုပ်တွေ ရှုပ်နေတယ်၊ နောက်ဓာတ်ရှင် သိမ်းတော့ ပိတ်ဖြူကြီး ပေါ်လာတယ်။ မသိမ်းခင်က ရှုပ်ရှက် ခတ်နေတယ်၊ သိမ်းလိုက်တဲ့အခါကျတော့ ရှင်းသွားတယ်။ ဒီမှာလည်း ထိုနည်းအတူပဲတဲ့။

...ပထမတုံးက သမာဓိနဲ့ ရှုနေတုံးကတော့ ရှုပ်ရှက်ခတ်တွေ ရှုနေရတယ်။ ဖောက်ပြန်ပျက်စီးတာတွေ ရှုနေရတယ်။ နောက်ဒါတွေ မလိုချင် တော့ပါဘူး၊ ဒါတွေ မရချင်တော့ပါဘူး၊ ရွံပါတယ်၊ မုန်းပါတယ်ဆိုတဲ့ ဥာဏ်တွေ တက်ပြီး မလိုချင်တော့ဘူးဆိုတော့ ခုနက ပိတ်ကား မြင်ရသလို တစ်ခါတည်း ရှင်းထွက်သွားတာပဲ။

…ဒါ “အလုပ်သင်” ပေးနေတယ်လို့ ယနေ့မှတ်ပါ။ ကဲ…ယနေ့ ဒီတွင် တော်ကြဦးစို့…..။

Shared from Mya Thein Tun (FB)

No comments:

Post a Comment