Wednesday, June 4, 2014

အသိပညာတိုးစေတဲ့ မိတ်ဆွေကောင်းက သီးစားပင်နဲ့တူတယ်


လူငယ်တွေအနေနဲ့  စိတ်ထွက်ပေါက်တွေ အရွေးမှန်ဖို့  စာပေအသိ
ဘဝအသိအပြင် မူးယစ်ကင်းစင်တဲ့ ပတ်ဝန်းကျင်ရှိရပါမယ် ။

ရုပ်သေးပွဲဆိုတာ နီးနီးကပ်ကပ်ကြည့်ရင် အရုပ်ဆွဲတဲ့ကြိုးတွေပါ
မြင်ရလို့  ဈာန်မဝင်လှဘူး ။

အတော်လှမ်းလှမ်းက ကြည့်ပြန်ရင်လည်း ရုပ်သေးကပွဲမို့ 
မြင်ကွင်းက မရှင်းလှဘူး ။

မနီးမဝေး အနေတော် အကွာအဝေးက ကြည့်ပါမှ ရုပ်သေးအနုပညာက
ပိုလှပါတယ် ။

ပတ်ဝန်းကျင်ကိုလည်း ရုပ်သေးကပွဲလို သဘောထားပြီး ထိတွေ့ သင့်ပါတယ်။

တိုတောင်းလှတဲ့ လူ့ ဘဝမှာ အချိန်ဆိုတာ စက္ကန့် အမျှ တန်ဖိုးရှိလှတယ်။
အစားထိုးမရတဲ့ကုန်စည်တစ်မျိုးပေါ့။အရင်းအနှီးက ဘဝနဲ့ ချီတယ် ။
အမှန်တကယ်တော့ သက်ရှိသတ္တဝါတွေနဲ့  လူသားတွေသာ
သင့်မိတ်ဆွေ မဟုတ်ပါဘူး ။ အစားအစာ အဝတ်အထည် နေထိုင်စရာတွေနဲ့  ကျန်းမာရေးသာမက ကိုယ်ကျင့်တရားကလည်း
သင့်မိတ်ဆွေကောင်းတွေပါ။

ကိုယ့်ကိုယ်ကို မေတ္တာထားသလို သူတပါးကိုလည်း မေတ္တာထားပါ ။
မိတ်ဆွေကောင်းတွေရလာလိမ့်မယ် ။

အသိပညာတိုးစေတဲ့ မိတ်ဆွေကောင်းက သီးစားပင်နဲ့ တူပါစေ
လေးစားရပါမယ်။

သူကိုယ်တိုင် သီးပွင့်ခဲ့တဲ့ အသီးကို စားခွင့်မရလည်း သူတပါးစား
လို့ ရအောင် အကျိုးပြုပါတယ်။

အသိပညာနဲ့  ဘဝကို တည်ဆောက်ကြရတာပါ။ လူ့ ဘဝရဲ့ အနှစ်ရသနဲ့  မိတ်ဆွေကောင်းတို့ ကို သိရှိတွေ့ ဆုံလိုပါက အသိပညာနဲ့  မေတ္တာတရားကို တန်ဖိုးထားကျင့်သုံးနိုင်အောင် ကြိုးစားကြပါ ။

ကိုး ဘား

No comments:

Post a Comment